Thursday, October 27, 2011

ပို့စ်ထဲက ဇတ်ကောင်များ

အရင်က ကျနော်ရေးခဲ့ဖူးတဲ့ ရပ်ကွက်ထဲက သူတွေအကြောင်း ရွာကသူတွေအကြောင်း ရွာ့ပုံရိပ်တွေအကြောင်း ရွာပြန်တုန်းက သတိတရနဲ့ ရိုက်ခဲ့ဖြစ်တယ် အချိန် ၂နှစ်လောက်အတွင်းမှာ အပြောင်းလဲတွေကတော့များသွားတာပေါ့ အသက်တွေ ပိုရင့်သွားကြတယ် အရင်က မာန်ပါတဲ့ မျက်လုံးတွေ ဒေါသကြီးတဲ့ အရိပ်တွေ အားမာန်အပြည့်နဲ့ ပုံတွေကတော့ အရောင်နည်းနည်းဖျော့သွားလေရဲ့ ။
ဒါက ဦးဆန်ကြည် ပါ အရင်က သူ့အကြောင်းရေးထားဖူးတယဒီမှာပါ ကျနော်သွားတဲ့ရက်ကတော့ ၀ါမထွက်သေးတာမို့ သူမမူးဘူး အိမ်အတွက်ဝယ်သွားတဲ့ နွားပွဲ အခွေတွေ လာကြည့်တုန်း ဓာတ်ပုံတောင်းရိုက်လိုက်တာ ကျနော့်ကိုမကြည့်ဖူးရယ် ပြုံးစိစိကြီးနဲ့ သူမူးနေတဲ့အချိန်ဆိုရင်တော့ ဆဲခံထိမှာ သေချာတယ်း))

ဒါက ရွာက အသည်းကျော် ကြီးတော်ပေါ့ ကြီးတော်ကတော့ သန်တုန်း မြန်တုန်းပဲ ကျနော့်ကိုတွေ့တော့ ငါ့တူလေးကတော့ အရင်တိုင်းပဲကောဆိုပြီး ပြေးဖက်တော့တာပဲ ကြီးတော် ဘာတွေလုပ်နေသလဲဆိုတော့ “ အနှိပ်သည်လုပ်တယ် ၀မ်းဆွဲ လုပ်တယ် ပြီးတော့ အ၀တ်လေးလိုက်လျှော်တယ်တဲ့ သေရင်တော့လား ငါ့တူရယ် သားသမီးလည်းမရှိတော့ သူများတွေလို ပြုစုမယ့်သူမရှိဘူးလေ အဲ့တော့ ဘုရားမှာဆုတောင်းတယ် သေရင် တစ်ချက်ထဲ ဘာမှမခံစားရပဲ သေရပါလို၏ တဲ့ ကြီးတော်ကိုဓာတ်ပုံရိုက်သွားဖို့ဆိုတော့ “ အင်တာနက်မှာ တင်ဖို့လားငါ့တူ မင်းသမီးတွေ မော်ဒယ်တွေမှ တင်လို့ရတာမဟုတ်ဘူးလား ” တဲ့း) ကျနော့်အကြံကို သိများသိနေသလို ကြီးတော်ပုံလည်းတင်လို့ရပါတယ်ဆိုတော့ ဒါဆို များများသာရိုက်သွားတဲ့ ကြီးတော်အကြောင်းရေးဖူးတာက ဒီမှာပါ

ကျနော်ရေးဖူးတဲ့ စာကောင်းလေး နည်းနည်းထဲက ကျနော်ကိုယ်တိုင်လည်း ပျင်းလို့ဖတ်မိတိုင်း ကြိုက်တယ်လို့ပြောရမယ့် ပို့စ်လေးတစ်ပုဒ်ရှိပါတယ် အရင်း အနှီး ဆိုတဲ့ ပို့စ်လေးပါ ။ ရွာမှာ တူမလေးတွေကို ဓာတ်ပုံရိုက်ပေးနေတုန်း သူတို့လည်း လာလာကြည့်ကြတယ် သူတို့အတွက်တော့ အထူးအဆန်းပေါ့ သူ့ညီလေးလည်းပါခဲ့တယ် ရိုက်မလားဆိုတော့ ရိုက်မယ်တဲ့ သနပ်းခါးတွေတောင် ပြေးလူးလိုက်ကြသေး ။ သူတို့ညီအစ်ကို ၂ယောက်ရဲ့ပုံပါ ကျောက်ပျဉ်ပေါ်များ လဲကြခဲ့သလားမသိပါဘူး ။





ဒါက အစ်ကိုငယ် ရဲ့သားပါ တစ်လခွဲသားလေးတည်းက အမေနဲ့နေတော့ အဖွားကို အမေပဲထင်နေတာ ကျနော် အမေ့နားကပ်တာနဲ့ ဆံပင်တွေဆွဲ နောက်တော့ ကိုက်တတ်ပါတယ် ပြန်ကာနီး အမေ့နားနေချင် အမေနဲ့ ဓာတ်ပုံရိုက်တော့ အဘက ညာခေါ်ထုတ်သွားရတယ် အမေက ကျနော့်ကို “ သား” လို့ခေါ်ရင် သူက မနာလိုတဲ့ပုံနဲ့ “ အမေ့သားက ဒီမှာရှိတာကို ဘာလို့ သူ့ကို သား သား လို့ လိုက်ခေါ်နေတာလဲ ” တဲ့ အသည်းယားလို့ နှာဖူးကို တစ်ချက်ဆော်ထည့်ပေးလိုက်တယ် ။

ဒါက ကျနော့်ရဲ့ အချစ်ဆုံးလေး တအားလည်နေပြီ စကားလည်းတော်တော် တက်လို့ ကျနော်ဝယ်သွားပေးတဲ့ အကျီ င်္တွေ ကလစ်လေးတွေကို ထုတ်လာပြီ “ အမေ့ သမီး ပူလို့ရေချိုးတော့မယ် ပြီးရင် ဒါတွေ ၀တ်မယ်တဲ့း) ကြွားချင်လွန်းလို့။ ဓာတ်ပုံရိုက်မယ်ဆိုတော့ သူက အကဲဆုံး ။ အချစ်ဆုံးနဲ့ ပြိုင်ဘက် မှာ သူတို့ လေးတွေ ၂ယောက်အကြောင်းရေးဖူးပါတယ် ။




ခလောက် ။
မိုးသံ၊ ချည်တိုင် နဲ့ ခလောက်သံ ကျနော်ရေးဖူးသမျှထဲမှာ အကြိုက်ဆုံးပဲလို့ မလေးအိမ့်ချမ်းမြေ့ ကတော့ပြောတယ် ကျေးဇူးပါ ။ ကင်မရာကိုင်ပြီး နွားတွေ ခလောက်တွေကို လိုက်ရိုက်နေလို့ ရွာကသူတွေကတောင် ဘာလိုက်လုပ်နေတာလဲလို့ပြောကြသေးတယ် ဒီပုံတွေရိုက်တော့ ကိုညီ ၊ မမေ တို့ကိုလည်း သတိရလိုက်သေးတယ်း) မမြင်ဖူးတဲ့သူတွေ မြင်ဖူးအောင်ပါ။

ပုံတွေမတင်ပဲ ရေးခဲ့တဲ့စာနဲ့ ပုံတွေနဲ့ ရေးဖူးတဲ့စာတွေ ပြန်ညွှန်းတဲ့ အခါ မလိုက်ဖက်ပဲ တစ်မျိုးဖြစ်နေရင်တော့ ကျနော့်ရဲ့ ညံ့ဖျင်းမှုကြောင့်ပါပဲး) ။ ရွာပုံလေးတွေ အမှတ်တရပါ ။




23 comments:

  1. ကိုထွဋ်October 27, 2011 at 3:22 PM

    ကိုမျိုးရေ ကျနော်တော့ ဟို ညီအကိုနှစ်ယောက်ပုံလေးကို ကြိုက်တယ်ဗျာ..

    ReplyDelete
  2. တကယ်ပဲ အရမ်းကိုရိုးသားပြီး ချစ်စရာကောင်းတဲ့
    မျက်နှာတွေကိုမြင်ခဲ့ရတယ် .
    စိတ်ချမ်းသာတယ် ကိုမောင်မျိုးရေ

    လင့်ပျောက်နေလို့ မနည်းရှာယူရတယ် ..း)

    ခင်တဲ့

    မဒိုးကန်

    ReplyDelete
  3. အလွမ်းပြေပေါ့ ညွှန်းထားတာလေးတွေ လိုက် ဖတ်လိုက်ဦးမယ်။း)

    နောင့်

    ReplyDelete
  4. ဘဝထဲက ဇာတ်လမ်းလေတွေပေါ့...
    သဘာဝကျတဲ့ ဇာတ်ကောင်လေးတွေကို လေ့လာသွားတယ် မောင်မျိုးရေ...

    ReplyDelete
  5. သံချောင်း ပြန်ဖတ်ရဦးမယ်.....၊ကလေးလေးတွေမြင်တော့
    သဘောကျလို့ အသံထွက်ပြီးတောင်ရီပြုံးမိတယ်.....

    ReplyDelete
  6. မြန်မာပြည် ပြန်ရောက်တုန်း ဘလော့ဂ်ထဲက ဇာတ်ကောင်တွေနဲ့ မိတ်ဆက်ပေးတဲ့ စိတ်ကူးကောင်းလိုက်တာ။ တကယ်တော့ ရေးဖြစ်တဲ့ စာတွေက ကိုယ့်ရဲ့ ၀န်းကျင်က အကြောင်းအရာတွေပဲ ဖြစ်နေတတ်တာ သဘာဝပါ။ ပုံနဲ့ စာလေးတွေ ပြန်တွဲဖတ်တော့ ပိုအရသာရှိနေတယ် မောင်မျိုးရေ..။

    ReplyDelete
  7. အခုမှပဲ ဇာတ်လိုက်တွေ အစုံတွေ့ ခွင့်ရတော့တယ် ..အေးချမ်းပြီး ရိုးသားတဲ့ မျက်နှာလေးတွေနဲ့  .. ကျန်သေးတယ် .. မောင်မျိုးအဘပုံ ထပ်တင်ပေးပါ .. :)

    ReplyDelete
  8. ဒီလို သရုပ်ဖော်ပုံတွေကို ပြန်ပြပေးတာ သိပ်ကောင်းတဲ့ အိုင်ဒီယာ ပါပဲဗျာ..၊ အခုမှ လူနဲ့စာနဲ့ တွဲမိသွားပြီ၊ ကြီးတော် ရပ်နေတဲ့ပုံက မတ်နေတာပဲ၊ ယုံကြည်မှု အပြည့်နဲ့ပုံ..၊ သနပ်ခါး အဖွေးသားနဲ့ ညီအစ်ကို ၂ ယောက်က ဓါတ်ပုံ အရိုက်ခံတာနဲ့ မတူဘူး၊ ကင်မရာထဲက ဘာထွက်လာမလဲလို့ စူးစမ်းနေတဲ့ပုံ..၊း) အစ်ကိုငယ်ရဲ့သားက ဖျစ်ညှစ် ပစ်ချင်စရာ ကောင်းသလို တူမလေးကလည်း အိုက်တင်အပြည့်နဲ့ ပို့စ်ပေးနေလိုက်တာ တကယ့်ကို ချစ်စရာ..၊ ကျေးလက်ရနံ့တွေ ပေါ်အောင် ရေးတတ်တဲ့ ညီ့ရဲ့ ပို့စ်တွေကို အခု ဒီကျေးလက် ဓါတ်ပုံတွေက ထပ်ပြီး အားဖြည့်ပေးလိုက် ပြန်တယ်..။

    ReplyDelete
  9. မောင်မျိုးရေ ...

    မောင်မျိုးရဲ့ ပို့စ်မှာ ကွန်မန့်တင်တာ တင်မရဖြစ်နေတယ်။
    အမဘရောက်ဇာတွေ အယ်ရာတက်နေပုံပဲ။
    အဲဒါကြောင့် မောင်မျိုးဆီ မေးလ်ပို့လိုက်တာ။
    မောင်မျိုးပဲ ကော်ပီကူးပြီး ကွန်မန့်ထဲ ထည့်လိုက်ပေတော့ ... ။
    သြော် မေဓာဝီလို့ တပ်ဖို့တော့ မမေ့နဲ့နော်။
    မေဓာဝီကိုလဲ စာလုံးပေါင်းမှန်အောင်တော့ပေါင်းအုံး
    မေဓားဝီးးး ဖြစ်နေမှာစိုးလို့ ဟဲဟဲ
    ချစ်ခင်စွာဖြင့်
    အမ မေဓာဝီ

    ကွန်မန့်က ဒီမှာ ...

    ဦးဆန်ကြည်ကို ကြည့်ရတာ အရာရာကို နားလည်စွာနဲ့ လောကကြီးကို တရားကျနေပုံပဲ။
    ကြီးတော်ကတော့ မောင်မျိုးဓာတ်ပုံရိုက်မယ်ဆိုလို့ ရိုက်အေ ရိုက်အေ လို့ ပြောပြီး မတ်မတ်ကြီး အရိုက်ခံနေသလိုလို ... :P
    ပဲဟင်းအိုးထဲ မှောက်ရက်လဲတဲ့ ကလေး ၂ ယောက်ကတော့ ရှုတည်တည်နဲ့ ကြည့်နေလိုက်ကြတာ။ တယောက်က ခပ်တည်တည်ပဲ ကျောင်းစိမ်းပုဆိုးကို ခါးတောင်းကျိုက်လို့။
    ဗလပြနေတဲ့ ချာတိတ်ကိုတော့ သဘောအကျဆုံးပဲ။ ကြီးရင် မောင်ဗမာ ဖြစ်မယ့် အလားလာ ရှိတယ်။
    အင်္ကျီလှလှလေးနဲ့ ပဲပေးနေတဲ့ ချာတိတ်မလေးကတော့ ကြီးရင် မော်ဒယ် ဖြစ်မလား မသိ။
    သံချောင်းကို ကြည့်ပြီး အိမ်မှာကျန်ခဲ့တဲ့ ပူတူတူးဆိုတဲ့ ကြောင်ကြီး သတိရမိတယ်။ ကြောင်တော့ မချစ်ဘူး။ ကြောင်တွေကို သိပ်အညင်ကပ်တာပဲ :D
    ခလောက်ကလေးရယ်တဲ့ ဒိုးဒိုးဒေါင် ဆိုတာ အဲဒီလို ခလောက်ကိုး ... ။ နွားလည်ပင်းမှာ ဆွဲထားတာမျိုးသာ ရိုးတိုးရိပ်တိတ် မြင်ဖူးတာ။ ခုလို သေချာရိုက်ပြတော့မှ ခလောက်ဆိုတာ ဒါပါလားပေါ့ ...
    ကျေးဇူးတင်တယ် မောင်မျိုးရေ ... အမတို့က စာတွေဖတ်ပြီး စာတွေ့တွေသာ သိတာ။ တကယ့်မျက်မြင် လက်တွေ့သိတာက ခပ်နည်းနည်းရယ်။ ဒီလို ဓာတ်ပုံလေးတွေနဲ့ ပြမှ သိရတာလေ။ နောင်လဲ များများရိုက်ခဲ့ပါအုံး။ ရွာအိမ်သာတို့ ဘာတို့မကျန်ပေါ့ ဟဲဟဲ :))

    မေဓာဝီ

    ReplyDelete
  10. မောင်မျိုး
    တကယ်ကိုအသက်ဝင်နေတဲ့
    ပုံလေးတွေပါဘဲ..
    ပုံတွေအားလုံးကိုသဘောကျတယ်..
    ကြီးတော်ရဲ့ပုံကိုမြင်တော့
    ကျမတို့ညီအမတွေ မုဒုံဘက်က
    အများတွေစီသွားလည်တော့ မှိန်ဂနိမ်းရွာ
    သွားလည်တော့ အဲရွာမှာလေ..
    ကြီးတော်ကြီးတယောက်က မော်လမြိုင်
    သွားတုန်းကမျက်မှန်တလက်လုပ်လာတာ
    သူကထုတ်မတပ်ဘူး သိမ်းထားတယ်..
    မြို့ကဧည့်သည်တွေလာတယ်ဆိုတာနဲ့
    သူကအဲမျက်မှန်ထုတ်တပ်ပြီး ဧည့်သည်တွေ
    နဲ့လာတွေ့တာ..အဲလိုမျိုး..
    ရွာကလူတွေကတကယ်ကိုရိုးသားကြတာ..
    မောင်မျိုးတင်ထားတဲ့ ပုံတွေကိုကြည့်ပြီး
    ငယ်ငယ်ကသွားလည်ခဲ့တာကို
    အရမ်းပြန်သတိရသွားပြီ..
    တင်မဲ့တင်..ပုံများများတင်တာမဟုတ်ဘူး

    ReplyDelete
  11. ပုံတွေ။ အညွှန်းတွေ။
    သိပ်ကောင်းတာပဲ။
    ရင်ထဲအထိ ခံစားရပါတယ်။

    ReplyDelete
  12. ရိုးသားတဲ့ သူတို့ မျက်နှာလေးတွေ မြင်ရတာ စိတ်ချမ်းသာစရာ ကောင်းလိုက်တာ..တူမ ပဲပဲလေးကလည်း ချစ်စရာလေး..သံချောင်းက ဝတုတ်နေတာပဲ..အမမှာလည်း ဂါးဖီး ရှိတယ်...နွားခလောက်ကို မြင်ဖူးသွားပြီး..ခရမ်းက သူငယ်ချင်းဆီ သွားလည်တုန်းက တနှစ်သား အောင်ဂျက်လီဆိုတဲ့ နွားလေးက ဒူးလေးပေးလိုက်ရင် လိုက်လိုက်ဝှေ့ တာ နောက်တကယ် လိုက်ဝှေ့ လို ပြေးလိုက်ရတာ မှတ်မှတ်ရရပါပဲ...ပို့ စ်တွေက ဓာတ်ပုံလေးတွေနဲ့ မှ မျက်စိထဲ ပိုမြင်တယ်...

    ReplyDelete
  13. မောင်မျိုးတို့များ တော်ချက်
    ရွာပြန်တာ သူ့စာထဲက ဇာတ်ကောင်တွေကို အကုန်တန်းစီပြီး ဓာတ်ပုံရိုက်ခဲ့သကိုး
    အတော်ကောင်းတဲ့ စိတ်ကူး..
    မောင်မျိုးရဲ့ ဇာတ်ကောင်တွေတော့ ပျော်နေတော့မှာဘဲ..
    ရွာဓလေ့စရိုက်နဲ့ ရိုးသားမှုတွေ ထင်ဟပ်နေတဲ့ပုံလေးတွေကြည့်ရတာ စိတ်ချမ်းသာစရာရယ်နော်...

    ReplyDelete
  14. ရိုးသာသောမျက်နှာလေးများကို တ၀ကြီးကြည့်ရှုသွားတယ်.. မောင်မျိုးရေ..း))

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  15. ဒီလိုစာမျိုးလေးတွေဟာ ပျင်းရိငြီးငွေ့ဖွယ်ကောင်းတဲ့ မြို့ပြဘ၀တွေကနေ အဝေးကြီးကို ဆွဲခေါ်သွားတော့တာပါပဲ...

    ကြီးတော်က အလွန်ဆုံးရှိ ငါးဆယ်ကျော်လားမသိဘူးနော်.. .. ကျန်းမာရေးကောင်းမယ့်ပုံပဲ..

    အရင်းနှီးထဲက ဇာတ်ကောင်လေးတွေက သနားစရာချစ်စရာလေးတွေ.. ဟိုတာတီးဖိုးလေးက နားထင်တွေထိ သနပ်ခါးပေနေတယ်..

    အကိုငယ်ရဲ့သားကလေးက ချစ်စရာကောင်းလိုက်တာ.. ပြောပုံကလေးက..

    ဟို မမစိမ်းကတော့ အလည်ကလေးပေါ့..

    မိုးသံ၊ချည်တိုင် ခလောက်သံကတော့ ၀တ္ထုခေါင်းစဉ်ကအစ ဆွဲဆောင်သွားတော့တာပဲ..

    ဒီလိုစာမျိုးလေးတွေဟာလည်း ပျင်းရိငြီးငွေ့ဖွယ်ကောင်းတဲ့ မြို့ပြဘ၀တွေကနေ အဝေးကြီးကို ဆွဲခေါ်သွားတော့တာပါပဲ...

    ReplyDelete
  16. ကောင်းအိ ကောင်းအိ
    ငါထပ်ဖတ်လိုက်ဦးမယ် ..း)
    ဟီးး
    ကျောက်ပျဉ်ပေါ်လဲလားဆိုလို့ ရီလိုက်ရသေးတယ် :P

    ReplyDelete
  17. ဟန်ကြည်October 29, 2011 at 2:34 AM

    မောင်မျိုးတို့ရွာ နွားခလောက်က တစ်မျိုးပါလား...အညာက ခလောက်ကတော့ ခပ်သေးသေးပါပဲံ...အဆံလည်း တစ်ခုပဲပါတယ်...အင်း ပုံတွေကြည့်ပြီး အညာကဆွေမျီုးတွေကိုတောင် လွမ်းမိသေးတော့...

    ReplyDelete
  18. သူတို့လေးတွေ ကြီးလာလို့ ကိုမျိုးဘလော့ကိုဖတ်မိရင် ဘယ်လိုနေမလဲမသိဘူးနော်။ သေချာတာကတော့ သူတို့ဦးလေးကို တော်တော်ချစ်၊ တော်တော်လေးစားမှာပဲ။ သူတို့ငယ်ငယ်က အကြောင်းလေးတွေကိုပြန်ဖတ်ရတယ်ဆိုတော့။း)

    ကြယ်စင်အလင်း

    ReplyDelete
  19. blogger ကွ....... တစ်ယောက်ချင်းစီ လူဆိုးဖမ်းသလို တန်းစီပြီး ရိုက်မလာတာ ပဲ တော်သေး :P

    ReplyDelete
  20. ပြန်ဖတ်ကြည့်ဦးမယ်။ :D

    ReplyDelete
  21. အောင်မငေးးးး.. အိမ်ကို လွမ်းသွားပြီရှင့်။ အားကျတယ် သူများတွေ ပြန်နိုင်ကြတာ။း)


    ခင်တဲ့
    မေသိမ့်

    ReplyDelete
  22. တကယ့်သဘာဝ အလှတွေလို့ ခံစားရတယ်ဗျာ။ ပုံတွေကိုကြိုက်တယ် အစ်ကိုရေ။ ရွာရောက်တုန်း အဖိုးတန်တဲ့ အမှတ်တရပုံတွေရအောင်ရိုက် လာနိုင်လို့လေးစားတယ်ဗျာ။

    ReplyDelete