Monday, September 26, 2011

ငယ်ငယ်တုန်းက ...ကျနော်


ငယ်ငယ်တုန်းက အကြောင်းတွေတွေးဖြစ်တယ် ။ လူတိုင်း လူတိုင်းမှာ ပျော်ရွှင်စရာ အတိတ်နေ့ရက်တွေ အရင်တုန်းက ဟန်ဆောင်မှုကင်း တကယ့်အဖြူထည် ဘ၀လေးတွေရှိခဲ့ကြမယ်ထင်ပါတယ် ကျနော်ကတော့ မကြာမကြာပြန်တွေးတယ် ပြန်တွေးတိုင်းလည်း ပြုံးမိပါတယ် တကယ်ပဲ ငါ အဲ့တုန်းက အဲ့လိုတွေလုပ်ခဲ့ပါလားဆိုတဲ့ စိတ်မျိုးနဲ့ပေါ့ ပြီးပြည့်စုံလွန်းတဲ့ ဘ၀မျိုးလည်းမဟုတ်ခဲ့ပါဘူး လိုတရ ဘ၀မျိုးလည်းပိုလို့မဟုတ် ဒါပေမယ့် ကျနော်ကတော့ ကျနော့် ခလေးဘ၀နေ့ရက်တွေကို ထီးဆိုင်ရဲ့ သီချင်းစာသားလေးထဲကလို အပူပင်ကင်းတဲ့ နေ့ရက်တွေကို တစ်ခါပြန်ပြီးရချင်သေးတယ် ဆိုသလိုပေါ့ ။

ငယ်ငယ်တုန်းက ကျနော် နေမကောင်းသိပ်ဖြစ်ချင်တာပါ ရွာမှာက အစားသောက်ရှားတယ် မုန့်သည်ကလည်းနည်းတယ် အမေ့ရဲ့ဆိုင်လေးထဲက မုန့်တွေကလည်း ငြီးငွေ့စရာ ကောင်းပြီ အဲ့တော့မစားချင်တော့ဘူး အရင်က 7 up Crusher အချိုရည်တွေကို သိပ်သောက်ချင်တာ မသောက်ရပါဘူး တစ်ခါတလေ အဲ့ပုလင်းလေးကို ရှူရတာ သိပ်အရသာရှိမှာပဲလို့လည်းတွေးမိတယ် ပြီးတော့ ပုလင်းထဲမှာ ကပ်ကျန်နေတဲ့ အရည်လေးတွေကို ပုလင်းကိုထောင်ပြီးမော့၇တာလည်း တကယ့်ကို အရသာရှိတာမျိုး ။ အဲ့တာတွေကို ကျနော်မတောင့်မတပဲ သောက်ရတဲ့ အချိန်က ကျနော် နေမကောင်းဖြစ်တဲ့အချိန်ပေါ့ ပြီးတော့ အမေက ဆီချက်လေးချက်ထားပေးမယ် ပုဇွန်ခြောက်လေးနဲ့ နယ်ပြီးစားရတာမျိုး အမေ့ သားက ငရုပ်သီးစိမ်းလေးကို လှီးပြီး ငါးခြောက်လေးစင်း ကင်ပွန်းရွက်လေးနဲ့ကြော်ထားတာမျိုးစားချင်တာဗျ ဘယ်လိုပူဆာဆာ အမေကတော့ ချက်ကျွေးတာပဲ အဲ့အချိန်ကျတော့ပြောပါတယ် ဒီပါးစပ်က စားမကောင်းတော့ဘူး



အငယ်တုန်းက ကျနော်က မီးဖိုချောင်ထဲမှာ ၀ိုင်းကူရတာကိုပျော်တယ် ထမင်းအိုးက ဆူတုန်းက ကိုယ်က ဗိုက်ဆာတဲ့အခါကျ သောင်းကျန်းတယ် အားးး ဗိုက်ဆာနေပြီးလို့ ဆာတယ် ဆာတယ် ဆာတယ် ငှဲ့လိုက်တော့ မဆူလည်းငှဲ့တော့ ပါးစပ်ပြဲပြဲနဲ့ အော်တော့တာ အဲ့အခါကျ မကြီးရဲ့ ယောက်မ ကကျနော့်ခေါင်းပေါ် ပျံဝဲလို့ နင်ဟာလေ အကောင်သေးသလောက် အစားနဲ့ပက်သက်ရင်မရဘူး မဆူသေးတာကိုဘယ်လို ငှဲ့မတုန်း ကျနော်ကတော့ပေတေပြီး ခြေလိမ်လို့ မီးဖိုချောင်ကြမ်းပြင်မှာ လှိမ့်နေတော့တာ ။ ပြီးရင် ဘဲဥ ၀ိုင်းခွာပေးရတာ သိပ်ပျော်ပါတယ် ဒါက အကြံနဲ့ ကျနော်က ဘဲဥခွာပြီဆိုရင် အသားကို မပါပါအောင်ခွာတာမျိုး အဲ့ဒီဥ အကာလေးတွေ အခွံမှာ ကပ်နေရင် ကျနော်က အကာလေးတွေစားရတာပေါ့ ကျနော် ဘဲဥ၀ိုင်းခွာလို့လည်းပြီးကော အထဲမှာအနှစ်ပဲကျန်တော့တယ်း) မတော်တဆပါ မကြီး ဒါလေးပဲကျန်တော့တယ် သားစားလိုက်တော့မယ် နော့် မကြီးကတော့ ငါသိပါတယ်ဆိုတဲ့ မျက်လုံးနဲ့ စားပြီးရင် မီးဖိုချောင်ထဲက မြန်မြန်သာကြွတော့တဲ့ အဲ့တာရွဲ့တာ ။

အရင်က ဖိနပ်ဆို တစ်ရံပြတ်မှ တစ်ရံ ၀ယ်စီးရတာ ယိုးဒယားဖိနပ်ဆို နှစ်နဲ့ချီ နောက်ပိုင်းလေးပြတ်တဲ့အထိကိုစီးရတာမျိုး အရမ်းကြာနေရင် မစီးချင်တော့ဘူး တောသားကမြို့စိတ်ဝင်သလိုမျိုးပေါ့ တစ်ရံမကုန်သေးပဲနဲ့တော့ နောက်ထပ်တစ်ရံရဖို့ ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး အဲ့တော့ တမင် လုပ်ဖျောက်တာဖြစ်ဖြစ် ဒါမှမဟုတ်ရင်တော့ ဖိနပ်သဲကြိုးကို ဓားနဲ့ခိုးဖြတ်လိုက်တယ် အဲ့တော့ ပြတ်ကော ပြတ်တော့ နောက်ထပ် အသစ်တစ်ရံရတာပေါ့ တစ်ခါတလေ ကျနော့်ဖိနပ် ဟောင်းနေရင် အမေက ကျနော်လုပ်ဖြတ်တော့မှာသိနေတယ် ငါ့သားဖိနပ်က ပြတ်ခါနီးနေပြီဟဲ့ အမေက ပြုံးပြီးပြောတတ်တယ် ကျနော်ကလည်း ပြုံးလို့ပေါ့ အဲ့တုန်းကတော့မသိဘူး အခုမှပြန်တွေးကြည့်မိတာ ငယ်ငယ်တုန်းက ငါက တကယ့်ခလေးပဲလို့း) ။

ရှိသေးတယ် ကျနော်က အငယ်ဆုံးဆိုတော့ တော်တော် အူပုတ် မနာလိုတာမျိုးလည်းဖြစ်တာပဲ သူများရရင် ကျနော်လည်းရရမှ မဟုတ်ရင် စိတ်ကမရဘူး တစ်နေကုန် ခေါင်းမြီးခြုံပြီးတော့ကို နေနေတာ ဘာမှလည်းထမစားဘူး လူလစ်ရင်တော့ မီးဖိုထဲလစ်လို့ ပြေးတီးလိုက်တာပေါ့ ။ အမေက အစ်မတွေ အစ်ကိုတွေကို အ၀တ်စားသစ်ဝယ်ပေးရင် ကျနော့်အတွက်မပါလို့ကတော့ သောင်းကျန်းပြီ အစ်ကိုတွေ အကျပဲ ကျနော်က၀တ်ရတာများတယ် စိတ်ကပုတ်တော့ အစ်ကို အစ်မတွ အ၀တ်စားသစ်ကို ၀ှက်ထားတာမျိုး ကြက်ခိုးစင်ပေါ် ပစ်တင်ထားတာမျိုး ကြက်ခြံထဲ ပစ်ချလိုက်တာမျိုး အိမ်ခန်းထဲက ချောင်တစ်ချောင်မှာ သွားဝှက်ထားလိုက်တာမျိုးတွေလုပ်တတ်ပါတယ် ပျောက်လို့ကတော့ ဗေဒင်မမေးနဲ့ အမေ့သား ကြောင်ချေးလုပ်လိုက်ပြန်ပြီ တဲ့ အဲ့အခါဆိုရင်တော့ ကျနော့်ကိုတင်မှ မြှောက်မှ ပြန်ပေးတတ်တယ် ဈေးဆိုင်က တစ်ခုခု ဒါမှမဟုတ် ကျနော် သဘောကျလောက်မယ့် အရာတစ်ခုခု ပေးမှ သားက သိမ်းထားတာ ဟိုးနားမှတွေ့လို့ ၀ှက်ထားတာမဟုတ်ဘူး တကယ်ပြောတာ ရုပ်တည်ကြီးနဲ့ အဲ့လိုညာတာပါ အစ်ကို အစ်မတွေက တော့ အေးပါ အေးပါ တဲ့ ငါတို့သိပါတယ်ဆိုတဲ့ သဘော။

အချိန်ဆိုတာ လူတစ်ယောက်ကို အများကြီးပြောင်းလဲသွားစေနိုင်ပါတယ် ငယ်ငယ်တုန်းက ကျနော်ဟာ အခုကျနော် ဟုတ်ရဲ့လားလို့ ကိုယ်တိုင်တောင်ပြန်တွေးယူမိပါတယ် ဘာပဲဖြစ်ဖြစ် ဘယ်လိုတွေဆိုးခဲ့ဆိုးခဲ့ အငယ်တုန်းက အမှတ်တရတွေကတော့ တကယ့်အဖြူထည်တွေပါပဲ အချိန်က လူတစ်ယောက်ကို ၁၈၀ မဟုတ်ရင်တောင် ၉၀ ဒီဂရီလောက်ပြောင်းလဲသွားစေနိုင်ပါတယ် အခု ဒီအရွယ်ခံစားမှု ဖြတ်သန်းမှုတွေကို နောင် အနှစ် ၂၀ လောက်ပြန်တွေးမိတဲ့အခါကျ ကျနော် ဘယ်လိုခံစားချက်မျိုးတွေရှိနေနိုင်မှာလဲ သိပ်စိတ်ဝင်စားပါတယ် ကျနော် အဲ့အချိန်ထိရှိနေသေးရင်ပေါ့ ပြီးတော့ ဒီဇာတ်ခုံလေးလည်းရှိနေသေးရင် ဇာတ်ခုံလေးနဲ့ ဆက်နွယ်ခဲ့ဖူးသူတွေအားလုံးလည်း ဘယ်လိုဖြတ်သန်းမှုတွေရှိနေနိုင်မှာလည်းဆိုတာ တစ်မျိုးတော့စိတ်ဝင်စားစရာကောင်းနေပြန်ကော။လူကြီးမင်းတို့ကော ????

23 comments:

  1. ငယ်တုန်းက ဒေါသထွက်ထွက်နဲ့ လုပ်ခဲ့တာလေးတွေ က ခုအခါမှာတော့ရယ်စရာပါပဲ။ ကလေးဘဝကတော့ အလွတ်လပ်ဆုံးနဲ့ အပူပင် အကင်းဆုံး အချိန်တွေပါပဲ။ လူတိုင်းမှာ ကလေးဘဝ အမှတ်ရစရာတွေရှိကြမှာပဲ။ ဒီပို့စ်လေးဖတ်ပြီး ငယ်တုန်းကအကြောင်းတွေ သတိရမိတယ်။

    ခင်တဲ့
    မေသိမ့်

    ReplyDelete
  2. ဘဲဥကစ်တာချင်းများလာတူနေသေးတယ်
    ဟဟဟ ကိုမောင်မျိုးရဲ့ ငယ်ဘ၀တော့သိသွားပီ ..

    ကြောင်ချေးတဲ့း)

    ခင်တဲ့ မဒိုးကန်

    ReplyDelete
  3. အချိန်က လူတစ်ယောက်ကို ၁၈၀ မဟုတ်ရင်တောင် ၉၀ ဒီဂရီလောက်ပြောင်းလဲသွားစေနိုင်ပါတယ် တဲ့။

    တကယ့်အမှန်အကန်ပဲ။
    နောက်အနှစ်၂၀ကြာတဲ့အခါ ပါးရေတွေတွန့်စပြုနေမှာတော့ သေချာပါတယ်။

    ခင်တဲ့
    ရတနာ

    ReplyDelete
  4. ညကျမှ အေးဆေးလာဖတ်မယ်... အခု နဲနဲညစ်နေတယ်....။

    ReplyDelete
  5. ငယ်ငယ်တုန်းက ဘ၀တွေကို တကယ်ပဲ လွမ်းတယ်...။
    စိုင်းထီးဆိုင်သီချင်းထဲကလို...“ အပြစ်မရှိသေးတဲ့ ...ကလေးလေးဘ၀ကို တစ်ခါပြန်ပြီး ရောက်ချင်သေးတယ်.. ”

    ReplyDelete
  6. ငယ်ဘဝတွေကတော့ ဘယ်အချိန်ပြန်တွေးတွေး ပြုံးစရာ၊ လွမ်းစရာတွေ ချည်းပါပဲဗျာ..၊ အကိုတွေ၊ အမတွေကတော့ ညီ့အနွံတာကို အတော်လေး ခံခဲ့ကြရ မယ်ထင်တယ်...၊ တကယ့်ကို မလွယ်တာပါလား..၊း)

    ReplyDelete
  7. ကျော်ဖြတ်လာခဲ့တဲ့ ငယ်ဘဝဖြစ်စဉ်လေးတွေ ဖတ်သွားတယ် မောင်မျိုးရေ။ ချစ်စရာအကောင်းဆုံး အဖြူရောင်သက်သက် ကလေးဘဝလေးတွေပေါ့။ ဒီဂရီတွေစောင်းလာတာနဲ့အမျှ အရောင်တွေပြောင်းလာကြရတာလဲ သဘာဝပါပဲလေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  8. I like your sincere writing of childhood post.It likes Aunty Tint said "It's nature that the colour is changed by up and down of degree"
    Everybody like to sing to get innocent childhood again.
    Be cool and happy.
    Gyidaw

    ReplyDelete
  9. အငယ်ဆုံးကတော့ မိသားစုပေါ်မှာ အဆိုးဆုံးပေါ့...
    ကျွန်တော်လဲ အငယ်ဆုံးဆိုတော့ မိသားစုအပေါ်ဆိုးခဲ့တယ်။ ခုပြန်တွေးကြည့်မိရင် တကယ် အားနာတယ်...

    ReplyDelete
  10. ဟန်ကြည်September 27, 2011 at 3:19 AM

    ဦးဟန်ကြည်ကတော့ ဆံပင်တွေငွေရောင်ပေါက်၊ ဘော်ဒီဝိတ်နှစ်ဆတက်သွားတာကလွဲရင် စိတ်ဓာတ်နဲ့ ခံယူချက်ကတော့ ငယ်ငယ်တုန်းကအတိုင်း သိပ်မပြောင်းလဲပါ...ငယ်ငယ်တုန်းကတော့ ကြည့်မရရင် ပြောင်ဖွင့်ပြောတာနဲ့ လူကြီးဖြစ်လာတော့ ကြည့်ရချင်ယောင်ဆောင်တာပဲ ပိုလာပါတယ်...

    အိမ်မှာဘဲဥပြုတ်စားရင် မောင်မျိုးကို အလည်မခေါ်ပါ....ဘဲဥပြုတ် အခွံလုခွာမှာ စိုးသောကြောင့်ဖြစ်ပါသည်..အနှီလို လုခွာရင် ဦးဟန်ကြည်ရဲ့ ဝေစုထဲက ပဲ့ပါသွားမှာစိုးသောကြောင့်လည်း ဖြစ်ပါသည်...

    ReplyDelete
  11. ချော(အစိမ်းရောင်လွင်ပြင်)September 27, 2011 at 10:05 AM

    မောင်မျိုးပြောသလိုပါဘဲ ငယ်တုန်းကကလူတစ်ယောက်ဟာ ကြီးလာတော့ တော်တော်ပြောင်းလဲသွားတယ်
    ငယ်တုန်းကတော့ အစားအသောက်ကို သိပ်အလေးထားတာ ကိုယ်စားချင်တာမစားရရင် ဝမ်းနည်းနေတတ်တာ
    အသက်ရလို့ ဘာမဆိုဝယ်စားနိုင်ချိန်ရောက်တော့ ငယ်တုန်းကလို စားချင်စိတ်မရှိတော့သလို စားလို့လည်း မကောင်းတော့ဘူး။
    ပြီးတော့ အတွေးအခေါ် အကျင့်စရိုက် စာတာတွေလည်း ပြောင်းလဲကုန်တယ်။
    လူဆိုတာ အသက်အရွယ်လိုက်ပြီး ပြောင်းလဲတတ်တာမျိုးကိုး..
    ဒီထက်ကြီးလာရင်လည်း ထပ်ပြောင်းလဲဦးမှာ သေချာပါတယ်။

    ReplyDelete
  12. လုပ်ပြီ...ငယ်ငယ်တုန်းကပါဆို..ခလေးပဲရှိသေးတာပေါ့...။ မောင်မျိုးငယ်ဘ၀လေးက ချစ်စရာလေးပါ..။ ဖတ်ရတာ ကြည်ကြည်နူးနူးနဲ့ ကိုယ့်ငယ်ဘ၀ကိုလည်း ပြန်အမှတ်ရစေတယ်...။

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  13. ငယ်တုန်းကတော့ ဂလိုပေါ့ ညီရာ....၊အသက်ကလေးတွေ
    ရလာတော့လည်း ပြောင်းလဲလာရတာပေါ့....၊အင်း....
    နောင်အနှစ်နှစ်ဆယ်မှာလား.....၊ငယ်ငယ်တုန်းက စိတ်မျိုး
    ပြန်ဝင်လာရင်ဘယ်လုပ်လုပ်မတုန်း....:)))

    ReplyDelete
  14. မောင်မျိုးနင်ရေးထားတာငါပထမတခါဖတ်ပြီးတော့
    ဘာကောမက်ရေးရမလဲမသိဘူး..
    ပြောချင်တာကများနေတော့..ငါ့စိတ်ထဲ
    ဘယ်လိုရေးရင်အဆင်ပြေမလဲဆိုတာမသိတော့တာ
    ခုမှတခေါက်ပြန်လာဖတ်ပြီး
    ရေးခဲ့တယ်..

    ငယ်ဘဝဆိုတာလေးကတော့ဘယ်တော့မှလည်း
    ပြန်မရနိုင်တော့တဲ့..အမြဲတမ်းလည်းအမှတ်ရ
    နေမိတတ်တဲ့..အဖြူစင်ဆုံးအချိန်ကာလာ
    လေးပါဘဲ..
    နောက်အနှစ် 20 ဆိုတဲ့အချိန်မှာ..ဘယ်သူတွေ
    ဘာလုပ်နေမယ်..ဘာဖြစ်နေကြမယ်ဆိုတာ
    ဘယ်လိုမှမသိနိုင်ဘူးလေ..
    အခုဘလော့ထဲကနေခင်ကြတယ်..
    နောက်အနှစ်20မှာဒီလူတွေဘာလုပ်နေကြမလဲ
    ကျမလည်းသိချင်သား...မောင်မျိုးရေ

    ကျမဒီပိုစ့်လေးကို တဂ်ရေးလိုက်မယ်နော်..
    လာမဲ့အလုပ်ပိတ်ရက်ကျရင်ရေးလိုက်မယ်..

    ခင်တဲ့အမ Blackroze

    ReplyDelete
  15. ချစ်စရာကလေးဘ၀ကိုရေးထားနိုင်တာ
    ရိုးသားတဲ့လူကြီးတစ်ယောက်မို့လို့ပေါ့လေ။

    ReplyDelete
  16. ကျွန်တော်တို့လည်း ဆေးရောင်စုံ လူတွေကြားထဲမှာ တိုးဝှေ့နေရတော့ လွန်ခဲ့တဲ့ နှစ် ၂၀ က ၀တ်ခဲ့တဲ့ ဆရာထူးအိမ်သင်ရဲ့ အင်္ကျီဖြူဖြူလေးလည်း စွန်းပေးခဲ့မှာပေါ့။ ဒါပေမယ့်ပေါ့လေ ဆပ်ပြာမြှပ်များများနှင့် ချေးချွတ်ဆေး နိုင်နိုင်သုံးနိုင်ရင်တော့ နောက် နှစ် ၂၀ ကျရင်လည်း မဖြူသည့်တိုင် ၀ါကျင့်ကျင့်ကလေးနဲ့ လူတွေကြည့်လို့ အဆင်ပြေဦးမယ် ထင်ပါရဲ့။ :)

    ReplyDelete
  17. အကြံနဲ့ ဘဲဥဝိုင်းခွာတာခြင်း တူနေပြီ။
    ကလေးဘဝကို ပြန်တောင်သတိရသွားသေးတယ်။
    သိပ်ကိုအေးချမ်းခဲ့တာပဲလို့ တွေးမိတိုင်းလည်း မိဘတွေအတွက် တော်တော် ပင်ပန်း လှုပ်ရှားရုန်းကန်ခဲ့ရမှာပဲ ဆိုတာလည်း တဆက်ထဲ တွေးဖြစ်နေမိတော့တယ်။

    ReplyDelete
  18. ဖတ်လို့ကောင်းတယ်ကွာ.... မင်းရဲ့ အဲလို ငယ်ဘ၀လေးတွေ ဖတ်ရတာ ရိုးသားပြီး အရေးအသားရှင်းတယ်.. ကြိုက်တယ်..း)

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  19. အကိုတွေ၊ အမတွေကတော့ အဆိုးလေးမို့ ကွယ် ပိုချစ်တယ် နေမှာပဲ...း)

    ReplyDelete
  20. အင်း
    ဒီလို အိမ်ပုံပြင်လေးတွေပဲ ဖတ်ခဲ့တာ ဆိုတော့ အပေါ်က ညီအမ ၃-ယောက်ကို ကိုမျိုး အမတွေလို့  ခေါင်းစဉ်ကြည့်ပြီ ထင်လိုက်တာ။ ဟား ဟား။

    ReplyDelete
  21. ငယ်တုန်းကတော့ ဘယ်လိုဆိုးဆိုး အကောင်သေးတော့ ချစ်စရာလေးဖြစ်နေမှာပါ .. ခုနေ လုပ်ကြည့်ပါလား .. နှုတ်ခမ်းက ထော်လန် အရပ်က ကလန်ကလား .. :P

    ReplyDelete