Sunday, June 27, 2010

မိုးရာသီဇတ်လမ်း

မိုးရာသီအမှတ်တရတွေကတော့ အများကြီးပါ ခင်ရတဲ့ ညီလေးရှင်းသန့်က ထူးထူးဆန်းဆန်း မိုးရာသီအကြောင်းရေးပေးပါတဲ့ တဂ်တယ်လည်းမဟုတ် ကြောင်တောင်တောင် အဲ့ကောင်လေးကြောင့် ငယ်ဂုဏ်လေးတွေဖော်ရတော့မှာပေါ့။

ရွာမှာတုန်းက မိုးရာသီဆို လယ်ကွင်းတွေက ရေတွေကိုပြည့်လို့ ကျွဲကျောင်းသွားတဲ့ အစ်ကို့နောက်လိုက်လိုက်သွားတယ် ပြီးတော့ ချောင်းနက်နက်ကြီးထဲမှာ ရေမကူးတက် ကူးတက်နဲ့ သစ်တုံးကြီးတစ်တုံးတက်ခွပြီး ကိုယ့်ကိုယ်ကို ရေကူးချန်ပီယံပေါ့ အမြင်မတော်တဲ့ ရွာက အသိလူကြီးတစ်ယောက်ယောက်က ပြန်တိုင်လိုက်၇င်တော့ အိမ်ရောက်တာနဲ့ ညီအစ်ကိုနှစ်ယောက် ဆော်ခံထိတော့တာပဲ ။ မိုးအေးအေးမှာ အမေ့နားဝင်ကွေးပြီး အမေ့ကိုဖက်ထားရတဲ့ အရသာလောက် ဘယ်တော့မှ မချိုမြိန်ဖူးပါဘူး အမေ့ရဲ့ ကိုယ်ငွေ့နံ့ သနပ်ခါးနံ့ ပြီးတော့ စောင်ကြမ်းကြီးရဲ့ထိရှမှု အခုနေ ပြန်တမ်းတမိပါရဲ့ ။

မိုးရေဖွေးဖွေး လယ်ကွင်းကြားတွေထဲ ကျနော်တို့ သူငယ်ချင်းတစ်စု ခရုကောက်ထွက် ပြီးတော့ ခုလိုမိုးဦးမှာထွက်တတ်တဲ့ မျှစ်တွေကို လိုက်တူးရတာလည်း ပျော်စရာတစ်မျိုးပါ ။ ကျောင်းသားဘ၀ရောက်လာတော့ ဖိနပ်ကြီးတဘလက်ဘလက်နဲ့ လုံချည်နောက်ခြမ်းတစ်ခုလုံး ဗွက်တွေစင်အောင် လမ်းလျှောက်တတ်လို့ ဆူခံရတာလည်း ခဏခဏပါပဲ ။ မိုးတွင်းမှာ ပျော့စိစိ ချွဲကျွိကျွိတွေမြင်ရင် ခဏခဏ နေမကောင်းဖြစ်တတ်လွန်းလို့ အမေက မကြာမကြာ မှာတယ် “ မိုးကရွာရွာ မရွာရွာ အဲ့ထီးကိုဖွင့်စောင်းထား စိတ်ထင့်တဲ့နေရာဆို အဲ့ထီကိုကွယ်ပြီးလျှောက် ” တဲ့ ။ အဲ့လို မိုးတွင်း အကျင့်ပါသွားပြီး ထီးကို ငိုက်ငိုက်စောင်း လမ်းလျှောက်မိတဲ့ အဆောင်ကနေ ကျောင်းတလျှောက် သူ့ကိုယ်သူ တော်တော်ချောနေတာကျလို့ လို့ပြောခံရပေါင်းလည်းများပြီး ။



ဟိုးလွန်ခဲ့တဲ့ ၈ နှစ်ကျော်ကျော်က မိုးတွင်းဘက်မှာ မာမားပြုတ်ပူပူလေး တထုတ်ပြုတ်ပြီး လွန်းထားထားရဲ့ အချစ်ဝတ္ထုတွေဖတ်တတ်တဲ့ ကျနော်က ခုလို မိုးညတစ်ညမှာတော့ ကီးဘုတ်ပေါ်မှာ အသက်မပါတော့တဲ့ လက်ကွက်တွေကို ပျင်းဆွဲဆွဲရိုက်ရင်း မိုးသံတွေကို နားစွင့်နေလေရဲ့ မိုးမိုးဘာလို့ရွာ ဖားအော်လို့ရွာ ဖားဖား ဘာလို့အော် ဈေးဦးမပေါက်လို့အော် အဲ့ ဟုတ်ပါဘူး အကြွေးမရလို့အော်း) ။မိုးရာသီသီချင်းတွေ မိုးရာသီဇတ်လမ်းတွေကို သဘောကျပေမယ့် မိုးတွင်းဆိုအပြင်ထွက်ရမှာတော့ ပျင်းပါ့ စောင်ခြုံထဲကွေး ပြီးတော့ ခေါင်းအုံးကြီးရင်ဝယ်ပိုက်လို့ ချစ်သူကိုတမ်းတ လွမ်စ နွမ်းလျှစွာနဲ့ ခလော ခလော အဲ့လို အိပ်ပျော်သွားပါတယ်ခင်ဗျား :P ။

ရှင်းသန့်ရေ............ရေးပြီးပြီးနော် မင်းပြောတဲ့ အတိုင်း မကြီးမိုင်ရာ ကို ဆက်ရေးခိုင်းလိုက်ဆိုတဲ့အတိုင်း ဒေါ်မိုင်ရာရေ နင်ပျင်းတာ ငါသိပေမယ့် ခလေးစိတ်ချမ်းသာအောင် မိုးရာသီအချစ်ဇတ်လမ်းလေးတစ်ပုဒ်လောက် လုပ်လိုက်စမ်းပါ ကြာသလားလို့ နော့် သယ်ရင်း :)

8 comments:

khin oo may said...

ထထ

Maung Myo said...

အိပ်တောင် မအိပ်ရသေးဘူး ထ ခိုင်း နေတယ် ဒွတ်ခ ကြီးဒေါ်း)

blackroze said...

ဆောင်းရာသီနဲ့နွေရာသီဇာတ်လမ်းပါ
ဆက်ေ၇းပါဗျို့....

mirror said...

အေး လုပ်ဟ။ ဘုန်းကြီးရူးနဲ့ လှေလူးနဲ့ကြားမှာ ငါတော့ ငါးပါးမှောက်ပြီ။ :)

လင်းဒီပ said...

ဘုန်းကြီးရူးနဲ့ လှေလူးနဲ့ကြားမှာ လေးလုံးမျက်မှန် ကွဲတော့မယ် :P

Unknown said...

လဒလေး မင်းဆိုဒ်က ဖောင့်တွေ ငါတော့ဖတ်လို့မရဘူးဟ
ဘယ်လိုဖြစ်လို့လည်းမသိဘူး သေးလိုက်ကြီးလိုက်နဲ့
စာလုံးတွေက မညီဘူးကော ဖောင့်တွေဘယ်လိုဖြစ်လည်းမသိဘူး
ငါလည်း အဆောင်ပြောင်းရမယ်ပြောတယ်
ကော်နတ်ရှင်နဲ့တော့ ဝေးဦးမယ် နှစ်လလောက် အတိကျတော့မပြောတတ်သေးဘူး ဒါပဲ ပျောက်နေတယ်
လာမအော်နဲ့ စာလည်းနက်ကလေးသုံးလို့ရနေတုန်း ရေးနေရတာ
ဟူး ဒီနွေရာသီမှာ တော်တော်ပူတယ်ဟ နောက်မှတွေ့မယ် :))

yanmaneee said...

kobe shoes
jimmy choo shoes
christian louboutin outlet
air max 270
lebron shoes
christian louboutin shoes
retro jordans
jordan sneakers
michael kors outlet
supreme clothing

Unknown said...

Check This Out replica bags china check this site out replica bags buy online click to find out more Dolabuy Fendi

LinkWithin

Related Posts Plugin for WordPress, Blogger...