Wednesday, July 7, 2010

တချိန်တုန်းကဒုက္ခ အခုတော့ဟာသ

တစ်ချိန်ကတော့ တော်တော်ကို ဒုက္ခရောက်ခဲ့တာပေါ့ အရှိုးရာပါ ထင်တယ် ။ တစ်ခါမှ မရိုက်ဖူးတဲ့ အဘက တော်တော်ရှက်သွားလို့ပါ ကျနော်ကလည်း ကျနော်ပဲ မဟုတ်ပါဘူး အစ်မကြောင့် ရွာမှာက မိုးချုပ်ရင် အဘက အစ်မတွေကို အပြင်ပေးမထွက်ပါ ဗီဒီယိုသွားကြည့်မယ်ဆိုရင်လည်း တစ်ယောက်ယောက် အဖော်ပါမှ လွှတ်တယ် ။ အစ်မငယ်က သူ့ဘဲဘဲနဲ့ချိန်ထားတာလေ အဲ့တာ :P “ခလေး အစ်မ နဲ့လိုက်ပေး နင့်ကို ကျိုက်ထီးရိုး ခေါ်သွားမယ်လေ ” လာဘ်ပေးလာဘ်ယူ ဒို့ကြည်ဖြူ သိပ်မငြင်းရှာဘူးရယ် “ တကယ်နော် ” ဆိုပြီး ချက်ချင်းကိုထလိုက်သွားတယ် ။ အဘကလည်း ကျနော်ပါတော့ ခဏပဲဆိုပြီး လွှတ်ပါတယ် အစ်မက သူ့သူငယ်ချင်းအိမ် သွားမယ်ဆိုလို့ ။ သူ့ကိုမှာထားသား “အစ်မ ငါကြောက်တယ်နော် မြန်၂ပြောပြီး ပြန်လာခဲ့ အဘ သိရင်သတ်မှာ ” သူလည်း ခဏလေးပါပဲ ကျနော်က သရက်ပင် အောက်မှာ ငုတ်တုတ်လေးထိုင်စောင့် ခြင်ကကိုက် စိတ်ကုန်ပါ့ ( ဒီလောက်တန်ဖိုးရှိတဲ့ မောင် ဘယ်မှာသွားရှာမတုန်း ) ။ တောရွာပေမယ့် သတင်းက မြန်တယ် အိမ်က ဘယ်လိုသိသွားလဲမသိ “ဟို မောင်နှမ ဘယ်မှာလဲ ” ဆိုတဲ့ အဘရဲ့ ဒေါသသံက အိပ်ငိုက်နေတဲ့ ကျနော့်ကို လန့်နိုးအောင်ပဲ ။

အိမ်ရောက်တော့ မှင်သေသေနဲ့ တုတ်ကြီးကိုင်ပြီး လှေခါးဝမှ စောင့်နေတဲ့ အဘက “ဘယ်က ပြန်လာတာလဲ ” ၊ “ ဟား...အဘကလည်းပြောထားသားကို ဦးဘယ်သူတို့အိမ်ကိုသွားတာလေ ” မင်းတို့ကို ငါမွေးထားတာကွ ဆိုပြီး ဆော်ပလော်တီးလိုက်တာ မောင်နှမ နှစ်ယောက်လည်း အရှိုးရာတွေနဲ့ပေါ့ ဘယ်သူမှလည်း မဆွဲရဲပါ အဘရဲ့ အချစ်တော် စိန်ပြုံးလည်း မျက်လုံးလေး ပေကလည် ပေကလည် နဲ့ စနွန်းပဲ လိမ်းပေးတယ် ပါးစပ်ကတော့ ခလေးတွေကို ဒီလောက်ရိုက်ရမလားလို့ ပတွတ် ပတွတ်နဲ့ပေါ့ တော်ပြီးနောက်များ ဘယ်သူ့အတွဲမှ မလိုက်ပေးတော့ဘူး က်ျိုက်ထီးရိုးလည်းမသွားရပါဘူး။ သိပ်မကြာလိုက်ပါ အစ်မလည်း ယောက်ျားနောက်လိုက်သွားပါလေကော ဟုတ်သား သူလည်း ချိန်းတွေ့တိုင်းသာ ရိုက်ခံထိရင် အသက်ပါပျောက်မယ် တော်တယ် အစ်မ :) ။ အဲ့တုန်းကသာ ငိုခဲ့ရတာ ခုတော့ “ အစ်မ ငါ့ကို ကျိုက်ထီးရိုး လိုက်ပို့မယ်ဆို ” အဲ့လို ခနဲ့လိုက်ရင် အစ်မ က“ အဘ ...ဒီမှာကျိုက်င်္ထီးရိုးလိုက်ပို့ခိုင်းနေတယ် ” လို့ပြောရင်တော့ ဒီနှစ်ကောင်တော့သေတော့မယ် ဆိုပြီး ပြုံးဖြီးဖြီးကြီးနဲ့ ဟဟား သိပ်ချစ်ဖို့ကောင်း ။

*************************************************

နောက်တစ်ခု


ကျောင်းတုန်းကပါ သူငယ်ချင်းက သူတို့ မွန်အမျိုးသားနေ့တွေ့စုံပွဲရှိတော့ လိုက်သွားပါတယ် ဗမာတွေတော့ပါမယ်ထင်တာလေ တစ်ယောက်မှကို မပါ ပါ ကိုယ်တစ်ယောက်တည်း အရူးကြီးလို သူများတွေ ဘာပြောပြော နားမလည်ပါ ဒီ့ထက်ဆိုးတာက ရောက်လာတဲ့သူတွေက မိတ်ဆက်ရတဲ့ အစီစဉ်ပေါ့ အကျွေးမွေး အစီစဉ်ပြီးတော့ တစ်ယောက်ချင်းစီ မိတ်ဆက် ကျနော်ကတော့ ပြေးမယ် တကဲကဲ သူငယ်ချင်းက မွန်လိုမရလည်း ဗမာလိုပဲပြောလေ ရပါတယ် ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ အားလုံးက မွန်လိုပြောတာတစ်လုံးမှ နားမလည်ပါ ။ ကိုယ့်အလှည့်မရောက်ခင်တည်းက ချွေးစေးတွေပြန်နေပြီး ဒုက္ခပါပဲ ဘယ်တော့မှ လူတောတိုးတဲ့ ကောင်မဟုတ်ပါဘူး ။ စပါပြီး ကျနော့်နာမည် ဆိုတည်းက စကားက ထစ်နေတယ် နေရပ် အသက်တောင်ပြောရသေးတယ် ကျောင်းနှစ်ကိုပြောတော့ “ ကျနော်ကတော့ First Year ပါ အယ်....မဟုတ်ဘူး B.tech Second Year ပါ မှားလို့မှားလို့ ” တစ်ခုမှ မမှန်ပါ လူတွေကလည်း ထူး၂ဆန်း၂ကြည့်နေပြီး သူငယ်ချင်းကို “ ဟကောင်...ငါ ဘာ Year လဲ ” ပြန်မေးရတယ် အဲ့တာနဲ့ပဲ သူလည်း ကိုယ့်ကို သနားလို့ မွန်လိုကိုယ်စားမိတ်ဆက်ပေးလိုက်ပါတော့တယ် ပွဲကိုကျကောပေါ့ ။

အဆောင်ရောက်တော့ “မင်းက ခုမှ Second Year ဘယ်လိုဖြစ်လို့ B.tech ကိုခုန်တက်သွားတာလဲ” စိတ်တိုနေပါတယ် လာမစနဲ့ အဲ့တုန်းကတော့ တော်တော်ကိုရှက်ပြီး ဒုက္ခရောက်ခဲ့တာ တွေ့စုံပွဲက မွန်မလေးတွေက ကျောင်းမှာတွေ့ရင် ပြုံးစိစိ ကိုယ်ဝင်တဲ့ အတန်းက တစ်ခြား မှားပြီးပြောမိတဲ့ အတန်းက တစ်ခြားဆိုတော့ ဒါကြောင့်နောက်ဆို အဲ့လိုပွဲမျိုး ဘယ်တော့မှ လိုက်မသွားပါ ။ တစ်ချို့ကလည်း စကြသေးတယ် “ ဝေး B.tech အစ်ကိုကြီး စာတွေရပြီလား ” ကျမ်းကြေသွားလို့ဖြစ်မယ် ကျနော် B.tech ကိုဆက်တက်ခွင့်မရခဲ့ပါး) ။

Saturday, July 3, 2010

ကြီးတော်

ကြီးတော် အသက်က ခုဆို ၇၀ နားနီးပြီး မုဆိုးမ ၅ခုလပ် သားသမီးကတယောက်မှမရှိ ဒါပေမယ့် လူချစ်လူခင်ကတော့ပေါပါ့ အပျိုဖြန်းမလေးတစ်ယောက်လို သွက်လက်ဖျက်လတ်နေတာပဲ ထင်းခွေသွားမလား လူငယ်တွေနဲ့အပြိုင် ရွာထဲက ခလေးတွေ ရည်းစားစာရေးရင်သူက အချစ်စာရေးဆရာမကြီး လူငယ်တွေကြားလည်းသူပါသလို လူကြီးတွေရန်ဖြစ် ခွဲဟယ် ဆွဲဟယ်ဆိုရင်လည်း သူကရှေ့ဆုံးကပါပဲ ။ သူ့ကိုကျနော် မှတ်မိတာ ၃ နှစ်သားကျော်ကျော်မှတ်မိစအရွယ်လေးပါ ကြီးတော်အိမ်မှာ ဆိတ်ကလေးတွေ အများကြီးမွေးထားတယ် ကျနော်ကပိန်တော့ ဆိတ်နို့လာသောက်ဖို့ အမြဲလာလာခေါ်တတ်တယ် ကျနော်တို့ ကြီးတော်အိမ်သွားရင် အမေက ခြံထွက် ငှက်ပျော်သီး သင်္ဘောသီးတွေ ပေးပေးလိုက်တယ် ။ ကြီးတော်ရဲ့ ယောက်ျား ပေါ်တာ ထဲ ဆုံးသွားတော့ အမြဲတမ်းပျော်ပျော်နေတတ်တဲ့ ကြီးတော် ရှိုက်ကြီးတငင်ငိုနေတာကိုကြည့်ပြီး ကိုယ်ပါမျက်ရည်ကျမိတယ် ။ ခလေးအတွေးနဲ့ “အမေ ကြီးတော်ကို မွေးစားလိုက်ပါလား” လို့ ပြောဖူးသေးတာကို မှတ်မိသေး။

သားသမီးတစ်ယောက်မှမရှိ ဆွေမျိုးတစ်ယောက်မှမရှိပေမယ့် ရွာထဲက လူအားလုံးကတော့ ကြီးတော်ရဲ့ သားသမီးတွေ ဆွေမျိုးတွေကြီးပါပဲ တချို့ဆို သူကိုယ်တိုင်မွေးထားပေးတဲ့သူတောင်ရှိသေးတယ် ။ ရွာမှာ သင်္ကြန်ရက် ပျော်ပွဲရွှင်ပွဲဆိုရင် အပျိုမလေးတစ်ယောက်လို စကပ်တွေ ဘောင်ဘီတွေဝတ်ပြီင်္း က တတ်ပါတယ် ။ ဗွီဒီယိုဆို အသေကြိုက် ဘယ်မင်းသား ဘယ်မင်းသမီးက ဘယ်လို သရုပ်ဆောင်သွားတယ်ဆိုတာ အလွတ်ရနေတတ်ပြီး အိုက်တင် အသံနေ အသံထားနဲ့လုပ်လုပ်ပြတတ်လွန်းလို့ ကိုယ်မကြည့်ဖူးတဲ့ဇတ်ကားက သူပြောပြတာနဲ့တင် ကြည့်ပြီးသွားသလို ခံစားရပါတယ် ။ ခု ကြီးတော် မုန့်လက်ကောက်ရောင်းနေတယ် မြတ်လား မမြတ်လားတော့မသိ ငိုနေတဲ့ ခလေးတွေ့ရင် “ ဟဲ့...ဘယ်လိုဖြစ်တာလဲ ရော့ရော့ ဟိုမသာကောင်တွေ ခလေးကိုပစ်ထားပြီင်္း ဘယ်သွားသေနေကြလဲဟဲ့ ” အဲ့တာကတော့ ရွာထဲက ကြီးတော်ရဲ့ နံနက်ခင်းတေးပဒေသာပါ ။

ရွာကိုရောက်ရင် နေ့ခင်းပိုင်းစာအုပ်တစ်အုပ်နဲ့ ကြီးတော်အိမ်မှာ သွားသွားအိပ်တယ် စိတ်ပူတတ်တဲ့ အစ်မက “ ခလေး နင်သွား မအိပ်နဲ့ တော်ကြာ ကိုယ့်ကိုယ်ပါ အောင်သွယ်ပေးနေအုံးမယ် ” တဲ့ ဟုတ်ပါ့ ရွာထဲမှာတော့ ကြီးတော်က မျြှားနတ်မောင်ပဲ အရက်သောက်တတ်တဲ့ ဖိုးသေးကို မြှောက်ပြောပေးလိုက်တာများ ပါတိတ်ထမိန်လေးရဲ့ ကျေးဇူးက နောက်တစ်နေ့ ကွမ်းခူးသွားရင် ကြီးတော်ရဲ့ အာဘော်ကြောင့် ရွာကကောင်မလေးတယောက် ဖိုးသေးရဲ့ အချစ်ရေယာဉ်မှာ မြောပါသွားပါလေကေား) ။တစ်ယောက်တည်းပဲ ဒါပေမယ့် အထီးမကျန်ဘူး မနက်ဖန်အတွက် ဒီနေ့မှာ သူ့ရဲ့လုပ်အားတွေရှိတယ် ဘာကိုမှတွေးမပူဘူး အတိတ်မှာလည်း သူမကျန်ခဲ့ အနာဂတ်အတွက် တေွးပူမနေပါဘူး ။

ဘ၀ရဲ့ ဆည်းဆာနေ၀င်ချိန်ကို ရောက်လုပြီလို့ဆိုနိုင်တဲ့ မနက်ဖန်အတွက် အာမခံချက်ဘာမှမရှိတဲ့ ကြီးတော်က ဘ၀ကိုအရှုံးမပေးပဲ ကြံကြံခံရင်ဆိုင်နေပေမယ့် မနက်ဖန်အတွက် အိပ်မက်ပေါင်းများစွာကို မက်ခွင့်ရှိနေပါလျှက်နဲ့ ခွန်အားတွေရှိနေပါလျှက်နဲ့ စိတ်ပျက်အားငယ်နေမိတဲ့ ကျနော့်ကို ကြီးတော်ရဲ့ အင်အားစကားတစ်ခွန်းက “ ဘ၀ဆိုတာ ဒီလိုပဲ ငါ့တူ ဖြစ်လာတာကိုရင်ဆိုင်ရဲဖို့လိုတယ် နောင်တကို ကြောက်ရွံနေဖို့ထက် နောင်တ ရစရာတွေကို မလုပ်မိဖို့ကြိုးစားပါ ” တဲ့ ကျေးဇူးပါ ကြီးတော် အဲ့ဒီအားပေးစကားတစ်ခွန်က ငယ်ငယ်တုန်းက အားနည်းလို့ သောက်ဖို့အမြဲလာလာခေါ်တတ်တဲ့ ဆိတ်နို့စိမ်းတစ်ခွက်လိုပါပဲ ကျနော့်အတွက် အားတွေဖြစ်သွားတယ် ။

LinkWithin

Related Posts Plugin for WordPress, Blogger...