Thursday, November 8, 2012

ထိုင်းအနုပညာရှင်များအကြောင်း တစ်စေ့တစ်စောင်း


မနက်စောစော  အတင်းတွေ တင်တော့မယ်လို့ မထင်လိုက်ပါနဲ့း) ကြည့်နေတာကြာပြီ မနေနိုင်လွန်းလို့တင်ပါတယ် ။ထိုင်းနိုင်ငံဟာ မီဒီယာ လွတ်လပ်ခွင့်တော်တော်ကောင်းတဲ့နိုင်ငံပါ  ဘယ်လောက်ထိ  ကောင်းသလဲဆိုရင်  နိုင်ငံပိုင်သတင်းစာရဲ့  မျက်နှာဖုံးမှာကိုက  လက်ရှိပေါ်ပြူလာဖြစ်နေတဲ့ မင်းသမီးတွေရဲ့  အလှအပတွေ မျက်လုံးပြူးကြည့်စရာမလိုပဲ မြင်ရမှာဖြစ်ပါတယ်   ။ နှုတ်ခမ်းလေးကို ကိုက် ကိုယ်လုံးကလေး ကွေးကွေးကောက်ကောက်ကလေးလုပ်လို့ပေါ့း)  ။


 ตั๊ก บงกช - บุญชัย เบญจรงคกุล

အခုလက်ရှိ ဟော့စ်ဖြစ်နေတဲ့ သတင်းက ထိုင်းမင်းသမီးတစ်ယောက်နဲ့ စီးပွားရေးပညာရှင်အဖိုးကြီးတစ်ယောက်၇ဲ့ သတင်းပါ အဖိုးကြီးက အသက် ၅၈ နှစ် မင်းသမီးက ၂၇ နှစ်ပဲရှိပါသေးတယ် ။ အဖိုးကြီးရဲ့ သမီး ၃ ယောက်ကတောင် မင်းသမီးထက်ကြီးသေးတယ် ။ မင်းသမီးက အင်တာဗျူး သမားတွေကို (ဆုံတွေ့ကြတာမကြာသေးပါဘူး တစ်လကျော်ကျော်လောက်ပဲရှိတယ် ကိုယ့်ပါသာပဲ သူ့ကို ချစ်သူအဖြစ်လက်ခံဖို့ဆုံးဖြတ်လိုက်တာပါ သူသိတယ်ရှင့် သူနဲ့ကျမ ဆုံတွေ့ခဲ့ပုံက ဘယ်လိုမျိုး စပြီးဆုံတွေ့ခဲ့တယ်ဆိုတာ သူသိပါတယ် ။ သူက ဘယ်လိုယောကျာ်းမျိုးလဲဆိုတော့ ကိုယ့်ကို မနှိမ်တဲ့သူ ပြီးတော့ ကိုယ့်အပေါ်လည်း အခွင့်ရေးပေးတဲ့သူပါ သူက လူကောင်းတစ်ယောက်ပါ လက်ထပ်ဖို့ကတော့ နောက်နှစ်လောက်ဖြစ်မယ်ထင်တယ် ။ ကျမ က ကြွက်ကလေးတစ်ကောင်မဟုတ်ဘူးလေ အဲ့တာကြောင့် ကျမကို အမြင်လွဲနေကြတဲ့သူတွေကို ပြောချင်တာက ခုထိ ကျမ သုံးစွဲနေတာ ကျမပိုက်ဆံတွေပဲရှင့် ဘယ်သူ့ပိုက်ဆံမှမဟုတ်ပါဘူး ။) တဲ့ အဖိုးကြီးကတော့ သူမ နဲ့ ခလေး ၂ယောက်လောက်လိုချင်ပါတယ်တဲ့ သူမကလည်း မိခင်ကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားသွာမယ်ဆိုပါတယ် ။ အချစ်မှာ မျက်စိမရှိဘူးဆိုတာ ဒါမျိုးထင်ပါ့ :P 



ဒါကတော့  အခု လက်ရှိ sunday ညပိုင်းမှာ လာနေတဲ့ The Voice Thailand 2012  ပါ ခုဆို Leve 2 အဆင့်ရောက်နေပြီ   ။ ခုလက်ရှိပြိုင်နေတဲ့  ၂ ယောက်အကြောင်း ပြောပြချင်လို့ပဲ   ယောက်ကျာ်းဆံပင်နဲ့  စာသောက်ဆိုင်မှာ ဂစ်တာတီးတဲ့ အစ်မကြီးက  ယောက်ကျားစိတ်ပေါက်နေတယ် ။  နောက်ထပ်  ဂါဝန်အဖြူဝတ်ထားတဲ့  မိန်းမစိတ်ပေါက်နေတဲ့  ယောက်ျားလေးက   ကွတ်တီယိုဆိုင်ပိုင်ရှင်ပါ  သူပြောတာက  သူက ဈေးေ၇ာင်းရင်းလည်း  သီချင်းဆိုတာပဲတဲ့    Leve 2အဆင့်မှာ  မိန်းမစိတ်ပေါက်နေတဲ့  ယောက်ျားလေးကို  မိန်းမ လိုဝတ်ပြီး  ယောက်ျားသံနဲ့ ဆိုခိုင်းပါတယ်  ။  ယောက်ျားလို ၀တ်ထားတဲ့ အစ်မကြီးကိုကျတော့ မိန်းမသံနဲ့ ဆိုခိုင်းပြန်ကော  ( ဒါနဲ့ ကျနော်ရှင်းပြတာ လည်နေလားမသိ  )  သူတို့ဆိုတဲ့  သီချင်းနာမည်က     လူပျို အပျို တဲ့    ကျေးလက်သီချင်းလေးဖြစ်ပြီ  ဆိုလို့ကောင်း  က လို့ကောင်းတဲ့  သီချင်းလေးပါ   နောက်တစ်ဆင့်ကိုတော့  ဂါဝန်နဲ့တစ်ယောက် တက်သွားပါတယ်       ဒါမျိုးအဖြစ်တွေ ထိုင်းမှာ အများကြီးဆိုတာ ပြောပြချင်လို့ပါ ။


Take Me Out Thailand  တဲ့  ဒါကိုတော့ ကျနော့်အမြင် နည်းနည်း ပေါတောတော ဆန်နေသလိုပဲး) ကြည့်လို့တော့ကောင်းတယ်   အတည်ကြီးတွေမဟုတ်ပဲ တစ်ယောက်နဲ့တစ်ယောက် အပြောင်သဘောမျိုးလေးတွေနဲ့ တစ်ချို့နေရာတွေမှာ စကားပြောတွေက  တစ်ဖက်လူအတွက်  ခံရခက်ပေမယ့်  သူတို့ကတော့  ပြုံးပြုံးကလေးတွေပါပဲ ။Take Me Out Thailand   ရဲ့  ပုံစံက   အတွဲရွေးတယ်ပေါ့    မိန်းခလေး အယောက်  ၃၀   ဒီမှာ လာပြိုင်တဲ့သူတွေကတော့  အသင့်အတင့်ရုပ်ရည်ရှိကြတယ်   ပညာအရည်ချင်းကောပေါ့  တစ်ချို့ဆို မော်ဒယ်တွေပါ လာပြိုင်ပါတယ် ။ ယောက်ျားလေးတွေဆိုလည်း  မင်းသားလူပျိုကြီးတွေလည်း လာပြိုင်တာတွေ့ရပြန်ကော ပြိုင်တယ်ဆိုတာထက်  အပျော်သဘောလေးတွေပါ ။  စစချင်း  အစီစဉ်တင်ဆက်သူက   ယောက်ျားလေးကို ဖိတ်ခေါ်တဲ့ အခါမှာ   ရုပ်ရည်ကိုကြည့်ပြီး  သဘောကျရင်  မိန်းခလေးတွေက  မီးကို ဆက်ပြီး ဖွင့်ထားရပါတယ်  မကြိုက်ဘူးဆိုရင်တော့ မီးပိတ်လိုက်ပေါ့ ။

နောက်တစ်ဆင့်  ယောက်ျားလေးက  ကိုယ့်ကိုယ်ကို မိတ်ဆက်  အလုပ်အကိုင်  ကိုယ့်ရဲ့ အကြိုက်နေထိုင်မှု  ပုံစံ နဲ့  အသက်အရွယ်ကို ပြောရတယ်  အဲ့တစ်ဆင့်မှာလည်း   သူပြောနေတုန်း  မိန်းခလေးက မကြိုက်ဘူးဆိုရင်  မီးပိတ်လို့ရပါသေးတယ် ။အဲ့ဒီမှာ ဘာကြောင့်မီးပိတ်တာလဲ  ဘာလို့ မီးဖွင့်တာလဲဆိုတာကို  အစီစဉ်တင်ဆက်သူက  မေးတဲ့အခါ သူတို့အဖြေတွေက  ရယ်စရာလည်းကောင်း  စိတ်ဆိုးစရာလည်းကောင်းပါတယ်  ဥပမာ ...မီးပိတ်သွားတဲ့ကောင်မလေးရဲ့ အဖြေက  ( ကျမ က  စင်ဒရဲလားမဟုတ်ဘူးရှင့်  အဲ့တော့  လူပုကလေးတွေမလိုဘူးလေ)  တဲ့  ကောင်လေးက ပုနေလို့ပါး)  မီးဆက်ဖွင့်ထားတဲ့ ကောင်မလေးက   (  သူ့အကြည့်တွေက  ကျမရင်ကိုထိတယ်  သူနဲ့ အကြည့်ချင်းမဆုံပဲနဲ့ ဘယ်သူက မီးဖွင့်ထားပါ့မလဲရှင် )  တဲ့  သူတို့အဖြေနဲ့သူတို့တွေကတော့ ဟုတ်နေတာပဲ  ။ မိန်းမလေး  အယောက် ၃၀ လုံးက မီးပတ်သွားရင် ကောင်လေးက  ပြန်ပြီး ရွေးချယ်ခွင့်မရှိတော့ပဲ  အစီစဉ်ကနေ  ထွက်ပေးရမှာ ဖြစ်ပါတယ် ။

နောက်ဆုံးအဆင့်  မီးဖွင့်ထားတဲ့ ကောင်မလေးတွေလည်းရှိနေမယ် ဆိုရင်  ကောင်လေးဘက်က  ပြန်ပြီး ရွေးချယ်ခွင့်ရမှာပါ  အဲ့အခါကျရင်တော့ ကောင်လေးက  ပြန်ပြီး ရွေးချယ်ရမှာပါ  နောက်ဆုံး သူရွေးချယ်ဖို့  ၂ ယောက်ပဲ ရှိရမယ်  ၂ ယောက်ထက် ပိုနေရင်တော့  သူက  သူမကြိုက်တဲ့ ကောင်မလေးတွေဆီက  မီးကို ပိတ်ရတယ် ။ နောက်ဆုံး ၂ယောက်ပဲ ကျန်ရင်  သူ မေးခွန်းပြန်ပေးခွင့်ရှိပြီ   ဥပမာ.... ဘ၀မှာ  အခက်ခဲအဖြစ်ဆုံးအတွေ့ကြုံရှိခဲ့ဖူးလား ရှိရင် အဲ့တုန်းက ခံစားချက်လေးပြောပြပါလား ဆိုတာမျိုး ။ ကျနော်တို့ မိသားစုလေး ဖြစ်လာပြီဆိုပါတော့ အဲ့အပေါ်မှာ ခင်ဗျားရဲ့  အိမ်ရှင်မ တာဝန်တွေက ဘာတွေဖြစ်မလဲ ပြီးတော့ မိသားစု အပေါ် ခင်ဗျားရဲ့ ခံစားချက်လေး သိပါရစေ ဆိုတာမျိုးတွေပါ ။ ကျနော် အလုပ်က ပင်ပင်ပန်းပန်းပြန်လာတဲ့အခါ ကျနော် အမောပြေစေဖို့ ခင်ဗျား ဘာလုပ်ပေးနိုင်မလဲ ဆိုတာမျိုး ။အဲ့ ၂ယောက်ထဲက အဖြေတွေအပေါ်မှာမှ  သူကြိုက်တဲ့  အဖြေကို ဖြေနိုင်တဲ့ သူဟာ သူ့ရဲ့ ရွေးချယ်တဲ့ မိန်းခလေးပေါ့ ။

ဒီပြိုင်ပွဲကနေ  အတွဲကလေးဖြစ်  အိမ်ထောင်ကျသွားတဲ့ သူတွေရှိသလို  ခဏတစ်ဖြုတ်ပဲ တွဲကြတဲ့သူတွေလည်းရှိပါတယ်  ။ အကြိုက်ကလေးတွေကို ခဏလေးသိရုံ ရင်ခုန်မှုလေး ခဏလေးဖြစ်ရုံနဲ့  ခိုင်မြဲတဲ့ချစ်ခရီးတည်ဆောက်နိုင်ဖို့ဆိုတာလွယ်တဲ့ ကိစ္စတော့မဟုတ်ဘူးလို့ ကျနော်တော့ထင်တယ်   ဒါပေမယ့်  အစီစဉ်လေးက ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ပျော်ပါတယ် ။ အချိန်ပေးနိုင်မယ်ဆိုရင်တော့  ခဏလောက်ဖြစ်ဖြစ်ကြည့်လိုက်ပေါ့း)



နောက် အတင်းအဖျင်းတွေ ကြည့်ရရင်  အယ်လေ...ထူးထူးဆန်းဆန်းလေးတွေ  ကြည့်ရရင်  ဒါမျိုးလေးတွေ ထပ်ပြီးရေးပါအုံးမယ်ခင်ဗျာ ။ 







6 comments:

  1. မီးတွေ တောက်လျှောက်ကို ပိတ်ပစ်လိုက်တာနော်...
    စိတ်ထဲက ရွေးချယ်ပြီးသားလား မသိ။

    ReplyDelete
  2. အရင်တုန်းက ထိုင် ချန်နယ် 3 တို့ 7 တို့ဆိုကြည့်နေကျ အစီစဉ်တွေလဲ ကြိုက်တယ် ခုတော့ ဝေးနေတာကြာပီအဆက်ပြတ်နေတာ ခုလိုတင်ပေးတာ ကျေးဇူး မောင်မျိုးရေ...

    ReplyDelete
  3. အဲဒီလို reality show တွေမှာ တချို့ဟာတွေက ညီပြောသလိုပဲ စိတ်အပန်းပြေ ပေါ့ပေါ့ပါးပါး ကြည့်လို့ ကောင်းတယ်၊ အိမ်နီးချင်းပေမယ့် ပြုမူ၊ ကျင့်ကြံပုံ အများကြီး ကွာသွားတဲ့ လူတွေအကြောင်း လေ့လာရတာ စိတ်ဝင်စားဖို့ကောင်းတယ်၊ နောင်ကိုလည်း အဆင်ပြေသလို တင်ပါအုံး ညီရေ..။

    ReplyDelete
  4. မောင်မျိုးNovember 10, 2012 at 10:38 AM

    မလေး.... အရှေ့ပိုင်းလေး ကျနော်မတင်လိုက်လို့ဗျ တကယ်တော့ ကောင်လေးက မိတ်ဆက်ပြီးမှ မီးပိတ်ကြတာမျိုးလေးပါ ။


    မမိုး .. ဟုတ်ကဲ့ အစ်မ ထိုင်းလိုင်းတွေက စိတ်ဝင်စားစရာကောင်းပါတယ် အစီစဉ်တွေလည်းအများကြီး လွတ်၂လပ်၂ နဲ့ကြည့်ရတာပျော်စရာ ။

    ကိုညီ... ကွာတာတော့ တော်တော်ကွာတယ် အစ်ကိုရ ညီတို့ဆီမှာဆို လက်ရှိအောင်မြင်နေတဲ့ မယ်လိုဒီဝေါ ကိုပဲ ကြည့် ဒိုင်တွေကော ကြည့်ရတဲ့သူတွေပါ အရုပ်တွေလိုပဲ ဒီမှာကတော့ လွတ်၂လပ်၂ ပြောဆိုခွင့် တင်ဆက်ခွင့်ရှိတယ် ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာကြီး. ။ နောက်ေ၇းအုံးမယ် စိတ်ချ ။

    ReplyDelete
  5. ထိုင်းအနုပညာအကြောင်း တစေ့တစောင်း လာချောင်းသွားပါတယ် ခင်ညာ..

    ReplyDelete