ဦးလေးကြီးရေးတဲ့ အိတ်မှောက်သွန်ပစ် နှစ်ဆယ့်ရှစ်ကို အားကျလို့ ကာရန်ညီအောင်ပြောင်းရေးပါတယ်း) ။ ဟိုးအရင် အိတ်ကိုမှောက်ဖူးပြီသားဆိုတော့ မရေးတော့ဘူးလေဆိုပြီး သူများရေးထားတာတွေပဲ အားရပါးရ လိုက်စပ်စုကြည့်တာ ဘာတွေများရှိမလဲပေါ့ ။ ကျနော့်အစ်မ မဟွင်းဟွင်းက မောင်မျိုးလည်း အိတ်မှောက်ပါဆိုလို့ ညက အခန်းပြန်ရောက်ရောက်ချင်းမှောက်ပါတယ် အိတ်ကိုသွန်ချ ပြီးတော့ ကြည့်ကောင်းအောင် ဟိုစီဒီစီ တကယ်ကတော့ အိတ်ထဲ သွန်ထည့်ထားတာတွေကြီးပဲ အစီစဉ်ကျဖို့လုံးဝမရှိဘူး လိုချင်တာရှိ လက်နဲ့စမ်းပြီး မဲနှိုက်သလိုနှိုက်လိုက်တာကြီးတွေပဲ ။ အိတ်ထဲကဟာတွေသွန်ချပြီး ကောင်းကောင်းဓာတ်ပုံရိုက်နေတဲ့ကိုယ့်ကို အခန်းဖော်က ကြောင်သွားပြီလားဆိုပြီး ကြည့်သေးတယ် ။ ဘလော့ဂါဆိုတာ ဒီလိုပဲ စည်းလုံးမှုကိုပြရတယ်ဆိုတဲ့ အထာနဲ့ ချက်ချင်းကို လိုက်လုပ်ပစ်လိုက်တယ်း)
ကျနော့်ရဲ့ ခရေဇီအဖြစ်ဆုံးတွေထဲ အိတ်တွေက ထိပ်ဆုံးကပါပဲ အိတ်ကောင်းကောင်းသန့်သန့်လေးတွေ တွေ့ရင် လိုချင်တယ် ဒါပေမယ့် အိတ်ကလေးတစ်လုံးတည်းကို ဈေး အရမ်းကြီးပေးလွယ်ရမှာကျတော့ နှမြောတယ် အဲ့တာကြောင့် ခပ်ပေါပေါလေးတွေပဲ လွယ်တယ် ပေါတာမက်တော့ ခဏလေးပျက်ရတာနဲ့ ကြုံတာပေါ့  ခုအိတ်ကလေးကိုကြည့် အပေါ်ဇစ်က ပျက်နေပြီး ဆွဲဖွင့်တာများတော့ ပြုန်းသွားတယ် ။ အိတ်ထဲမှာ ထီးပါတယ် နားက ခဏခဏယားလို့ ကလောက်တဲ့ ဂွမ်းတံထုတ်ပါတယ် မျက်မှန်က တစ်ခါခါမှတက်တယ် လက်သည်းညှပ် ၊ ဘော်ပင်နဲ့ အလုပ်မှာသုံးတဲ့အသုံးအဆောင်နည်းနည်း အကြွေစေ့ ထည့်ထားတဲ့ အညိုရောင်အိတ်ကလေးတစ်လုံး ကားခပေးရအောင် အဲ့ထဲ စုထည့်ထားတာ ပြီးတော့ ပတ်စပို့စ် ပုံမှန်တော့ မယူတာများပါတယ် တလောက ပုလိပ်တွေ ထနေတာနဲ့ ထည့်ဆောင်ဖြစ်နေတာ ။ ပိုက်ဆံအိတ်ထဲမှာ ၂၀၀ လောက်ပဲပါတယ် ဘဏ်ကဒ် ခဏခဏကို ၂၀၀ စီ သွားထုတ်နေလို့ ဘဏ်ကတောင် အမြင်ကတ်နေပြီလားမသိတော့ပါဘူး ။ တစ်ခါတလေ သီချင်းနားထောင်ရအောင် နားကြပ် ဖုန်းနဲ့ရိုက်ထားတာဆိုတော့ ဖုန်းတော့ မပါဘူး ဒါနဲ့ ကြွားအုံးမလို့ အနော် ပွတ်တဲ့ဖုန်းလေးဝယ်လိုက်ပီ ငှဲငှဲ ခုတော့ သုံးစရာပြတ်နေတယ် ဖုန်းဝယ်ထားတဲ့အကြွေးပြန်ဆပ်လိုက်ရတာကိုးးး ။ဦးလေးကြီးပြောသလို ဖုန်းကို ဘောင်းဘီအိတ်ထဲထည့်ရင် ဖုန်းကနေ အမြဲ ထုတ်လွှတ်နေတဲ့ radiation ရောင်ခြည်တွေကြောင့်ပါ၊ ဖုန်းကို လုံးဝပိတ်ထားတဲ့ အချိန်ကလွဲလို့ radiation တွေအမြဲ ထွက်နေတတ်တော့ ယောက်ျားတွေရဲ့ မျိုးပွားအင်္ဂါ အဖွဲ့အစည်းကို ထိခိုက်နိုင်တယ်လို့ ပြောကြတယ်...၊း) အဲ့လိုသာဆိုရင်တော့ ကျနော် လိုချင်တဲ့ သမီးအမွှာပူးလေး ရတော့မယ်မထင်ဘူး သမီးတို့ရယ် အဖေ မိုက်ကိုခွင့်လွှတ်ပါလို့သာ ပြောရတော့မယ် ။
မျက်နှာခဏခဏသစ်ပြီးရင် လူးရအောင် ဗူးတစ်ဗူးး ပြီးတော့ နှုတ်ခမ်းကွဲလို့ နှုတ်ခမ်းနီဗူးတစ်ဗူး ။ တဟ်ခါတလေ Toilet ၀င်ရင် အရေးပေါ်သုံးရအောင် တစ်ရှူး မျိုးစုံသုံးတာပဲ ချွေးထွက်သုတ်တယ် တစ်ခုခုစားလို့ပေရင် သုတ်တယ်း) တကယ်ဆိုရင်တော့ ပေါ့ပေါ့ပါးပါးလေးပဲ သွားချင်တာ ကျနော်က မေ့တတ်တာများတော့ ခဏ သော့ကျန်ပြန်ပြီ ဖုန်းကျန်ပြန်ပြီး ဟိုဟာကျန် ဒီဟာကျန်ဖြစ်တတ်လွန်းလို့ကို အိတ်တစ်လုံးတည်း စုပြုံထည့်လိုက်တော့မှပဲ စိတ်ချရတာမျိုး ဒါတောင်တစ်ခါလေ ဘာကျန်အုံးမလဲဆိုပြီး ခဏခဏ ဖွင့်ကြည့်လွန်းလို့ကို ဇစ်တွေပြုန်းပေါင်းများပြီ ။ ဘာပဲဖြစ်ဖြစ် ကျနော်ကတော့ ကျောပိုးအိတ်ကလေးတွေကို သိပ်ကြိုက်ပါတယ် သူတို့ဟာ ကျနော်တို့တွေ ဘယ်လိုအရပ်မျိုးကိုပဲ သွားသွား ပျော်ရွှင်ခြင်းတွေပဲ ထည့်ထည့် စွန့်စားခြင်းတွေနဲ့ပဲ ထွက်ခဲ့ထွက်ခဲ့ ကျနော်တို့နဲ့ ထပ်ကြပ်မကွာလိုက်တတ်ကြတာလည်း ကျောပိုးအိတ်ကလေးတွေပါပဲ ။
မှောက်ချလာတဲ့ အိတ်ကလေးတွေကြည့်ပြီး စာရေးဖော် အစ်ကိုအစ်မတွေရဲ့ စည်းစနစ်ကျမှု သပ်ရပ်ပေါ့ပါးမှုလေးတွေကို ပုံဖော်ခွင့်ရလိုက်တယ် ။ ကျနော့်အိတ်ကိုကြည့်ပြီး ဘယ်သူတွေက ဘယ်လိုမြင်ကြမှာပါလိမ့် ရှပ်ပြာတိုက်နေတဲ့ ရုပ်တည်ကြီးနဲ့ လွဲတတ်တဲ့ သူတစ်ယောက်ကိုတော့ ကျနော့်ပါသာ မြင်လိုက်တာပဲး)
ဆက်ပြီးမှောက်ချလာမယ့် အိတ်တွေကို စောင့်မျှော်စပ်စုရင်းးး ကျနော်လည်း ၂၉ မှာ နောက်မကျပဲ ခေတ်မှီအောင် မှောက်ချလိုက်ပါတယ် (အိတ်) :)
