ဘလော့ဂါဆိုတော့လည်းရေးလိုက်အုံးမှ ဘလော့ဒေးအကြောင်း ။ အမှန်ကတော့
ဘလော့ဒေးအကြောင်းရေးတိုင်း ကိုယ့်မှာ ဆဲခံရတာများတယ် ဘာကြောင့်ဆို ကိုယ်က
အမှတ်သညာကြီးလေတော့
ဘလော့နဲ့ပက်သက်ပြီးတော်တော်များများကိုအမှတ်ရနေတတ်တယ် ဘယ်သူကတော့
ကိုယ့်ကော့မန့်ကို ပထမဆုံးဖျက်တဲ့သူ ဘယ်သူကတော့ဖြင့်
ဘယ်လိုဆိုတာကိုပေါ့ ဒီမနက် ကိုရန်အောင် က ရေးပါ
ဆိုလို့ထပ်ရေးပါတယ် ။
ဘလော့ကို ၂၀၀၇
နိုဝင်ဘာလောက်မှာရေးတယ် ကိုယ်သိပ်ခိုက်ခဲ့တဲ့ ဘလော့တွေက ကိုစေးထူးနဲ့
မနိုင်းနိုင်း ခုတော့သူတို့တွေ မရေးကြတော့ဘူးရယ် သူတို့ရေးတဲ့
ဘလော့ကစာတွေ ပြန်လွမ်းတယ် ။ စရေးကတည်းကနေ ခုထိ ခင်ခင်မင်မင်နဲ့
အဆက်သွယ်မပြတ်ပဲရှိနေကြသေးတာက ကျနော်သိပ်ချစ်တဲ့ ကိုတင့် (တင့်ထူးရွှေ )
၊ နဲ့ မလေးအိမ့်ချမ်းမြေ့ ( ခဏခဏသူ့ကိုစိတ်ဆိုး ဂျစ်ကျတတ်တယ်
အဲ့လိုလုပ်လည်း သူက မသိလေတော့ ကိုယ်ပဲပြန်ပြေရတာပဲ ) ။
ဘလော့ဒေးအကြောင်းရေးတိုင်း ကိုယ့်ကို အမှတ်ရရှိတဲ့သူ
မရှိဖူးထင်ရပေမယ့် ကိုအောင် (ပျူ) ကတော့ ကိုယ့်ကိုမှတ်မှတ်ရရ
ထည့်ရေးပေးတဲ့ အ တွက်လည်းကျေးဇူးတင်တယ် ။ခုနောက်တစ်ခေါက်ပြန်ရေးပြီးမှ
ခင်မင်လာတာက ကိုညီလင်း ၊ ကိုဏီလင်းညို နဲ့
ကိုကမာ သူတို့စာတွေကောင်းတယ် သူတို့ကိုလည်းခင်တယ်။
မပန်ဒိုရာ၊
ကိုရန်အောင်တို့ အချက်လက်စုံစုံနဲ့
ဘလော့ဒေးအကြောင်းရေးထားတာတွေဖတ်ပြီး ရေးခါစ အချိန်တုန်းကလို
သွေးတွေတောင်ပြန်ဆူလို့ အပျော်တွေပြန်ကူးစက်သွားတယ် ။ ဘလော့တွေ ဘာလို့
ငြိမ်သွားကြပါလိမ့် ဖေ့ဘွတ်ကြောင့်များလား သိပ်တော့မဆိုင်ဘူး ရယ်
ဘလော့ဟာ ကိုယ့်အတွက်တော့ သိပ်လှတဲ့ တန်ဖိုးရှိ အိမ်က ဇနီးတစ်ယောက်ပါ
ဖေ့ဘွတ်ကတော့ကိုယ့်အတွက် သိပ်ပြုစားနေတဲ့ ဆယ်ကျော်သက်မလေးပေါ့ သူ့ရဲ့
မတည်မြဲခြင်းတွေ ကို သိထားတာမို့ အချိန်တန်ရင်တော့
ကိုယ်အချစ်ဟောင်းဆီပြန်မယ် ။ အိမ်ကဇနီးက သူ့ကိုပစ်ထားလို့
မောင်ပစ်ထားရက်လေခြင်းရယ်လို့လည်းသူက ကိုယ့်ကိုမဆူပူဘူး ပြိးတော့
ကိုယ်ထားထားခဲ့တုန်းက အတိုင်းပဲသူက မိတ်ကပ်လည်းမလိမ်ဘူး
ဆံပင်လည်းမကောက်ဘူး ဖေ့ဘွတ်ဆိုတဲ့ ဆယ်ကျော်သက်မလေးတော့ ခဏခဏကို
အပြင်ခံနေရတော့တာ သိပ်မကြိုက် ဒါါပေမယ့်လည်းသူက စွဲမက်စေတော့လည်း
ဒီကောင်က တ၀ဲလည်လည်ပါပဲ ။
အရင်ကဆို ကိုယ်တိုင်တောင်
တစ်လကို ပို့စ်၂၀ လောက်ရေးဖြင့်ရာကနေ ခုတစ်လကို ၂
ပုဒ်တောင် အနိုင့်နိုင်ဆိုတော့ ဘာကြောင့်ဆိုတာ မသိဘူးရယ် အမှန်ကတော့
မအားဘူးဆိုတာလည်း ဆင်ခြေပါပဲ ။ အရင်က ၀ယ်ခဲ့တဲ့ ငါးခြောက်ကြော်
ခွေးချီသွားတဲ့အကြောင်းတောင် ဘလော့မှာပို့စ်ရေးသေးတယ် ။
ခုတော့ စာရေးဖို့ တော်တော်ကြီးကို အရှိန်ယူရတော့တာ ဘာပဲဖြစ်ဖြစ်
ဘလော့ကို အရင်လိုစည်စည်ကားကားလေးပြန်ဖြစ်စေချင်တာကတော့အမှန်ပဲ
ကိုယ်စာမရေးတော့တုန်းက စာရေးဖို့ တိုက်တွန်းကြတဲ့သူငယ်ချင်းတွေကိုလည်း
သူတို့ကိုယ်တိုင်ပါ ဘလော့မှာ စာပြန်ရေးစေချင်မိတယ် ။
ဘလော့သက်တမ်းအရှည်ကြီးးရှိပေမယ့်
ဖြစ်ဖြစ်မြောက်မြောက် ဘာမှမဖြစ်လာသေးတဲ့ ဘလော့ဂါကို ပြပါဆိုရင်
ကိုယ်ကိုယ်တိုင်ပဲ ပြရမယ်ထင်တယ် ။ စာလုံးပေါင်းတွေလည်းမှားတုန်း ပေါက်ကရ
အလွဲတွေလည်းရေးတုန်း ။ စာပေလောကကြီးထဲ ခြေကော လက်ကော ပစ်ဝင်လိုက်ကြတဲ့
ေ၇းဖော်ရေးဖက်တွေကို ကြည့်ပြီး သာဓု မခေါ်ပေးနိုင်ပဲ သူတို့တွေ ကိုယ်နဲ့
တစ်ဖြည်းဖြည်းဝေးပြီး အုပ်စုကလေးလို ဖြစ်သွားကြတာကိုလည်း ကိုယ့်မှာ
ဝမ်းနည်းမဆုံးဖြစ်လို့ ကိုယ်ကတော့ တစ်ယောက်တည်းရယ် ။
ဒါပေမယ့် ၀မ်းသာကျေနပ်စရာလေးတစ်ခုက တစ်ခါတလေကိုယ်သတိမထားမိပေမယ့်
ကိုယ့်စာတွေကို ဖတ်နေကျတိတ်တဆိတ်မိတ်ဆွေတစ်ချို့က ကိုယ်ရေးတဲ့
စာတော်တော်များများကိုမှတ်မိပြီး အားပေးစကား ဆိုလာတဲ့ အခါ
တကယ့်ကိုပဲ ကျေနပ်ပီတိဖြစ်မိလို့ ကျေးဇူးတင်မိတယ်။
ဘလော့ဂါတွေဆက်ရှိနေအုံးမှာပါ
ဘလော့ဂါတွေ ဘယ်လိုပင်ငြိမ်ငြိမ် တစ်နေ့တော့ ဘလော့တွေ
ပြန်လည်ရှင်သန်လာအုံးမှာပါ ကိုယ်ကတော့ ဘလော့ဂါဆိုတဲ့ နာမ်စားလေးတစ်ခုကို
မြတ်နိုးတန်ဖိုးထားတုန်း သူ့ကြောင့် ဘ၀ရဲ့ အမှတ်တရ
မိတ်ဆွေတွေရလိုက်သလို သူ့ကြောင့် အပြင်မှာ တွေ့ချင်မှတွေ့နိုင်မယ့်
သင်ခန်းစာတစ်ချို့ကိုလည်း ရလိုက်တယ် ဘာပဲဖြစ်ဖြစ်
ဘလော့ဂါဖြစ်ခွင့်ရတာကို ဂုဏ်ယူလျှက် မိတ်ဟောင်း မိတ်ဆွေများကို
ခင်မင်စွာဖြင့် ဘလော့ရပ်ဝန်းလေး သာသာယာယာပြန်ဖြစ်ကြဖို့
စာတွေပြန်ရေးကြပါစို့လို့ တိုက်တွန်းရင်း ……
HappyBlogDay
We are Blogger
Fighting အားရိုး အားရိုးးးးး :)