Sunday, August 23, 2015

မားဒီယို ม๊าเดี่ยว

 

ခုရက်ပိုင်း စိတ်ဝင်စားစရာကောင်လေး တစ်နည်းအားဖြင့် ကောင်မလေးလည်းပြောလို့ရပါတယ် သူ့ရဲ့ ပုံလေးတွေကို ကိုယ့်သူငယ်ချင်းတွေရှယ်ထားတာတွေ့တယ် မြန်မာပြည်ကလိုလို ဗီယက်နမ်ကလိုလိုရေးကြပြောကြတာတွေတွေ့တော့ မှားနေတာကြီးမြင်နေရာမို့ ပြင်ပေးရင်း သူ့အကြောင်းလေး မိတ်ဆက်ပေးပါရစေ ကိုယ်ရေးသောစာ ကိုယ်တာဝန်ယူမှုရှိပါသည် အချက်လက်မှားယွင်သည်ဟုထင်ပါက ပွင့်ပွင့်လင်းလင်း မှားယွင်းသောအချက်များကို ဖော်ပြပေးနိုင်ပါသည် ။ 

သူ့နာမည်က (မားဒီယို ม๊าเดี่ยว ) လို့ခေါ်ပါတယ် အသက်က ၁၅ နှစ်ရှိပြီး ခွန်ကဲ ပြည်နယ်မှာ လက်ရှိ အထက်တန်းပညာသင်ကြားနေပါတယ် သူစတင်ပြီးတော့ တင်တာက YouLike မှာပါ အဲ့ Page ဆိုဒ်ဟာ ထိုင်းမှာတော့ အရမ်းကို လူသိများပြီး အဲ့ဆိုဒ်ပေါ်က သတင်းများဟာ တစ်ခြား တီဗွီလိုင်းတွေမှာပါ ရောက်ကြရတဲ့အထိ နာမည်ကြီးပါတယ် ဥပမာ… ခလေးသူငယ်ညှဉ်းပန်းနှိပ်စက်တာ ကျောင်းတွေမှာ ဆရာ နဲ့ ကျောင်းသား ပြသနာမျိုးကနေ သေမှုသေခင်းတွေအထိပါ ပါဝင်ပါတယ် ။ အရင်ကတော့ သူက သာမန်အခြောက်ကလေးပေါ့ အဲ့ဆိုဒ်မှာတင်ပြီးတဲ့နောက်မှာတော့ သူဟာသိပ်နာမည်ကြီးသွားတယ် သူက ခွဲထွက်ပြီး လုပ်ရဲတာမျိုးဖြစ်သွားတယ် ထိုင်းကနာမည်ကြီး ဒီဇိုင်နာ မော်ဒယ်အချို့ကပါ ဒီခလေးက သာမန်နဲ့မတူတဲ့ စွမ်းရည်ရှိတယ်ဆိုပြီး ချီးကျူးဂုဏ်ပြုကြတယ် ခုတော့ သူက SocialNetwork ပေါ်မှာ NetIdolပေါ့ ။


သူကိုယ်တိုင် ရိုက်တယ် သူကိုယ်တိုင်ပဲတည်းဖြတ်ပြီး တင်တာ တစ်ခါတလေတော့ သူ့ရဲ့သူငယ်ချင်းကရိုက်ပေးပါတယ်တဲ့ အိုင်ဒီယာကတော့ သူ့ရဲ့ကိုယ်ပိုင်အိုင်ဒီယာပါ ထူးခြားပြီး တန်ဖိုးကြီးတာမျိုးတွေကို အသုံးပြုတာမဟုတ်ပဲ နယ်က သူ့ဇာတိ အိမ်ကလေးနားမှာတင်ကို ရှိနေတဲ့အရာတွေကိုပဲ သူက ဖက်ရှင်အဖြစ်သုံးသွားတာ သူ့အမေရဲ့ ထမိန်ပါ မနေရပါဘူး ခြင်းတောင်း ၊ဇကာ ၊ ရေပိုက် ၊ ကွန် ၊ ၀ါးရွက် ၊ ကောက်ရိုးကအစ သူ့ဖက်ရှင်ထဲပါတယ် တစ်ခါတလေ သူက ပိတ်စတစ်မျိုးတည်းကိုပဲ ဒီဇိုင်းစုံလုပ်ပြသွားတာမျိုးပါ။
နာမည်ကြီး Channel 3 လိုမျိုး လိုင်းတွေကစပြီး အင်တာဗျုးခံရသလို တစ်ခြားတီဗွီအစီစဉ်တွေအများကြီးကလည်း ခေါ်ယူမေးမြန်းကြတယ် သူဖြေထားတာတွေကလည်း ချစ်စရာ
( သမီး က ကိုယ်ကြိုက်တဲ့အရာကိုပဲရူးသွပ်တာလည်း တစ်ခြားလူမှုပတ်ဝန်းကျင်အပေါ် ဒုက်ခပေးနေတာမှမဟုတ်တာ ကိုယ်လုပ်ရက်မှာကိုယ်ပျော်တယ် ဒါကြောင့်ဆက်ပြီးတော့လည်း ပုံတွေတင်သွားအုံးမှာ အဖေ နဲ့ အမေ လား သဘောပဲဆိုပြီး လွှတ်ထားတာပဲ အမေကတော့ ရယ်နေတယ် ခုလို အွန်လိုင်းမှာနာမည်ကြီးပြီးမှပေါ့ သူငယ်ချင်းတစ်ချို့ကလည်း ဗီဒီယိုဖိုင်ကိုမြင်ပြီးမှ နင်ဘာလို့အဲ့လိုလုပ်ရဲတာလဲဆိုပြီး အံ့သြကြသလို ဆရာမတွေကလည်း ရယ်ကြတယ် တစ်ချို့ကလည်း မှတ်မိပြီး ဓာတ်ပုံလာရိုက်ကြတာရှိပါတယ် ) တဲ့ ။ 


သူ့ရဲ့ထူးခြားချက်က လုံးဝရှက်ခြင်းကြောက်ခြင်းမရှိဘူး ပြီးတော့ သူ့စိတ်ကူးအိပ်မက်တွေကို တကယ်အကောင်ထည်ဖော်မယ့်ပုံ အွန်လိုင်းပေါ်က မှတ်ချက်တွေကလည်း သူဟာ အနာဂါတ်မှာ ဖက်ရှင်လောကအတွက် တကယ့်ကို နာမည်ကြီးလာမှာလို့ ချီးကျူးကြတယ် ။ ခုဆို Facebook မှာ သူက အရမ်းကိုနာမည်ကြီးနေပြီး အားပေးမှုရရှိနေပါတယ် ။ သူ့ကိုသဘောကျတဲ့သူငယ်ချင်းတွေလည်း လိုက်ခ်လုပ်ထားလိုက်ပါ သူ့ရဲ့ဖက်ရှင် အပြင်းစားတွေကို မြင်ရပါလိမ့်မယ် ။
ဘာပဲဖြစ်ဖြစ် အွန်လိုင်းမှာ တစ်နေ့တစ်နေ့မြင်နေရတဲ့ စိတ်ညစ်စရာ သတ်ကြဖြတ်ကြ ရန်ဖြစ်ကြနဲ့ မျိုးစုံအောင် တွေ့နေရတဲ့ထဲမှာ သူလေးကတော့ တစ်နည်းတစ်ဖုံ အပန်းပြေမှုရစေသာ ။ထိုင်းမှာ ဆိုရိုးစကားလို လူ့အသိုင်းဝိုင်းမှာပြောကြဆိုကြတာလေးတစ်ခုက သူဟာ ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် ဘယ်သူ့ကိုကြိုက်တာပဲဖြစ်ဖြစ် လူမှုအသိုင်းဝိုင်းအတွက် လူကောင်းဖြစ် ရင်တော်ပါပြီတဲ့ ဆိုလိုတာက ဂေးလ်တို့ အခြောက်တို့ လွိုင်တူ လွိုင်ကွဲ ဘယ်လိုပင်ဖြစ်ဖြစ် လူကောင်းဖြစ်နေရင်တော်ပါပြီတဲ့ အထူးသဖြင့် လက်သင့်ခံနိုင်တဲ့ မိဘတွေပြောတဲ့စကားပေါ့။
မားဒီယိုလေးကလည်း လူကောင်းလေးပါ ချစ်စရာပြောဆိုပုံလေးနဲ့ ထက်မြက်တဲ့အတွေးပိုင်ရှင်လေးပေါ့။


https://www.facebook.com/daewlovely ဒါကတော့ သူ့ရဲ့ဖေ့ဘွတ်လင့်ကလေးပါ အလန်းစား ဖက်ရှင်ပုံတွေကိုသွားကြည့်နိုင်ပါတယ်
Youtube မှာလည်း ม๊าเดี่ยว ဒီနာမည်လေးနဲ့ ရှာကြည့်ပြီး သူ့ရဲ့ ကိုယ်ပိုင်ဖက်ရှင်ရှိုးလေးတွေ သူ့အင်တာဗျူးလေးတွေကြည့်လို့ရပါတယ် ။


 
ဒီမှာသူပြောထားတဲ့ စကားလေးက

( ယောက်ကျားကလည်း ယောက်ကျား

မိန်းမကလည်းမိန်းမ


ကိုယ်တွေကလည်း ကိုယ်တွေအတိုင်းပဲ

အများကြီးမဟုတ်ပါဘူး အဲ့တာလေးပါပဲရှင့် )


မှတ်သားလောက်စရာ  ။



 

Wednesday, July 15, 2015

အွန်လိုင်းပေါ်က မိတ်ဆွေစစ်များ

ဒီခေတ်ကြီးမှာ အွန်လိုင်းကနေတစ်ယောက်နဲ့တစ်ယောက်ခင်မင်ပြီး ဆုံကြ  တွေ့ကြဆိုတာ ထူးဆန်းတယ်ရယ်လို့တော့လည်းမဟုတ်တော့ပါဘူး  ဒါပေမယ့်  ခင်မင်ခြင်းအစစ်မှန်နဲ့  မိတ်ဆွေရင်းတွေရလိုက်တာကတော့   အမှတ်တရတွေပါပဲ  တစ်ယောက်နဲ့တစ်ယောက် စာတွေရေးရင်းနဲ့  သိနေကြတော့လည်း အပြင်မှာစိမ်းမနေကြပဲ ရင်းရင်းနှီးနှီးရှိကြတာ   ချစ်စရာ့စိတ်ဓာတ်ကလေးတွေပါပဲ ။  ဖဘ မှာပဲ  စတေးတပ်လေးအနေနဲ့မတင်ချင်ပဲ ကိုယ်တွေရဲ့ ခင်မင်မှုစတင်ရာ ဒီဘလော့လေးမှာလည်း  အမှတ်တရသိမ်းထားခြင်တာကြောင့်  ရေးဖြစ်ပါတယ် ။

ကိုညီလင်းသစ်
သိပ်ခင်ဖို့ကောင်းတဲ့အစ်ကိုကြီးပေါ့  သူ့ဘလော့ကိုရောက်ရင်  အလိုလိုကို  အေးချမ်းနေတော့တာ ဖခင်ကောင်းတစ်ယောက်  အိမ်ထောင်ဦးစီးကောင်းတစ်ယောက်  ဘလော့ဂါကောင်းတစ်ယောက်  သူ့ကိုခင်မင်တဲ့ ညီတွေ ညီမတွေအတွက်တော့ သူက  နားလည်မှုကြီးတဲ့ အစ်ကိုကြီးတစ်ဦးပေါ့  ဘက်မျှတဲ့  စိတ်နေစိတ်ထားနဲ့  လူကြီးလူကောင်းဆန်မှုတွေက  ကိုညီ့  ကိုအားကျရင်းခင်မင်လေးစားမိပါရဲ့   ကိုယ့်ဆီမှာ   ပုံမှန်လာလာဖတ်ရင်း  အားပေးစကားတွေပြောပေး  ကိုယ့်အလွဲလေးတွေမှာ  ရယ်မောသွားတဲ့ ကော့မန့်လေးတွေ  အမေတို့အဘ တို့အကြောင်းရေးရင်စိတ်ဝင်တစားနဲ့  မှတ်ချက်ကလေးတွေပေးသွားတတ်တဲ့   ဆုံးဖြတ်စရာတစ်ခုခု  စိတ်ညစ်စရာတစ်ခုခု ရှိလို့ သူ့ဆီစာအရှည်ကြီးရေးလို့ ရင်ဖွင့်တိုင်ပင်ဖြစ်ရင်   အသေးစိတ် မငြီးမငြူပဲ စာပြန်ပေးတတ်  ခံစားနားလည်ပေးတတ်တဲ့အစ်ကိုကြီး ။ ကိုယ်ပြန်လာဖြစ်ကတည်းက သူ့ဆီစာရေးဖြစ်ရင်း အစ်ကိုပြန်လာရင် ပြောပါအုံး  ဆုံချင်ပါသေးတယ်လို့ပြောမိတယ်  ဒီနေ့တော့ မှတ်မှတ်ရရကို တွေ့ဖြစ်ကြတယ်    ခင်မင်စရာကောင်းတဲ့ဇနီး နဲ့ ချစ်စရာသားငယ်လေးပါဆုံဖူးလိုက်တယ်  သူတို့အေကြောင်းကလေးတွေကိုတော့ အစ်ကိုရဲ့ ပို့စ်တွေမှာ မကြာမကြာ ဖတ်မိနေပါရဲ့   ။ အပြင်မှာလည်း  စာတွေထဲကလို ခင်မင်နှစ်လိုဖွယ်ကောင်းတဲ့ ဆက်ဆံရေးတွေနဲ့ ဖော်ဖော်ရွေရွေဆက်ဆံပေးတဲ့ အစ်ကို့ကို ကျေးဇူးတင်စွာဖြင့်      တကယ့်ခင်မင်မှုစစ်စစ်တွေက  ပကာသနကင်းတယ်ဆိုတာ  ခံစားလိုက်ရတယ်း)  ။


မမေဓာဝီ
ကိုယ့်ဘဝမှာတစ်ကြိမ်တည်းသာလုပ်ဖူးလိုက်တဲ့ ကျောင်းဆရာဘဝအမှတ်တရတွေကို ပြန်တွေးမိတိုင်း
 ကျေးဇူးတင်ရမယ့်သူတွေထဲ မမေ ကထိပ်ဆုံးက   ဘလော့မှာစာတွေရေးကတည်းက မြန်မာစာ ကဗျာ  စာလုံးပေါင်းနိုင်နင်းတဲ့  မမေ ကို  မြန်မာစာ ကို စာလုံးပေါင်းမှားတတ်တဲ့ ကိုယ်က  သူများကိုပြန်သင်ရမယ်ဆိုတော့   ပထမဆုံး  အကူညီလှမ်းတောင်းဖို့ အတွေးဝင်တော့တာပါပဲ   စာသင်ရင်း စိတ်မလှုပ်ရှားဖို့ သင်ပုံသင်နည်းနဲ့  တစ်ခြားလိုအပ်တာတွေပါပြောပြပေးတဲ့   မမေကို  အပြင်မှာသာ ခဏခဏဆုံပေမယ့် ကျေးဇူးတင်ကြောင်းသေချာကိုမပြောဖြစ်သေးဘူး    ။  တိုက်တိုက်ဆိုင်ဆိုင်    ကိုယ်နေတဲ့နေရာ နဲ့  မမေ နေတဲ့နေရာက  နီးနီးကလေးဆိုတော့ မကြာမကြာဆုံဖြစ်ကြပါတယ် ပြောစရာတွေကလည်းတွေ့တိုင်းကိုမကုန်နိုင်   တကယ်တော့ မမေ နဲ့က  သူစိမ်းတွေရယ်လို့မဟုတ်ပါဘူး  ဘလော့ရေးကတည်းက  ခင်မင်တာကြာလှပြီ  သူ့ဦးရီးတော်အကြောင်းစကားပြောတိုင်းပါဖြစ်သလို အမေတို့ အဘတို့အကြောင်းလည်း စကားဝိုင်းထဲ  မှတ်မှတ်ရရ မေးတတ်သေးတယ်  ။စကားစပ်မိတိုင်းလည်းပြောမိပါရဲ့   မမေ တို့နဲ့ဆုံရတာ  အဖွဲ့ကျလို့ ၀မ်းသာမိတယ်ဆိုတဲ့အကြောင်း     အပိုတွေ  အပေါ်ယံတွေမဟုတ်ပဲ  စိတ်အရင်းမှန်နဲ့ပေါင်းကြလို့လားမသိပါဘူး   စကားတွေအများကြီးပြောစရာမလိုပဲ  မောင်နှမတွေလိုကိုဖြစ်လို့   ။  မမေ....ရေ  ခင်မင်မှုအတွက်ကျေးဇူးပါ  အစ်မလည်း အစစအဆင်ပြေလို့  လက်တွဲဖော်နဲ့အတူ အမြဲပျော်နိုင်ပါစေဗျာ ။


 မဇွန်မိုးစက်
ဘလော့နာမည်ကကြားဖူးနေတာကြာပြီ     ကိုညီ့ပို့စ်တွေမှာ ကော့မန့်ပေးရင်လည်း နာမည်တွေ့နေကျ  လူချင်းတော့မရင်းနှီးဘူး   အဖွဲ့ကျမယ့်သူတွေမို့လားတော့မသိဘူး  ခင်မင်မယ့်သူအချင်းချင်း သိနေကြတာ မမေတင်တဲ့ပုံတစ်ခုမှ  မဇွန်ကိုစမြင်ဖူးလိုက်တယ် နောက် အန်တီတင့်၊ ကိုဏီ တို့နဲ့ဆုံကြတော့ မဇွန်နဲ့ ပထမဆုံး စဆုံဖူးတယ်  စကားပြောအေးပြီး  အေးအေးချမ်းချမ်းကလေးကိုဖြစ်လို့  နောက်ဆုံတဲ့အခါတွေတိုင်း သူနဲ့စကားပြောရတာအဆင်ပြေနေတယ်   မနီးမဝေးမို့  သွားချင်တဲ့စာအုပ်မိတ်ဆက်ပွဲ ဘလော့ဂါတစ်ဦးဦးနဲ့ဆုံဖို့လုပ်တိုင်း  မဇွန် ကိုအဖော်သွားသွားစပ်မိတယ်  တကယ်တော့ ကိုယ့်နီးနီးနားနားမှာ ဒီအစ်မတွေပဲရှိတာဆိုတော့ ပြေးပြေးသတိရမိတတ်တာမျိုး ။ တကယ်တော့ မိတ်ဆွေတိုးတယ်ဆိုတာလည်း မင်္ဂလာတစ်ပါးပါ  လူလူချင်းဆုံလို့  အသားပဲ့သွားတာမျိုးမှမဟုတ်တာ  သေချာတာကတော့  မဇွန်က  တစ်ခါဆုံဖူးပြီး  အီစလန်ဂွမ်သွားလောက်အောင်  စိတ်ကုန်စိတ်အနှောင့်ယှက်ဖြစ်စေတဲ့သူမျိုးလုံးဝမဟုတ်ဘူး။ နားလည်မှု ရှိပြီး  အနေအေးတဲ့အစ်မတစ်ယောက် ရလိုက်သလို   စိတ်နေစိတ်ထားရှိတဲ့သူပါ  ။  မဇွန်...ကျန်းမာရေးဂရုစိုက်ပါ  ။


မသူ...
သူနဲ့ကိုယ်ကတော့   ဖဘ မှာ ကော့မန့်တွေနဲ့ ခဏခဏရန်ဖြစ်နေကြ  စိတ်နေစိတ်ရင်းမှန်ပြီး သူတစ်ပါးကို ကူညီတတ်လွန်းတဲ့အစ်မ  စာရေးသိပ်ကောင်းပြီး  စကားလုံးလေးတွေစီထားတာ သိပ်တော်တာပဲ   သူရေးရင်ဘာလေးပဲဖြစ်ဖြစ်  စိတ်ဝင်စားစရာကောင်းနေတော့တာ ။  စကားပြောရင်း နင်နဲ့ငါတွေပါလိုပါ  အမြင်မတော်ရင် ခေါက်ချင်ခေါက်သေးတာ   ။ စိတ်မှန်သူမို့လားတော့မသိ  သူ့ကိုချစ်ခင်တဲ့သူကတော့ ခပ်များများရယ်    ( ဆိုးတာက  ချစ်သူကောင်လေး မရသေးတာပဲခက်တယ် ဟဟား )  ။  စိတ်လှတော့ လူပါလှသွားတယ်ဆိုတဲ့အထဲ သူပါတယ်  လူတိုင်းနဲ့အဖွဲ့လည်းကျတတ်တယ် ။ မနှစ်ကသူနဲ့ဆုံတော့  ပါသွားတဲ့ကိုယ့်သူငယ်ချင်းနဲ့လည်း  အဆင်ပြေပြေပေါင်းသင်းတတ်တာပဲ  ။ အစားနည်းနည်းလျှော့ပါ အစ်မရေ   နည်းနည်းလေး ပိုလှလာလိမ့်မယ်း)   စားချင်တာရှိ  ၀ယ်ထားပြီးရင် မစားပဲ ကျနော့်လာကျွေးး) ။      အစ်မပြောဖူးတာမှတ်မိနေသေးတယ်   စာများများပြန်ရေးပြီး  မျက်နှာမငယ်ရအောင် စာအုပ်ကလေးလုပ်မယ်ဆိုတာ  ကျနော်တို့မျှော်နေမယ်ဗျ    ဖတ်ချင်ပါတယ် ။ ကျနော့်မှာ  ပကာသနမပါပဲခင်မင်ပြီး တိုင်ပင်လို့ရတဲ့ အစ်မတစ်ယောက်ရလိုက်သေးတဲ့အတွက် ၀မ်းသာပါတယ်   ကျနော်တို့ အွန်လိုင်းပေါ်မှာဆုံတဲ့  မောင်နှမတွေပေါ့ဗျာ   ကျနော် ဗလတောင့်အောင်လုပ်နေတဲ့အကြောင်း သူများတွေလိုက်မဖွနေနဲ့ သတ်မယ်။


(စာပြန်ရေးချင်စိတ်ပေါက်ပြီး   ပြန်ရေးတော့  အထာမကျဖြစ်နေတဲ့ကိုယ့်အတွက် ဒီပို့စ်က ဆားချက်တယ်လို့ပဲဆိုပါရစေ ။    ဖေ့ဘွတ်မှာပုံလေးတင် စတေးတပ်လေးတစ်ကြောင်းလောက်ပဲမရေးချင်လို့  အမှတ်တရ ဘလော့မှာ သိမ်းထားလိုက်ပါတယ် ။ လင့်တွေတော့မထည့်တော့ဘူးဗျ ။) 

LinkWithin

Related Posts Plugin for WordPress, Blogger...