Sunday, October 9, 2011

အမေ့အိမ်သို့အပြန်

အမေ့အိမ်ကို အစီအစဉ်မရှိပါပဲ ဗြုန်းစားကြီး ပြန်သွားခဲ့တယ် အမေနေမကောင်းဘူးတဲ့ တကယ်ပဲစိတ်ပူပါတယ် အမေက အိုပြီလို့ပြောရမလား ဘ၀ရဲ့ ကြမ်းတမ်းမှုတွေကို ဖြတ်သန်းခဲ့ရတာတွေများတော့ ဒီနှစ်တွေအတွင်း မကြာမကြာ ကျန်းမာရေးချို့ပါတယ် ။ အဝေးရောက်နေတဲ့ ကျနော့်အတွက်တော့ အမြဲတမ်း အမေ့ကိုစိတ်ပူနေရတာပေါ့ ။ လူကြုံက သတင်းပြောတည်းက လူက နေမရတော့ဘူး အမေ့ဆီကို ချက်ချင်းပဲ ပြေးသွားချင်စိတ်ပေါက်မိပါတယ် ပြီးတော့ အမေတစ်ခုခုဖြစ်မှာ သိပ်စိုးရိမ်ပါတယ် ကျနော့်ကိုတွေ့ရင် အမေများ အားတက်သွားမလားလို့ အတွေးလည်းဝင်မိတယ် ဘာကြောင့်ဆို အမေက အနီးမှာရှိနေတဲ့ သမီးတွေထပ် အဝေးက သားတွေကို ပိုချစ်တတ်တာ ကျနော်သိလို့ပါ ။ အမေနေမကောင်းကြောင်း အစ်ကို့ဆီဖုန်းဆက်တော့ အစ်ကိုကလည်းပြန်မယ်ဆိုတာနဲ့ ညီကိုနှစ်ယောက် အမေ့အိမ် အရောက်ပြန်ခဲ့ကြတာပေါ့ ။
အာရုံကြော ယောင်တဲ့ရောဂါ တဲ့ ကျနော်လည်းရောက်တုန်းလေး မြို့မှာ ဆေးခန်းကြီးကြီးလည်းမရှိတာနဲ့ ကျနော် အမေ့ကို ပဲခူးက ဆေးခန်းကြီးကို သွားပို့ပေးဖြစ်တယ် ဒါက အမေ့ရဲ့ ဆေးစာအုပ်လေးပါ ။


ရောက်တုန်းလေး ၀ါဝင်တုန်းကလည်း အဆင်မပြေတော့ အမေ့အတွက် ၀ါဆိုသင်္ကန်လေးလည်း မကပ်ပေးလိုက်ရဘူး အခုတော့ အမေက အကုန်ကျတွေများပါတယ် မလုပ်ပါနဲ့တားပေမယ့် ရောက်တုန်းလေးဆိုတော့ အမေ့ကို အလှူကလေးလည်းပေးလုပ်စေချင်တယ် အကြီးကျယ်ကြီးတော့မဟုတ်ပါဘူး ရွာမှာပဲ ၀ါဆိုသင်္ကန်ကပ်ပြီး ရွာထဲကသူတွေနဲ့ ဆွေမျိုးနီးစပ်တွေ နည်းနည်းပါးပါး ပါ ။ ဒီပုံကတော့ အဘ ၊ အမေ ၊ အစ်ကိုငယ်နဲ့ ကျနော် ဆရာတော်ကို မုန့်ဟင်းခါးဆွမ်းကပ်တာပါ ။




ကျနော်တို့ရဲ့ အဖိုးလေး နဲ့ ရွာကလူကြီးပိုင်းတွေပါ ။
ဖွားလေး နဲ့ အကြီးတွေ အဒေါ်လေးတွေ ။



ရွာက ဧည့်သည်တွေ ။

ရွာက ကာလသားပေါက်စလေးတွေ အိမ်က ကျဉ်းတော့ အပေါ်မှာ မဆန့်လို့ အောက်မှာ ဒီလိုပဲစားကြရတယ် ဒါကတော့ ရွာဓလေ့လေးပါပဲ ။

ခလေးတွေလည်း တူတူပဲ ပေတလူးလေးတွေ ငန်တယ်လည်းမပြောဘူး ပေါ့တယ်လည်းမပြောဘူး စိတ်ချမ်းသာဖို့ကောင်းတယ် လှူရတား)




အမေ့ နားရောက်တုန်း အမေ့မြေး လူဆိုးလေးတစ်ကောင်ရဲ့ အကိုက်ခံရ ဆံပင်ဆွဲခံရပေမယ့်လည်း ကျနော်ကတော့ အမေးနား ပူးပူးကပ်ကပ်နဲ့ အနာခံပြီးနေခဲ့တာပဲ ကျနော့်ပုံတွေအားနာလို့ မတင်တော့ဘူးလို့ တွေးထားပေမယ့်လည်း ကျနော့်ရဲ့ ပို့စ်တွေထဲမှာ ရင်းနှီးနေကြတဲ့ ကျနော့်ရဲ့ အမေ နဲ့ အမှတ်တရ ပုံလေးပဲ အားလုံးရင်းနှီးနေကြတဲ့ အမေပြုံး နဲ့ သူ့ရဲ့ သား ကျနော်ပါး)

အမေ နေကောင်းသက်သာပြီမို့ ကျနော် မနေ့က ပြန်ရောက်ပါတယ် အမေ့ကို အထပ်ထပ်မှာ အမေက အထပ်ထပ်မှာနဲ့ ကျနော့်ရဲ့ အိမ်ပြန်ခရီးလေး ပျော်ရွှင်ခဲ့ရတာကို ကြည်နူးမိပါတယ် ။ ပြောပြစရာတွေ အများကြီးပါလာခဲ့တယ် ပြောချင်တာတွေ များလွန်းလို့ ဘယ်က စပြောရမှန်းတောင်မသိတော့ဘူး အမေ့သတင်းမေးကြ ဆုတောင်ပေးကြတဲ့ ဖေ့ဘွတ်က သူငယ်ချင်းတွေ အားလုံးကိုလည်း ကျေးဇူး အများကြီးတင်ပါတယ်ခင်ဗျာ ။ရွာက ပုံတွေတင်ပါအုံးမယ် အားလုံးကို ကျေးဇူးတင်လျှက် လှူခဲ့ရတဲ့အလှူအတွက် သူငယ်ချင်းတွေ အားလုံးကိုလည်း ကုသိုလ်တွေ ဝေမျှပါတယ်ခင်ဗျာ ။

32 comments:

  1. အစ်ကို့မေမေနေကောင်းကျန်းမာသွားတာသိရလို့ အရမ်းဝမ်းသာတယ်။

    အမေ့နောက်မှ ခါးကိုဖက်ထားတာ ကလေးလေးကျနေတာပဲ။

း)

    ပူပန်ခြင်းကင်းစွာ အမြဲထာဝရ ပျော်ရွှင်ပါစေ အစ်ကိုမောင်မျိုး

    ခင်မင်စွာဖြင့်
    ရတနာ

    ReplyDelete
  2. အလှူအကြောင်းဖတ်ရတာ အရမ်းဝမ်းမြောက်မိတယ် သာဓု သုံးကြိမ်ခေါ်ရင်း ကုသိုဟ်ပါယူသွားပါတယ်။ အမေနေကောင်းတာသိရလို့လဲ ဝမ်းသာမိပါတယ်မောင်မျိုးရေ။
    Mon Petit Avatar

    ReplyDelete
  3. အမေနေကောင်းတာ သိရ မြင်ရလို့  ဝမ်းသာတယ်
    အလှူလေးကို တွေ့ ရလို့  ကြည်နူးတယ်
    ဒီပိုစ့်လေးဖတ်ရတာ စိတ်ချမ်းသာတယ်...
    နောက်ပြီးတော့ အဲဒီမှာ ကျွေးနေတဲ့ မုန့် ဟင်းခါး စားချင်သွားတယ်...

    ReplyDelete
  4. အမေ .. အမြဲနေကောင်းပါစေ...

    ReplyDelete
  5. ဒီပိုစ့်လေးဖတ်ရတာ စိတ်ချမ်းသာတယ်...
    နောက်ပြီးတော့ အဲဒီမှာ ကျွေးနေတဲ့ မုန့် ဟင်းခါး စားချင်သွားတယ်... (me too)

    ReplyDelete
  6. အရမ်းကို ကြည်နူးစရာကောင်းတဲ့ မြင်ကွင်းလေးပါခင်ဗျာ။ ကိုမျိုးအမေ နေကောင်းပါစေလို့ ဆုတောင်းပေးပါတယ် ခင်ဗျာ။

    ခင်မင်စွာဖြင့်
    AH

    ReplyDelete
  7. အင်္ဂါဟူးOctober 9, 2011 at 11:07 PM

    ကြည်နူးဝမ်းသာ ပီတိ ထပ်တူကျမိပါ၏။

    အမေ့ကို ဂုစိုက်တာ လေးစားဒယ် မောင်မျိုး..

    ကုသိုလ်ကောင်းမှု အစုစုနဲ့ အမျှ ပေးတဲ့အတွက် ၀င်းသာပီတိဖြစ်မိပါသည် (မျက်ရည်များပင် တစ်ကယ်ကြီးဝဲတာ)

    သာဓု သာဓု သာဓုပါ။

    ReplyDelete
  8. အမေကိုဖက်ထားတာ ကလေးလေးကျနေတာဘဲ
    မောင်မျိုးနဲ့မောင်မျိုးအမေပုံလေးကို
    ကြည့်ပြီးကျမပါ အပျော်တွေကူးစက်လာသလိုဘဲ
    မုန့်ဟင်းခါးစားနေတဲ့ကလေးလေးတွေ
    ကြည့်ရတာလဲအားရစရာကြီး..
    မောင်မျိုးရဲ့အလှုကိုသာဓုပါခေါ်ပါတယ်ရှင်..

    ခင်တဲ့အမ blackroze

    ReplyDelete
  9. စိတ်ချမ်းသာဖွယ် အလှူလေးပဲ။ ဝါးတီးဆွဲနေကြတာ သားရေတောင်ကျလာပြီ။ နောက်လည်း ဒီထက်မက လှူနိုင်ပါစေဗျာ။ မောင်မျိုး အဘနဲ့ အမေလည်း ကျန်းမာပျော်ရွှင်ပါစေနော်။ ဓာတ်ပုံလေးတွေ ကြည့်ရတာ စိတ်ချမ်းသာတယ်။တကယ် .....

    ReplyDelete
  10. ပြန်ရောက်ပြီပေါ့
    ဆွမ်းကျွေးနေတဲ့ပုံတွေကြည့်ရတာ တကယ်ကို ပကာသနမပါဘဲ ရပ်ရွာဓလေ့ရဲ့ ရိုးသားတဲ့အရိပ်အငွေ့တွေဘဲ တွေ့ရတယ်
    ကြည့်ရတာ စိတ်ချမ်းသာဖို့ကောင်းတယ်
    မောင်မျိုးအမေ ကျန်းကျန်းမာမာ သက်တော်ရာကျော်ရှည်နိုင်ပါစေလို့ ဆုတောင်းပေးချင်ပါတယ်။

    ReplyDelete
  11. ဒီပို့စ်လေးကို ဖတ်ပြီး ပီတိဖြစ်လိုက်တာ မောင်မျိုးရေ ... ။
    ဓာတ်ပုံတွေကို သဘောကျလွန်းလို့ ပုံကြီးချဲ့ပြီး ကြည့်နေတာ။ မုန့်ဟင်းခါးလေးက ကောင်းမယ့်ပုံပဲ။ စားချင်လိုက်တာနော်။ နောက်တခါ အလှူလုပ်ရင် ဆြာလေးကိုပါ ဖိတ်ပါကွယ် :P

    တိုက်ပုံနဲ့က အဖိုးလေးလား။ ဘေးနားက ဦးလေးကြီးတယောက်က လိုက်ပွဲတောင် ထပ်ထည့်နေတာဆိုတော့ မုန့်ဟင်းခါး တော်တော် ကောင်းလို့ ဖြစ်မယ်။ နောက်ဘက်က စင်ပေါ်မှာ ငါးဆင့်ချိုင့်ကြီးတွေ တင်ထားတာ မြင်တယ်။ အလှူက အပြန်ကျရင် အိမ်ပါသယ်လို့ ရမှာပေါ့နော်။ :))

    ဖွားလေးတို့ဝိုင်းနဲ့ ရွာက ဧည့်သည်တွေဝိုင်းကလဲ အားရပါးရ စားနေကြတာပဲ။ မမြင်ရတာ ကြာတဲ့ ဘီးဆံပတ်တွေ ဆံထုံးလေးတွေရယ် တဘက်လေးတွေ ပတ်ထားကြတာရယ်က တကယ့် မြန်မာ့ကျေးလက် ဆန်တဲ့ မြင်ကွင်းကလေးပဲ။

    ကာလသားတို့ ၀ိုင်းကလဲ မိုက်တယ်။ ငုတ်တုတ်ထိုင်ပြီး အပြတ်အားပေးနေကြတာ။ အသက်မပြည့်သေးတဲ့ ကာလသားပိစိကလေးကလဲ ပါသေး။ :)

    ကလေးတွေဝိုင်းက ကလေးလေးတွေ မျက်နှာမှာ သနပ်ခါး ပါးကွက်ကျားလေးတွေနဲ့ မြင်ရတာ ချစ်ဖို့ကောင်းလိုက်တာ။ ကလေးတွေလဲ စားနိုင်ကြသား။ ပန်းကန်ထဲမှာ ကုန်ခါတောင်နီးနေပြီ။ ပျော်စရာကြီး။

    နောက်ဆုံးပုံကိုကြည့်ပြီးတော့ မနာလိုဘူးဟေ့ ...
    သူ့အမေကို ကပ်ချွဲနေတဲ့ ဖိုးချွဲကလေး။ ပဲကလဲ များလိုက်တာ ၀င်းဦးပြုံးသလို မခို့တရို့ ငါးခူအပြုံးလေးနဲ့ ... :))

    အဲ .. ဓာတ်ပုံတွေကြည့်ပြီး မေ့တော့မလို့ ... အလှူအတွက် သာဓု သာဓု သာဓု ပါ မောင်မျိုးရေ ... ။ ကုသိုလ်တွေဝေမျှတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်လဲ ဒီထက်လှူနိုင်တန်းနိုင်ပါစေ။

    ReplyDelete
  12. ညီ အခုတလော ပျောက်နေလို့ ရွာပဲ ပြန်သလားလို့ တွေးနေမိသေး တယ်ဗျ၊ အမေ နေမကောင်းဘူး ဆိုတာတော့ မသိလိုက်ဘူး၊ အခု ပြန်ပြီး ကျန်းမာလာပြီ ကြားရလို့ ဝမ်းသာတယ်ဗျာ၊ တကယ်ပါ၊ မိဘတွေအတွက် အဝေးရောက် သားသမီးတွေက ဘယ်လို စိတ်ပူရတယ်ဆိုတာ ကိုယ်ချင်းစာပါတယ်၊ ပကာသန မပါဘဲ မုန့်ဟင်းခါး အပြတ်အားပေး နေကြတဲ့ ပုံတွေကို သဘောကျတယ်၊ ရင်းရင်းနှီးနှီး ဟန်ဆောင်ခြင်းတွေ မပါဘဲနဲ့..၊ ဓါတ်ပုံ တစ်ပုံချင်းစီ ကြည့်ပြီး မှတ်ချက်ပေးသွားတဲ့ မမေလိုပဲ ကျနော် ပြောချင်တာလည်း တထပ်တည်းပါပဲ၊ နောက်ဆုံးက အမေနဲ့သား ပုံကတော့ အမိုက်ဆုံးပဲ...။း)

    ReplyDelete
  13. ကိုကိုမောင်(ပန်းရနံ့)October 10, 2011 at 6:31 AM

    မောင်မျိုးက သားလိမ်မာလေးဘဲ။ အမေဆိုတာ သားသမီးကို မြင်ရရင် ရောဂါတစ်ဝက်အလိုလို ပျောက်ပြီးသား။ ဆေးခန်းကိုပါ လိုက်ပို့ပေးတယ်ဆိုတော့ ရှိတဲ့ ရောဂါတွေ အကုန်ပျောက်ပြီပေါ့။

    လှူပွဲ ဧည့်ခံပွဲတွေ ကြည့်ရတာ သဘာဝအတိုင်းဘဲ။ ပျော်ဖို့ကောင်းတယ်။

    ဒါပေမဲ့ မောင်မျိုးအမေကို ဖက်ထားသလို ကျနော်ကတော့ အမေကို မဖက်ဖူးဘူး။ အမေ့အသားထိဖူးတာတောင် အမေဆုံးခါနီးလေးမှ နဖူးလေးစမ်းကြည့်ပြီး ထိဖူးတာ။ အခုလို သားအမိပုံကို မြင်တွေ့ရတာ စိတ်ထဲ အတော်လေး ကြည်နူးမိတယ်။

    ပျော်ရွှင်နိုင်ပါစေ။

    ခင်မင်လျှက်

    ReplyDelete
  14. ဒီလိုရွာဓလေ့လေးတွေမြင်ရတာ ရင်ထဲအေးချမ်းလိုက်တာ... မောင်မျိုးအမေကျန်းမာပါစေလို့ဆုတောင်းပေးပါတယ်... သားအမိနှစ်ယောက်ပုံလေးက ကြည်နူးစရာ

    ReplyDelete
  15. သာဓု သာဓု သာဓု ပါဗျာ။
    မိသားစုတွေ ပျော်ရွှင်စွာ မြန်မြန်ဆုံစည်းနိုင်ပါစေ။

    ReplyDelete
  16. မိဘသိတတ်တဲ.မောင်လေးရေ

    ရွာမှာအလှူလုပ်တာ အရမ်းကောင်းတာဘဲ စားနေတာ
    အားရပါးရရှိလိုက်တာ၊ ဓါတ်ပုံတွေကြည်.ပြီး အမလည်း
    စားချင်လိုက်တာ။ မောင်လေးအမေ ကျန်းမာပါစေလို.
    ဆုတောင်းပေးပါတယ်။

    ReplyDelete
  17. ငမျိုး . . မိဘရိပ်ဆိုတာ အကိုတို့အတွက် အရမ်းအေးမြ အမြဲတောင့်နေရတဲ့ မေတ္တာရိပ်မြုံလေးပါ . . . ငါညီ ကိုယ့်မာတာမိခင်နဲ့ အေးချမ်းတဲ့ ပုံရိပ်လေးမြင်တော့ . . . အကို အမေ့ကိုပိုပြီး သတိရမိပါတယ် . . . .း)

    ပျော်ရွှင်ပါစေ ညီလေးရေ

    ခင်မင်တဲ့
    ကိုဗညား

    ReplyDelete
  18. အမေ ကျန်းမာလို့ ၀မ်းသာတယ် မောင်မျိုး..
    မုန့်ဟင်းခါး စားချင်လိုက်တာ..
    ဓတ်ပုံအချို့ နှစ်သက်လို့ သိမ်းထားပါရစေ..
    ဝေမျှတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်..

    အဲ့ထဲမှာ အေးကြည်မ များ ပါလေမလား.. :))
    မထင်ဘူးနော်..

    ReplyDelete
  19. နွေးနေခြည်October 10, 2011 at 12:18 PM

    အမေ နေကောင်းတာမြင်ရလို့ ဝမ်းသာပါတယ်။ အလှူ၊ ရွာနဲ့ မိသားစုတွေက ဝမ်းသာကြည်နူးစရာလေးတွေ..

    ReplyDelete
  20. စစချင်းဖတ်တော့ ငိုချင်ချင်ဖြစ်သွားတယ် .. ဖတ်ရင်းနဲ့ အပျော်တွေ ကူးသွားပြန်ရော .. ခုလို နေကောင်းပြီကြားလို့ ၀မ်းသာတယ်ဟေ့ ..း)
    နင်ပြန်သွားတော့ နင့်အမေပျော်နေမှာပဲ .. ဖြစ်နိုင်ရင် မကြာမကြာ ပြန်ပေးဟာ .. အဖေနဲ့ပုံကျ မတင်ဘူး ..း) ပုံတွေတင်ဦး စိတ်ချမ်းသာလို့ .. :D

    ReplyDelete
  21. ကိုမျိုးရေ
    မိဘ နှစ်ပါးလုံး နေကောင်း၊ ကျမ္မာပါစေလို့  စုတောင်းပေးလိုက်ပါတယ်။
    အလှူလုတ်ပေးတာ အကောင်းဆုံးပဲ။
    သာဓု၊ သာဓု ၊ သာဓု ပါရှင်
    အမတွေလည်း မပါဘူး။ မောင်နှမပုံတွေ ရော ရိုက်မလာဘူးလား?
    ကျန်တာတွေက သူများတွေ ပြောသွားဘီ :D

    ReplyDelete
  22. သြော် ကြည်နူးစရာမြင်ကွင်းလေးတွေ မြင်တော့ အိမ်ကိုတောင် လွမ်းသွားတယ်....:):)

    ReplyDelete
  23. သြော်.ကိုကြီးမျိုးပျောက်လှချည်လားလို့..မတွေ.တာကြာပြီ။ အိမ်ပြန်သွားတာကိုး..နေမကောင်းတဲ့အမေ့ကိုပြုစုခွင့်ရလိုက်တာ အကောင်းဆုံးပါပဲ အကိုရယ်။ အမေနေကောင်းပြီလို့ကြားရတာလဲ ၀မ်းသာမိပါတယ်။း)

    ကြယ်စင်အလင်း

    ReplyDelete
  24. အမေတွေက သားတွေကို ပိုချစ်တတ်တယ်...
    အမေအတွက် စိုးရိမ်ပြီး ပြန်သွားတာလား...
    ဒါကြောင့် ဒီတလော ပျောက်နေတာကိုး...
    သားလိမ္မာလေး မောင်မျိုးပြန်သွားတော့ အမေဖြစ်သူ ရောဂါတဝက် သက်သာသွားမယ်ထင်တယ်...

    ReplyDelete
  25. ဟန်ကြည်October 10, 2011 at 9:04 PM

    သာဓုပါ မောင်မျိုးရေ...
    ဆရာလည်း အမေ့ကို ပြန်သတိရသွားတယ်...ညီမ ဆရာဝန်က အမေ့အနားမှာရှိနေလို့ ကျန်းမာရေးကိုတော့ စိတ်မပူရပေမယ့် မောင်မျိုးက ကိုယ့်အမေကို ဖက်ထားတာမြင်ရတော့ တစ်ခါမှ အမေနဲ့ဖက်လဲတကင်းမနေဖြစ်ခဲ့တဲ့ ကိုယ့်ကိုယ်ကို အားမလိုအားမရ ဖြစ်လာလို့ပါ....

    ReplyDelete
  26. စာဖတ်ပြီးကြည်နူးမိပါတယ်။

    ReplyDelete
  27. သာဓု၊ သာဓု၊ သာဓု ပါခင်ဗျာ အစ်ကိုမောင်မျိုး အမေ အမြဲကျန်းမာပျော်ရွှင်ပါစေလို့ ညီငယ် 8Yar ဆုမွန်ပြုပါတယ်။ ရွာကပြန်လာပြီဆိုတော့မုန့်လေး ဘာလေးပါလာဘူးလားဗျာ။ :P

    ReplyDelete
  28. မောင်မျိုးက အမေတူလေးပဲ...း)).. ဖတ်ရင်းနဲ့ တကယ်ကို စိတ်ထဲက လှိုက်လှိုက်လှဲလှဲ ကြည်နူးမိပါရဲ့..း))

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  29. ဖတ်ရတာ ကြည်ကြည်နူးနူးနဲ့ အိမ်နဲ့ အမေ့ကို သတိရမိပြီး လှိုက်ခနဲတောင် ဖြစ်မိတယ်။

    အစစအရာရာ အဆင်ပြေပါစေ ညီ။

    ReplyDelete
  30. visit the website best replica designer imp source Click Here Click This Link go now

    ReplyDelete