Sunday, February 27, 2011

အိုးပုတ်ပန်း



အရင်က ကျနော့်ဘလော့က ပရိုဖိုင်လေးမှာ (About me )ခရမ်းရင့်ရောင် အိုးပုတ်ပန်းတို့ပွင့်ရာမွေးရပ်မြေကို အမှတ်ရနေတဲ့ ပိန်ညှောင်ညှောင်ကောင်လေးတစ်ယောက်လို့ရေးထားဖူးတယ် အဲ့တာကို အသိအစ်ကိုဘလော့ဂါတစ်ယောက်က မေးဖူးတာနဲ့ရေးဖြစ်ပါတယ် ။ ပို့စ်ဟောင်းလေးပါ အရင်ကရေးထားတဲ့စာတွေ ကျနော့်မှာ တော်တော်များများရှိပါသေးတယ် အချိန်က စကားပြောသွားလို့လားတော့မသိ ကျနော် ခု အဲ့စာတွေပြန်တင်ရမှာ ရှက်နေသလိုလို အရင် ၂၀ ကျော်စလောက်ကရေးထားတဲ့စာတွေဆိုတော့ တော်တော်ကိုမရင့်ကျက်တဲ့ အနေထားကိုပြနေသလိုလို ဟဟား ခုလည်းတူတူပါပဲ ။ဒီနေ့တော့ ဖေ့ဘွတ်မှာ ပုံတွေလိုက်ကြည့်ရင်း အစ်မအပြုံးပန်း တင်ထားတဲ့ပန်းပုံလေးတွေ့လိုက်တယ် ရွာပြန်တုန်းကလည်း အိုးပုတ်ပန်းပုံတွေမရိုက်ဖြစ်ခဲ့ပါဘူး အင်တာနက်မှာ ရှာတော့လည်းမရတာနဲ့ အိုးပုတ်ပန်းအကြောင်းမရေးဖြစ်ဘူး ခုတော့ အစ်မတင်ထားတဲ့ ပုံလေးတွေ့တာနဲ့ ပျင်းထူနေတဲ့ ကျနော် ဆားချက်ဖို့ တစ်ပုဒ်ရသွားပါပြီး ကျေးဇူးပါ ။


ကတယ်တော့ ကျနော်တို့  မြို့ ကို ဒီလိုမျိုး ဘယ်သူမှမတင်စားပါဘူး ကျနော့်ပါသာ အရူးထလိုက်တာပါ ။ အိုးပုတ်ပန်းဆိုတာက ကျိုက်ထိုမြို့ ရဲ့ တောရွာတွေမှာ အလေ့ကျပေါက်ရောက်တဲ့ တောပန်းတစ်မျိုးပါခင်ဗျာ ။ ကဗျာဆန်ဆန်လေးပြောရရင်တော့ မွှေးရနံ့ မရှိတဲ့ပန်း ဒါပေမယ့် သူက နေဒဏ် လေဒဏ်ကို ကြံ့ကြံ့ခံနိုင်တယ် မညှိုးနွမ်းလွယ်ဘူးး ပုံပါအတိုင်း သူ့ ရဲ့အရွက်က ကြမ်းရှရှနဲ့  ပန်းရဲ့ အရောင်က ခရမ်းရောင် အများဆုံး တစ်ပွင့်မှာ ၄ -၅ ဖတ်ပဲပါပါတယ် အ၀ါရောင်အမျှင်လေးတွေကိုတော့ ခလေးမလေးတွေက အပ်ချည်ကြိုးနဲ့ သီပြီး နာကပ်လေးတွေ ဆွဲကြိုးလေးတွေ လုပ်ဝတ်ကြပါတယ် ။

ထူးဆန်းတာလေးကတော့ သူက တောပန်းဖြစ်ပေမယ့် တောင်ကုန်းတို့  မြေမာတဲ့ နေရာတွေမှာမပေါက်ပါဘူး ကွင်းစပ် ဒါမှမဟုတ် မြေနိမ့်ပိုင်းတွေမှာပဲ ပေါက်ရောက်ပါတယ် အပင်ပေါက်ရောက်ပုံကလည်း ချုံနွယ်တွေလို အုံလိုက်ကြီးပေါက်နေပြီး ပန်းပွင့်တဲ့ရာသီ မိုးတွင်းဘက်မှာ တစ်ပင်လုံး ခရမ်းရင့်ရောင်ပန်းတွေနဲ့  အရမ်းကိုလှပါတယ် ။သူ့ ရဲ့ ညှာတံတွေမှာလည်း အသီးလေးတွေပါပါတယ် ပုံထဲမှာ ပန်းပွင့်လေးအောက်မှာရှိတဲ့ ညှာတံပုံစံလေးက သူ့ ရဲ့ အသီးလေးပါ အသီးရဲ့ပုံသဏ္ဍာန်လေးက ခလေးတွေဆော့တဲ့ အိုးပုတ်ပုံစံလေးဖြစ်နေပါတယ် ဒါကြောင့်လည်း သူ့ ရဲ့ပန်းကို အလွယ်ပဲ အိုးပုတ်ပန်းလို့  ခေါ်ဆိုကြတာ ဖြစ်မယ် ။

အကယ်၍ အိုးပုတ်သီးမှည့်သွားတဲ့ အခါမှာ အပြာရောင်အသီးလေးတွေ အများကြီးပါ စားလို့ လည်းကောင်းတယ် အရမ်းချိုတော့ ခါချဉ် ၊ ပုရွတ်ဆိတ်တွေလည်းဝိုင်းဖွဲ့ ပြီးနေကြတယ် ခါချဉ်တွေနဲ့  အပြိုင် အိုးပုတ်သီးလုစားရတာ ပျော်ဖို့ ကောင်းတယ်ဗျး) စားပြီးရင် လျှာတစ်ခုလုံးက အပြာရောင်တွေဖြစ်သွားကော ကြမ်းရှရှလေးနဲ့ နေရတာ ဖီးလ်တစ်မျိုးလေး :D ဒီတစ်ခါရွာပြန်ရင်သွားခူးစားအုံးမယ် ။ ရွာမှာ အမေကတော့ ရေမိုးချိုးပြီးရင်း အိုးပုတ်ပန်းတစ်ပွင့်လောက် ချိုးပြီး ခေါင်းမှာပန်းထားလိုက်တာပါပဲ ။ ကျနော်တို့အတွက်တော့ ကျွဲကျောင်း နွားကျောင်းသွားရင် စားစရာက အိုးပုတ်သီးတို့ သပြေင်္သီးတို့ပါ ။တန်ဖိုးကြီးပေးဝယ်ရတာ မဟုတ်တဲ့ မွေးရပ်မြေက နေလောင်ခံပန်းကလေးတစ်ပွင့်ဟာလည်း ရနံ့မရှိပေမယ့် ကိုယ့်အတွက်တော့ မွှေးကြိုင်နေတာပါပဲ ။အခုများတော့ ကျနော်တို့  ရွာက အိုးပုတ်ပင်လေးတွေလည်း ကြက်ဆူပင်တွေက နေရာတော်တော်များများ ယူသွားပါပြီး ။ဘာကြောင့်လည်းလို့  မမေးပါနဲ့  ဒီလိုပါပဲ ဟိုလိုပါပဲ ဒီဟာက ဒီလိုရှိပြီး ဟိုဒါက ဟိုလိုရှိတယ်း)



Friday, February 25, 2011

သံဇကာကွက်လေး

သံဇကာကွက်လေးထဲ ငှက်ကလေးတွေလှောင်ထားတာ အကောင်ပလောင်ပေါက်စလေးတွေလှောင်ထားတာမြင်ဖူးတယ် ဒါက ပိုင်ရှင်က ချစ်မြတ်နိုးလို့ ဒါမှမဟုတ် ကိုယ်ပိုင်ဆိုင်တဲ့ အရာလေးပျောက်ရှသွားမှာစိုးလို့ လှောင်ပိတ်ထားတဲ့ သဘော ဒီ သံဇကာကွက်လေးမှာတော့ ချစ်ခြင်းနဲ့ လှောင်ပိတ်ထားတာပါ ။တစ်ခါခါတော့ ဆိုးသွမ်းလွန်းတဲ့ အကောင်ဆိုး ခွေးကြီးတွေကိုလည်း လှောင်ထားတာမြင်ဖူးပါရဲ့ ဒီိလှောင်ပိတ်ခြင်းမှာတော့ ပိတ်လှောင်ချင်တဲ့ သဘော ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအကောင်တွေအားလုံးဟာ လူထပ်နိမ့်တဲ့အကောင်လေးတွေပါ သူတို့မှာ ရှက်ခြင်း ကြောက်ခြင်းသိမ်ငယ်ခြင်းတွေ ဘယ်ရှိနိုင်မလဲလေ ။ လူ ဆိုရင်ကော လွတ်လပ်တဲ့ လောကကြီင်္းထဲ အမိဝမ်းထဲကနေ ကျွတ်လာတည်းက လွတ်လပ်စွာရှင်သန်ခွင့်ရဖို့ လာကြတဲ့သူတွေကြီးပဲလို့ထင်ပါတယ် သို့သော ...တစ်ချို့သောသူများမှာတော့..........။

မနေ့ညနေက ပျင်းပျင်းနဲ့ အိမ်ရှေ့မှာ ခဏထွက်ထိုင်ဖြစ်တယ် သံဇကာတွေနဲ့ကာထားတဲ့ ကားတစ်စီး အထဲမှာတော့ ကျနော်တို့ရဲ့ သွေးချင်းတွေ ယောက်ျား မိန်းမ သက်ရွယ်ပေါင်းစုံပါပဲ သူတို့ရဲ့ မျက်ဝန်းတွေက ညှိုးငယ်နေတယ် သံဇကာကွက်လေးထဲကကနေ လက်ကလေးတွေ ကုတ်တွယ်ထားလို့ မွန်းကြပ်ကြပ် ညနေခင်းမှာ သူတို့တွေ အသက်များရှူလို့ချောင်ပါ့မလား တွေးမိတော့ ရင်မောသွားတယ် ။ ကိုယ့်အတွက်ကတော့ ကံကောင်းခြင်းလို့ပဲဆိုရမလား နေတဲ့နေရာနဲ့ အလုပ်နေရာက တူတူပဲမို့ အပြင်ထွက် လုပ်ရတာမရှိပါဘူး ။ သိပ်တော့မကြာသေးဘူး အသိအစ်မတစ်ယောက်အဖမ်းခံထိလို့ အချုပ်မှာ သွားရွေးဖြစ်တယ် အချုပ်ဆိုရင် မြန်မာပြည်က အချုပ်ဆိုတာလည်း မမြင်ဖူးမရောက်ဖူးဘူး ဒီကိုလည်း ဒါ ပထမဆုံးရောက်ဖူးတာပါ သူ့ကိုခေါ်သွားတည်းက သူကဖုန်းဆက်တာနဲ့ ရုံးက ကားနဲ့ အချုပ်ရှေ့မှာ သွားစောင့်နေဖြစ်တယ် ။

ကားက အချုပ်ရှေ့ရောက်တာနဲ့ အထဲက မျက်လုံးတွေနဲ့ ရင်ဆိုင်လိုက်ရတာ ရင်ထဲကပဲ အောင့်သွားသလို တစ်ခြားတော့မဟုတ်ပါဘူး အဲ့ဒီမျှော်လင့်ချက်မျက်ဝန်းတွေကို မသိဟန်ဆောင်နေရတာမို့ပါ ။ ဖမ်းလာတဲ့ ကာပေါ်က ဆင်းတဲ့သူတွေထဲ တောက်တောင်ပြောင်ပြောင်နဲ့ ကုန်သည်တွေလည်းပါရဲ့ ဆယ်ကျော်သက်အရွယ် ပန်းရံအလုပ်သမားလေးတွေလည်းပါရဲ့ ကိုယ့်အဖေ အမေ အရွယ် အဒေါ်ကြီး ဦးလေးကြီးတွေလည်းပါရဲ့ ။ တစ်ချို့ကတော့ မထူးတဲ့ဇတ်က နေရသလို ဘာမှမဖြစ် ခေါ်တဲ့နေရာသွားထားတဲ့နေရာနေနေလိုက်တာပဲ ။ ကုလားလိုလိုကောင်လေးတစ်ယောက် သူ့ကိုဖမ်းတုန်းက ပြေးဖို့လုပ်တယ်ထင်တယ် ပုလိပ်က သူ့ဖိနပ်အထူကြီးနဲ့ ကောင်လေး ခြေထောက်ကိုနင်းနေလိုက်တာ ပါးစပ်ကလည်း “ ပြေးအုံးမလား ပြေးအုံးမလား ” လို့မေးပြီး လုပ်နေလိုက်တာများ ကျနော့်အကြည့်တွေ ကမန်းကတန်း လွှဲလိုက်မိတယ် စိတ်မကောင်းလွန်းလို့ပါး( ။

အချုပ်ရှေ့မှာ ပွဲစားဆိုတာလည်းမြင်ခဲ့ရရဲ့ “ ရွေးမလို့လား ဘယ်နှစ်ယောက်လဲ တစ်ယောက် ၈၀၀ ပေး ကျနော် ဖြေရှင်းပေးမယ် ခင်ဗျားတို့ကိုယ်တိုင်ပေးလို့ဘယ်ဖြစ်မလဲ အရာရှိကို ဒီတိုင်း ရော့ယူပါလို့ ပေး ဘယ်ကောင်းမလဲဗျ ခင်ဗျားတို့ကိုပဲ ပြသနာရှာနေအုံးမယ် ” ပွဲစားဆိုတဲ့အတိုင်း သူ့ပုံစက အထာနပ်နေတဲ့ ရုပ်နဲ့ ကိုယ့်ကိုတောင် တစ်ချက်ဆွေကြည့်လိုက်သေး ပြုံးပြလိုက်မိပါရဲ့ ဒါပေမယ့် မဲ့ပြုံးဆိုတာ အဲ့လူကောင်းကောင်းသိမှာပါ လူမျိုးတူခြင်း ခေါင်းပုံဖြတ်နေတဲ့သူတစ်ယောက်အတွက် ဖော်ရွေတဲ့ အပြုံးတစ်ချက် ပြုံးဖို့မတန်ဘူးလေ။ အထဲမှာ ဖုန်းငှားစားတဲ့သူလည်းရှိတယ် ကွမ်းယာ ဆေးလိပ်ရောင်းတဲံ့သူလည်းရှိတယ် အထဲမှာ ထိုင်နေကြတဲ့သူအချင်းချင်း သူတို့စိတ်ထဲရှိနေတာတွေက ဆန့်ကျင်ဘက်တွေလည်းဖြစ်ကောင်းဖြစ်နိုင်တာပေါ့ အကျိုးဖြစ်တဲ့သူတွေက ဒီလိုနေရာလူများများရောက်ပါစေလို့များဆုတောင်းနေမလား တစ်ခြားသူတွေက ဒီနေရာမျိုးနောက်ထပ် မရောက်ပါစေနဲ့လို့များ ဆုတောင်းနေမလား ။။

ဖုန်းလာတော့ ခပ်တည်တည်နဲ့ဖုန်းပြောနေလိုက်တယ် ဘယ်သူမှ သတိမထားလိုက်မိပေမယ့် ကားမောင်းတဲ့ အစ်ကိုကတော့ ကားပေါ်ရောက်မှ စောနက ရုံးမှာ ဗမာလို ပြောနေလိုက်တာ ကြားလို့ကတော့ ဆွဲစိခံနေရအုံးမယ် နေခဲ့ချင်လို့လားလို့ ပြုံးရင် စမေးတယ် ။ နောက်တစ်ယောက်ပြောလိုက်တဲ့စကားကတော့ ။
နာ့သာ အမျိုးနိ မွင်ခွန်ထိုင်းလေနန် မိတ်ပင်လိုင်လော့ ” ။ “ အမျိုး မျက်နှာက ထိုင်းနဲ့တူတယ် ပြသနာမရှိဘူး ဟုတ်တယ်ဟုတ် ” သူတို့ပြောတဲ့စကားတွေ ကိုယ့်နားထဲမ၀င်ပါ ကိုယ့်မျက်လုံးထဲမြင်နေတာ သံဇကာကွက်လေးထဲက လက်ချောင်းလေးတွေနဲ့ မျှော်လင့်ခြင်းမျက်ဝန်းတွေပါ ။

LinkWithin

Related Posts Plugin for WordPress, Blogger...