Friday, January 14, 2011

သားကောင်

သားကောင်
ကိုယ့်ကိုယ်ကို ထိုးကျွေးလို့ သားကောင်က ကျေနပ်
တစ်ခါခါ သားကောင်ဟာ သားကောင်မှန်းသိလျှက်နဲ့ မုဆိုးလည်းဖြစ်ချင်မိ
သားကောင်ဟာ အစာဟပ်ခံရတဲ့ တီကောင်
သားကောင်ဟာ ငမျှားချိတ်မှာ မိတဲ့ငါး
သားကောင် မှာ ချစ်ခြင်းနဲ့သံယောဇဉ်တွေမရှိ
သားကောင်မှာ မရှိသင့်ပဲ ရှိနေတာ အတ္တ နဲ့ မာန
သားကောင် က သူ့ကိုယ်သူရူးရူးမိုက်မိုက် နဲ့ ထိုးကျွေးတယ်
သားကောင် ဟာ သားကောင်းဖြစ်လို့ အစားခံရတယ်
သားကောင် ဟာ လူမသိသူမသိ အထာပေးခံရတယ်
သားကောင် ဟာ ပန်းတိုင်မရှိပေမယ့် တရွေ့ရွေ့နဲ့တော့ လျှောက်နေတုန်း
သားကောင် ဟာ သားကောင်မှန်း သိသိနဲ့ မုဆိုးတစ်ယောက်ရဲ့ဖြစ်တည်မှုကို အားကျ
သားကောင် ဟာ သားကောင်မဖြစ်ခင်တုန်းက သားကောင် မဟုတ်ခဲ့ပါ
သားကောင်ဟာ သားကောင်မဟုတ်တော့တဲ့တစ်နေ့ မုဆိုးလည်းမဖြစ်လိုတော့ပါ
သားကောင် ဆိုတာ အစားခံရတဲ့အမျိုး
ဒါပေမယ့် သားကောင် ဟာ သူ့ဘ၀သူတော့ တိတ်တဆိတ်လေး ကျေနပ်နှစ်သက်လို့
အစားခံရမှန်းသိသိနဲ့ ထိုးကျွေးရဲတာ မင်းဟာ သူရဲကောင်းပါ သားကောင် ။

9 comments:

  1. ငါတို့လဲ တူတူပါပဲဟယ်.. ဒီလောက်အသက်ကြီးချင်ယောင် ဆောင်တာတောင် မသက်က ဘောင်ဝင်နေသေးတယ်

    ReplyDelete
  2. သားကောင်က သားကောင်ကို သားကောင်အမှတ်နဲ့
    သားကောင်းလုပ်ပလိုက်တာ သားကောင်လည်း သားကောင်းဖြစ်သွားလေသတည်း..ကဲ:P

    ReplyDelete
  3. ဟုတ်ပါ့ မင်းဟာ သူရဲကောင်းလို့ပဲ
    မှတ်လိုက် သားကောင် :)

    ReplyDelete
  4. မိုက်သဟ။
    တစ်ဘက်မှာ သားကောင် ပေမဲ့ ၊ တစ်ဘက်မှာတော့ သူရဲကောင်း ဖြစ်ခွင့် ရှိပါတယ်လေ။

    ReplyDelete
  5. လူ့ ဘဝမှာ ကျင်လည်နေသမျှတော့ လေးဖြူ သီချင်းထဲကလို မုဆိုးဖြစ်လိုက် သားကောင် ဖြစ်လိုက်နဲ့ ပေါ့...

    ReplyDelete
  6. မုဆိုးက ပရိယာယ်ပိုကြွယ်ရင် သားကောင်က အစားခံရတယ်..
    သားကောင်က ပိုပြီး မာယာများရင် မုဆိုးက ပြန်အစားခံရတာလည်း ရှိတတ်သေးတယ်..
    သားကောင်ရော မုဆိုးရော သူ့အလုပ် သူလုပ်နေကြသူတွေပါဘဲလေ။
    ဘာတွေ ဂစ်နေတာတုန်း...
    စစ်ထဲဝင်ရမယ်ဆိုလို့လားး)

    ReplyDelete
  7. ကောင်းတယ်...ကဗျာလေးက....၊ကိုယ်အကြောင်းကို
    တည့်တည့်ရေးထားသလားတောင်အောင့်မေ့ရ...။
    ခံစားရပါ့....။

    ReplyDelete
  8. လန်းတယ်..ဥာဏ်တောင်မမီတော့ဘူး..ဖတ်ရင်းနဲ့ ချာလပတ်လည်ကုန်တယ်... :P


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  9. အစ်ကိုတော် လက်ရည်က ခုထိမကျသေးပါလား
    ထက်တုန်းမြက်တုန်းပဲကိုးဗျ အတိတ်ဆိုတာ ကြာကြာ ရှောင်ပုန်းနေလို့ကောင်းတဲ့အရာမဟုတ်ပါလားး))))
    ဘာပဲဖြစ်ဖြစ် ကဗျာကို ကဗျာလို့ ခံစားရင်း


    လင်းဝေ

    ReplyDelete