Monday, September 12, 2011

ဘလော့ဂါ ဆိုတာ ???

ကိုယ့်လမ်း ကိုယ်ဖေါက်
ကိုယ်တိုင်လျှောက်တဲ့လမ်းပေါ်
တစ်ခါတလေ စိတ်ပျက်အားငယ်ဖူးပေမယ့်
အပြုံးမပျက် ဆက်လျှောက်နေတာ “ဘလော့ဂါ”

ဒီနေ့တော့ သိန်းသုံးရာထီပေါက်သလို ပြုံးပျော်နေတဲ့ရုပ်နဲ့
နက်ဖန်ကျတော့ ကိုယ့်မယား သူများနောက်လိုက်သွားသလို
ဗြုန်းစားကြီး ၀မ်းနည်းပက်လက်ပုံဖြစ်သွားအောင်ရေးတတ်ကြတာ အဲ့တာ “ဘလော့ဂါ”

ရေချိုးခန်းထဲ ချက်ကျလို့
ဖွင့်လို့လည်းမရ ချွေးပြန်နေလည်း
ပို့စ်ရေးဖို့တွေးနေတတ်တာ “ဘလော့ဂါ ”

တစ်ယောက်နဲ့တစ်ယောက်
မမြင်ဖူးမဆုံဖူးပေမယ့် တကယ့် ညီအစ်ကိုမောင်နှမလို ကြင်နာကြ
လက်တွဲဖေးမတတ်ကြတာ “ဘလော့ဂါ”

ဖော်လည်းဖော်ချင်တယ် ပေါ်မှာလည်း ကြောက်တာ အဲ့တာ “ဘလော့ဂါ ”

ကိုယ့်ထမင်း ကိုယ်စား သူများစောင်းတာချိတ်တာ ခံရတာ “ဘလော့ဂါ”

ကြမ်ပိုးကိုလိပ်ဖြစ်အောင်ရေး
အနုအရွ အပုကွတွေနဲ့ တကယ်ပဲ အနုမင်းသားစတိုင်ဖမ်းတာ “ဘလော့ဂါ ”

တစ်နေ့တစ်နေ့သက်မဲ့ စာမျက်နှာကြီးကိုဖွင့်
ရယ်လိုက် ပြုံးလိုက် နဲ့ အဖော်မဲ့တယ်လို့ မခံစားရတာလည်း “ဘလော့ဂါ ”

ကိုယ်ရေးတဲ့စာ သူတစ်ပါးစိတ်ညစ်သွားမှာ သေလောက်အောင်ကြောက်မိတာ “ဘလော့ဂါ ”

တစ်ခါတခါ ဆရာကြီးစတိုင်လ် ဖမ်းပြီး
တစ်ခါတခါ ဘာမှမသိတဲ့ ငထူလိုပုံဖမ်းတတ်တာ “ဘလော့ဂါ ”

၂ ရက်တစ်ပုဒ်လောက်တက်နေတဲ့ ဘလော့တွေကြည့်ပြီး
မျက်နှာငယ်ရှာတဲ့ ကိုယ့်ဘလော့လေးကိုကြည့်လို့
ခေတ်ကြီးနဲ့ အဆက်သွယ်ပြတ်သွားသလို ခံစားရတာ “ဘလော့ဂါ ”

Virtual World မှာ Real Feelings တွေ ဖြစ်နေပေမယ့်
ကျေကျေနပ်နပ်ကြီး ပျော်ရွှင်နေတတ်တာ “ဘလော့ဂါ ”

ဟုတ်ကဲ့ ....
ကျနော် “ဘလော့ဂါ” မောင်မျိုး ပါ ။



နတ်ဆိုးလေး တဂ်လို့ရေးပါတယ် ဘလော့ဂါဆိုတာ ဘာလဲ ခေါင်းစဉ်ကြီးက ကြီးလေတော့ ကိုယ့်အကြောင်း ကိုယ့်ဖီလင်ပဲရေးလိုက်ပါတယ်း) တဂ်တဲ့အတွက်ကျေးဇူး နတ်ဆိုးရေ ။





35 comments:

  1. အမှန်တွေကို ဇာတ်လမ်းဆင် ရေးတတ်တာလဲ ဘလော့ဂါ...း)

    အမှန်တွေချည်းပါလားလို့.. မောင်မျိုးး)

    ReplyDelete
  2. အားပါး ထူးထူးခြားခြား မနိုင်းဆီက မှတ်ချက်ရနေတယ်ဗျို့း)) ကျေးဇူး အစ်မ ဟုတ်တယ် ကိုယ့်အဖြစ်ကိုလည်း ဇတ်လမ်းဆင်ရေးတတ်သေးတာ ဘလော့ဂါ :P

    ReplyDelete
  3. ငါ့ညီလုပ်မှဘဲ ဘလော့ဂါဆိုတာဘာလဲသိတော့တယ် ...
    ဖတ်တော့ဖတ်နေတာဘဲ နားမလည်တာတွေများတယ်...

    ReplyDelete
  4. Virtual World မှာ Real Feelings တွေ ဖြစ်နေပေမယ့်
    ကျေကျေနပ်နပ်ကြီး ပျော်ရွှင်နေတတ်တာ “ဘလော့ဂါ ”

    မှန်ပ ကိုမောင်မျိုးရေ

    ရွှေစင်ဦး

    ReplyDelete
  5. အဟားးး ဘလော့ဂါကို အဓိပ္ပါယ်ဖွင့်ဆိုခိုင်းတဲ့အထဲမှ မောင်မျိုးရဲ့ အရေးကတော့ အမိုက်ဆုံးပဲ...ခိုက်တယ်...။

    ReplyDelete
  6. ကိုယ်ထမင်း ကိုယ်စားပြီး
    ဂျီးတော်နွား ကျောင်းနေရတာ
    ဘလော့ဂါ...

    ReplyDelete
  7. ဖွင့်မရ ဂျက်ကျလည်း ပို့စ်ရေးဖို့ တွေးတာ

    ReplyDelete
  8. အနုအရွ အပုအကွတွေနဲ့ ဟဟဟဟ
    မိုက်တယ်ကွာ..း)

    ReplyDelete
  9. Virtual World မှာ Real Feelings တွေ ဖြစ်နေပေမယ့်
    ကျေကျေနပ်နပ်ကြီး ပျော်ရွှင်နေတတ်တာ “ဘလော့ဂါ ”

    ဟုတ်၏။

    ReplyDelete
  10. ကွန်နက်ရှင်မကောင်းလို့ ......
    စားမရ အိပ်မရ ဖြစ်ရတာလဲ ဘလော့ဂါ...။
    အလုပ်တွေပိလို့ အိမ်လည်မထွက်နိုင်...
    စိတ်တွေမှိုင်ကာ နေမထိထိုင်မထိ ဖြစ်ရတာလဲ ဘလော့ဂါ...။
    ....
    ....
    ( ရေးရင်တော့မဆုံးတော့ပါဘူး မောင်မျိုးရေ..)

    ReplyDelete
  11. ဖော်လည်းဖော်ချင်တယ် ပေါ်မှာလည်း ကြောက်တာ အဲ့တာ “ဘလော့ဂါ ” ဆိုပါလား။ ကိုမျိုးက အမှန်တွေချည်းပြောပြီး ဘလော့ဂါလို့ သတ်မှတ်သွားတာကိုး...

    ချမ်းမြေ့ပါစေ
    ချယ်ရီမြေ

    ReplyDelete
  12. အမှန်တွေ ဘာလို့ ပြောရတာလဲ ကိုမျိုးရဲ့ ခက်တော့ ခက်နေပါပြီ :P:P မှတ်ပြီလား..ဟင် ..အဲဒါ ဘလော့ဂါ.....တဲ့ ...:):)

    ReplyDelete
  13. မျှစ်ထွဋ်September 12, 2011 at 1:51 PM

    ၂ ရက်တစ်ပုဒ်လောက်တက်နေတဲ့ ဘလော့တွေကြည့်ပြီး
    မျက်နှာငယ်ရှာတဲ့ ကိုယ့်ဘလော့လေးကိုကြည့်လို့
    ခေတ်ကြီးနဲ့ အဆက်သွယ်ပြတ်သွားသလို ခံစားရတာ “ဘလော့ဂါ ”

    အဲဒါ ငါ..ငါမှငါ..ငါအစစ်ပဲဟေ့...

    ReplyDelete
  14. ခရီးထွက်ရင်တောင် ကိုယ့်ဘလော့လေးကို ထားခဲ့ရတာ စိတ်မချတာလည်း ဘလော်ဂါပါဘဲ။
    ရည်းစားထက်တောင် ဘလော့ကို ပိုချစ်တာလည်း ဘလော်ဂါဘဲထင်ပါရဲ့း)

    ReplyDelete
  15. ဟား... တယ်မှန်ပါလား၊ ရေးထားတဲ့ စာပိုဒ်တိုင်းက ကွက်တိပဲ ညီရေ့...၊ အတော်လေး သဘောကျ သွားတယ်..။း)

    ReplyDelete
  16. နေမကောင်းလို့ ဆေးရုံတက်နေရတောင်မှ တွေးတောနေမိတာလည်း ဘလော့ဂါပါပဲ။ မောင်မျိုးရေးတာလေးက အများနဲမတူ တစ်မူထူးပြီး ကောင်းနေပါရောလား။ ကျန်းမာပျော်ရွှင်ပါစေ မောင်မျိုးရေ။

    ReplyDelete
  17. ကြမ်ပိုးကိုလိပ်ဖြစ်အောင်ရေး
    အနုအရွ အပုကွတွေနဲ့ တကယ်ပဲ အနုမင်းသားစတိုင်ဖမ်းတာ “ဘလော့ဂါ ”

    တယ်ဆိုတဲ့စာပဲ....

    ကောင်းသဗျို့...
    ကျေးဇူး

    ReplyDelete
  18. ကြမ်ပိုးကိုလိပ်ဖြစ်အောင်ရေး
    အနုအရွ အပုကွတွေနဲ့ တကယ်ပဲ အနုမင်းသားစတိုင်ဖမ်းတာ “ဘလော့ဂါ ”

    တယ်ဆိုတဲ့စာပဲ....

    ကောင်းသဗျို့...
    ကျေးဇူး

    ReplyDelete
  19. ကြမ်ပိုးကိုလိပ်ဖြစ်အောင်ရေး
    အနုအရွ အပုကွတွေနဲ့ တကယ်ပဲ အနုမင်းသားစတိုင်ဖမ်းတာ “ဘလော့ဂါ ”

    တယ်ဆိုတဲ့စာပဲ....

    ကောင်းသဗျို့...
    ကျေးဇူး

    ReplyDelete
  20. ဆိုင်ဆိုင်မဆိုင်ဘကျောက်ဆိုတာထည့်ရေးလိုက်မှ
    အဲ့ဒါဘလော်ဂါ
    ကျန်ခဲ့လို့ ဖြည့်ပေးသွားတာမညိုညင်ရဘူးနော်

    ReplyDelete
  21. ကိုကိုမောင်(ပန်းရနံ့)September 12, 2011 at 4:41 PM

    ဒါလဲ ဟုတ်သားဘဲ။ တစ်ယောက်ဆီက တစ်မျိုးယူပြီး ဘလော့ဂါဖွင့်ဆိုချက်ပေါင်းချုပ် ထုတ်စားဦးမှထင်တယ်။း))

    ခင်မင်လျှက်

    ReplyDelete
  22. ကိုယ့်ရည်းစားသူများနဲ့ညားလည်း ပို့စ်တင်စရာရပြီဆိုပြီး
    ပျော်နေတာ ဘလော့ဂါ.....:P

    ReplyDelete
  23. ဘာပဲရေးရေး ပ၇ိသတ်တွေရဲ့ ကော်မန့်ကိုရရှိပြီး ၀မ်းသာပီတိဖြစ်ရတာလဲ ဘလော့ဂါပဲထင်တယ်။ ဖြည့်စွက်ကြည့်တာပါ ကိုကြီးမျိုး။း)

    ကြယ်စင်အလင်း

    ReplyDelete
  24. ဟန်ကြည်September 12, 2011 at 7:26 PM

    အလိုလေး တကယ့်အာဇာနည် ဘလော့ဂါက ကငြိမ်းနိုင်ဖြစ်နေပါရော့လား...သူ့အရင်းအနှီးထဲမှာ ရည်းစားပါ ပါသွားသကိုး...

    ReplyDelete
  25. ရေချိုးခန်းထဲ ချက်ကျလို့
    ဖွင့်လို့လည်းမရ ချွေးပြန်နေလည်း
    ပို့စ်ရေးဖို့တွေးနေတတ်တာ “ဘလော့ဂါ ”

    ဟား ဟား ဟား ဟား ဟုတ်တယ်အစ်ကိုမျိုးရေ။ ဘယ်လောက်ပဲ ဒုက္ခရောက်နေပါစေ။ Post ရေးဖို့စဉ်းစားနေမိတာ ဘလော့ကာပါခင်ဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေအစ်ကိုမောင်မျိုး ခင်ဗျာ။

    ReplyDelete
  26. :)
    the meaning of blogger!
    nice thinking.

    ReplyDelete
  27. ရည်းစားနဲ့ဝေးလို့လွမ်းနေရလည်း
    အလွမ်းတွေကိုဘလော့ပေါ်တင်တာ
    ဘလော့ဂါ...

    မောင်မျိုး နင်အမှန်တွေပြောနေတာပါလား..
    အကုန်လုံးကွက်တိတွေကြီးဘဲနော်

    ခင်တဲ့အမ Blackroze

    ReplyDelete
  28. ရီဒါကနေ ဖတ်ဖတ်ပြီး ကွန်မန့်တွေ ဝင်မပေးဖြစ်တာလဲ ဘလော့ဂါ.....

    အမြဲဖတ်ပါတယ် မောင်မျိုးရယ်.. ကွန်မန့်မချန်ရုံလေးပါ.. ဒါဟာလည်း ဘလော့ဂါး)

    ReplyDelete
  29. အမလေး မောင်မျိုးရဲ့ မင်းရေးတော့မှာပဲ ဘလော်ဂါ ဆိုတာ ဘာလဲ ငါသိသွားပီး . . သိသွားပြီးတာနဲ့ ငိုချင်း ချလိုက်ချင်တော့တယ်ကွယ်း))))

    ဗညား

    ReplyDelete
  30. ဈေးထဲက ကုလား ကန်စွန်းရောင်းတာ လဲ ဘလော်ဂါ :D

    ReplyDelete
  31. သေချာတာပေါ့ အတိအကျပဲ။ မောင်မျိုးတို့များ ရေးတတ်ချက်တော်... ကဗျာကို တပြုံးပြုံးနဲ့ ထပ်ကာထပ်ကာ ဖတ်မိသွားတယ်။
    အဲဒီကဗျာနဲ့ တထပ်တည်းကျတာ ဘလော့ဂါ...း))

    ReplyDelete
  32. ကဗျာလေးက မိုက်ချက်။ သူများတွေတင်သလို ၂ ရက် တစ်ပုဒ်လောက် မတင်နိုင်တာတော့ တူတူပဲ။း)


    ခင်တဲ့
    မေသိမ့်

    ReplyDelete
  33. ခဏခဏကို လာဖတ်နေမိတော့တာပါပဲ...

    ReplyDelete
  34. voici les résultats dolabuy.ru site utile Dolabuy Balenciaga pourquoi ne pas essayer cela www.dolabuy.ru

    ReplyDelete