Thursday, September 29, 2011

မင်္ဂလာပွဲသုံးပွဲ၏နောက်ကွယ်

မင်္ဂလာပွဲသုံးပွဲ။ တကယ်က မင်္ဂလာပွဲတွေအများကြီးရှိနေသားပဲ။ ဒါပေမယ့် ဒီမင်္ဂလာပွဲသုံးပွဲကတော့ သာမာန်ပွဲတွေနဲ့မတူ၊ တမူထူးခြားလို့နေသည်။ ပွဲသုံးပွဲက ညီအစ်မသုံးယောက်ရဲ့ မင်္ဂလာပွဲ။ ပြီးတော့ ဒီမင်္ဂလာပွဲသုံးပွဲသည် တိုင်းပြည်တပြည်ရဲ့ သမိုင်းစဉ်တခု

ဒီညီအစ်မသုံးယောက်ကိုရည်ညွှန်းတဲ့ဆောင်ပုဒ်လေးတခုရှိပါတယ်။ one loved money, one loved power, one loved her country" (Chinese: 一個愛錢、一個愛權、一個愛) တယောက်ကငွေကိုမက်တယ်၊ တယောက်က အာဏာကိုမက်တယ်၊ တယောက်ကတိုင်းပြည်ကိုချစ်တယ်တဲ့။ သူတို့ညီအစ်မသုံးယောက်ဆိုတာ ဆုန်အားလင်၊ ဆုန်ကျင်းလင်နဲ့ ဆုန်မေလင်တို့သုံးယောက်ပေါ့။

သူတို့သုံးယောက်ရဲ့ အဓိက ပျိုးထောင်သူက သူတို့အဖေ ချာလီဆုန်ပါ။ သမီးတွေကိုအမေရိကားလွှတ်ပညာသင်စေပြီး တရုတ်ပြည်သစ်ဖြစ်အောင်လုပ်ဖို့ ငယ်စဉ်ကတည်းက လေ့ကျင့်သင်ကြားပေးခဲ့တာပါ။ မျိုးရိုးအရလည်း တရုတ်နန်းတွင်းပညာရှင်မျိုးရိုးက ဆင်းသက်လာကြတာဖြစ်ပါတယ်။ အခုလိုစနစ်တကျ ပျိုးထောင်မှုအောက်မှာ ဆိုတော့ အတတ်ပညာ အသိပညာတွေက သာမန်မိန်းမပျိုတွေနဲ့ ကွာခြားစေခဲ့သည်ဆိုတာက ငြင်းဆိုလို့မရနိုင်တော့။

အားလင်က ငွေရှိရင်ဘာမဆိုဖြစ်တယ်ဆိုတာကို ခံယူထားတဲ့သူမျိုး။ သူအိမ်ထောင်ပြုခဲ့တဲ့သူက တရုတ်ပြည်မှာ အဲ့ဒီခေတ်ကာလက အချမ်းသာဆုံးဆိုတဲ့သူ ပြီးတော့ ဘဏ္ဍာရေးဝန်ကြီး။ ခွန် (H H Kung)က တရုတ်နိုင်ငံ ဘဏ်လုပ်ငန်းတွေကို တိုးတက်များပြားအောင်ချဲ့ထွင်ခဲ့တဲ့သူမို့ အားလင်ရဲ့ ဘဝနဲ့ဆန္ဒတထပ်တည်းကျခဲ့ပုံပါပဲ။ အဲ့ဒီတော့ သူ့ရဲ့ လွှမ်းမိုးမှုအောက်မှာ တရုတ်နိုင်ငံရဲ့ ငွေကြေးစီးဆင်းနေမှု တည်ရှိနေတာပေါ့။

တိုင်းပြည်ကိုချစ်တဲ့သူကတော့ ကျင်းလင်။ ကျင်းလင်ရဲ့ မင်္ဂလာပွဲကို ဘယ်သူကမှ သဘောမတူခဲ့ကြပါဘူး။ ကျင်းလင်ရဲ့ အိမ်ထောင်ဖက်က တရုတ်နိုင်ငံရဲ့ဖခင်လို့ ပြောကြရတဲ့ ဒေါက်တာဆွန်ယက်ဆင်ပါ။ တကယ်တော့ ဆွန်ယက်ဆင်ရဲ့တော်လှန်ရေးကို တောက်လျှောက်မတည်ပေးလာတာ သူ့သူငယ်ချင်း ချာလီဆုန်ပါပဲ။ ငွေကြေးသာမက သမီးတွေကိုပါ လုပ်အားပေးစေလွှတ်ရင်း ကျင်းလင်နဲ့ဆွန်ယက်ဆင်တို့ ငြိတွယ်ခဲ့ကြတာ။ သူတို့နှစ်ယောက်ရဲ့အသက်ကွာခြားချက်က ၂၆နှစ်တောင်မှ။ ပြီးတော့ ဆွန်ယက်ဆင်က အိမ်ထောင်ရှိတာမို့ အိမ်ကလုံးဝသဘောမတူခဲ့ကြပါဘူး။ ဒါပေမယ့် ဆွန်ယက်ဆင်အတွက် ကျင်းလင်တယောက် အိမ်ကနေ ဆန့်ကျင်ပြီး ထွက်သွားခဲ့တယ်။ တိုင်းပြည်အတွက် အနစ်နာခံ ကြိုးပမ်းနေတဲ့ ယောင်္ကျားတယောက်နောက်မှာ အခုလို ကူညီပါရမီဖြည့်ဆည်းပေးမယ့် မိန်းမမျိုးလည်း ရှိတတ်ပါတယ်။ ဆွန်ယက်ဆင်ကွယ်လွန်သွားတဲ့နောက်မှာတောင် သူမရဲ့တိုင်းပြည်ချစ်စိတ်နဲ့ ကူမင်တန်တွေရဲ့ ကွန်မြူနစ် ဝါဒကို ဆန့်ကျင်ခဲ့တယ်။ သူ့ညီအစ်မနှစ်ယောက်စလုံး အမေရိကန်မှာ အခြေချနေထိုင်ခဲ့ကြပေမယ့် ကျင်းလင်ကတော့ ပြည်မကြီးမှာပဲ ခေါင်းချသွားခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံ့ရေးရာလုပ်ငန်းတွေ အားလုံးမှာ တတပ်တအားပါဝင်ခဲ့တာမို့ ကျင်းလင်ကိုလည်း တရုတ်ပြည်သူတွေက ချစ်ခဲ့ကြတာနေမှာပါ။

အာဏာကိုချစ်တဲ့သူကတော့ မေလင်ပါ။ မေလင်လက်ထပ်ခဲ့သူက ကူမင်တန်တို့ရဲ့ ဖခင်ကြီး ချန်ကေရှိတ်ပေါ့။ မေလင်တို့ကိုလည်း အိမ်က သဘောမတူကြပါဘူး။ မေလင်တို့ကို လက်မထပ်ခွင့်မပြုခင် ချန်ကေရှိတ်ကို မေလင်တို့အမေက အချက်နှစ်ချက်သဘောတူညီမှု အရင်ပြုစေခဲ့ပါတယ်။ တစ်ချက်က လက်ရှိအိမ်ထောင်နဲ့ ကင်းကင်းရှင်းရှင်း ဖြစ်သွားအောင် လုပ်ပေးဖို့ရယ်၊ နောက်တစ်ချက်ကတော့ ကိုးကွယ်တဲ့ဘာသာပြောင်းပေးဖို့ပါ။ ကတိတွေပေးရင်း ချန်ကေရှိတ်က မေလင်ကို အရယူနိုင်ခဲ့ပါတော့တယ်။ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးအစိတ်အပိုင်းများစွာဟာလည်း မေလင်လက်ထဲကို အလိုလို ကျရောက်လာပြန်တယ်။ မေလင်ဟာ ချန်ကေရှိတ်ရဲ့ နားမျက်စိပဲပေါ့။ ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့သည်အထိ မေလင်ရဲ့ အောင်မြင်မှုက တစထက်တစ ကြီးမားနေခဲ့တယ်။ ၁၉၃၇ မှာ ကမ္ဘာကိုဦးတိုက်ပြောကြားနေတဲ့ သူ့ရဲ့ဗီဒီယိုရယ်၊ ၁၉၄၃ အမေရိကန်ကွန်ဂရက်လွှတ်တော်မှာတဲ့ ဗီဒီယိုတွေကို ကြည့်ဖူးရင် သူ့ရဲ့အင်္ဂလိပ်စာပိုင်နိုင်မှု အသံထွက်ပီသမှုတွေကို လေ့လာနိုင်ပါတယ်။

မေလင်ဟာ ပန်းချီဆွဲသည့် အနုပညာရှင်တယောက်ဖြစ်သလို၊ ကြက်ခြေနီသူနာပြုကောင်းတယောက်၊ မိဘမဲ့ကျောင်းတွေကို ထူထောင်ပေးခဲ့သူတယောက်လည်းဖြစ်ပါတယ်။ တရုတ်ပြည်တွင်းသာမက ကမ္ဘာကပါ အသိအမှတ်ပြုရတဲ့ အမျိုးသမီးတယောက်လို့ ပြောရင်လည်း မမှားပါဘူး။

နေ့စဉ်နေ့စဉ် မင်္ဂလာပွဲတွေကတော့ အများကြီးရှိနေတတ်ပါတယ်။ မင်္ဂလာပွဲတွေရဲ့နောက်မှာ သတိုးသားနဲ့သတို့သမီးရဲ့ ဖြစ်တည်မှုတွေ အများကြီးပေါ့။ တချို့လည်း မကြာခင်မှာ ကွဲသွားတတ်ကြတယ်၊ တချို့လည်း အောင်မြင်တဲ့ အိမ်ထောင်ရေးတွေဖြစ်၊ တချို့လည်း သားသမီးတွေ အများကြီးပွားစီးလို့ပေါ့။

အခုမင်္ဂလာပွဲသုံးခုရဲ့နောက်မှာတော့ တိုင်းပြည်ကြီး တပြည်ရဲ့ အနာဂါတ်၊ တိုးတက်မှု၊ ဆုတ်ယုတ်မှု၊ အောင်မြင်မှုဆိုတာတွေပါ ကပ်ပါနေခဲ့တာတော့ ထူးဆန်းလွန်းပါတယ်။ ပြီးတော့ ဒီမင်္ဂလာပွဲသုံးခုလုံးဟာ အိမ်တအိမ်ထဲက ညီအစ်မသုံးယောက်ရဲ့ပွဲ။ သတို့သားတွေကလည်း တိုင်းပြည်ရဲ့ ထိတ်ထိတ်ကြဲ တွေချည်း။

အင်း ဒီမင်္ဂလာသုံးပွဲရဲ့နောက်မှာ တရုတ်ပြည်ကြီးတခု အရင်တုန်းက ဖြစ်တည်ခဲ့ဖူးတယ်ဆိုပါတော့……။



မှတ်ချက် = စာဖတ်သူတစ်ယောက်ရဲ့ ပို့စ်လေးပါ နောက်လည်း သူ့စာတွေ တင်ဖြစ်အုံးမှာပါ ။

17 comments:

  1. ချာလီဆုန်က အာဂသမီးသုံးယောက်ကို မွေးခဲ့နိုင်တာပဲ...
    တော်တော်လေး ထူးဆန်းတယ် ပြောရမယ်နော်...
    ဖခင်ကောင်းတစ်ယောက်ကို သိခွင့်ရခဲ့တာပဲ...
    ဒါလဲ သမိုင်း ဗဟုသုတတစ်ခုပေါ့...
    မျှဝေပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်ဗျာ...

    ReplyDelete
  2. တကယ့် ဒိတ်ဒိတ်ကြဲ ညီအစ်မ သုံးယောက်ပါပဲ..။

    ReplyDelete
  3. ဒါဆိုရင် မေလင်းနဲ့ ကျင်လင်းကထိပ်တိုက် မတွေ့နေဘူးလား . . ကျင်လင်းကဆွန်ယက်ဆင်ရဲ့ ကူမင်တန် ၀ါဒကို တိုက်ဖျက်သူ . . မေလင်းက ကူမင်တန် ချန်ကေရှိတ်ရဲ့ နားမျက်စိ . . .

    ငါတော့ စိတ်ဝင်စားခဲ့တာ အမှန်ပဲဟေ့

    ReplyDelete
  4. ကိုကိုမောင်(ပန်းရနံ့)September 30, 2011 at 6:26 AM

    ထက်တဲ့ မိန်းခလေးတွေက မက်မိရင် ဘာမှ မသိကြတော့ဘူး။ မက်ချင်ရာ မက်ကြတော့တာပါဘဲ။း))

    ခင်မင်လျှက်

    ReplyDelete
  5. တကယ်ထက်တဲ့ ညီအစ်မသုံးဖော်ပေပဲ..

    ReplyDelete
  6. နည်းနည်းထပ်ဖြည့်ရေးလိုက်ရင် ပိုကောင်းတယ်.. ဆိုလိုချက်ကို ပိုပြီးပီပြင်ထင်ရှားစေတာပေါ့....

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  7. စိတ်ဝင်စားစရာဘဲ မောင်မျိုးရေ
    တကယ်ကို မသိသေးတဲ့အကြောင်းတွေပါ။
    ညီအစ်မသုံးယောက်ရဲ့ အကြောင်းက အံ့သြဖို့တောင်ကောင်းတယ်။
    ဒီပိုစ့်လေး တင်ပေးတဲ့အတွက် ရေးသူကိုရော မောင်မျိုးကိုပါ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  8. ၀ိုး ဆရာမျိုးရေ တကယ့်ကို ရှားပါးပိုစ့်ပဲဗျိုး
    လေးစားတယ်ဗျာ တင်ပေးတာ..
    ကျေးဇူး..ကျေးဇူး
    ခင်တဲ့
    မဒိုးကန်

    ReplyDelete
  9. I've read about them abit.I'm interested in their biographies but more about their mother.I wonder what kind of mom she was.If you have chance,Share me more pls.Thanks for rare post.
    BTW Thadingyut is near and......how's your ...?....:)))
    Gyidaw

    ReplyDelete
  10. သိပ်တော်တဲ့ ညီအစ်မသုံးဖော်ပဲနော်.....၊

    ReplyDelete
  11. မျှဝေပေးတာ ကျေးဇူးပါ....

    ReplyDelete
  12. ဟန်ကြည်October 2, 2011 at 4:24 AM

    ကောင်းလိုက်တဲ့ လေ့လာမှု...အားမှကို အွန်လိုင်းပေါ်မှာ အာဇာနည်မသုံးယောက်ရဲ့ နောက်ဆက်တွဲကို ရှာဖတ်ဦးမယ်...

    ReplyDelete
  13. ဖတ်ခွင့်ရလို့ ကျေးဇူးပါ ကိုမျိုးရေ...
    သြော် ဒါနဲ့ ကိုမျိုးအမေ နေကောင်းသွားပြီလား fb မှာတွေ့လိုက်လို့ ... အမေအပြန်ဆုံး ကျန်းမာပါစေလို့ ဆန္ဒပြုဆုတောင်းရင်း...

    ReplyDelete
  14. သတိုးသမီးတစ်ယောက်စီက တိုင်းပြည်ရဲ့ အစိတ်အပိုင်းတစ်ခုစီကို ကိုယ်စားပြုထားတယ်နော်..။ ဒေါက်တာဆွန်ယက်ဆင်ကတော့ နှစ်သက်လေးစားရသူထဲက တစ်ယောက်ပါဘဲ။ စိတ်ဝင်စားစရာလေးမို့ စာရေးသူကို ဒါမျိုးလေးတွေ ထပ်မံရေးခိုင်းပါဦး...။

    ReplyDelete
  15. အရင်ကတည်းက ..ချန်ကေရှိတ်ရဲ့မိန်းမသိပ်တော်ကြောင်းကြားဖူးတယ်..
    အရမ်းကိုသိချင်နေခဲ့တာ..တရုတ်နိုင်ငံသားသူငယ်ချင်းတွေကိုမေးကြည့်ဖူးတယ်..သူတို့လည်းသေချာမသိကြတော့စိတ်တောင်မကောင်းဖြစ်မိတယ်..ကိုယ်သိချင်တာမသိရတော့လို့လေ.အခုလိုမမျှော်လင့်ပဲဖတ်လိုက်ရတာတော်တော်ကိုကျေးဇူးတင်ပါတယ်..သူငယ်ချင်းတွေကိုshare ခွင့်ပြူပါရှင်..

    ReplyDelete
  16. ညီမ ၃-ယောက်မို့ ပဲနော်
    ၄-ယောက်ဆိုရင်တော့ ဘာမက်ဦးမလဲ မသိဘူး။
    ဒါပေမယ့် ကိုယ်လိုခြင်တာ ရဘို့  အတွက် အိမ်ထောင်သည်တွေနှင့် ငြိစွန်းတာတော့ မကြိုက်ဘူး။ ပူတင် နောက်မိန်းမ ယူတာလဲ မကြိုက်ဘူး။ ပထမ မိန်းမတွေ အကြောင်းတော့ မသိပါဘူး။

    ReplyDelete
  17. ဗဟုသုတလဲရတယ်။ ဖတ်လို့လဲကောင်းတယ် အစ်ကိုမောင်မျိုးရေ။ ကျေးဇူးပါဗျာ။

    ReplyDelete