Sunday, July 24, 2011

ကြိုက်၏ မကြိုက်၏

တစ်ခါတုန်းက ကြိုက်တာတွေဆိုပြီး ပို့စ်တစ်ပုဒ်ရေးဖူးတယ် အခုက ကြိုက်တာတွေနဲ့ မကြိုက်တာတွေပါ ပူတွဲမေးထားတာပါ ရေးစရာရှားနေတဲ့ ကိုယ့်အတွက် တဂ်ပို့စ်လေးတွေက ကုန်ကြမ်းပေါ့ စာရေးဖို့ ခေါင်းစဉ်လေးရသွားသလိုပါပဲ တဂ် တဲ့ ကိုညိမ်းနိုင် ကိုကျေးဇူးတင်ပါတယ် တစ်ခါတည်း ချည်ပြီး တုန်ပြီး ပြောထားတာဆိုတော့ ရေးပြီးသားကြီးလို့လည်း ပြောမရတော့း) ။သူ့အတိုင်းလိုက်ရေးပါမယ် ။

ကိုယ်ခန္ဓာ........

ဒီအကြောင်းက ဒါ သက်သက်ရန်စတာပါ ကျနော့်မှာ ကိုယ်ခန္ဓာပက်သက်ပြီး အားနည်းတော့ ဖေ့ဘွတ်မှာ ပုံတင်တိုင် အားမနာ လျှာမကျိုး ဝေဖန်တဲ့သူတွေက အမြဲကြုံရပါတယ် ကိုယ်နာမည်ကြီးလို့ ဝေဖန်ခံရတယ်လို့ပဲ မှတ်ပါတယ်း) အကြောင်းက ကျနော် ပိန်လို့ပါ ဒီနိုင်ငံမှာများ ပိန်ချင်လိုက်တဲ့သူတွေ ထမင်းမဆာတဲ့ ကော်ဖီတွေ ပိန်ဆေးတွေ ညဘက်အိပ်ရေးပျက်ခံလို့မနက်ရုံးတင်ရင် မျက်တွင်းဟောက်ပက်ဖြစ်နေတဲ့သူတွေ အများကြီးမြင်ဖူးပါတယ် ကိုယ်ကတော့ ၅နှစ်လောက်က လုံးဝ ပေါင်မတက် ကီလိုမတတ်ပဲထိုင်းထားနိုင်တာ ဆုတောင်ပေးသင့်တယ်လို့ထင်ပါတယ်း) တကယ်ပါ ပြီးခဲ့တဲ့လက ဆေးရုံမှာဆေးသွားစစ်တော့ ကီလိုမချိန်ခင် ကိုယ့်ပါသာပဲ အရင်ချိန်ထားဖူးတဲ့ဟာထည့်လိုက်တယ် နောက်တော့ဆရာမက လာပြီ ကီလိုချိန်ပြီးပြီလားဆိုတော့ ခေါင်းခါပြလိုက်တယ် တက်ချိန်တော့လည်း ကိုယ့်ဖြည့်ထားတဲ့ ကီလိုအတိုင်းပါပဲ ကျနော် ကီလိုမချိန်တာဖြင့်ကြာလှပြီ နောက်ဆုံးချိန်ထားတာ 2008 လောက်ကတည်းက ။ နည်းနည်းဝချင်တဲ့အတွက် အခုလက်ရှိ ပိန်နေတာက မကြိုက်တာထဲပါပါတယ် ။

ကျနော်မျက်နှာလေး ရှင်းနေတာကိုကြိုက်ပါတယ် ဆေးလိပ်မသောက် ကွမ်းမစားလို့လားတော့မသိ ကျနော့်မျက်နှာက ၀က်ခြံ ကြက်ခြံ ဘဲခြံတွေ မရှိပါဘူး နေ့လည်ခင်း အိပ်ပြီးလို့ မျက်နှာလေးသစ်လိုက်ရင် ချောနေတယ်လို့ထင်ပါတယ် လူကချောတယ်ပြောတာဟုတ်ဘူး မျက်နှာမှာ ဘုတွေမရှိတော့ ချောနေတယ်ကိုပြောတာပါ ။ပြီးတော့ ကျနော်က လက်သည်း ခြေသည်း ရှည်ရင် မနေတတ်ပါဘူး အဲ့တော့ တိုတိုတုံးတိတိလေးပဲ ကြိုက်ပါတယ်။

နှုတ်ခမ်းမွှေး ခဏခဏထွတ်တာကိုမကြိုက်ပါဘူး တစ်ခါခါ အလုပ်တွေများ စိတ်ရှုပ်လို့ မရိတ်ဖြစ်ရင် လူကကြည့်လို့မကောင်းအောင် ဖြစ်နေတတ်ပါတယ် အဲ့တော့ အနီးနားက လူတွေကပြောကော ကြွက်ဖြစ်နေပြီး နှုတ်ခမ်းမွှေးရိတ်ပါအုံးတဲ့။ အဲ့တာကြောင့် နှုတ်ခမ်းမွှေးတွေ ကျို့တို့ကျဲတဲပေါက်နေတာကိုမကြိုက်လှပါဘူး ။

အပြုအမူ ....

အပြုမူကတော့ အရမ်းသိသာတဲ့ ကျနော့်ရဲ့ အားနည်းချက်တစ်ခုပါ ။ ကျနော်က ဟန်မဆောင်တတ်ပါဘူး တစ်ချို့သော နေရာတွေမှာ ဟန်မဆောင်တတ်တာ ကောင်းပေမယ့်လည်း အသက်ကလေးရလား ရင်တော့ ဒီဟန်ဆောင်ခြင်း အနုပညာကို ကောင်းကောင်းမတက်ဘူးဆိုရင်တော့ ကျနော် ဒီဇတ်သဘင် လောကမှာ ရှင်သန်နိုင်မှာမဟုတ်ပါဘူး ဒါကိုလည်းသိပါတယ်း) အဲ့တာကြောင့် နောက်ပိုင်းတော့ ဗြောင်လိမ် ဗြောင်စား လုပ်ရတဲ့ အခါတွေတော့လည်းရှိတာပေါ့လေ ဒါပေမယ့် အဲ့အတွက်လည်း နောင်တ သိပ်မရဖြစ်ပါဘူး ။ စိတ်ညစ်ရင် ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ မျောက်မှိုင်မှိုင်ရတာကိုကြိုက်တယ် မေးကြီးနှစ်ဖက်ထောက် ဆံပင်ကြီးစုတ်ဖွားနဲ့ တွေးချင်တာတွေတွေး ငေးချင်တာတွေ ငေးနေရတာကိုလည်းကြိုက်တယ် ။ စိတ်နဲ့ မခန့်မသင့်ရင် ပက်ခနဲပြန်ပက်တတ်တဲ့ အကျင့်ကိုလည်းကြိုက်သလို တစ်ခါခါတော့ အားလုံးကို လက်လျှော့လိုက်တဲ့ပုံစံ လူကြီးဆန်သလို နေလိုက်ရတဲ့ အပြုမူမျိုးကိုလည်းကြိုက်ပါတယ် ။

အပြုမူနဲ့ ပက်သက်ပြီးတော့ ကျနော့်မှာ ကောင်းတာတွေ သိပ်မရှိလှပါဘူး တစ်ခါခါ စကားပြောမတတ်တာတွေ မစဉ်းစားမဆင်ခြင်ပဲ လုပ်လိုက်မိတာတွေက အမှားတွေများလို့ အထင်မြင် လွဲမှားတာတွေလည်းခံရဖူးပါတယ် ။ တစ်ချို့ကလည်း ကျနော်ဟာ မာနကြီးတယ် ကြီးကျယ်တယ်လို့ထင်တတ်ကြပြန်ကော အဲ့အတွက်လည်း တော်တော်နေရခက် စိတ်မကောင်းဖြစ်မိပါတယ် သူတစ်ပါးရဲ့ စိတ်ခံစားချက်ကို ကိုယ်က ပြင်ပိုင်ခွင့်မ၇ှိလေတော့လည်း ကိုယ့်ဘ၀နဲ့ကိုယ်ပေါ့လေ ။

အစားအစာ

စားတာတော့ လက်တစ်စုတ်လောက် အစားမရှောင်တဲ့ထဲ ကျနော်ပါ ပါတယ် ကုန်းမှာ ကုတင် ရေမှာ သဘောင်္ပေါ့ ကျနော်မကြိုက်တဲ့ အစားစာ ခက်ရှားရှားပါ ။ ငါးထဲမှာ ငါးကလေး အိုးကပ်ကိုကြိုက်တယ် ။ မန်းကျည်းရွက်ကလေးနဲ့ ခါးခြောက်လေးစင်းကြော်ထားတာဆိုရင်လည်းကြိုက်တာပါ ရွာမှာ မျှစ်တာလပေါ့နဲ့ ငပိထောင်းရင်လည်း လွေလိုက်သလို ကျောင်းတက်တုန်းက အမေ ချက်ပြီး ပုလင်းလေးနဲံ့ ပို့ပို့ပေးတဲ့ အမေးသားပြုတ်ကြော်လည်းကြိုင်တာပဲ ။ ဖျော်၇ည်ထဲမှာဆို သဘောင်္သီးဖျော်ရည် အကြိုက်ဆုံးပါ ။ နေ့တိုင်း စားဖြစ်သောက်ဖြစ်နေတာတွေက ကော်ဖီနဲ့ မြေပဲလှော် မနက်ပိုင်း ကော်င်္ဖီသောက် ညနေပိုင်း မြေပဲံလှော် တစ်ထုတ် ၅ ဘတ်တန်နဲ့ ရေခဲရေ သောက်တာပါ အကုန်ကျသက်သာပြီး ဗိုက်တင်းပါတယ် ။ အစားသောက်နဲ့ဆိုရင်တော့ အိမ်က ကျနော့်အကြောင်းတော်တော်သိတယ် ကောင်းတာလေးဆို ဖွတ်ထားတတ်ပြီး နည်းနည်းလေးဖြစ်ဖြစ် သူများထပ် သာလိုက်ရမှ မဟုတ်ရင်တော့ မရဘူး ကိုယ့်အတွက် နည်းနည်းလေး ချန်ထားပေးတဲ့ ဝေစုထဲက တစ်ဖဲ့လောက်လေးပဲဖြစ်ဖြစ် ယူစားတာခံလိုက်ရရင်တော့ မစားတော့ပဲ ၀က်စာထဲ ထည့်ပစ်တတ်တဲ့ကျနော်ပါ အဲ့တာကြောင့် အစ်မတွေပြောတာ အစားနဲ့ ပက်သက်လာရင်တော့ အကျင့်တော်တော်ဆိုးတဲ့ကောင်လေးတဲ့ ။

အဝတ်အစား....

အ၀တ်စားဆိုရင် သေးသေးလေးတွေကြိုက်ပါတယ် အရောင်ဆိုလည်း တောက်တောက်လေးတွေ ကျနော်က အသားဖြူတော့ ဘာဝတ်ဝတ် အဆိုးကြီးတော့မဟုတ်လှဘူး ကိုညိမ်းနိုင်တို့လို သပိတ်ရောင်မှမဟုတ်တာ ဟဟား ။ အ၀တ်စားကို ဈေးကြီးပေးဝယ်ရတာတွေ မကြိုက်ပါဘူး အမှန်ကတော့ မ၀ယ်နိုင်တာပါ မြေခွေးက စပျစ်းသီးချဉ်တယ်ပြောသလိုပေါ့း) တကယ်တော့လည်း ကိုယ်တတ်နိုင်တာလေးနဲ့ လှအောင်ဝတ်ရတာပေါ့ဗျာ ။ ဒီမှာလို အ၀တ်စားပေါ ဈေးချိုတဲ့နေရာဆိုတော့လည်း ကိုယ့်အတွက် ကံကောင်းတာပေါ့ ဘတ် ၂၀၀ တန်လောက်ဆို ကောင်းကောင်းဝတ်လို့ရပါပြီ အကျီင်္ဆို လက်ရှည်နဲ့ ဗြောင် ဒါမှမဟုတ် ကနုတ်လေးတွေဖော်ထားတာတွေ ကြိုက်ပါတယ် အဖြူရောင်ဆိုရင်တော့ တိုတိုရှည်ရှည် ၀ယ်ဖြစ်တာများတယ် ။ ခုနောက်ပိုင်း အပြင်မှာ ထပ်ဝတ်တဲ့ အကျီင်္မျိုးလေးတွေ သဘောကျနေပါတယ် ၀ယ်တော့ မ၀ယ်ဖြစ်သေးပါဘူး။

ဘောင်းဘီဝယ်လို့ ရှိရင်တော့ ကျနော့်အတွက် တော်တော် ဒုက်ခရောက်တဲ့ အချိန်ပေါ့ ဈေးဆိုင်က ကောင်မလေးတွေ ခါးနံပါတ် ဘယ်လောက်လဲမေးရင် သိပ်စိတ်တိုတာပါ ဘာမှလည်းမဆိုင်ဘူးနော့် မကြားသလိုလိုနဲ့ လုံးဝမဖြေဘူး ကိုယ့်ပါသာရွေး ကိုယ့်ပါသာ ခါးနံပါတ် လှန်ကြည့်ပြီး ယူမယ့် အထည် ထိုးပေးလိုက်တော့တာပါ ကျနော့် ခါး သေးတာ လူသိခံလို့ ဘယ်ဖြစ်မတုန်းနော့် ။ နောက်တော့ လမ်းသရဲဆန်တယ်လည်းမဟုတ်ပဲ လက်မှာ စိတ်ပေါက်ရင် တပ်ဖြစ်တဲ့ လက်ပတ်ကြိုးတွေ ၀ယ်ဖြစ်တယ် စိတ်ပေါက်ရင် စွပ် စိတ်မပါတဲ့အခါ ချွတ် ပေါ့ ။ဖိနပ်ဆိုလည်း အငယ်တုန်းက တစ်ရံပြတ်မှ တစ်ရံ ၀ယ်ရလို့လားမသိပါဘူး ခုထိ မဟောင်းသေးပဲ နောက်တစ်ရံ ၀ယ်စီးရမှာ တအား နှမြောပါတယ် ။ အဲ့တာကြောင့် ဈေးတော်ပြီး စဘိုင် စဘိုင် စီးလို့ရမယ့် 99 ဘတ်တန်တွေပဲ စီးတာများတယ် နွေးဆို ခြေညှပ် ဖိနပ် ပါးပါးစီးပြီး ဆောင်းဆို ခြေဖမိုးလုံတဲ့ ဖိနပ်နွေးနွေးစီးပါတယ် ခု လိုမိုးတွင်းဆိုရင်တော့ မိုးထိလည်း ဖိနပ်မှာ ရေမ၀ပ်နေမယ့် ခပ်မာမာ ဖိနပ်သားမျိုးပါတာတွေ စီးဖြစ်တယ် ။

နဂို ကရှိပြီးသားဆိုတော့ နဂိုင်းထွက်ပြီးသားပါလေ ဘာဝတ်ဝတ်လှတယ် ( ဒါက ကိုယ့်ကိုယ်ကို အတင်း အားပေးထားရတဲ့ အသံပါ ) ။

ကြိုက်တာတွေကော မကြိုက်တာတွေကောက အချိန်နဲ့အမျှ ပြောင်းလဲနေတာမို့ ပုံသေကြီးမပြောတတ်ပါဘူး ဒါတွေကတော့ ကျနော် လတ်တလောကြိုက်တယ် မကြိုက်ဘူးထင်တာတွေပေါ့ စာရေးဖို့ပျင်းနေတဲ့အချိန် စာရေးစိတ်ပျောက်သလိုလိုဖြစ်နေတဲ့အချိန် ရေးစရာပို့စ်လေးအတွက် ကျေးဇူးပါ ။

17 comments:

Anonymous said...

လက်ကိုတောင်ဓါတ်ပုံရိုက်လိုက်သေးတယ် နန့်တာ...
အကျီသေးသေးလေးတွေကြိုက်မှာပေါ့ လူကလည်းသေးတာကို ... (လှတာတော့တော်တော်လေးကိုလှတယ် .. :P)
ကိုညိမ်းနိုင်က သပိတ်ရောင်လား ...

ဟန်ကြည် said...

အလို...ပြောတော့ ၀က်သားမစားဘူးဆို...အခုကျပြန်တော့ အကုန်စားတယ်ဆိုပါလား...၀ချင်ရင် ပဲနို့သောက်ပါဆိုတော့လည်း အခုထိ မသောက်သေးဘူး ထင်ပါရဲ့...ပိန်တာဝတာက မျိုးရိုးလိုက်တတ်တာမို့ ဇွတ်အတင်းလဲ ၀-ဖို့ မကြိုးစားနဲ့ပေါ့လေ...ကျန်းမာဖို့ပဲ အရေးကြီးတာပါ...ဗလကြီးလည်း အယ်နေဖို့မလိုပါဘူးလေ...လက်ဝှေ့ထိုးစားမှာမှ မဟုတ်ဘဲ...ပိန်ပိန်-၀၀-မည်းမည်း-ဖြူဖြူ ချစ်တဲ့သူကကြည့်ရင်တော့လှနေပြီး၊ မုန်းတဲ့လူကကြည့်ရင်တော့ ဘယ်လိုပဲနေနေ ရုပ်ဆိုးမှာပေါ့...ဟုတ်ဘူးလား...

စကားမစပ်...အသားမည်းမည်းဆိုတော့ ဆရာပါ ပါဟန်တူရဲ့...

ပြည်ကောင်းအောင် said...

“အသက်ကလေးရလား ရင်တော့ ဒီဟန်ဆောင်ခြင်း အနုပညာကို ကောင်းကောင်းမတက်ဘူးဆိုရင်တော့ ကျနော် ဒီဇတ်သဘင် လောကမှာ ရှင်သန်နိုင်မှာမဟုတ်ပါဘူး ဒါကိုလည်းသိပါတယ်”း like.

“အမေးသား ပြုတ်ကြော်လည်း ကြိုင်တာပဲ” .. ဘိတ်သံ၊ ထားဝယ်သံ ပေါက်နေတော့၏။ တခြားဟာ တွေတော့ မပြောတော့ပါဘူးလေ..း))

အဖြူရောင်နတ်သမီး said...

သူကလည်း မလျှော့ဘူးပဲ..

သူ့မျက်နှာ ချောနေတယ်ဆိုတာက ပါလိုက်သေးးး

FBက ကိစ္စတွေ ဖော်လိုက်လို့ကတော့ ဝက်ဝက်ကိုကွဲတော့မှာပဲ..
ပြောချင်ဘူးး ပြောချင်ဘူးး (ဒေါ်မြလေး လေသံ)

ဖြိုးမောင်မောင်(CTM) said...

ရေးလိုက်ပုံကတော့
မောင်မျိုး တစ်ယောက် ဝတ်ကောင်းစားလှတွေဝတ်ပြီး
ချောမောလှပနေတဲ့ အချိန် အစားပုတ်နေတာကိုပါ
တစ်ခါတည်းပြေးမြင်မိတော့တယ်။

စော(အဝါရောင်မြေ) said...

ကရင်တွေက များသောအားဖြင့် မျက်နှာ လေးထောင့်များတယ်နော်။ ငါးဒေါင့်၊ ခြောက်ဒေါင့် တော့ မတွေ့ ဘူးသေးဘူး :D

ညီလင်းသစ် said...

ဘိုဘိုဟန်ရဲ့ ခေတ်အမှီဆုံး ပြားချပ်ချပ် သီချင်းကို ဘာရယ်မဟုတ် သတိရလိုက်သေးတယ် ညီရေ့...၊း) စားလို့သောက်လို့ ကောင်းနေပြီးတော့ ကျန်းမာဖို့က အဓိကပဲ မဟုတ်လား၊ ပြောရရင် ဝနေတဲ့အခါ ရောဂါ ရဖို့တောင် ပိုပြီး လွယ်ပါသေးတယ်၊ စကားမစပ် ကျနော်လည်း မြေပဲလှော် အရမ်းကြိုက်တယ်...။

ညိမ်းနိုင် said...

ဟွင်း.....နာ့သပိတ်ရောင်ကိုထည့်ပြောရသေးတယ်...။
ပိန်တာကောင်းတယ်...၊ရေးထားတာလေးဖတ်လို့ကောင်းမှ
ကောင်း...။အကျီင်္သေးသေးလေးဝတ်ပြီး မြေပဲလှော်တစ်
ထုတ်နဲ့ မျောက်ထိုင်ထိုင်နေပုံလေးကိုတန်းမြင်ယောင်မိ
တော့တာပဲ....:D။ရေးပေးတာကျေးဇူးတင်ရတယ်...ညီ..။

Sonata Cantata said...

အမတို့တော့ လေးဆယ်ကျော်လာကတည်းက တဖြေးဖြေး ၀ လာတော့တာပဲ

blackroze said...

မောင်မျိုးမေးပါရစေ..စဘိုင် စဘိုင် ဆိုတာဘာလဲဟင် ???

...အလင်းစက်များ said...

နာက်ပိုင်းတော့ ဗြောင်လိမ် ဗြောင်စား လုပ်ရတဲ့ အခါတွေတော့လည်းရှိတာပေါ့လေ ဒါပေမယ့် အဲ့အတွက်လည်း နောင်တ သိပ်မရဖြစ်ပါဘူး ။ စိတ်ညစ်ရင် ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ မျောက်မှိုင်မှိုင်ရတာကိုကြိုက်တယ်

အဲ့ဒါ တစ်ကယ်လား ဟင်....။ ဘာပဲဖြစ်ဖြစ် အသားအရည်လှပြီး ခန္ဓာကို ကြည့်ကောင်းတဲ့သူတွေကျ ဘာဝတ်ဝတ် ကြည့်ကောင်းပါတယ်....။ အရင်က ကုသိုလ် အကျိုးပေးပဲ ဆိုရမယ်ထင်ပါတယ်.... ကျနော် မနာလိုဖြစ်တာ အဲ့ဒါပါပဲ.... :))))))

မေဓာဝီ said...

လက်ပုံလေး အရင်မြင်ပြီး ကောင်မလေး လက်လို့ ထင်နေတာ။ လက်ကလေးက ဖြူဖွေးပြီး နုဖတ် အုအက် နေမယ့်ပုံလေး .. ဟဲ ...
ခါးသေးတာများ ရှက်စရာမှတ်လို့ကွယ် ... ခါးသေး ရင်ချီ ပဒုမ္မနီ ဆိုစကားလဲ ရှိသားဟာကို ... အားမငယ်ပါနဲ့။

မောင်မျိုးစာ ဖတ်ပြီး မောင်မျိုးရဲ့ပုံကို မှန်းဆ ကြည့်မိတော့ ...
ဖြူဖြူဖွေးဖွေး ခါးသေးသေး နှုတ်ခမ်းမွှေးကကြိုးကြား ဆံပင်က စုတ်ဖွား ကနုတ်ပန်း အင်္ကျီကြီးကို ၀တ်ပြီး ဘယ်လက်က မြေပဲထုတ်ကိုကိုင် ညာလက်က ရေခဲရေခွက်ကို ကိုင် မျောက်မှိုင်မှိုင်နေတဲ့ပုံ မြင်ယောင်သွားပါ၏။

မိုးယံ said...

ကဲ...မယ်မျိုးရေ..... ငါပြောရင် ကျန်ခဲ့ဦးမယ်.. ဒေါ်လေးမေ ပြောသွားတာ ငါ့ထက်တောင် ပြည့်စုံသေးတယ်... ငါမြင်ယောင်မိတာ..အဲလိုပုံစံမျိုး... အဟတ်ဟတ်... ။

ဝချင်ရင်.... ညအိပ်ယာဝင်ခါနီးအစား စားပြီး ။ ကုတင်ပေါ်တန်းတက်.... တစ်နာရီအတွင်း အိပ်ပျော်အောင် ကြိုးစားလိုက်... မ၀ လာရင် နင်စီးတဲ့ ဖိနပ်နဲ့ မောင်မျိုး ပါးကိုရိုက်။

မိုးပျံမ

Angelhlaing(May everybody be happy and healthy! said...

မှတ်ထားလိုက်ပြီနော် ကိုမျိုးရေ...:)

တောက်ပကြယ်စင် said...

လူတစ်ကိုယ် အကြိုက်တစ်မျိုးပေါ့နော်။ ဖတ်ရတာ ပျော်ပါတယ်။ ကြီးမေရဲ့ မှတ်ချက်ကို ဖတ်ပြီး ရယ်သွားပါတယ် မောင်မျိုးရေ။ ကျန်းမာပျော်ရွှင်ပါစေနော့...

မေသိမ့်သိမ့်ကျော် said...

ပိန်တာက အပြစ်မှမဟုတ်တာ။း) စလင်းဘော်ဒီပါလို့။ အဝတ်အစားအတွက် တွက်ခြေကိုက်အောင် ကြံဆောင်တတ်မယ့်ပုံပဲ.... ဟဲဟဲ။ ဖတ်ပြီး ရယ်မိနေကြောင်းပါ။


ခင်တဲ့

မအိမ်သူ said...

အောင်မလေးဟယ် သူ့လက်နုနုဖတ်ဖတ် သွယ်သွယ်လျလျလေးကို ကြွားထားလိုက်တာ ကြည့်ဦး... မနာလိုလိုက်တာ.. ကျုပ်တို့လက်တွေနဲ့များကွာပါ့။ မိန်းကလေးဖြစ်ပြီး အဲဒီလောက် လှတပတလက်ကလေးမျိုး မပိုင်ရလေခြင်းနော်.. သူ့လက်ကလေးကြည့်ပြီး ကိုယ့်ဟာကိုယ်တောင် သနားမိသွားပြီ ...း(

LinkWithin

Related Posts Plugin for WordPress, Blogger...