Saturday, April 16, 2011

သင်္ကြန်အမှတ်တရလေး

သင်္ကြန်အမှတ်တရလေး အမှတ်တရကြီးရယ်လည်းမဟုတ်ပါဘူး ချစ်သူကောင်မလေးတစ်ယောက် ရလိုက်တာတို့ ။ သင်္ကြန်ဇတ်လမ်းလေးဖြစ်လိုက်တာတို့ တစ်ခုမှမဟုတ်ပါဘူး သင်္ကြန်မှာ အိမ်ရှေ့မှာ ရေပုံးကြီးတွေချ ခလေးတွေနဲ့ အဖော်ပြုလို့ရေပက်ပါတယ် ။ ကိုယ့်က ခလေးထိန်းကြီးပေါ့ ကားတွေများတော့ သူတို့ကိုကြည့်ရင်း ရေပက်ကြတာ ပျော်ဖို့လည်းကောင်း စိတ်ညစ်ဖို့လည်းကောင်း ပြောစကားနားမထောင်လို့ပါ လူနည်းနေတယ် နောက်မှ ပက်ကြလို့ပြောရင် ပြောတဲ့ကိုယ့်ကို ၀ိုင်းပက်ကြတာ သူတို့ကို တားချိန်တောင်မရလိုက် နေပူထဲ ခဏလေးထွက် အချမ်းသက်သာလို့ပြန်လာရင် ပက်ထည့်လိုက်ပြန်ပြီးတစ်ယောက် ဆော်ထည့်ချင်လိုက်တာကတော့ လက်ကိုယားလို့ ဘော့စ်ရှိနေလို့သာပေါ့း)

ဒီနှစ် တစ်ခြားပြည်နယ်က ဘော့စ်ယောက်ျားရဲ့တူလေး မဲဆောက်ကို အလည်လာတယ် တော်တော် ချစ်ဖို့ကောင်းတဲ့ ကောင်လေးပါ ။ မြို့ကခလေးဆိုတော့ စကားပြောတာလည်း ယဉ်ကျေးတယ် ဗမာစကားပြောရင် စိတ်ဝင်တစားနဲ့ နားထောင်ပြီး အဲ့တာဘာပြောာတာလဲဟင် လို့ ခဏခဏမေးတတ်ပါတယ် သူတို့ဘက်မှာ မကြားဖူးဘူးတဲ့ ။တစ်ချို့ထိုင်းခလေးလေးတွေ ကြီးကျယ်ပြီး ဗမာတွေဆို သိပ်ဂရုမစိုက်တတ်ကြပါဘူး ဒီခလေးကျတော့ အဲ့လိုမဟုတ် ချစ်စရာကောင်းလို့ သူနဲ့စကားလေးပြောဖြစ် သူ့ကို အလိုလိုက်ဖြစ်တော့ ခလေးကလည်း ကိုယ့်ကို ခင်သွားတယ် ။ တစ်နေ့က ရေကစားရင်း သူ့ကိုစလည်း သူက ဘာမှမပြော ကိုယ့်ကိုတောင်ပြန်စလို့ ။

မနေ့ကတော့ အမှတ်တရလေးပေါ့ တော်တော်တော့ စိတ်ညစ်ဖို့လည်းကောင်း ပြန်တွေးပြီး ရယ်ချင်စရာလေးလည်းဖြစ်စရာပါ ။ခလေးက အရင်နေ့တွေက စတော့ဘာမှမဖြစ် မနေ့ကကျ ကျနော်တို့ဆီမှာ လာပက်တဲ့ဘေးအိမ်က ခလေးမလေးနှစ်ယောက်ပါ ပါတယ် အဲ့တော့ ရွယ်တူလေးတွေဆိုတော့ ရှက်ကိုးရှက်ကန်းနဲ့ အဲ့အချိန်မှာက ကိုယ်ကကွက်တိ စလိုက်မိတာ တစ်ကိုယ်လုံးစိုရွှဲနေတဲ့ သူ့ပုံစံလေးကြည့်ပြီး စလိုက်မိတယ် ရေတွေ တတောက်တောက်ကျနေတာကို “ ညီလေး မင်းရှူးတွေ ပေါက်ချနေတယ်မှတ်လားကွ ” ။ ခလေးက မျက်နှာကြီးရဲသွားတယ် တစ်ခြားခလေးတွေလည်း ရယ်ကြတော့ သူတော်တော် ရှက်သွားတယ်ထင်တယ် ။ ကျနော့်ကိုရေတွေနဲ့ ခွက်စောင်းလိုက်ခုတ်တာ စပ်လိုက်တာဆိုတာ ကိုယ့်အပြစ်နဲ့ကိုယ်ဆိုတော့ ခံပေါ့ ။ ခလေးစိတ်ကောက်ရင် လူကြီးကချော့ရမှာ ဆိုတော့ သူ့အနားသွား ရေခဲမုန့် ခွက်လေးကိုင်ပြီး “ စားမလား ခုနက အစ်ကိုက စလိုက်တာ မရည်ရွယ်ပါဘူး စိတ်မဆိုးနဲ့နော် တောင်းပန်တယ် နော် ညီ ” ကိုယ်တောင်းပန်မှ ခလေးက ပိုဆိုး အကျယ်ကြီး အော်ငိုတာဗျာ စိတ်တွေကို ညစ်သွားတာပဲး( အင်း ငါတော့ လာဘ်ဝင်တာပဲ ဘာလုပ်ရမှန်းမသိတော့လို့ ထထွက်လာတော့ ခလေးက ကိုယ့်ကို အနောက်ကနေ ကန်ထည့်လိုက်တာ နည်းနည်းတော့ အီသွားတယ် သူ့ကိုစိတ်ဆိုးတာမျိုးလည်းမဖြစ်ပဲ ကိုယ့်အဖြစ်ကို တော်တော်ရယ်ချင်သွားတာ ငါ့နှယ်နော် ဒီအရွယ်ကြီးရောက်မှ ခလေးတွေနဲ့ဆော့ ခလေးကိုစမိလို့ ခုတော့ အကန်ခံထိပြီဆိုပြီးတော့ပါ ။

ထိုင်းနိုင်ငံမှာ လက်ကလေးရွယ်လိုက်ရင်ဖြစ်ဖြစ် တော်တော်ကိုမယဉ်ကျေးရာရောက်ပါတယ် ။ ကိုယ်ကတော့ ကိုယ့်အပြစ်နဲ့ဆိုတော့ ဘာမှမပြောပဲ ငြိမ်နေလိုက်တယ် ရေလည်းမကစားတော့ပါဘူးလေးဆိုပြီ အိမ်ထဲဝင်ဖို့လုပ်တော့ ဘော့စ်သားအငယ်ကောင်လေးက “ အမေ့ စောနက ဒီအစ်ကိုလေ အစ်ကိုမျိုးကို ဒီလိုကြီးကန်ထည့်လိုက်တယ်” ဆိုပြီး ဟန်တွေပန်တွေနဲ့လုပ်ပြလိုက်ပါလေကော ဒွတ်ခပဲ ပြသနာက ပိုကြီးပြီ အဲ့ခလေးကိုခေါ် ပြီးတော့ လူကြီးက ချစ်လို့စတာကို အဲ့လိုလုပ်ရမလားဆိုပြီး ဆူ နင့်ကို နင့်ဘကြီးနဲ့ ငါတိုင်အုံးမယ်ဆိုပြီင်္း ချောက်လိုက်တော့ ခလေးက ပိုငို ကိုယ်ပါစိတ်ညစ်လွန်းလို့ ထိုင်ငိုချင်စိတ်ပါပေါက်သွားတယ် ။ ပြီးတော့ ချက်ချင်း ကိုယ့်ကို လက်အုပ်ကလေးချီလို့ပြန်တောင်းပန်ခိုင်းတယ် (ထိုင်းနိုင်ငံမှာက အမှားတစ်ခုခုလုပ်လို့တောင်းပန်ရင် လက်အုပ်ကလေးချီ ပြီးတော့ ပါးစပ်ကနေ တောင်းပန်ပါတယ်ခင်ဗျ /ရှင့် လို့ပြောကြပါတယ်) ။

ကျနော် အိမ်ပေါ်တက် အ၀တ်စားတွေလည်းတော့ သူက အနောက်ကလိုက်လာ ပြီးတော့ ကျနော်ကြားလောက်တဲ့နေရာကနေ ထိုင်ငိုပါလေးကော ပါးစပ်ကလည်းပြော “ ကျနော့်ကိုအရင်လာစတာမကျေနပ်ဘူး နောက်ဆို တူတူမကစားတော့ဘူး သူများတွေလည်းရယ်ကြတယ် ဆူလည်းခံထိတယ် မခေါ်တော့ဘူး ” ချစ်စရာလေးပါ ဟိဟိ ကျနော်လည်း သွားမချော့ရဲတော့ဘူး ကန်ခံထိမှာစိုးလို့ ကိုယ်က မသွားတော့ သူက လာပါတယ် ကိုယ့်အခန်းဝမှာ ရပ်ပြီး မျက်ရည်တွေရွှဲ ငိုသံနဲ့ နောက်တစ်ခေါက်တောင်းပန်ပါတယ်တဲ့ သူတောင်းပန်တဲ့ပုံစံလေးက ရယ်စရာတော်တော်ကောင်းပါတယ် သူလက်အုပ်ချီလိုက်တဲ့ပုံက ဆောင့်ကြီးအောင့်ကြီးနဲ့ “ တောင်းပန်တယ် နောက်ဆို အစ်ကိုနဲ့ မကစားတော့ဘူး ” ပြောလည်းပြော အခန်းဝမှာ ထိုင်ချပြီး ငိုပြန်ကော ဟူးး ငါတော့နော် သေသာသေလိုက်ချင်တော့တယ် မဖြစ်ချေဘူး ချော့အုံးမှပဲ “ မင်းဘကြီးနဲ့ တိုင်မှာမဟုတ်ပါဘူး တိတ်တိတ် ဒီမှာ မင်းကန်လိုက်တာ အစ်ကို့ပေါင်ကြီးတောင်ယောင်နေပြီတွေ့လား ခုလမ်းတောင်လျှောက်လို့မရတော့ဘူး အစ်ကိုလည်းတောင်းပန်တယ်နော် တိတ်တော့ နောက်မစတော့ဘူး ” တော်တော်ကြာကြာချော့လိုက်မှ တိတ်သွားပါတော့တယ် ။

ဒီမနက်ကျတော့ ကိုယ့်အခန်းကို အစောကြီးရောက်လာတယ် ပြီးတော့ နာနေသေးလား ကျနော် ဆေးဝယ်ပေးရမလားတဲ့ လာမေးပါတယ်း) ကိုယ့်ပေါင်လေးကိုလည်း လာနှိပ်ပေးနေတယ် ။ နေ့လည်က ရေသွားကစားခါနီကျ အပြေးလေးလာခေါ်တယ် မလိုက်တော့ဘူး မင်းကိုစမိရင် ငါ့ကိုကန်အုံးမှာမှတ်လားဆိုတော့ “မကန်တော့ပါဘူးဗျာ ကျနော်တောင်းပန်ပါတယ်ဆို လိုက်ခဲ့ပါ နောက်နေ့ဆို ကျနော်က ပြန်ပြီဗျ” တဲ့ အင်း ဟုတ်တော့လည်းဟုတ်သား သင်္ကြန်ပြီးရင် ပြန်ကြတော့မှာ ဘာပဲဖြစ်ဖြစ် ခလေးစိတ်ချမ်းသာအောင် သူနဲ့လိုက်ဆော့ပေးဖြစ်တယ် ။အမှတ်တရပါ ခလေးဆိုးကြီးလို ခလေးထိန်းကြ်ီးလို လုပ်ဖြစ်တဲ့ ကိုယ့်အတွက် သင်္ကြန်အမှတ်တရကတော့ စိတ်ညစ်စရာလည်းကောင်း ပျော်စရာလည်းကောင်းနဲ့ နောင်နှစ်တွေကျ ဒီခလေးကို ကျနော်သတိရမိနေအုံးမှား) ။

ဝမ်ချိုင်းလို ညာခြေကန်ချက် ကောင်းတဲ့ ကောင်ဆိုးလေးပါ :)



11 comments:

မိုးယံ said...

နည်းတောင်နည်းသေးတယ်.. ပေါင်တင် မဟုတ်ဘူး... ပေါင်နားကို ပါ ထိသင့်တာ။

ညီလင်းသစ် said...

ဖြစ်မှဖြစ်ရလေ ညီရာ....၊း)
ဟုတ်တာပေါ့၊ ရွယ်တူကောင်မလေးတွေ ရှေ့မှာဆို တော့ သူရှက်သွားမှာပေါ့၊ ပြောခဲ့သလို တကယ့်အမှတ်တရ ပါပဲ...။း)

မိုးခါး said...

ဟဟဟ
ဖြစ်လိုက်ရင်တော့ ...

ကလေးဆိုးကြီးက ကောင်ဆိုးလေးနဲ့ တွေ့သွားတာပေါ့ :P

ညလင်းအိမ် said...

ကလေးတွေနဲ့ ဆော့တုန်းပဲကိုး .. မောင်မျိုးရ ...

Angelhlaing(May everybody be happy and healthy! said...

ဟုတ်တာပေါ့နော်...ကိုမျိုး:P:P:P
မင်္ဂလာရှိသော နှစ်သစ်လေး ဖြစ်ပါစေ ကိုမျိုး။

Anonymous said...

အကိုတွေ ကတော့ ငါ့ညီ ဒီနှစ်စွံပြီ ထင်နေတာ သူက ခလေးထိန်း နေတာကိုး ..... ( ဒူကဘာ )

nYi ThU E@in said...

မင်္ဂလာ နှစ်သစ်ပါတဲ့

ညိမ်းနိုင် said...

ဖြစ်ရမယ်...ညီကတော့...:D ထိုင်းကလေးက မြန်မာရုပ်
ကလေးနော်...။

Maung Myo said...

မိုးယံ...သိပါတယ် မင်းက အကြင်နာတရား အင်မတန်ခေါင်းပါးတဲ့သူဆိုတား)

ကိုညီ... ဟုတ်တယ် အစ်ကို ခု သူမပြန်ဖြစ်သေး ရှိနေတုန်းပဲ သူ့ကို စိတ်ပြေမှ ပြန်မေးကြည့်တော့ “ ကျနော် ရှက်တာပေါ့ဗျ ” တဲ့း)

မိုးခါး...အေးဆို နင့် သယ်ရင်းက အဲ့လိုပဲ ။

ကိုည..... ဆော့စရာက ခလေးတွေပဲရှိတာကို ကောင်မလေးတွေမှမ မရှိတာ အယ်လေ သူတို့ကလည်း ဆော့စရာမှမဟုတ်တာနော့် ။

အိန်ဂျယ်.... ဟုတ်တာပေါ့

ဒူကဘာ...... အဲ့လိုမထင်နဲ့ မှားမယ်ဗျ ။

ညီသူ....မင်္ဂလာပါ ညီရေ ။

ကိုညိမ်းနိုင်..... ဟုတ် သူက ညိုတော့ပိုဆင်သွားတယ်ထင်တယ် ။

Myanmar Good Knowledg Co., Ltd said...

တော်တော်ရီရတယ်။
ခလေးက သူ့စိတ်ထဲရှိတဲ့အတိုင်း ဆက်ဆံတာနော်။
ခင်ရှာသားပဲ။
ချစ်စရာ သင်္ကြန်ရက်တွေဖြတ်သန်းခဲ့တာပေါ့။

:P said...

ဒါရေးတုံးက ကလေး ၁ လ သမီးနဲ့ ရွာမှာ အလုပ်များနေချိန်ဆိုတော့ ဒါလေး ခုမှ ဖတ်ဖြစ်တယ်.. ကလေးလေးက ချစ်စရာလေး...။

LinkWithin

Related Posts Plugin for WordPress, Blogger...