Saturday, July 30, 2011

အစွဲ

အစွဲ ဒါကို လူတစ်ယောက်ရဲ့ ယုံကြည်မှုလို့ပြောမလား ဒါမှမဟုတ် ကြီးပြင်းခဲ့ရတဲ့ ပတ်ဝန်းကျင် အခြေနေကြောင့်ပဲလို့ဆိုလေးမလား သေချာရေရာစွာမသိပေမယ့် ဘယ်လို စွဲလမ်းခြင်းကမှ ကောင်းတာမဖြစ်နိုင်ပါဘူး။ လူဆိုတာကလည်း မကောင်းတာကို မကောင်းမှန်းသိပေမယ့်လည်း ပြင်ဖို့ခက်ခဲကြတာပဲမဟုတ်လား အဲ့ထဲမှာ ကျနော်လည်းပါ ပါတယ် ။

ဖြစ်ပုံက ဒီလိုပါ တိုက်ဆိုင်တယ်လို့ပြောရမယ်ထင်ပါတယ် ကျနော့်မှာ မကောင်းတဲ့ အစွဲလေးတွေရှိတယ် ။ မျက်ခုံးလှုပ်ရင် စိတ်ညစ်စရာတစ်ခုခု ပြသနာ တစ်ခုခုပေါ်တော့မယ်ဆိုတာ သိနေသလိုမျိုး စိတ်က သိနေတဲ့အတိုင်းလည်း တကယ်ဖြစ်ဖြစ်လာတယ် အဲ့တာကြောင့် မျက်ခုံးလှုပ်ပြီဆို ကျနော် တအားကြောက်ပါတယ် ကြီးတဲ့သူတွေကတော့ တံတွေးဆွတ် လွဲဟယ် ဖယ်ဟယ် ဆိုပြီး ပါးစပ်ကလေးက ရွတ်ပါတဲ့ အဲ့အတိုင်းလည်း လုပ်ကြည့်တာပါပဲ အားပုပ်ဆော်တွေ နံ့လာတာသာ အဖတ်တင်တယ် ဘာမှထူးခြားလာတာတော့မရှိ ပြီးတော့ အဆင်မပြေမှုတွေက ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတတ်ပါတယ် ။

အငယ်လေးတုန်းက အပေါ်သွားကျိုးတယ်လို့ အိပ်မက်မက်ရင် ကိုယ့်ထပ်အကြီးတွေ တစ်ခုခုဖြစ်တတ်တယ်လို့ ရွာက လူကြီးသူမတွေကပြောထားဖူးတော့ တကယ်များ ဖြစ်မလားလို့ စိတ်ပူမိရတာကလည်း အမောပါပဲ ကျနော်က အဝေးမှာနေတာဆိုတော့လည်း အဲ့လို စိတ်ဖိစီးမှုတွေက သိပ်များပါတယ် ။ ကိုယ်အဝေးရောက်နေတဲ့အချိန် ကိုယ့်မိဘ ညီကိုမောင်နှမတွေ တစ်ခုခုဖြစ်မှာ စိုးရိမ်းပူပန်ခြင်းမျိုးပေါ့ ။အိပ်မက်ကတော့ ခဏခဏကို မက်တာပါ ဒါကတော့ ကိုယ်ကိုယ်တိုင်လည်းမယုံပါဘူး ဘာကြောင့်ဆို ကျနော်က တစ်ညကို အိပ်မက် ၅ မျိုးလောက် မက်တတ်တဲ့လူစားမျိုး အိပ်မက် မက်လို့တောင် အားမရ စကားတွေပါ ယောင်တတ်တဲ့သူပါ ကိုယ့်တစ်ယောက်တည်း အိပ်ရင်တော့ ဘယ်သိမတုန်း သူငယ်ချင်းတွေ ဘေးမှာ ရှိတဲ့ အခါမျိုး အိမ်မှာရှိတဲ့အခါမျိုးတွေမှာ ကြားတဲ့သူတွေက ပြန်ပြောပြတာပါ ။

အစွဲ............ စိတ်ရဲ့ ချို့ယွင်းချက်ပဲထင်ပါတယ် နတ်တွေ ဗေဒင်တွေလည်း မယုံပါဘူး ရွာမှာ နတ်ပွဲတွေကျင်းပတုန်းက ကြောက်စရာကြီးတွေ ပြီးတော့ အရက်တွေ ညာသောက်နေတာလို့ကိုမြင်ပြီး လုံးဝကိုမယုံပါဘူး ဗေဒင်ကတော့ လူပျိုပေါက်လောက်တုန်းက တွက်ဖူးတယ် ကျောင်းက သူငယ်ချင်းတွေနဲ့ မုဒုံကန်ကြီးဘက် သွားလည်ရင်း ဘုရားဇောင်းတန်းမှာ ဗေဒင်တွက်တာ အဲ့တုန်းက ဗေဒင်ဆရာက အငယ်လေးတုန်းက တင်ပါးမှာ ၀ဲပေါက်ဖူးတယ်မှတ်လား တဲ့ အဲ့လိုကြီး ဒဲ့ပြောလိုက်တော့ သူငယ်ချင်းတွေက ရယ်လိုက်ကြတာဆိုတာ စိတ်နာပြီး ဗေဒင်ဆို လုံးဝကိုမတွက်တော့ပါဘူးး ။

ပြီးခဲ့တဲ့ တစ်ပါတ်လောက်က အိပ်မက်တွေမကောင်းဘူး စိတ်တွေလည်းယောက်ယက်ခတ် ဘာကိုမောမှန်းမသိပဲလည်းမောနေတော့တာ မျက်ခုံးတွေကလည်း ပြန်လှုပ်လို့ပေါ့ ဘာသာရေးလည်းမလုပ်ဖြစ်တာကြာတော့ စိတ်က စိုးရိမ်စိတ်တွေများနေပါတယ် ။ ကိုယ့်ပတ်ဝန်းကျင်က သူတွေများ တစ်ခုခုဖြစ်မလားပေါ့ တကယ်ကိုပဲ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ အသိတစ်ယောက် ဆိုင်ကယ်တိုက်မှုဖြစ်တာ အရက်ကလည်းမူးနေတော့ ပိုဆိုး သွားတိုက်မိတာ လူက ဘာမှမဖြစ်ပေမယ့် ဆိုင်ကယ်ထိသွားတော့ လျှောပေး ပြင်ပေးရတယ် ဒါနဲ့တင်မပြီးပဲ ၀ါတွင်းဆိုတော့ ထိုင်းနိုင်ငံကလည်း အရက်သေစာသောက်စားခြင်းကို တော်တော်ကိုတင်ကြပ်ထားတာမျိုးတွေ့ရပါတယ် အဲ့အချိန်မှာမှ မနက် ၉ နာရီကျော်ကျော်လေးမှာ သူသောက်ထားလိုက်တာက degree 280 ဆိုတော့ တအားများနေလိုက်တာ ပုလိပ်က ဖမ်းသွားပါလေကော ။

လကုန်ခါနီးဆိုတော့ ရေခမ်းနေတဲ့ ကိုယ် အလုပ်ကနေ ဘယ်လိုမှထွက်လို့မရတော့ သွားမကြည့်နိုင်ဘူး ရုံးဆင်းတာနဲ့သွားတွေ့ ပိုက်ဆံလေးရှာပြီး ရွေးထုတ်ဖို့ သွားတော့ စာရင်းတင်လိုက်ပြီး မရတော့ဘူးတဲ့း( ကိုယ်အသိတစ်ယောက်ကို အဲ့လို အချုပ်ထဲမှာ သွားတွေ့ရတာ တကယ်ကိုစိတ်မကောင်းပါဘူး အဲ့လိုနေရာမျိုးမှာ အဲ့လို ကူညီခွင့်ရခြင်းကိုလည်း ကျနော်မကြုံချင်ပါဘူး ။ မူးယစ်မှုနဲ့ထောင်ကျမှာက အနည်းဆုံး ၂ လတဲ့ ရွေးထုတ်မယ်ဆိုရင် ဘတ်ငွေ ၂၀၀၀၀ နီးပါးလောက်ကုန်မယ် အဲ့လောက်ထိတော့ ကိုယ့်မှာ ကူညီနိုင်တဲ့ အင်အားမရှိခဲ့ဘူး တကယ်ကိုစိတ်မကောင်းစရာပါ ။

ဒီလိုစွဲလမ်းခြင်းတွေ ကျနော့်မှာ မရှိရင်ကောင်းမယ် အစွဲဆိုရင် ဘယ်လို အစွဲကိုမှလည်းမယုံကြည်ချင်ပါဘူး ဒါပေမယ့် တိုက်ဆိုင်မှုတွေကတော့ တကယ်ကို တိုက်တိုက်ဆိုင်ဆိုင် ။ ခေတ်လူငယ်တစ်ယောက်မှာ ဒီလို အစွဲတွေရှိနေတာ ကောင်းတဲ့ အချက်တော့မဟုတ်ပါဘူး ကျနော့်ကို ကျနော်တော့ နော်မယ် ပဲထင်တာပါပဲ ။ ဒီပို့စ်ကို စိတ်မကောင်းဖြစ်မိလို့ရေးပါတယ် ။ လူတစ်ယောက်ရဲ့ အကြောင်းကို ပို့စ်ဖြစ်ရင် ပြီးကော ဆိုပြီး ကုန်ကြမ်း သဘောမျိုးနဲ့ ရေးခြင်းမျိုးလည်းမဟုတ်ပါဘူး ။

ကျနော့်မှာလည်း တစ်ခုခု လုပ်တော့မယ်ဆိုရင် အစွဲ တွေက ခပ်များများ :(

17 comments:

  1. ဟယ်...ကိုမောင်မျိုးက အဆွဲသန်သကိုး.........

    ကြိုးတွေဘာတွေဆောင်ထားပေါ့ဟယ်...


    ဥပါဒ် ဒဏ်ကြောင့် ဥပါဒ်မရောင်အောင် ဂရုစိုက်နေပါ။ စိတ်ကို တည်ငြိမ်အောင် သမာဓိ တည်အောင်ကြိုးပါ။ အရာရာသင် သင်တတ်နိုင်လောက်သော အရာများ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မည်။ သဗ္ဓေသတ္တာ ကမ္မသကာ မို့... အစွဲများကို လျော့နည်းအောင် အားထုတ်နိုင်ပါစေဗျာ။

    ငြိမ်းချမ်းပါစေ
    မိုးယံ

    ReplyDelete
  2. ဥပါဒ် ဒဏ်ကြောင့် ဥပါဒ်ရောက်တက်တယ်တဲ့ ...
    အစွဲအလမ်း ဆိုတာမကောင်းဘူး...

    ReplyDelete
  3. you want to rescue him because he is your friend. but you shouldn't. that should happen. i don't understand why he dunk. so he should suffer what he did. let it be. should stay more than that.

    ReplyDelete
  4. This comment has been removed by the author.

    ReplyDelete
  5. ဘုန်းဘုန်းတို့ ပုထုဇဉ်လူသားတွေဟာ အတ္တကို မပယ်နိုင်သေးတော့ ကိုယ်စီ အစွဲလေးတွေတော့ ရှိတတ်ကြတာပါပဲ မောင်မျိုးရေ။ ဒါပေမယ့် မောင်မိုးယံ ပြောသလို ဥပါဒါန်ကြောင့် ဥပါဒ်တော့ မဖြစ်စေနဲ့ပေါ့။ ဘုန်းဘုန်းလည်းပဲ အိပ်မက်ထဲမှာ စိတ်တိုနေရရင် မနက်ဖန်ကျတော့ စိတ်ဆင်းရဲစရာ တစ်ခုခုနဲ့ ကြုံရပါလေရော...ကျန်းမာပျော်ရွှင်ပါစေဗျာ...

    ReplyDelete
  6. ကွန်မန့်တွေကြောင့် ပြုံးရတယ်...:) ကိုမျိုး အစွဲသန်တယ်တဲ့ ....:P:P

    ReplyDelete
  7. မောင်မျိုး.အဲလိုအစွဲတွေမထားပါနဲ့..
    အတတ်နိုင်ဆုံး..ကံ..ကံ ၏ အကျိုးဆိုတာကိုဘဲ
    ယုံကြည်ပါ...

    ခင်မင်တဲ့ blackroze

    ReplyDelete
  8. မင်းလည်း ဒါတွေပဲ တွေးစရာ ဖြစ်နေလို့ ပါ တစ်ချိချိန် တွေးဖို့  မအားတော့ရင် (အလုပ်မအားတာပြောတာ မဟုတ်) တွေးချင်ပါတယ်ဆိုတာတောင် ဘေးလူပြောမှ သိလိမ့်မယ်။

    အဲ့ သူငယ်ချင်းအတွက်တော့ စိတ်မကောင်းပါဘူး။ ဒါပေမယ့် မနက်ခင်းကြီး ၂၈၀ ဒီဂရီ ဆိုတာတော့ အင်း..... ငါပြောရင် မကောင်းဘူးကွာ။ ကိုယ်လူမျိုးတွေလည်း အဲ့ဒါ ခက်ပါတယ်။

    ReplyDelete
  9. အစွဲတွေ သိပ်မထားပါနဲ့ မောင်မျိုးရယ်။ ဘုရားတရားသာ များများလုပ်ပါ။ ရှောင်လွှဲမရတဲ့ ကံပါလာရင် ဖြစ်ချိန်တန် ဖြစ်၊ ပျက်ချိန်တန် ပျက်မှာပဲ။ ဘယ်တတ်နိုင်မှာတုန်း။
    သူငယ်ချင်းကိစ္စလဲ သတ္တ၀ါတခု ကံတခုလို့ပဲ သဘောာထားလိုက်ပါ။ မကူညီနိုင်တာ စိတ်မကောင်း ဖြစ်မနေနဲ့တော့။

    ReplyDelete
  10. ဟုတ်ပါ့
    အဲ့ဒီ့ အစွဲက ကောင်းကို မကောင်းတာ ..
    စိတ်လို့ ထင်တာပဲ ...

    လုပ်စရာရှိတာ လုပ်ပါ ..
    ဘာမှ တွေးမနေနဲ့ ..

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  11. မောင်မျိုးရေ
    အမကြီးလဲ အဲဒီလိုပဲ
    ဘာလုပ်လုပ် အစွဲရှိတယ်တစ်ကယ်လဲဖြစ်တယ်
    အိမ်မက်မကောင်းရင်လဲသတိထားရတယ်
    မကောင်းတာတစ်ခုခုဖြစ်လို့။

    ReplyDelete
  12. ဆွေလေးမွန်August 1, 2011 at 12:30 AM

    တစ်ခါတစ်ခါတော့ အလို အစွဲရှိတတ်တယ်။
    အဲဒါမကောင်းဘူး...
    ကိုယ်ကိုယ်တိုင်လဲ အဲဒါ မဖျောက်နိုင်သေးဘူး.
    ဆွေလေးတော့ အဲလိုအချိန်ဆို
    မေတ္တာသုတ်ပဲ တစ်နေကုန် စိတ်ထဲက ရွတ်နေမိတယ်

    ReplyDelete
  13. စိတ်မကောင်းစရာ ပို့စ်ကို ဖတ်နေပါတယ် ဆိုကာမှ ဗေဒင်ဆရာကို စိတ်နာသွားတဲ့ အကြောင်း ဖတ်မိပြီး ပြုံးရသေးတယ်၊း) ဒီလိုမျိုး အစွဲအလမ်းတွေ သိပ်မထားပါ နဲ့ ညီရာ..၊ အရာရာကို ကိုယ်က တချိန်လုံး ဘယ်ကူညီ နိုင်မှာလဲ..။

    ReplyDelete
  14. အရမ်းကြီးလည်း အစွဲမထားပါနဲ့လေ။ အရင်က ကျွန်မလည်း အဲလိုဖြစ်တာ ဖျောက်တဲ့နည်းလေး တီထွင်ထားတယ်။ ဘယ်ပေါ်ညာအောက် ရည်းစားရောက်တဲ့ ၊ အဲဒီတော့ သဘောက ဘယ်အပေါ်မျက်ခုံးနဲ့ ညာဘက် မျက်ခမ်းလှုပ်ရင်ကောင်းတယ်တဲ့။ ဘယ်မျက်ခမ်းလှုပ်ရင် ၊ ညာဘက် မျက်ခုံးလှုပ်ရင် မကောင်းဘူးဆိုပဲ။ သူများတွေပြောတာပေါ့။ ယုံချင်ချင်ဖြစ်သွားတယ်။ ဘယ်ရမလဲ ကိုယ့်ဖာသာထွင်လိုက်တယ် "ညာအောက် ၊ ဘယ်ပေါ် ရည်းစားခေါ်" (ရည်းစားဖုန်းခေါ်ခေါ်မခေါ်ခေါ် ခေါ်အောင်လို့).......... အံမယ် တိုက်ဆိုင်တာလားမသိဘူး ညာပဲလုပ်လုပ် ဘယ်ပဲ လုပ်လုပ် ကောင်းတာက လွတ်ကို မလွတ်ဘူးဟေးလို့ စိတ်ကို ဖြေလိုက်တယ်။ သိသိသာသာ အဆိုးတွေလျော့သွားတယ်။

    စမ်းကြည့်ပေါ့။း)

    ခင်တဲ့

    ReplyDelete
  15. စိတ်ကိုကြည်ကြည်လင်လင် ထားကွယ်.။ ဥပါဒန်ကြောင့် ဥပါဒ်ရောက်လိမ့်မယ်...

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  16.ှဆရာမင်းသိင်္ခ ဆောင်းပါးလား၊ စာပေဟောပြောပွဲးလား မမှတ်မိတော့ဘူး။ အဲဒီထဲက မှတ်မိနေတာ တခုရှိတယ်။ မနက်ဖက်ဖြစ်ဖြစ်၊ ညနေဘက်ဖြစ်ဖြစ် လက်နှစ်ဘက်ကို ရှေ့ ဆန့် ပြီ ဘာမှလဲ မဟုပ်ပါဘူးကွာလို အကြိမ်း(၅၀)၊ (၁၀၀) နေ့ တိုင်းလုပ်ရင်းနဲ့  ရောဂါပျောက်သွားတယ် ဆိုပြီး Training သဘောလုပ်တာ ကြွေထူတဲ့သူငယ်ချင်းလဲ လိုက်လုပ်ပြီး နောက်ဆုံးတော့ အကြွေးတွေမဆက်တော့ဘူတဲ့။ ခုလဲ အဲလိုဖြစ်နေပြီ ထင်တယ်။
    ဒါတွေက အလေ့အထတွေပါ။ ဘုရားရှင်က အမြဲ ပစ္စုပ်ပန်ပဲ ရူ့ တဲ့။ အနာဂတ်ကို တွေးမနေနဲ့ ။

    ReplyDelete
  17. အဓိကကတော့ ကိုယ့်စိတ်အစွဲကြောင့်သာပါ။ အဲဒီလို မျက်ခုံး မျက်လုံး မျက်ခမ်းတွေ လှုပ်တယ်ဆိုတာ အာရုံကြောတွေဘာတွေနဲ့လည်းဆိုင်ပါတယ်။ အားနည်းနေတဲ့အချိန်မျိုးတွေဘာတွေဆိုလည်း လှုပ်တတ်တယ်။ အမဆို မကြာခဏ မျက်ခုံးလှုပ်လိုက် မျက်ခမ်းလှုပ်လိုက် ဘယ်ဘက်ကော ညာဖက်ကော တခါတလေဆို တနေကုန်လောက်တောင် တထုတ်ထုတ်နေအောင်လှုပ်နေတတ်တာမျိုး ကိုယ်ကပဲ ဘာမှအယုံအကြည် အစွဲအလမ်းမထားလို့လားတော့မသိ ဘာဆိုဘာမှမဖြစ်ပါ။ အမမျက်ခုံးလှုပ်သမျှကို အဲဒီလိုအစွဲမျိုးနဲ့သာဆို သေရချည်ရဲ့ကွယ်။

    ReplyDelete