Tuesday, January 25, 2011

မွေးနေ့

ကျနော့် လား ကိုယ်ကိုယ်ကိုတော့ ဘာမှမသိလိုက်ပါဘူး ဒါမယ့် သူတို့တွေ ပေးတဲ့ လက်ဆောင်စကားလေးတွေနဲ့ ဒီနှစ်မွေးနေ့မှာ ကျနော်ပျော်ပါတယ် ကျေးဇူး အစ်ကိုတင့် ၊ အစ်မ ၊ သူငယ်ချင်းမဲတူး နဲ့ ညီလေး မေပယ်လ် :)


ကိုယ့်ကိုယ်ကိုတော့ ဘာမှန်းမသိလိုက်ပါဘူး
ဟိုသွား ဒီသွား
ဟိုစား ဒီစားနဲ့
၂၅ နှစ်သား သာဆိုတယ်
ခုချိန်ထိ မတည့်တာတွေစားလို့
ကျနော် ဗိုက် အောင့်တုန်း ။

22 comments:

  1. ဟက်ပီးဘတ်ဒေးဝေ့... ဂျီမေးလ်မှာ မောင်မျိုးက မောင်မျိုးမဟုတ်ဘူးတဲ့.. စကားပြောတော့လည်း အူကြောင်ကြောင်နဲ့... ဘူလဲ..အဲဒါ....

    ReplyDelete
  2. အဲ့တာလည်း ငါပဲး)

    ReplyDelete
  3. အဟမ်း အဟမ်း... ဒီမှာမောင်မျိုး
    မင်းမွေးနေ့ဆိုတော့ ငါက မင့်ကို ဆုံးမစကားပဲ ပြောရမှာပေါ့။

    အဓိကက ရတနာသုံးပါးမမေ့နဲ့။ဗုဒ္ဓါနုဿတိ ဂုဏ်တော်ကို အမြဲနှလုံးသွင်း.. ကိုယ့်မြေကိုယ့်ရေကို မမေ့နဲ၊ တိုင်းတပါးမှာ ကိုယ့်သာသနာ ကို လူမျိုးခြားတွေ အထင်သေးအောင်မလုပ်နဲ့။
    ဘ၀ဆိုတာ တိုက်ပွဲ. ခယ်မဆိုတာ လိုက်ပွဲလို့ လူဖျင်းတွေ စကားကို နားမယောင်နဲ့။ ပေါ့ပေါ့နေ ပျော်ပျော်နေတယ် ဆိုပေမယ့် ဘ၀ဆိုတာကို ပေါ့ပျက်ပျက် မလုပ်တန်ရာဘူးဟဲ့... မိသားစုတာဝန်ဆိုတာ မပေးပဲယူရတယ်. မင့် အမ က မင့်ကို သိပ်ချစ်တာ။ မင့် ဒွေးလေးတို့လဲ မင်းကို အားကိုးကျတယ်.. လူလောကတာဝန်ဆိုတာ မခန့်ပဲ ထမ်းရတယ်... လေပြင်းထန်တယ်.. လှိုင်းကြမ်းမယ်.. ဒါပေမယ့် ငါတို့လှော်မှ တစ်ဖက်ကမ်းရောက်မယ်.. ဘ၀ပင်လယ်ထဲမှာ ကူးဖြတ်နေခိုက်မို့ ရက်စက်တဲ့မိုင်တိုင်းလာမယ်. ကောက်ကျစ်တဲ့ ၀ဲတွေရှိမယ်... သတိတမံ ဥာဏ်မြေကတုပ် ကွယ့်မောင်မျိုးရဲ့.. မတည့်စာတွေ မစားနဲ့.. မါတုဂါမတွေ မြင်တိုင်း မငမ်းနဲ့.။ နင်ဟာ မိသားစုရဲ့ အရေးပါသူတစ်ယောက်.. လောကကို ထောက်ကူသူတစ်ယောက် ဘ၀ကို မတိမ်းမှောက် စေနဲ့.. အိမ်းအိမ်း ငါလည်း ဘုရားဝတ်တက်ရမှာမို့.. နင်လဲပြန်တော့.. ကပ္ပိယ ကြီးဆီမှာ ငှက်ပျော်သီး တစ်လုံးယူသွား..

    ဘကြီးဘုန်းကြီး
    အရှင် ၀ါယမ

    ReplyDelete
  4. မွေးနေ့ကလည်း အကျွေးအမွေးလည်း မပါပါလား
    ကိုယ့်ထမင်းထုပ်လေးကိုယ်ဆွဲပြီး မွေးနေ့ပွဲ လာတက်ပါတယ်..
    ပျော်ရွှင်ပါစေ စိတ်ချမ်းသာပါစေ။ နေ့ရက်တိုင်းကို တန်ဖိုးရှိစွာ စိတ်ချမ်းသာစွာ ကျော်ဖြတ်နိုင်ပါစေ။ ဆန္ဒအားလုံး ပြည့်ဝပါစေနော်။

    ReplyDelete
  5. မွေးနေ့လာတဲ့သူကိုတော့ မတည့်တာမကျွေးပါနဲ့ဗျာ..

    ReplyDelete
  6. Happy Birthday!!!!

    မတည့်တာတွေ မစားနဲ့ပေါ့....... စားပြီးရင်လည်း ဆေးသောက်ပေါ့....။ ဆရာလာလုပ်သွားပါတယ်.. :D

    ဝေလေး

    ReplyDelete
  7. Happy Birthday Mg Myo!!

    မောင်မျိုးမွေးနေ့က သမီးလေး မွေးနေ့နဲ့ သိပ်မကွာဘူးပဲ.. မှတ်ရလွယ်တယ်.. :)) သမီးလေး မွေးနေ့မှာ ဆုတောင်းပေးတဲ့အတွက်လည်း ကျေးဇူး မောင်လေးရေ.. :)

    ReplyDelete
  8. မသိလိုက်ဘူးဗျ...၊ ဆောရီး..း)

    အင်း...မောင်မျိုးက ကျနော့်ထက် စောပြီးမွေးတာပဲ၊ (ရက်စောပြီး မွေးတာကို ပြောတာ...အဟဲ)၊ နှစ်တွေကို တော့ ဒီမှာ မေ့ထားလိုက်မယ်...။

    ပျော်ရွှင်ကြည်နူးစရာ ကောင်းတဲ့ မွေးနေ့လေး ဖြစ်ပါစေဗျာ...။

    ReplyDelete
  9. ကိုဇင်ယော်January 25, 2011 at 3:49 PM

    ညီငယ်လေး မောင်မျိုး ၂၅ ပြည့် မွေးနေ့ မှသည် နောက်နှစ်ပေါင်းများစွာတိုင်အောင် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့  မိဘကို လုပ်ကျွေးပြုစုနိုင်တဲ့ သားလိမ္မာလေး ဖြစ်ပါစေဗျာ
    နောက်ပြီး စိတ်ကူးရည်မှန်းချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော်လို့  အိမ်မက်တွေ လက်တွေ့ မှာ တကယ်ဖြစ်လာပါစေလို့  အစ်ကိုဆုတောင်းပေးလိုက်တယ်နော် ညီရေ HAPPY BIRTHDAY ပါ ညီလေးရေ /

    ReplyDelete
  10. Happy Birthday မောင်မျိုး....။ အမြဲ ပျော်ရွှင် အေးချမ်းပါစေ။ လိုအင်ဆန္ဒများလည်း ပြည့်ဝပါစေ။

    ReplyDelete
  11. ဆောတီး ညီရေ.....မွေးနေ့ကိုမေ့သွားတယ်...။
    ၂၅နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာ စိတ်ချမ်းသာ၊
    ကိုယ်ကျမ်းမာစေကြောင်း၊ညီချစ်သော ဖေ၊မေ၊အကို၊အမ၊
    တူ၊တူမ များနဲ့ ပျော်ရွင်ချမ်းမြေ့သောဘဝကို တည်ဆောက်
    နိုင်ပါစေကြောင်း....ဆုတောင်းပေးလိုက်ပါတယ်....။

    ReplyDelete
  12. အပေါ်က ကိုဇင်ယော်ပြောတဲ့အတိုင်းပဲ

    ReplyDelete
  13. မောင်မျိုးရေ ......
    မွေးနေ့မှသည် နေ့ရက်တိုင်း မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေ ........ ။

    ReplyDelete
  14. မောင်မျိုးရေ ......
    မွေးနေ့မှသည် နေ့ရက်တိုင်း မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေ ........ ။

    ReplyDelete
  15. ဆုကတော့ ပေးပြီးသားပဲ ထပ်ပေးစရာ မလိုလောက်ပါဘူး..။
    သို့ပေမယ့် မျှော်နေမှာစိုးလို့ အများနည်းတူ ရောယောင်အော်သွားတယ်..။
    ပျော်တယ်ဆိုလို့ ၀မ်းသာပါတယ်လေ ပျော်ရွှင်ပါစေပေါ့.။
    (အေးအေးဆေးဆေး တွေးတွေးငေးငေး ဝေးဝေးလေးမှာရောက်နေသူ)

    ReplyDelete
  16. မောင်မျိုးရေ
    ဆန္ဒနဲ့ ဘ၀တထပ်တည်းကျပါစေ

    ReplyDelete
  17. အသက်ရာကျော် ရှည်စေသော် ....

    ReplyDelete
  18. ပျော်ပါစေ ပျော်ပါစေ ပျော်ပါစေ

    နောက် နှစ်ပေါင်းများစွာတိုင် ခုလိုပဲ နုနေ ပျိုနေ နိုင်ပါစေ :D

    ဆန္ဒတွေ ပြည့်ဝပါစေ တယ်ရင်း ..း)

    ReplyDelete
  19. ခင်တဲ့ကိုမျိုးမွေးနေ့မှစ ပျော်ရွှင်ချမ်းမြေ့ပါစေ..။ သိလိုက်ဘူး..။
    ဗိုက်နှာတာ ရိုးမှရိုးရဲ့လားငှင်...။

    ReplyDelete
  20. မွေးနေ့ ဆုတောင်း ပေးကြသူများ အားလုံး ကျေးဇူး အားလုံးကို ချစ်တယ် အာဘွား မွမွး) ဟဟား တကယ်ကျေးဇူးတင်ပါတယ် မွေးနေ့မှာ ကဗျာတွေ လက်ဆောင်ရတာကော ပျော်စရာကောင်းတဲ့ ကော့မန့်လေးတွေ ရတဲ့အတွက် အစ်ကို အစ်မ သူငယ်ချင်းတွေ အားလုံးကို ကျေးဇူး အများကြီးတင်ပါတယ် ။

    ReplyDelete