Wednesday, September 29, 2010

ကိုယ်တိုင်ရေး ကိုယ်တိုင်ဖတ်

။ ဘ၀တစ်ကွေ့ဆုံတွေ့ကြရတဲ့သူတွေကို ကောင်းသောတွေ့ဆုံခြင်း ကောင်းသောခွဲခွာခြင်း တွေနဲ့ဆက်ဆံနိုင်တဲ့သူတစ်ယောက်ဖြစ်အောင်ကြိုးစားပါ တစ်ချိန်ချိန်ကျ ကိုယ့်ဘ၀အမှတ်တရတွေမှာ လှပတဲ့ အတိတ်နေ့ရက်တွေဖြစ်လာပါလိမ့်မယ် ။

။ ဘာအကျိုးမှ မမျှော်ကိုးပဲ ကူညီပေးလိုက်တဲ့နောက်မှာ “ ကျေးဇူး” ဆိုတဲ့စကားလေးတစ်ခွန်းမကြားရလည်း ၀မ်းမနည်းပါနဲ့ သူများအကျိုးဆောင် ကိုယ့်အကျိုးပြောင်လို့မပြောမိပါစေနဲ့ တစ်နေ့ စေတနာအကျိုးပြန်ပေးမယ်လို့ ယုံကြည်လိုက်ပါ ။

။ တစ်ခါတစ်ခါ ကိုယ့်လုပ်ရပ်ကမှန်တယ်လို့ထင်ရပေမယ့် ရှု့ထောင့်အမျိုးမျိုးပြန်စဉ်းစားကြည့်မိတဲ့အခါ မှားမှန်းသိရင် ပြန်တောင်းပန်ဖို့ ၀န်မလေးမိပါစေနဲ့

။ အချစ် = ပူတတ်သည် မကိုင်ပါနှင့် ( မီးဘေးရှောင်မလောင်ခင်တား)

။ အမုန်းဆိုတာ မုန်းနေရတဲ့ကိုယ်ကိုယ်တိုင်လည်း ပူလောင်တာမို့ ဘယ်သူ့ကိုမှမမုန်းမိအောင်ကြိုးစားပါ။

။ သူများအကြောင်း ပြောရင်တော့ ပြုံးစိစိနဲ့ တ၀ါးဝါးရယ်ပြီး ကိုယ့်အကြောင်းပြောတဲ့ အခါကျ သွားခိုးမနားထောင်မိစေနဲ့ ကိုယ်ပဲစိတ်ဆင်းရဲတတ်တာမို့။

။ စေတနာနဲ့ အကြံပေးတဲ့အခါ လေသံအေးအေးနဲ့ပြောပါ စိတ်မပါသလိုလို စိတ်မရှည်သလိုလိုနဲ့ ပြောမိတဲ့အခါ တစ်ခြားသူက ဘယ်လိုထင်မလဲ ကိုယ်တိုင်ဝင်ခံစားကြည့်တော့ စောင့်ကြီးအောင့်ကြီးပြောတယ်လို့ထင်ကော အဲ့တော့ ကိုယ့်စေတနာတွေက သဲထဲရေသွန် ..။

။ အသေးအမွှားအကြောင်းရာလေးတွေနဲ့ စိတ်ပျက်အာငယ်နေတတ်ရင် ရှေ့ဆက်လျှောက်လှမ်းဖို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါသလား ပြန်တွေးပါ ။

။ မလုပ်ခင် စဉ်းစားပါ စဉ်းစားပြီး အမှားနည်းအောင်လုပ်ပါ လုပ်ပြီး ဖြစ်ပြီးသမျှတိုင်းကို ပြန်ပြီး နောင်တ မရတတ်အောင်ကြိုးစားပါ ။

၁၀။ ဒေါသရှေ့ထား စကားမဆိုမိပါစေနဲ့ စိတ်ဆိုးစရာကြားရတိုင်း မြင်ရတိုင်း အသက်ကိုပြင်းပြင်းရှူထုတ်လိုက်ပါ ။

၁၁။ ကြား ၃ ကြားရှောင်ပါ ...။

၁၂ ။ အချစ်အကြောင်း မဝေဖန်မိပါစေနဲ့ ဒီတစ်ယောက်က ဒီလောက်ရုပ်ဆိုးတာ ဘယ်လိုများကြိုက်မိပါလိမ့်လို့ ဝေဖန်မယ်ဆိုရင် ကိုယ်လည်း တစ်နေ့ ကုလားမကြီးနဲ့ မညားနိုင်ဘူးလို့ အာမခံနိုင်သား အချစ်အကြောင်း ဝေဖန်မယ်ကြံတိုင်း ကုလားမကြီးကို မျက်လုံးထဲမြင်ယောင်ကြည့်လိုက်ပါ ဒါဆို မဝေဖန်ရဲတော့ဘူး ။

၁၃။ ကိုယ့်အပေါ် ကျေးဇူး ရှိဖူးသူများကို ကျေးဇူးလို့ပြောဖို့ ၀န်မလေးမိပါစေနဲ့ အပြောနဲ့တင်မပြီးသွားပဲ တစ်နေ့နေ့ ကျေးဇူးပြန်ဆပ်နိုင်အောင်ကြိုးစားပါ ။ အခါအခွင့်ကြုံတိုင်းအမှတ်ရပါ ။


P>S = နောက်လည်းရေးဖြစ်အုံးမှာပါ ကိုယ့်ကိုယ်ကို ပြန်မြင်ယောင်ပြီး ပြစ်ချက်တစ်ချို့ပေါ့ အများကြီးရှိပါသေးတယ် အမှားတွေ လူဆိုတာ အမှားနဲ့တော့ ဘယ်ကင်းနိုင်မလဲလေ နော့် ဟုတ်ဘူးလားဗျာ :)

10 comments:

  1. နင် ဖာသာ ဖတ်ဖို့ဆိုပေမယ့် ငါလည်းဖတ်ဖိသေးတယ်။
    စဉ်းစားမိတယ် နံပါတ် 11 ကို ။ နင် ဘယ်ကြား ရှောင်ခိုင်း တာလည်းဟ။ ငါတော့ တစ်ကြား မရှောင်နိုင်ဘူး။ လမ်းကြား ကိုပြောပါတယ် အဲဒီက သွားရင် ခရီးပိုရောက်တယ်ဟ ကားတွေရှင်းတယ်။ ဂြီ

    ReplyDelete
  2. မစ္စတာ မိုးယံရဲ့ ပင်တိုင် ဂွိကိုတော့
    အတော်သဘောကျတယ်..။
    ဟုတ်ပ..ဘယ်ကြားတွေလဲဟ
    တို့လဲ မလွတ်ဘူးထင်တယ်နော်;P

    ReplyDelete
  3. ကိုယ်တိုင်ရေးကိုယ်တိုင်ဖတ်ဆိုပေမဲ့ အချက်တွေ တော်တော်များများ သဘောတူတယ်
    လက်ခံတယ်
    ကိုယ်တိုင်လဲ လိုနေတာတွေရှိတယ်
    ပြင်နိုင်အောင်ကြိုးစားရဦးမယ်
    အင်း လောကကြီးမှာ စည်းကမ်းချက်တွေ ပညတ်ချက်တွေအတိုင်း နေနိုင်ရင်တော့ အားလုံးအတွက် သိပ်ကောင်းမှာဘဲနော်..

    ReplyDelete
  4. ဘီယာမသောက်ရ

    လို့ပါမလားလိုက်ရှာနေတာ

    အင်းလေနောက်တပုဒ်မှာပါမှာ သေချာပါတယ်

    ReplyDelete
  5. ကို့မှာလဲ လိုအပ်ချက်တွေ အများကြီးပဲ
    အချက်အလက်တွေအားလုံးကို သဘောကျတယ်
    ပြင်နိုင်အောင်ကြိုးစားရဦးမယ်

    ReplyDelete
  6. ၁၂.အချစ်ကြောင်းဝေဖန်ချင်ပါဘူးဗျာ..
    ခုတော့.မဲမဲကြီးလည်းယူမှာပဲသီချင်းဆိုတတ်နေပြီဗျ..:P

    ReplyDelete
  7. ကိုယ်တိုင်ရေး ကိုယ်တိုင်ဖတ် ဆိုပေမဲ့ ...
    ဘေးကနေ အသာလေး ဖတ်သွားတယ်ဗျာ။ ကိုယ်တိုင် မရေးဘဲ မောင်မျိုးရေးတာ ဖတ်ပေမဲ့ ကိုယ့်ကို ပြောနေသလိုပါပဲ။

    နံပါတ် ၁၁ ကိုတော့ တကယ်ကို ကြောက်ရွံ့စွာ ရှောင်နေပါပြီ။

    ReplyDelete
  8. “မလောပါနဲ့ ” ဆိုတာလေးပါ မထဲ့တော့ဘူးလားလို့ ။ လောလော လောလောနဲ့ ဆရာလာလုပ်သွားသည် ပေါ့း)

    ReplyDelete
  9. ကိုယ်တိုင်ရေး..ကိုယ်တိုင်ဖတ်ဆိုပေမဲ့
    ကျမလည်းလာဖတ်သွားပါတယ်..
    မောင်မျိုးရေ...

    ReplyDelete