Friday, August 12, 2011

အဖျား

အိပ်မက်တွေ ဖျားတယ်
မျှော်လင့်ခြင်းတွေ ဖျားတယ်
အချစ်တွေ ဖျားတယ်
အမုန်းတွေ ဖျားတယ်
ပျော်ရွှင်ခြင်းတွေ ဖျားတယ်
ခင်မင်မှုတွေ ဖျားတယ်
လောကနိတိတွေ ဖျားတယ်
ကျင့်ဝတ်တွေ ဖျားတယ်
အကြည်ဓာတ်တွေ ဖျားတယ်
သံယောဇဉ်တွေ ဖျားတယ်
ဖျားနာခြင်းတွေ ဖျားတယ်
အဖျားတက်နေပေမယ့် အဖျားသောက်ဆေး သောက်ဖို့ကျနော် ဖျားတယ်။






14 comments:

  1. ဟဲ့...ဘာလဲဟ “ မောင်မျိုး အဖျား” တဲ့ လန့်သွားတာပဲ။

    ဘာဖြစ်နေပြန်ပလဲ နေမကောင်းဘူးလား။။ ကျန်းမာရေး ဂုစိုက်ဟယ်။

    ReplyDelete
  2. ဟုတ်ပ ကိုမျိုးရေ.... အခုတလောနေမကောင်းကြတာတွေပဲ ကြားနေရတယ် နေမြန်မြန်ပြန်ကောင်းပါစေလို့...

    ReplyDelete
  3. ဦးကျော်သူကို ဖုန်းဆက်ရတော့မလား..???
    ဖျားမှာပေါ့.. FB မှာ !@@!^%#$(&%$><<":@$% နေတာကိုး...

    ReplyDelete
  4. ခန္ဓာကိုယ်နာဖျားနေတယ်ဆို ဆေးသောက် အာဟာရရှိတာလေးစား... ခဏနေ နေကောင်းသွားမှာပါ... စိတ်တွေနာဖျားနေတယ်ဆို ပတ်ဝန်းကျင်က ကောင်းတဲ့အကြောင်းလေးတွေး လွတ်လပ်ပေါ့ပါးစွာနေ ရင်းနှီးတဲ့သူတွေနဲ့ စကားပြော... ပြီးတော့ တတ်နိုင်ရင် တရားထိုင်... အဲဒါဆို နေကောင်းသွားမှာပါ

    ReplyDelete
  5. မောင်မျိုး အဖျား မြန်မြန် ပျောက်ပါစေ.. ကိုယ်လည်း အကြည်ဓါတ်၊ အပျော်ဓါတ်တွေ ဖျားနေတာပါပဲ ..

    ReplyDelete
  6. သံယောဇဉ်တွေ ဖျားတယ်
    ဖျားနာခြင်းတွေ ဖျားတယ်
    အဖျားတက်နေပေမယ့် အဖျားသောက်ဆေး သောက်ဖို့ကျနော် ဖျားတယ်။


    ကဗျာလေးက သဘာဝဆန်ဆန် ဖျားတယ်
    ကဗျာလေးက ဌက်ဖျားမသိလို အချိန်မှန်မှန်ဖျားတယ်
    ကဗျာလေးက တိတ်ဆိတ်ခြင်းနဲ့ဖျားတယ်
    ကဗျာလေးက ကဗျာရှင်နဲ့အတူ ဖျားတယ်
    ကဗျာလေးက ကဗျာပီသစွာ ဖျားတယ်

    ကဗျာလေးက သဘာဝဆန်ဆန် အချိန်မှန်မှန် တိတ်ဆိတ်ခြင်း ကဗျာရှင်နဲ့ အတူ ကဗျာ ပီသစွာ ဖျားတယ် . . . . .

    လင်းခေတ်ဒီနို

    ReplyDelete
  7. ဖျားပလား...ဖစ်ရမယ်..၊ကျမ်းမာရေးဂုစိုက်ငါ့ညီ...။

    ReplyDelete
  8. မိုးရွာထဲ စက်ဘီးတစ်စီးနဲ့ ညနေပိုင်း သင်တန်း သွားတက်တယ် ထင်တယ်..၊ ဒါမှမဟုတ် တုပ်ကွေး ရာသီများလား...? တကယ် ဖျားနေတာ ဆိုရင်တော့ နည်းနည်းပါးပါး ဂရုစိုက်ပါ ညီရေ...။

    ReplyDelete
  9. အိပ်မက်တွေ
    မျှော်လင့်ခြင်းတွေ
    အချစ်တွေ
    အမုန်းတွေ
    ပျော်ရွှင်ခြင်းတွေ
    ခင်မင်မှုတွေ
    လောကနိတိတွေ
    ကျင့်ဝတ်တွေ
    အကြည်ဓာတ်တွေ
    သံယောဇဉ်တွေ ... အဲတာတွေအကုန်လုံး
    ဖျားလို့ရပေမဲ့ ...

    မိမိကိုယ်ကိုယုံကြည်မှု့ဆိုတာနဲ့
    သစ္စာတရား...အဲနှစ်ခုတော့
    မဖျားစေနဲ့ ..မောင်မျိုး..

    ခင်တဲ့အမ blackroze

    ReplyDelete
  10. အရင်း

    အိပ်မက်တွေ ရင်းတယ်
    မျှော်လင့်ခြင်းတွေ ရင်းတယ်
    အချစ်တွေ ရင်းတယ်
    အမုန်းတွေ ရင်းတယ်
    ပျော်ရွှင်ခြင်းတွေ ရင်းတယ်
    ခင်မင်မှုတွေ ရင်းတယ်
    လောကနိတိတွေ ရင်းတယ်
    ကျင့်ဝတ်တွေ ရင်းတယ်
    အကြည်ဓာတ်တွေ ရင်းတယ်
    သံယောဇဉ်တွေ ရင်းတယ်
    ရင်းနာခြင်းတွေ ရင်းတယ်
    အရင်းးတက်နေပေမယ့် အရင်းသောက်ဆေး သောက်ဖို့ကျနော် ရင်းတယ်။
    ****************
    အဖျားက မကောင်းဘူး။ အရင်းက ပိုကောင်းတယ်။ ဒါကြောင့် ဖျားတွေကို ရင်းပေးလိုက်တာ။
    ဟဲ နောက်တာပါ မောင်မျိုး ... အဖျားအမြန်ပျောက်ပါစေ လို့ ဆုတောင်းပါတယ်။ အရင်းတော့ မပျောက်စေနဲ့ပေါ့ကွယ်း))

    ReplyDelete
  11. ဖတ်ရင်း ဖျားချင်သွားပါတယ်။ ကျန်းမာရေး ဂရုစိုက် မောင်မျိုးရေ။

    ReplyDelete
  12. ဇာဂနာပြောသလိုပဲ ပြောလိုက်တော့မယ်နော်.. “နေကောင်းသွားမှာပါ” လို့....း))

    ReplyDelete
  13. မှတ်ချက်ပေးသူများ အားလုံး ကျေးဇူးပါဗျာာ ကျနော်က နေကောင်းပါတယ် စိတ်ကူးပေါက်လို့ ကဗျာမဟုတ် ဘာမဟုတ်ရေးလိုက်တား) ကျနော် အပျင်းကြောတွေ တော်တော်ထူနေတယ် ဟဲဟဲ ။

    ReplyDelete
  14. တော်သေးတာ ပေါ့ ဘလော့တွေ မဖျားလို့။ မဟုတ်ရင် post တွေဖတ်ရတော့မှာဟုတ်ဘူး။ :P

    ReplyDelete