Thursday, September 20, 2012
စာပေလုပ်အား
မနှစ်က  ဒီလိုအချိန်မှာပဲ  အခုခေါင်းစဉ်လေးနဲ့ ပို့စ်လေးတစ်ပုဒ်တင်ဖူးတယ်။ အခုတော့ တစ်နှစ်ပြည့်ခဲ့ပြီး ။ မနှစ်က အဖွဲ့ကလေးမှာ  အဖွဲ့ဝင်တွေအများကြီး  ခုတော့ လူဟောင်း ၅ ယောက်နဲ့ လူသစ်တစ်ယောက်  အဟောင်းတွေထဲ ကိုယ်က အလုပ်အနည်းဆုံး  စာပဲရေးတတ်တာမို့ စာမူတွေပို့  စာတွေရေးတာကလွဲလို့ ကျန်တာတွေ  မကျွမ်းကျင်တာမို့ ဘာမှသိပ်မလုပ်ပေးဖြစ်ဘူး  ဒါပေမယ့် ဂျာနယ်လေးကတော့  ပုံမှန်လည်ပတ်မြဲ  အဖွဲ့ က ညီ / ညီမလေးတွေက  အလုပ်တွေ တကယ်လုပ်ကြတာမို့  ပုံမှန်လည်ပတ်နိုင်ခဲ့တယ်  ။ တစ်နှစ်ဆိုတဲ့အချိန်အတွင်း  အပြောင်းလဲတွေအများကြီး  အခက်ခဲတွေအများကြီး ကျော်ဖြတ်ခဲ့လို့   အတွေ့ကြုံကောင်းတွေအများကြီးလည်းရခဲ့တယ် ။
ဂျာနယ်လေးက ဖိုးသက်ရှည်လေးပါ ယိုင်နဲ့နဲ့လေးနဲ့ ခုတော့  ခြေကလေးမတ်မတ်ရပ်နိုင်ပြီလို့ ဆိုရမယ် ။ မနေ့က  ဂျာနယ်တစ်နှစ်ပြည့်  ပွဲကလေးလုပ်ကြပါတယ် အယ်ဒီတာ ညီလေးက  ရောက်အောင်လာခဲ့ပါဆိုလို့  ဘော့စ်မရှိတာနဲ့ နေ့တစ်ဝက်လစ်ပြီး  သွားခဲ့တယ် ကိုယ်ပျက်ကွက်တာတွေများနေပြီမှတ်လား  သူတို့ကမေးလ်ကနေ   အစီစဉ်တွေပို့ထားပေမယ့်  မဖတ်အားပဲ  ဒီတိုင်းကို  သွားမိလိုက်တယ်း) ဟိုရောက်တော့ ခပ်လွဲလွဲပေါ့  လူကြီးတွေလည်းအများကြီး ကျောင်းသားတွေ သတင်းမီဒီယာတွေကော    လူများရင်ကြောက်တတ်တဲ့ ကျနော်နဲ့တော့ တွေ့ပြီပေါ့ ;P
ဒါက ရုံးခန်းလေးပါ   အယ်ဒီတာ ညီလေးက  အစ်ကိုရေ  ရုံးဌားပြီးပြီ လာခဲ့အုံး ဆိုရင်လည်း အေးအေး ဆိုပြီ   ပျက်ပေါင်းများပေါ့  ။
အပေါ်ထပ် ဧည့်ခံမှာ ချိတ်ထားတဲ့ ပညာရှင်ကြီးများနဲ့  အောက်ထပ်မှာ တွေ့ရတဲ့ ကျနော့်စာတစ်ပုဒ်ရဲ့ သရုပ်ဖော်ပုံလေး  ။   မနက်ပိုင်း ဆွမ်းကပ်  ဘုန်းကြီးတွေကို လှူဒါန်းတဲ့ အစီစဉ်လေး လုပ်ကြပေမယ့်  ကျနော်မရောက်သွားဖြစ်ဘူး နေ့ခင်း တစ်နာရီ  ဖိတ်ထားတဲ့ ဧည့်သည်တွေ မရောက်ခင်လေး ကျနော်ရောက်သွားဖြစ်တယ်  ။  ကော်ဖီနဲ့ မုန့် ဧည့်ခံတယ်  လာတဲ့ဧည့်သည်တွေက  အမှတ်တရ စာလေးတွေ ရေးခဲ့ပေးကြတယ် ။
ဆရာကြီး  ဟံသာဝတီ ဦးဝင်းတင် ၊  ဂျာနယ်အကြံပေးအဖွဲ့ဝင်  ဘုန်းဘုန်းမင်းသုည ၊ စာရေးဆရာ သန်းဝင်လှိုင် တို့က  အမှတ်တရ  စကားပြောပေးကြပါတယ် ပြီးတော့  ဂျာနယ်အဖွဲ့ဝင်တွေက   တစ်ယောက်ချင်းစီ မိတ်ဆက်ပြီး  အမှတ်တရ စကားပြောကြပါတယ်  စာသာရေးတတ်တယ် ကျနော်က စကားပြောသိပ်မကောင်းလှဘူး ပြီးတော့ ကင်မရာတွေလင်း ၊ လူတွေများများ ရှေ့မှာ  စကားပြောရတာဆိုတော့ပိုဆိုး ဟိုကယား ဒီကယား နဲ့ နေရခက်မှခက်   ဘာတွေပြောမိမှန်းတောင်မသိတော့ပါဘူး ။
ပြီးတော့ အဖွဲ့က  ညီလေးတွေက  ကိုယ့်ကို  အံ့သြစေခဲ့သေးတယ်   ဆုပေးတဲ့အစီစဉ်   ရုံးရောက်တဲ့ အထိ  ဘာမှမသိသေး    ဧည့်သည်တွေ နေရာယူပေးပါ ဆိုပြီး အခမ်းနားမှူးက ကြေငြာမှ  စားပွဲပေါ်မှာ  မှန်ဘောင်လေးနဲ့အကျအနလုပ်ထားပေးတဲ့  စာပေလုပ်အားဆု  ပြီးတော့ ကျနော့်ပုံကြီးနဲ့ အားပါ  ငါတော့ ပွဲကျပြီဟ   ရှက်သလိုလိုနဲ့ ပြီးတော့  ဘ၀မှာ ဆုဆိုလို့ တစ်ခါမှကိုမရဖူးဘူးလေ  ၀မ်းသာ ၀မ်းနည်းလည်းဖြစ်မိတယ်  ။ ဆုရရှိသူမှ   အမှတ်တရ စကားပြောပေးပါတဲ့ မိုက်ကြောက်ပါတယ်ဆိုမှ  စကားတွေပြောရတော့မယ်  ဒါပေမယ့် ကျနော်ပျော်နေမိတယ် ။
အဖွဲ့က ညီလေးတစ်ယောက်က ဆုပေးရခြင်း အကြောင်းကို ရှင်းလင်းပြပါတယ် ။ ဆုထဲမှာတော့ထည့်ရေးထားတယ်  ။  စာမူကိုတော့ လတိုင်းရေးနိုင်အောင်ကြိုးစားပါတယ် တစ်နှစ်ပြည့်လုံးရေးပေးတဲ့အတွက် ပြီးတော့  စ၀င်ကတည်းက ရာထူး ငွေကြေး  အကျိုးမျှော်လင့်ချက် ဘာမှမမျှော်လင့်ပဲ စေတနာ သက်သက်နဲ့  ကူညီခဲ့တာမို့ ဒီဆုကို ရတယ်လို့ထင်ပါတယ် ။
(ကျေးဇူးတင်ပါတယ်   အခုမှ  ဆုရမှန်းသိတာ  ဘယ်သူမှ ကြိုမပြောထားတော့မသိဘူးဗျ  အရမ်းဝမ်းသာပါတယ်  ပြီးခဲ့ရက်ပိုင်းလေးကပဲ  စာရေးမိတဲ့  ကျနော့်ကိုယ် ကျနော်  အားမရသလိုလို  စိတ်မကောင်းစရာ  ကိစ္စလေးတစ်ခု ကြုံတွေ့ခဲ့ရတာမို့ တော်တော်ကို စိတ်မကောင်းဖြစ်နေမိခဲ့တာ ခုတော့  ကျနော့်အတွက် ဖြေသိမ့်နိုင်စရာလေး ရလိုက်ပါပြီ  အောင်မြင်ကျော်ကြားမှု  နာမည်ကြီးမှုတွေထပ်  ကိုယ်တန်ဖိုးထားတဲ့ စာပေလေးကို  အသိမှတ်ပြုမှုလေးတစ်ခု  ရလိုက်တာနဲ့တင်  ကျနော် ကျေနပ်လှပါပြီး  ကျနော့်စာလေးတွေအသိမှတ်ပြုဖော်ပြပေးတဲ့  ဒီအဖွဲ့လေးမှာ ကျနော်စာတွေဆက်ရေးနိုင်အောင်ကြိုးစားပါ့မယ်  ကျေးဇူးတင်ပါတယ်ခင်ဗျား  )
(လက်ခုပ်သံများ) 
ဒီဆုကို ဂျာနယ်အကြံပေး အဖွဲ့ဝင်  ဘုန်းဘုန်းက  ချီးမြင့်ပေးပါတယ် ။ 
( ဒီဆုကလေးကို  အမေ နဲ့ အဘက  စာလုံးလေးတွေသေးလို့ မျက်လုံးကလည်းမကောင်းကြတာမို့  ဂရုတစိုက်ဖတ်ကြပြီး ကောင်းတယ် ကောင်းတယ် ချိတ်ထားရမယ် တဲ့း) ကျနော်က ဆုမှမရဖူးတာ အမေ နဲ့  အဘလည်း ပျော်ကြဖြစ်မယ် ဂျာနယ်မှာရေးဖြစ်တဲ့ ရွာအကြောင်း  အမေ့အကြောင်းလေးတွေ အမေ နဲ့ အဘ လည်း ဒီရောက်တော့ဖတ်ဖြစ်တယ် )
ပြီးတော့  ဆရာမ တစ်ယောက်  လာနှုတ်ဆက်တယ်  ဂျာနယ်မှာ မောင်မျိုး စာတွေဖတ်ဖြစ်တယ်  ကောင်းတယ်   မောင်မျိုးစာက သုတလေးတွေမို့  စောင့်ဖတ်တယ် အမြဲ   အသက်ကြီးကြီး   ၃၀ ကျော် ထင်နေတာ ငယ်ငယ်ပဲရှိသေးတာပဲ   တဲ့ ကိုယ်မသိတဲ့ စာဖတ်သူတစ်ယောက်က  အားပေးတာမို့  ၀မ်းသာမိတယ် ။ အခမ်းနားအစအဆုံးအောင်အောင်မြင်မြင်နဲ့  ပြီးးခဲ့တယ်  ၀မ်းသာစရာပါပဲ  အမှတ်တရတွေ အများကြီးရလိုက်တယ်လို့ခံစားလိုက်၇တယ်  အယ်ဒီတာ့ ကိုတော့  မီဒီယာတွေက တော်တော်များများ ဗျူးသွားလေရဲ့း) 
ရိုးသားမှုတစ်ခုနဲ့  စာပေလုပ်အား  ပြုခွင့်ရပါစေလို့ ဆန္ဒပြုလျှက် ။
13 comments:
  1. congratulationssss
    အမှတ်တရ စကားပြောရင်း ဟိုက ယား၊ ဒီက ယားနဲ့ နေရခက်နေတဲ့ မောင်မျိုးပုံကို မြင်ယောင်နေမိတယ်။ :))
    မောင်မျိုးရဲ့ စာပေလုပ်အားဆု က စေတနာရဲ့ ရောင်ပြန် အကျိုးသက်ရောက်မှုပဲ နော် ...
    ရှေ့ဆက်ပြီးလဲ စာပေကောင်းကျိုးအတွက် အများကြီး သယ်ပိုးစွမ်းဆောင်နိုင်ပါစေ ... ။
    ReplyDelete
  2. congratulation mg myo
    ReplyDelete
  3. မောင်မျိုး ကွး)))
    ဗီဒီယိုလေးရိုက်ပီး နင့်အဘနဲ့ အမေကို ပြရမှာ .. :D
    ReplyDelete
  4. စာပေလုပ်အားဆုအတွက် ဂုဏ်ယူပါတယ် မောင်မျိုးရေ။ ဂျာနယ်လေးဖိုးသက်ရှည်ရဲ့ အတွေ့အကြုံလေးတွေ ဖတ်ချင်သေးတယ်။ ဒီထက်အဆပေါင်းများစွာ ရေးသားဖြန့်ဝေနိုင်ပါစေနော်။ စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  5. ဂုဏ်ယူမိပါတယ် အကို... ထပ်တူထပ်မျှလည်း ပျော်ရွှင်မိတယ်... အစ်ကို့ရဲ့ ရိုးသားမှု့ထင်ဟပ်နေတဲ့ စကားလုံးတိုင်းကို အရမ်းသဘောကျမိတယ်။ Congratulation!
    ReplyDelete
  6. Congratulations ပါညီရေ...၊
    ဝမ်းသာဂုဏ်ယူမိပါတယ်...၊
    စာတစ်ပုဒ်၊ တစ်ပုဒ်ရေးဖို့ ခက်ခဲတတ်တာ ကိုယ်တွေ့မို့ အခုလို စာမူတွေ အများကြီးရေးပြီး ပုံမှန်ပါဝင်တဲ့ ညီက ဒီဆုနဲ့ တကယ်ပဲ ထိုက်တန်ပါတယ်၊ ဆုပေါ်မှာ ရေးထားတဲ့ စာကြောင်းလေးတွေကလည်း ရှေ့ဆက်ဖို့ ခွန်အားဖြစ်စေမှာ အသေအချာပါပဲ...။ ညီ့အတွက် တကယ့်ကို ဝမ်းသာမိပါတယ်ဗျာ...။
    ReplyDelete
  7. ၀ါသနာပါတဲ့စာပေတွေဆက်ရေးရင်း... ဆုတွေထပ်ရပါစေဗျား
    ReplyDelete
  8. ဂုဏ်ယူပါတယ်ညီ... ကိုယ့်ကိုယ်ကို အမျာကြီး လုပ်မပေးနိုင်ဘူး ဆိုပြီး အားငယ်မနေနဲ့ ခုလောက်လုပ်နိုင်တာကိုက လူအများကြီးထက် သာနေပြီ... ညီ့လောက် စာပေအကျိုးကို မသယ်ပိုးပေးနိုင်တဲ့ လူတွေ အများကြီးပါ... ဒီဆုလေးက ညီ့ရဲ့ စာပေအကျိုးသယ်ပိုးချင်စိတ်ကို တွန်းအားပေးနေမှာပါ...
    ReplyDelete
  9. ဂုဏ်ယူပါတယ်...
    ရိုးသားမှုတစ်ခုနဲ့ စာပေလုပ်အား ပြုခွင့်ရချင်တဲ့ဆန္ဒ ပြည့်ဝပါစေ..
    ReplyDelete
  10. ပထမဆုံးရတဲ့ဆုက စာပေနဲ့ ပတ်သက်တဲ့ဆုဖြစ်တာ ဘယ်လောက်ဂုဏ်ယူစရာ ကောင်းလဲ မောင်မျိုးရေ
    ReplyDelete
  11. wow ... Congratulation Mg Myo ... So happy to read your post. Please be continue writing. (Sorry for no MM font)
    ReplyDelete
  12. cet article sacs de répliques en Chine Cliquez sur ce lien dolabuy gucci passez sur ce site Web dolabuy.ru
    ReplyDelete