Tuesday, April 12, 2011

ကောင်းကင်

ကောင်းကင်ကနေတစင်း
ဘယ်လိုပင်ပူပြင်း
ရင်တွင်းကအချစ်ဒဏ်ရာ
နေတပျောက်ပေမယ့်
သေလောက်အောင်ခံစားတယ်။

ကောင်းကင်ကရေတပေါက်
ခမ်းခြောက်တာပပျောက်စေပေမယ့်
ရင်တွင်းကအလွမ်းမိုး
နွမ်းညိုးတာကိုပိုစေတယ် ။

ကောင်းကင်ကလတစင်း
အရာရာကိုထွန်းလင်းစေပေမယ့်
ရင်းတွင်းကချစ်သူ့ပုံရိပ်
အလုံပိတ်ထားတာတောင်
လင်းလက်အေးမြခြင်းတွေကို
ဆောင်နှင်းပေးနိုင်တယ်။

ကောင်းကင်ကအဟောင်းတွေကို
အသစ်မဖြစ်နိုင်ပေမယ့်
ရင်တွင်းမှချစ်ခြင်းများကို
ပျက်ယွင်းဟောင်းနွမ်းသွားသည်မရှိ
ထာဝစဉ်သစ်လွင်တောက်ပမှုတွေနဲ့
မော့ကြည့်လိုက်တိုင်း ကောင်းကင်က ကြည်ကြည်လင်လင် ။



14 comments:

  1. လွမ်းနေတာလား၊ ဆွေးနေတာလား၊ တွေးနေတာလား မောင်မျိုး.... :P
    ဘာပဲဖြစ်ဖြစ် ကောင်းတာလေးတွေပဲ မှတ်ထားတယ်ဟုတ်...

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
  3. ရင်တွင်းက ချစ်သူ့ပုံရိပ်၊ အလုံပိတ်ထား သတဲ့လား...၊
    ကဗျာလေးက နမိတ်ပုံတွေနဲ့ လန်းတယ် ညီရေ....။

    ReplyDelete
  4. ကိုမျိုးတစ်ယောက် ကြိတ်ဆွေးနေတယ် ထင်ပနော်..:P

    ReplyDelete
  5. ဟာ... !!
    ဒါ လေးဖြူရဲ့
    အလွမ်းများ ပဲ .. ;))

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  6. အင်္ဂါဟူးApril 13, 2011 at 1:10 AM

    အံမယ် ကိုမောင်မျိုးက ဒီလိုလဲ ရသကိုးဗျ

    ReplyDelete
  7. ငမျိုးတို့ ဟက်ထိနေပီးထင်ပါရဲ့း))))

    ReplyDelete
  8. နှစ်သက်စွာ ခံစားသွားပါသည်။

    ရတနာ

    ReplyDelete
  9. အချစ်နဲ့တွေ့ရင် လူတွေက ကဗျာဆရာဖြစ်သွားတတ်တယ်
    တဲ့...၊ကြည့်ရတာ...ညီလည်း အချစ်နဲ့တွေ့ပြီနဲ့တူရဲ့....:)))

    ReplyDelete
  10. နုနေပါလား... မောင်နု... :D..

    ခင်မင်လျက်
    နေ၀ဿန်

    ReplyDelete
  11. နှစ်သစ်ကို အချစ်စစ်နဲ့ စတော့မလို့ ပေါ့...ဒါဆိုနှစ်သစ်ဆုတောင်းကလဲ လိုက်ဖက်တာလေးဖြစ်မှကောင်းမယ်နော်... ပြီးပြည့်စုံသောနှစ်သစ်ဖြစ်ပါစေ မောင်မျိုးရေ...

    ReplyDelete
  12. မှတ်ချက်ပေးထားတဲ့ အစ်ကို အစ်မ သူငယ်ချင်းတွေ အားလုံးကျေးဇူးပါ ဒါက အဟောင်းကြီးပါ တစ်နှစ်လောက်တော့ ရှိပြီး) ပြီးတော့ ကျနော်ရေးထားတာလည်းမဟုတ်ဘူး သူများရေးထားတာ ။

    ReplyDelete
  13. ဟတ်ထိတာလား မဖြစ်နိုင်ဘူး .. ဘီလိုမှ မဖြစ်နိုင်ဘူး ... :P:P

    ReplyDelete