Friday, September 23, 2011

Blogger MgMyo for Ayeyarwady

သူ့ရင်ခွင်မှာ မခိုလုံဖူးသေးပါဘူး သူ့ကို မျက်နှာချင်းဆိုကြည့်လို့ သူ့ရဲ့ အေးမြမှု သူ့ရဲ တကယ့် အလှစစ်စစ်ကြီးကိုလည်း မျက်ဝါးထင်ထင် မမြင်ဖူးသေးပါဘူး ဒါပေမယ့် သူ့ရဲ့ ကြီးမြတ်တဲ့ ဂုဏ်ကျေးဇူး ရာဇ၀င်ဖြစ်ရပ်များကိုတော့ ခံစားမိပါရဲ့ ။ တကယ်တော့ ကိုယ့်ရဲ့ စာတစ်ကြောင်း ပို့စ်တစ်ပုဒ်ဟာ သဲပွင့်လေးတစ်ပွင့်စာလောက်တောင် အရာရောက်ပါ့မလားလို့တောင်မတွေးရဲပါဘူး ဒါပေမယ့် သူများအော်လို့ လိုက်အော်တယ်ပဲဆိုဆို ဘတစ်လုံး ၀တစ်လုံးမသိပဲ လူတတ်ကြီးလုပ်တယ်ပဲ ဆိုဆို သူ့အတွက် ကျနော်လည်း ငိုငြီးကြည့်ချင်ပါသေးတယ် ကျနော်လည်း သူဆိုတဲ့ မိခင်ကြီးရဲ့ သားတစ်ယောက်လို့ ကျနော့်ကို ကျနော် ယုံကြည်ပါတယ် ။ မိခင်နဲ့ သားသမီးကြားက သံယောဇဉ် ဒဏ်ရာတွေ ပွထလို့နေတဲ့ မိခင်ကြီး ဟော့ဒီလောကထဲက ပျောက်ကွယ်မသွားဖို့ ကျနော်လည်း ဆီမန်း မန်းသလို မန်းမှုတ်ခွင့်ရှိတယ်ဟုတ် ။


မိခင်
အားတင်းထားပါ မိခင်
အရင်လိုပဲ သားတို့ရဲ့ဆာလောင်မှုတွေကို ဖြည့်စည်းပေးပါအုံး။
ကယ်ပါအုံး မိခင်
ပျောက်ဆုံးမှာကြောက်လို့
ငိုငြီးနေကြတဲ့ အသံတိတ်မျက်ရည်တွေကို ဖြေသိမ့်ပေးပါအုံး။
အားတင်ထားပါအုံး မိခင်
ဘ၀တစ်လျှောက်လုံး ပေးဆပ်ခဲ့သလို
နောင်လည်း သားတို့နဲ့ အတူ ဆက်ရှိပေးနေပါအုံး။











ဧရာဝတီနဲ့ပက်သက်တဲ့ သတင်းတွေ စာတွေ ဖတ်ရကတည်းက လုပ်ချလိုက်ပြန်ပြီး ဘကြီးတို့ရာလို့ စိတ်ထဲဖြစ်မိပြန်။သင်တန်းမှာ အဖွဲ့လေးတစ်ခုက ဦးစီးပြီး တူတူတက်နေတဲ့ ညီမလေးတစ်ယောက်က လက်ကမ်းစာစောင်လေးတွေ ဝေပြီး ဖတ်ကြည့်ပြီး သဘောတူရင် လက်မှတ်ထိုးပေးပါတဲ့ စာစောင်လေးကိုမဖတ်ရသေးဘူး ကိုယ်လည်း သိပြီးသားမို့ ချက်ချင်းပဲ ထိုးပေးလိုက်တယ် ပြီးတော့ စကားနည်းတဲ့ အဲ့ညီမလေးကိုယ်စား နှုတ်သွက်လျှာသွက်နဲ့ နီးစပ်ရာကို စည်းရုံးလိုက်တယ် လူရင်းတွေဆို အတင်းကိုထိုးခိုင်းပစ်လိုက်တယ် တစ်ချို့ ခလေးတွေက မသိသေးဘူး တစ်ချို့က “ ဟယ် အဲ့တာဆို ဘယ်လိုလုပ်မလဲ ဒုက်ခပဲပေါ့” တဲ့ ဘာမှမသိသေးတဲ့ သူတွေကိုတော့ အကျဉ်းရုံးလေး ရှင်းပြလိုက်တယ် “ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်က မြန်မာနိုင်ငံသားတစ်ယောက်ပဲ အစ်ကိုကတော့ ပါဝင်သင့်တယ်လို့ အကြံပေးချင်တယ်” သူတို့လေးတွေ အားလုံး လက်မှတ်ထိုးပေးကြပါတယ် ။ အခုချိန်မှာ ကျနော်တက်နိုင်သလောက်လေး ပဲလုပ်ပေးနိုင်တာ ဘာမှမဟုတ်ဘူးဆိုတာလည်းသိပါရဲ့ တက်နိုင်ရင်တော့လား တစ်ခါတလေ အက်ရှင်ကားတွေကြည့်ပြီး ဘယ်လိုစိတ်ကူးမိတယ်ထင်ပါသလဲ ဂျိမ်းစဘွန်းတို့များ ဒီလောက် လက်ဖြောင့်တာ ငါတို့ဆီကိုလာပြီးတော့များ ဘဘကြီးတို့ကို နှာဖူးတည့်တည့် ပစ်ထည့်လိုက်စမ်းပါလို့တောင် ခလေးမဟုတ် ဘာမဟုတ်နဲ့ ခလေး အတွေးတွေ ၀င်မိတယ် ။

Bloggers for Ayeyarwady အတွက် ကျနော်ရဲ့ စကားလုံးတွေ ရှားပါးလွန်းတဲ့ပို့စ်လေးပါ တကယ်တော့ အများကြီးဒီ့ထက်ပို နက်ရှိုင်းတဲ့ ခံစားမှုတွေရှိပါသေးတယ် စကားလုံးတွေနဲ့ ပစ်ပေါက်ရတာ အားတော့ပြတ်တယ်ဗျာ မိခင်ဧရာဝတီ အစဉ်ထာဝရတည်မြဲပါစေ မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ကြောင်းနဲ့ အရင်လို မီးမမှန်နေ့ညများကိုသာ ပျော်မွေ့ပါကြောင်း အဆိုပြုပါတယ် ။

ခံစားချက်များစွာဖြင့် “မောင်မျိုး”

20 comments:

  1. ဧရာဝတီနဲ့ပတ်သက်တဲ့
    ခံစားချက်တွေကတော့
    လူတိုင်းထပ်တူပါဘဲ
    မောင်မျိုးရယ်...

    ခင်တဲ့အမ Blackroze

    ReplyDelete
  2. ကိုကိုမောင်(ပန်းရနံ့)September 23, 2011 at 6:21 AM

    ဟုတ်တယ်။ မီးမလာ ညများဘဲ ပျော်ဖို့ကောင်းတယ်။ ဧရာဝတီ ငိုညည်းသံတွေ မကြားပါရစေနဲ့။

    ခင်မင်လျှက်

    ReplyDelete
  3. ဟုတ်တယ်
    စကားရှာမရဘူး .. ခံစားချက်ကို ပြောထုတ်ဖို့ရာ လိုက်မမှီဘူး .. ဧရာဝတီ အရှည် တည်တံ့ပါစေ ....

    ReplyDelete
  4. ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါသည်..။

    ReplyDelete
  5. ဧရာဝတီ အဓွန့် ရှည် တည်တံ့ပါစေ...

    ReplyDelete
  6. ဧရာဝတီကို လွတ်လပ်ခွင့်ပြုပါ

    ReplyDelete
  7. အခုရေးထားတဲ့စကားလုံးတွေကလည်း နက်နက်ရှိုင်းရှိုင်းခံစားနေရတယ်ဆိုတာ ဖတ်လို့ရပါတယ်။

    ReplyDelete
  8. ကိုယ့်တိုင်းပြည်ရဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရမဲ့အစား ရောင်းစားနေတဲ့သူတွေကို အံ့သြမိပါတယ်။
    ဘာလို့များ တရုတ်ကို ဒီလောက်ချစ်နေတယ်ဆိုတာ စဉ်းစားမရပါဘူး.။
    တရုတ်အားကိုးနေတဲ့ ပုဆိန်ရိုးတွေဘဲဖြစ်မယ်ထင်ပါတယ်

    ReplyDelete
  9. မောင်မျိုးရဲ့ ဧရာဝတီကိုဖတ်ပြီး ၀မ်းနည်းဝမ်းသာဖြစ်မိတယ်....။

    ReplyDelete
  10. ဟုတ်ပါတယ် ကျွန်တော်တို့ အတူတူဆက် ကန့် ကွက်ကြတာပေါ့...

    ReplyDelete
  11. ဧရာဝတီနဲ့ မြန်မာပြည်
    ဧရာဝတီနဲ့ ဗမာလူမျိုး
    ခွဲခြားလို့မရဘူး...။
    ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို လုံးဝ ကန့်ကွက်ပါသည် ။

    ReplyDelete
  12. ကိုအောင်(ပျူနိုင်ငံ)September 23, 2011 at 6:41 PM

    မြစ်ဆုံရေကာတာ တည်ဆောက်မှုကို ထပ်တူထပ်မျှ ကန့်ကွက်ပါတယ်၊ ဧရာဝတီမြစ်ကြီး အဓွန့်ရှည်ပါစေ ...

    ReplyDelete
  13. ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို အကြွင်းမဲ့ကန့်ကွက်ပါသည်

    ReplyDelete
  14. ဧရာဝတီကိုချစ်တယ်။ မီးမှန်အောင် တခြားနည်းနဲ့လုပ်လို့ရပါတယ်။ ဧရာဝတီကို ရောင်းစားမှ မီးမှန်ရမယ်ဆိုရင်တော့ ......

    ReplyDelete
  15. မြစ်ဆုံရေကာတာစီမံကိန်းကို ကန့်ကွက်ရန်လုံးဝသဘောတူပါတယ်..
    ဧရာဝတီ ထာဝစဉ်စီးဆင်းနိုင်ပါစေ

    ချမ်းမြေ့ပါစေ
    ချယ်ရီမြေ

    ReplyDelete
  16. မြစ်ဆုံဆည် စီမံကိန်းကို ကန့်ကွက်သံတစ်ခု လာပို့တာ ညီရေ..၊ ဧရာဝတီကို ငြိမ်းချမ်းအေးမြစွာ အမြဲပဲ ဆက်လက် စီးဆင်းနေစေ ချင်ပါတယ်...။

    ReplyDelete
  17. အုတ်တစ်ချပ် သဲတစ်ပွင့် နှမ်းတစ်စေ့ ရေတစ်ပေါက် ဘာပဲဖြစ်ဖြစ် အဲဒါတွေအားလုံးစုပေါင်းနိုင်ရင်တော့ အကျိုးရှိတဲ့အရာတစ်ခုဖြစ်ထွန်းလာနိုင်တာတော့ အသေအချာပါ မောင်မျိုးရေ.. ဧရာဝတီကို အဲဒီလိုစုစည်းတဲ့အားနဲ့ ပြန်အရယူကြဖို့လိုတယ်။ နို့မို့ တရုတ်လက်ပါသွားတော့မှာ...း(

    ReplyDelete
  18. တခါတုန်းက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က "ပြည်သူတွေဟာ ရှင်တို့ မှာ အင်အားမရှိဘူးလို့ မထင်ပါနဲ့။ ပြည်သူတိုင်း ပြည်သူတိုင်း ပါဝင်ကြရင် အင်မတန် ကြီးမားတဲ့ အင်အား ဖြစ်ပါတယ်" လို့ ပြောတာ ကြားမိပါတယ်။ အခုလည်း မြန်မာနိုင်ငံသား တိုင်း ဧရာဝတီ ကို ကယ်တင်ရာမှာ ပါဝင်ကြမယ် ဆိုရင် ကျနော်တို့ မိခင် ဧရာဝတီ ကို ကယ်တင်နိုင်ကြမှာပါ။ တပြည်လုံး အဲဒီကိစ္စ ပွက်ပွက်ဆူနေပြီ ဆိုရင် ဒီဆည်စီမံကိန်း စာချုပ်ကို ( လျော်ကြေး ပေးပြီးတော့ ဖြစ်ဖြစ် ) ဖျက်ဖို့ လုပ်ရတော့မှာပါ။ ဒါကြောင့် ကိုယ်တဦးချင်းစီ ဧရာဝတီ ကာကွယ်ရေးမှာ ပါဝင်လိုက်ရတာကို "ငါသည် ကြီးကျယ်သော အလုပ်တခုကို လုပ်ရာမှာ ပါဝင်ခဲ့ပြီ" လို့ ဂုဏ်ယူကြစေ လိုပါကြောင်း..း))

    ReplyDelete
  19. ဧရာဝတီဆက်လက်ရှင်သန်ဖို့ ဒို့တွေညီညွတ်ကြစို့ညီရေ

    ReplyDelete
  20. ထပ်တူ ခံစားသွားပါသည်။

    ReplyDelete