နိုင်ငံရေး  လူမျိုးရေးတွေ မပါသော မပက်သက်သော  ကိုယ်ပိုင်ခံစားချက်သပ်သပ်များနှင့်ဒီစာကိုရေးပါတယ်  ၂၀၁၅  ဟာ
ကျနော့်အတွက် ပြောင်းလဲခြင်းနှစ်ကာလတစ်ခု  တကယ်တော့
ကျနော့်ရဲ့ ဘ၀အခိုက်အတန့်အပြောင်းလဲတိုင်းမှာ 
ထိုင်းလူမျိုးများနဲ့ပက်သက်ဆက်နွယ်နေတာကတော့ ရှေးရေစက်များလားမသိတော့ပါဘူး  ကျနော်တို့အရပ်ဖက် မွန်ပြည်နယ် ကရင်ပြည်နယ်က သူတွေအများစုဟာ
အလုပ်အဆင်မပြေ  အကြွေးပတ်လည်ဝိုင်း  ရန်ဖြစ် 
လင်ကွဲမယားကွဲ ဖြစ်လေတိုင်း  ဒေသအခေါ်
အရှေ့ဘက်လို့ခေါ်တဲ့  နယ်စပ် မဲဆောက် ထိုင်းကို
အသွားအများကြဆုံးပါပဲ ။ ကျနော်လည်း တစ်ဦးအပါအ၀င်ပေါ့    ထိုင်းကိုစရောက်တာ ၂၀၀၆  မေလကုန်ဆိုတော့ အချိန်ကာလအားဖြင့် ကြာတယ်လို့လည်းဆိုနိုင်တာပေါ့  အရင်က လူမျိုးရေးအမြင်အရ  ထိုင်းတွေ နှိမ်တယ် ဆိုးတယ်  ယုတ်မာတယ်ကြားခဲ့လေတိုင်း ငါ ဘာလို့များ ဒီကိုအလုပ်လာလုပ်ဖို့ရွေးခဲ့လေသလဲဆိုတော့  ပြန်တွေးမိတဲ့အထိပါပဲ   ။ နာကျင်ခဲ့လေသလားဆိုတော့လည်း  အဲ့လိုခံစားချက်မဟုတ်ပြန်ဘူး။
ထိုင်းနိုင်ငံကိုစရောက်ခါစကနေ
ခုထိ  မြန်မာလူမျိုးနဲ့ထိုင်းလူမျိုး အသိဘယ်ဟာကပိုများသလဲဆို  မိတ်ဆွေတွေထဲ ထိုင်းတွေက ပိုများတယ်     မဲဆောက်မှာနေတုန်းက သိပ်မသိပေမယ့် ၂၀၁၃ နှစ်ဆန်းပိုင်းမှာ  ဘန်ကောက်ကိုစရောက်ကတည်းက ကိုယ့်ရဲ့အမြင်တွေ ရပ်တည်မှုတွေ   ပေါင်းသင်းဆက်ဆံရေးတွေအားလုံးပြောင်းလဲသွားခဲ့တော့တာပါပဲ
။  သူတို့ရဲ့ ပါစင်နယ် မ၀င်စွက်ဖက်မှု  လုပ်ငန်းခွင်နဲ့ ကိုယ်ပိုင်ခံစားချက်တွေမရောထွေးတတ်မှုတွေဟာ
ကိုယ့်အတွက်တော့ အတုယူခဲ့စရာတွေပါပဲ ။တစ်ချို့တွေကမေးတယ် ထိုင်းအကြောင်းရေးပါလား    ခံစားချက်တွေရေးပါလားတဲ့ ကျနော့်ခံစားချက်  ကြုံတွေခဲ့ရတာတွေမှာ ထိုင်းတွေနဲ့ပက်သက်ပြီး ဆိုးဆိုးရွားရွား
ဘာမှမရှိပြန်လေတော့ မရေးဖြစ်ဘူး ကောင်းတာတွေကြီးရေးပြန်ရင်လည်း ထွန်းကြိုင် ( ထိုင်းကျွန်
)   ၊ 
ရှမ်းခွေးဆိုပြီးပြောခံထိအုံးမယ်   
။ တစ်ယောက်နဲ့တစ်ယောက် ကြုံတွေခဲ့ရပုံချင်းမတူတာတွေလည်းဖြစ်မှာပေါ့လေ  ဘာပဲဖြစ်ဖြစ် 
သူတစ်ပါးနိုင်ငံမှာ ကိုယ်အသိစိတ်နဲ့ကိုယ်ဘေးကင်းအောင်နေတတ်ရင်တော့ သတင်းတွေထဲမကြာမကြာကြားရသလိုတွေတော့  ဘယ်တော့မှဖြစ်နိုင်စရာအကြောင်းမရှိပါဘူး ။
အယုဒ်ဓယ ကိုရောက်တုန်းက  ကားမောင်းသမားနယ်ခံဦးလေးက  ဘာလဲမင်းတို့မီးရှို့ခဲ့တဲ့နေရာတွေကိုလာပြန်ကြည့်တာလားတဲ့  ခပ်ပြုံးပြုံးနဲ့     အဲ့တုန်းက ကျနော်ဖြင့်မမွေးသေးလေတော့ အဲ့တုန်းက
ခံစားချက် အခုခံစားချက် ဘာက ဘယ်လိုလဲဆိုတာမသိဘူးလို့ ကိုယ်လည်း ပြုံးပြီးဖြေလိုက်တယ်
။  သေချာတာကတော့ နယ်ထိုင်းတွေနဲ့ဘန်ကောက်မြို့တော်က
ထိုင်းတွေရဲ့ ခံယူပုံ ခံယူချက် ချင်းကတော့ 
တော်တော်ကိုကွာတယ်ဆိုတာပါပဲ ။   စကားပြန်လုပ်ခဲ့တဲ့အတွေ့အကြုံအရ   မြန်မာလူမျိုးနဲ့  ထိုင်းလူမျိုးတွေကြား သဘောထားလွဲမှုတွေတိုင်းမှာ
ကိုယ်က  ကြားခံအဖြစ်ဖြေရှင်းခဲ့ရတာတွေများတယ်   ဘယ်သူ့ဘက်မှလည်းမလိုက်ပဲ  ဘက်မျှအောင်နေတယ် ။  ထိုင်းမှာနေတာကြာတော့ ထိုင်းစတိုင်လ်ဖမ်းတာမဟုတ်ပါပဲ  တစ်ချို့က ထိုင်းနဲ့ဆင်တယ်လို့ပြောတိုင်း  ပြုံးရုံကလွဲလို့ ထူးပြီးကြည်နူးမှုလည်းမဖြစ်မိလေပါဘူး  ဘာလို့လဲဆိုတော့ ကျနော်က မြန်မာလူမျိုးဖြစ်ရတာကို
ကျေနပ်နေတဲ့သူမို့ပါပဲ ။
ထိုင်းတွေက  အလောင်းမင်းတရားထက် ဘုရင့်နောင်ကို ပိုသိတယ်  သူတို့တွေသိချင်တယ်  ထက်မြက်တဲ့ မင်းတစ်ပါးအဖြစ်သူတို့လေးစားတယ် ။ ပွင့်လင်းမြင်သာလာတဲ့
ခုလိုအချိန်မျိုးမှာ ထိုင်းလူမျိုးတွေအပေါ် 
မြန်မာတစ်ယောက်အနေနဲ့ ဘယ်လိုခံစားရပါသလဲဆိုတော့ တိုက်ရိုက်မေးခွန်းမျိုးလည်းမေးခံထိဖူးတယ်   ကျနော်ပြန်ဖြေဖြစ်တာကတော့   မြန်မာတွေက ထိုင်းတွေကို  မမုန်းခဲ့ဖူးပါဘူး  သမိုင်းကြောင်းမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာကို လည်း
သူတို့တွေသိပ်ပြီးအမှတ်မကြီးကြပါဘူး  ခင်ဗျားတို့ခု  လမ်းမှာ ဈေးမှာ  မြန်မာလူမျိုးတွေနဲ့ဆက်ဆံရင်းသိမှာပေါ့လို့ ရိုးရိုးလေးပဲပြန်ဖြေဖြစ်တယ်  ။ ၂၀၁၅ မှာ မြန်မာပြည်ကိုအပြီးပြန်လာတော့မယ်လို့
ဆုံးဖြတ်တဲ့အခါမှာလည်း ထိုင်းလူမျိုးနဲ့ ကျနော့်ရဲ့ ရေစက်ကမကုန်သေးဘူးရယ် ။ နိုင်ငံခြားမှာ
ငွေတွေအများကြီးမစုမိခဲ့ဘူး ဒါပေမယ့် ကိုယ့်အတွက် ဘာကျန်နိုင်မလဲ ၇နိုင်မလဲဆိုတဲ့အရာကို
ရောက်တုန်းမှာ အပတ်တကုတ်ကြိုးစားခဲ့တယ် ရရှိလိုက်တာကတော့  ဘာသာစကားပေါ့  
ပို့စ်ဟောင်းမှာ  ကျနော်ကျောင်းဆရာပို့စ်မှာရေးခဲ့အတွေ့အကြုံကနေ   အွန်လိုင်းမှာ  မြန်မာစကားသင်ပေးတဲ့ဗီဒီယိုဖိုင်လေးတွေကနေ  ထိုင်းအသိတွေများလာတယ်  နှစ်သစ်ကူးဆို ကိုယ့်အတွက်တကူတက လက်ဆောင်တွေ၇လာတတ်တယ်  လူမျိုးရေးခွဲခြားမှုကို  အဲ့ဆိုဒ်က လုံးဝကိုလက်မခံပဲ  ဖျက်ပစ်တယ် 
တကယ်ကို မြန်မာစာ စကားလေ့လာကြတဲ့သူတွေအများကြီးတွေ့တော့  ပျော်ရွှင်ကြည်နူးမိတာ အမှန်ပါပဲ ။
ခုတော့ ဌာနဆိုင်ရာတစ်ခုမှာ
ထိုင်းတွေနဲ့အလုပ်တူတွဲလုပ်ရင်း  ကိုယ့်နိုင်ငံပြန်ရောက်နေပေမယ့်
နေ့စဉ်ကျနော်အပြောများနေရတာကတော့ထိုင်းဘာသာစကားဖြစ်နေပြန်ကော ။ ခံစားမှုချင်းကတော့ တော်တော်ကွာသွားတာပေါ့လေ
လုံခြုံနွေးထွေးသွားတဲ့စိတ်တစ်ခုပေါ့။   ထိုင်းအစိုးရဌာနဘက်ကသူတွေလာတော့  ကားပေါ်မှာ 
သမိုင်းကြောင်းစိတ်ဝင်စားတဲ့ အစ်ကိုတွေက 
ကျနော့်ကိုမေးတယ်    အပေါ်ကမေးခွန်းနဲ့ဆက်စပ်ပြီးတော့ပေါ့  ကျနော်တို့တွေ ထိုင်းသမိုင်းကြောင်းတွေအများကြီးကျောင်းမှာ
မဖြစ်မနေပုံစံမျိုးမသင်ခဲ့ရပေမယ့် သူတို့တွေကတော့ သင်ခဲ့ရတယ်တဲ့  ဒါကြောင့် 
တစ်ချို့တွေက မြန်မာဆိုရင် ခံစားချက်တစ်မျိုးဖြစ်နေတော့တာ ။  ဒီပို့စ်ကိုရေးဖို့ဖြစ်စေခဲ့တဲ့  စကားစုလေး ပြောပါရစေ  အဲ့ထဲက အစ်ကိုတစ်ယောက်     (   ငါပြောပြမယ်  ငါတို့သင်ခဲ့ရတဲ့သမိုင်းကြောင်းတွေက မှားတာတွေရှိတယ်  အားလုံးအမှန်တွေမဟုတ်ဘူးကွ )  တဲ့  ကိုယ်တော်တော်အံ့သြသွားတယ်
ဘာတွေများသင်ပါလိမ့်ဆိုတဲ့မေးခွန်းတော့မမေးဖြစ်ဘူး ။
ထိုင်းသတင်းစာတစ်ခုမှာ  လက်ရှိတာဝန်ထမ်းဆောင်နေတဲ့  မြန်မာနိုင်ငံဆိုင်ရာထိုင်းသံအမတ်ကြီးရဲ့  အင်တာဗျူးဖတ်ပြီး   ပိုပြီးအံ့သြ 
ရေးချင်စိတ်တွေပိုဖြစ်သွားတယ်  သူပြောခဲ့တဲ့
စကားအချို့  ဘာသာပြန်ပါရစေ ..
(  ထိုင်းလူမှုပတ်ဝန်းကျင်ကသိရှိထားကြတဲ့   မြန်မာတွေနဲ့ပက်သက်တဲ့ သမိုင်းကြောင်း ကိစ်စရပ်တွေဟာ  အများကြီးမမှားဘူးဆိုလျှင်  အားလုံးမှားပါတယ် )  တဲ့ ။
ဒါတွေကတော့ သူတို့ဘက်က  စတင်ပြောင်းလဲလာတဲ့အမြင်လေးတွေပေါ့ ကြည်နူးဝမ်းသာစရာလေးတွေပါပဲ
ဧည့်သည်တွေလာတဲ့အခါ  သနပ်ခါးလူးချင်တာ  လုံချည်တွေဝတ်ချင်တွေတော့ ပျော်မိ  သင်ပေးမိပါရဲ့   လုံချည် ထမိန်တွေဝတ်ဆင်မှုမပျောက်သေးတဲ့ ကိုယ့်လူမျိုးတွေကိုပဲ
ကျေးဇူးတွေတင်နေမိတော့တာ ပြီးတော့  ဂုဏ်လည်းယူမိပါရဲ့    ထိုင်းကိုရောက်စက အချိန်တွေမှာ ငါတို့မှာ  သူတို့ကို 
ချပြ ပြောပြမယ့်  ဂုဏ်ယူစရာတွေရှိပါတော့မလားဆိုတဲ့  ခံစားချက်တွေကတော့   ၈နှစ်ကျော်ကြာလာတဲ့အခါမှာတော့  အခွင့်ခါသင့်တုန်း ခပ်ကြွားကြွားလေး ကျနော် ကြည်နူးဝမ်းသာစွာပြောနေမိတော့တယ်
။
2015  မှတ်မှတ်ရရ  ပထမဆုံးပို့စ်း)  

