Saturday, October 2, 2010

ချစ်ရတာ မောတယ်

ရှင်းလေ ရှုပ်လေ
ရှုပ်လေ ပတ်လေ
ပတ်လေ ရစ်လေ
အစရှာမရတဲ့ ကြိုးထုံးလို
ချစ်ရတာ မောတယ်
လွမ်းရတာ မောတယ်
နားလည်မှုတွေ လွဲနေကြတာ မောတယ်
ချစ်တယ်ပြောတော့ ခလေးကုလား တဲ့
လွမ်းတယ်ပြောတော့ စိတ်မပါသလိုကြီးတဲ့
လောလော လောလော ပြောတော့ ဘာဖြစ်နေတာလဲတဲ့
အေးအေးဆေးဆေး ပြောတော့ စိတ်မပါရင် စကားမပြောနဲ့တဲ့
ပြောလိုက်သမျှ စကားတွေကလည်း ကောင်းကင်ကနေ မြေကြီးထိ
ပြောလိုက်သမျှ အကြောင်းရာတွေကလည်း တစ်ရွှေလုံးတစ်မျိုးလုံးကုန်ပြီး
ပြောစရာတွေ ရှားပါးလာတော့ စိတ်ကောက်
စိတ်ကောက်တော့ ထပ်ချော့
ထပ်ချော့တော့ ထပ်ကောက်
ဟူးး..................................... ချစ်ရတာလေ
-
-
-
-
ဘုန်ကြီး ၀တ်ချင်တယ်



7 comments:

  1. ၀တ်လိုက်ပါ ဒကာလေး ၊ ဒီ သမုဒယ နှောင်ကြိုးမှ ရုန်းထွက်ရန် အချိန်တန်ပေပြီ။ သမုဒယကြောင့် ဒုက္ခဖြစ်တယ် ဒကာလေး။
    အကျဉ်းချုပ်ပြောရရင် အ၀ိဇ္ဇာ နဲ့ တဏှာ ကြောင့်ပေါ့ မသိမှု အ၀ိဇ္ဇာ ကြောင့် တက်မက်မှု တဏှာ ဖြစ်တယ်။ ဒါကြောင့် အဲဒီ သမုဒယ တဏှာကို ဖြတ်နိုင်အောင် ကြိုးစားပါ ဒကာလေး

    ဂြီ

    ReplyDelete
  2. ဟုတ်တယ်..ဒကာလေး
    ချစ်ရတာ မောတယ် ..ဘုန်းကြီးပဲ ၀တ်တော့မယ်..ဟိဟိ..။
    မယုံလဲ နေပေါ့

    ReplyDelete
  3. ဟားဟား..မိုက်တယ်... ကြောင်စုတ်ရေ.. အရေးအသားကော ဖွဲ့ထားပုံကော ကြိုက်စ်....း)))

    ReplyDelete
  4. ရဟန်းဒါယိကာ ခံပါရစေ။ ဝတ်မယ် ဆိုရင် ၂၄ နာရီ အတွင်းပြောပါ :P
    ကိုယ်ကတော့ မောပေမဲ့ ချစ်လိုက်ပါဦးမယ်

    ReplyDelete
  5. နားနားပြီး ခြစ်ပေါ့..ကြောင်...

    ReplyDelete
  6. ပစ္စည်းလေးပါး ဒါယိကာမ လုပ်ပါရစေ..

    ဟီးဟီး..ရဟန်းခံပေးမယ့် လူလဲရှိပြီး...
    ပစ္စည်းလေးပါး ဒကာခံပေးမယ့်လူရှိပြီး..

    ၁၂ နာရီအတွင်းအကြောင်းပြန်ပါ.

    ခင်မင်စွာဖြင့်

    ReplyDelete
  7. ချစ်ရတာမောတယ်
    မချစ်ပဲလဲနေမှမနေနိုင်တာနော်

    ReplyDelete