ဖြစ်လိုက်ရင်
မောင်မျိုးတို့ကတော့ အရာရာနဲ့ အကြောင်းကြောင်းကြီးပဲ ညကဆို အိပ်လို့တောင်မပျော်ဘူး စိတ်တွေတိုတာ ဖြစ်ပုံက
ဒီလို ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ကိုယ့်မှာ
စွန့်စားမှုပေါင်းများစွာနဲ့ ကွန်ပျူတာလေး
တစ်လုံးဝယ်လိုက်ပါတယ် အိုင်ဖုန်းခေတ်မှာ အိုင်ဖုန်းလည်းမကိုင်နိုင် ပြီးတော့ ဖုန်းကိုလည်း
သိပ်ပြီး ခရေဇီ မဖြစ်တာနဲ့ အင်တာနက်လေး သုံးလို့ရတာနဲ့ စာလေးလည်း
ရေးချင်သေးတာမို့ ၀ယ်လိုက်တာပါ မမြင်ဖူးတော့ မူးမြစ်ထင် ဆိုသလို ကိုယ့်မှာ
တယုတယ နဲ့ ကိုင်တာတောင်မှ ရွရွလေး
။ ၀ယ်တုန်းကဆို ဟိုဟာလေးလည်း
လိုချင် ဈေးက ခေါင်ခိုက်လို့ ကိုယ့်အားကလေးနဲ့ အဆင်ပြေမယ်ထင်တာလေး ချွေချွေတာတာဝယ်ထားရတာ ။
မနေ့က ဦးလေးရောက်တယ်ဆိုလို့ တူတော်မောင်
၂ယောက် လာပါတယ် ။လာတာကတော့ ဦးလေးကို
သတိရလို့ တကူးတက လာတွေ့တာ မျောက်လောင်းတွေလာတော့
ဦးလေးရဲ့ တယုတယ လေးကို ရူးရူးမိုက်မိုက်လုပ်သွားကြတာပေါ့ဗျာ ပြောရင်း အသဲတွေ နာလိုက်တာဗျား( သူတို့က ဖုန်းတွေဆိုလည်း သိပ်ကလိတာပါ ဖုန်းတွေဆို
ပျက်ပေါင်းများပြီ သီချင်းဝယ်ရတာနဲ့ ဘာနဲ့ သူတို့မှာ အလုပ်တွေကို ရှုပ်လို့ ဖုန်းတွေလည်းပျက်ပေါင်းများပြီး ။ ကျနော်က
အေးတော့ သူတို့က သိပ်မကြောက်ကြဘူး တစ်ခြားဦးလေးတွေဆို
သူတို့ကြောက်ကြတယ် ။ ရိုက်လည်းမရိုက်ဖူးဘူး ပြောရင်လည်း
အေးအေးဆေးဆေးလေးပဲ ပြောဆို ဆုံးမတတ်တော့
မကြောက်ကြတာနေမယ် ။ ကျနော် ကွန်ပျူတာ သုံးနေကတည်းက
အနားမှာ ရွပိုးထိုးနေကြတာ တိုးဝှေ့လို့ ဒါက
ဖုန်းနဲ့တူတာမဟုတ်ဘူး မကလိနဲ့နော် ပျက်ရင် ငါလည်းမလုပ်တတ်ဘူးလို့ အပြင်ကိစ္စလေး သွားစရာရှိတော့မှာခဲ့တာ ။ အဟုတ် ကျနော်ကလည်း
စက်ပစ္စည်းဆို ဘာဆို ဘာမှ မကျွမ်းကျင် သုံးလို့ရရင် တော်ပြီ များများသိ
များများ ကလိ ရမှာ မို့ ကျန်တာတွေ
ဘာမှ မလေ့လာထားဘူး။
မနေ့ကညပြန်ရောက်တော့ ဂြိုလ်ကောင်ကလေးတွေက ကလိပြီး
ဖျက်ပြီး ဆော်ခံထိမှာ စိုးလို့ ပြေးကြပြီ
ကျနော့်မှာ ခရီးရောက်မစိုက် အမောကို ဆို့လို့
။ ဘုရားသခင်း ကယ်တော်မူပါ ကျနော်လည်းမလုပ်တတ်ဘူးရယ် ဘာပတ်ဝေါ့စ်တွေ တောင်းလို့တောင်းမှန်းလည်းမသိ screen ပေါ်မှာရှိတာတွေလည်း အကုန်ပျောက်ကုန်ပြီ ရေးထားတဲ့ စာတွေ ဓာတ်ပုံတွေ
သီချင်းတွေ ဆိုင်ကသွင်းပေးလိုက်တဲ့
ဆော့ဝဲလ်တွေ ဘာဆို ဘာမှမရှိတော့တာ အခန်းထဲမှာ ရှိတဲ့သူတွေကိုလည်း မတားရ ကောင်းလားဆိုပြီး ပတ်ရမ်းလိုက်သေးတယ် ထမင်းစားခေါ်တဲ့ ညီမတွေကော အစ်မလည်းပြောတာပဲ ခလေးရယ်
ဒီဂြိုလ်ကောင်လေးတွေကိုက ပြောမရတာဆိုပြီး
အနားမှာ လာချော့နေတဲ့ အစ်မကိုလည်း အော်ထုတ်ပေးလိုက်တယ် ။ လူကသာ
ပျော့စိစိ စိတ်တိုရင် ဟိုဟာပစ်ထုတ်
ဒီဟာပစ်ထုတ် နဲ့ ကိုယ့်ကိုယ်ကိုလည်း အသုံးမကျရမလားဆိုပြီး ဆံပင်တွေဆွဲစုတ် ပြီး ပါးသုံးချက်လောက်တီးပစ်လိုက်တာ နာလိုက်တာ နာလေ ဂြိုလ်ကောင်ကလေးတွေကို ပိုဒေါသထွက် ။
ကျနော်က အဲ့လိုပဲ ကိုယ်တန်ဖိုးထားတာလေး အဲ့လို အလုပ်ခံရရင် သိပ်စိတ်တိုတာ
အငယ်တုန်းက ကိုယ့်အတွက် ဖယ်ထားပေးတဲ့
ဟင်းထဲက တစ်ယောက်ယောက်နှိုက်စားလိုက်လို့ကတော့
မစားတော့ပဲ သွန်ပစ်တဲ့ အမျိုး အဲ့တာကြောင့်
မိသားစုမှာ နာမည်ပေးခံရတာ ပျော့ပျော့နဲ့ နံ့တဲ့
ကြောင်ချေးတဲ့ ။
ခဏနေတော့
ဖုန်းခေါ်တယ် အပြစ်လုပ်ထားကြတော့ တော်တော်နဲ့
မကိုင်ရဲကြဘူး ဟလို စလုပ်ကတည်းက
သား ဘာမှမလုပ်ဘူးနော် ဦးသားလေး တဲ့
မသာလေးတွေ ငါ့ကို ဗလောင်းတား( ။
““ ဘာမှ မလုပ်ပဲ
ပျက်စရာလား ဟမ်း မလုပ်ပါနဲ့လို့ မကလိပါနဲ့လို့ အတန်တန် မှာထားရက်နဲ့ လုပ်ဖြစ်အောင်
လုပ်တယ် ပြောစမ်း ငါက ငပေါကြီးလား အဲ့လောက်တောင် မင်းတို့ ငါ့ကိုမကြောက်ဘူးလားပြော ငါတို့ဦးလေး ပြောတဲ့စကား နားထောင်လိုက်အုံးမယ်ဆိုတဲ့
စိတ်မရှိကြဘူးလား ဟာကွာ .. ငါပြောရင်း ဒေါသထွက်လာပြီ အေနော်
ငါမကြေဘူး ဒီတစ်ပါတ် ပိတ်ရက်
၂ ယောက်လုံးလာခဲ့ တစ်ယောက်ကို နားအုံ
၃ ချက်တီးပြီးမှ ငါကျေနပ်မယ် မလာလို့ကတော့
ငါလာရင် ပိုနာမယ်မှတ် ကြားတယ်နော် ငါ စိတ်မတိုရင် မတိုဘူး စိတ်တိုလို့ကတော့သေမယ်သာမှတ် ”” လို့ ဆိုတော့
ဟုတ်ကဲ့ ဟုတ်ကဲ့ တဲ့ ။
ပြောလည်းပြောပြီး ဖုန်းကိုပိတ်ပြီး လွှင့်ပစ်လိုက်သေးတယ် အခန်းထဲမှာ ရှိတဲ့ ၃ ယောက်လောက်ကလည်း ကိုယ်စိတ်တိုနေတာသိတော့ တိတ်ဆိတ်လို့ ။ မကျွမ်းကျင်တဲ့ အလုပ်ကို ပြန်လုပ်ရတာဆိုတော့ ပိုဆိုး လုပ်မတတ်လေ
ဒေါသဖြစ်လေ ။ ညဥ့်နက်မှ ရေချိုး ထမင်းစား
တစ်ခြား အာရုံလွှဲလိုက်မှ တော်တော့တယ် ။ အရင်ဆို ခုချိန် ထမင်းစားပြီးပြီလား ဘာလုပ်နေလဲ ဆိုပြီး ဖုန်းဆက် မေးတတ်ကြပေမယ့် ခုကျ အပြစ်လုပ်ထားကြတော့ မဆက်လာရဲကြဘူး
။ နှမြောလိုက်တာ ရေးထားတဲ့စာတွေ ပုံတွေ အများကြီး
အယ် ပြောရင်း ဒေါသထွက်ပြန်ပြီဗျာ ဒီစက်ကြီးကလည်း အခုကျ သူမဟုတ်သလိုနဲ့ လုပ်သမျှ ငြိမ်ခံနေတာကိုက မုန်းဖို့ကောင်းလိုက်တာကြီး ။ ဘာပဲဖြစ်ဖြစ် ဒီိပိတ်ရက်ကျရင်တော့ ဂြိုလ်ကောင်လေးတွေကို တီးပစ်အောင်တီးလိုက်အုံးမယ် ။ဒီဦးလေး လည်း နဂါးမှန်းသိအောင် အမောက်ထောင်ပြလိုက်အုံးမယ် ဘယ်…မဟုတ်ရင် ကြောက်မှမကြောက်ကြတဲ့ ဂြိုင်လ်ကောင်လေးတွေပဲ ။