Monday, September 6, 2010

သီချင်း

သီချင်းဆိုတာ လူ့ရဲ့စိတ်ကို အမျိုးမျိုးပြောင်းလဲစေနိုင်တယ်ဆိုတာ ဟုတ်မှာပါ ဂီတနဲ့ပက်သက်လို့ ဘာပါရမီမှမရှိပေမယ့် နားထောင်ရတာကိုတော့ကြိုက်တယ် ။ သီချင်းဆို သံစဉ်အေးအေးလေးကြားတာနဲ့ ဘာသီချင်းပဲဖြစ်ဖြစ် အားလုံးနားထောင်ဖြစ်ပါတယ် ။ ကိုယ်တိုင်ဆိုဖို့ကျတော့လား ဟဲဟဲ အသံကကောင်းလွန်းတော့ ကြားရတဲ့သူတွေက နှာခေါင်းတွန့်တွန့်သွားတတ်ကြလို့ ကိုယ့်ပါသာတစ်ယောက်တည်း ပြိတ်တာငြီးချင်းပဲ ချရတယ် ဟုတ်တာတော့ဟုတ်သား ကိုယ့်ရဲ့အသံကလည်း မွန်လိုလို ကရင်လိုလို ဟိုမရောက် ဒီမရောက်တဲ့ လအော့လအယ် အသံပါ ။

သီချင်းကတော့ ဆိုဖြစ်ပါတယ် ခု အာဇာနည်ရဲ့ သီချင်းဆိုနေရင်း နောက်ခဏနေ ဟဲလေး သီချင်း ရောက်ချင်ရောက်သွားတယ် ဘယ်လိုကနေဘယ်လို non-stop ဖြစ်သွားတာလည်း ကိုယ်တိုင်တောင်မသိဘူးဆိုတော့ ကြား၇တဲ့သူဆို ပိုဆိုးကော ။ဘယ်သီချင်းတစ်ပုဒ်ကိုမှလည်း ဆုံးအောင်မဆိုတတ်ပါဘူး အဲ့လောက်ထိတော်တာ ။ အော်....သီချင်းဆိုလို့ ရွှေတိဂုံ မြောက်ဘက်မုဒ်နားက M3 ကာရာအိုကေ ဆိုင်မှာ နားထောင်ရတဲ့ အဆိုတော် ကိုရေခဲတုံးကြီင်္း ရဲ့ အသံကိုတော့ အကြိုက်ဆုံးပဲ ။သူအခု အခွေထုတ်ဖို့လုပ်နေပါတယ် ထွက်ရင် ဒီဘလော့မှာ ကြော်ငြာပါအုံးမယ် ။

နားထောင်ဖြစ်နေကျသီချင်းတွေက Justin Bieber - Somebody To Love Remix ft. Usher / super junior-SORRYSORRY_뮤직비디오 / Beyoncé - Halo / savage garden - Truly madly deeply ဒီသီချင်းတွေတော့ ခဏခဏကို နားထောင်ဖြစ်ပါတယ် အကုန်လုံးနားလည်လို့တော့မဟုတ် နည်းနည်းပါးပါး ပါပဲး) ။ ခုရက်ပိုင်း အရမ်းကြိုက်နေတဲ့ သီချင်းလေးတစ်ပုဒ်ပါ ပူစူး ရဲ့ တစ်မိုးအောက် ဆိုတဲ့ သီချင်းလေးကို ရေဒီယို မှာနားထောင်လိုက်ရတယ် ကြိုက်သွားလို့ အင်တာနက်မှာ ပြန်ရှာပြီး နားထောင်ဖြစ်နေရင်း ဘယ်သူဆိုထားမှန်းမသိတဲ့ တစ်မိုးအောက် သီချင်းလေးကို ထပ်ပြီး နားထောင်လိုက်ရတယ် ဘယ်သူမှန်းလည်းမသိပါဘူး မျက်နှာလည်းမမြင်ရ ဂစ်တာလေးတစ်လက်တည်းနဲ့ ဆိုသွားတာ အရမ်းကောင်းပါတယ် လမ်းဘေးအုတ်ခုံမှာ သူငယ်ချင်းတစ်ယောက်ဆိုတာကို နားထောင်နေရသလိုပါပဲ ဘာ တူရိယာ အသံမှ ထပ်ပြီးမပါပဲ ဂစ်တာသံလေးနဲ့ပဲ နားထောင်ရတာ အရမ်းကို အရသာရှိပါတယ် ။ နားထောင်ကြည့်ကြပါအုံး ကြိုက်လွန်းလို့ပါ music & so much more :)


16 comments:

  1. ဆိုတဲ့လူက တော်လိုက်တာ...

    ReplyDelete
  2. သီချင်း အဆိုပြိုင်ချင်လို့လား
    လာခဲ့လေ..မျက်နှာပါ တံတွေးစင်သွားစေရမယ်:P
    သီချင်းလေး ခံစားသွားတယ်
    ထပ်တူကျတယ်အကိုတော်

    ReplyDelete
  3. အချင်းချင်းမို့ မြှောက်ပြောတာ မဟုတ်ဘူးနော်။

    ဟဲ့ ဦးမောင်မျိုး ဒါ နင့် အတံ မဟုတ် ဘူးဆိုတာ နာ တိဒရ်။ ဟီဟိ


    ငြိမ်းချမ်းပါစေ
    မိုးယံ

    ReplyDelete
  4. ဟုတ်တယ် မောင်မျိုးရေ... တော်တော်နားထောင်ကောင်းတယ်.....။



    မစဒက

    ReplyDelete
  5. You Tube သွားပြီး တခြားသီချင်းတွေပါ နားထောင်နေပြီ... စိတ်ကြီးတယ်.... ဟိ


    မစဒက

    ReplyDelete
  6. ၀ါး.. အသံအရမ်းကောင်းတယ်ကွာ..ကြောင်မျိုးနီ့အသံလား... မိုက်တယ်ကွာ..... SFY မှာလာဆိုလို့ပြောလိုက်ပါ..း))) စောင့်နေမယ်...


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  7. ကြောင်မျိုးရေ.. ငါလိုက်ကြည့်လိုက်တာ..အဆိုရှင်က မြန်မာပြည်ပြန်ရောက်နေတာကိုး.... ရန်နိုင်ဆိုပဲ.. အဟိ.. ငါနဲ့နာမည်ဆင်တယ်...း)))...... အသံကတော့ရှယ်ပဲ....

    ReplyDelete
  8. သီချင်းလေးကကောင်းသလို
    ဆိုတဲ့သူအသံလေးကလည်းကောင်းလိုက်တာ..
    ပလက်ကင်နဲ့ရစ်သမ်ကိုတွဲတီးသွားတာ
    C Am Dm G A7 တို့နဲ့တီးသွားတယ်
    ထင်တာဘဲ

    ReplyDelete
  9. ဒီသီချင်းလေးကို ညီမလေးလဲနှစ်သက်တယ် . .

    ReplyDelete
  10. ဆိုတဲ့သူက တော်လိုက်တာနော်....
    မဟုတ်မှ လွဲရော ကိုမျိုး လာမသိ....

    ReplyDelete
  11. သီချင်လေး နားထောင်ကောင်းတယ် သယ်ရင်းရေ ကျေးဇူးပါ ။

    ReplyDelete
  12. နားထောင်ဖြစ်နေတဲ့သီချင်းတွေ တူနေတယ်...။ YOUTUBE က သီချင်းတော်တော်မိုက်တယ်..

    ReplyDelete
  13. ဟုတ်တယ် ရန်နိုင်ဆိုထားတာ .. တခြားသီချင်းတွေ တော်တော်များများရှိသေးတယ် ...
    သူအသံက ငြိမ်ပြီး ကြည်တယ် ...

    တော်တော်တော်တဲ့လူ ...
    ဆရာဝန်ဆိုတော့ ဒီလောက်တော့ ရှိမှာပေါ့ ..

    ReplyDelete
  14. အသံလဲတော်တော်ကောင်းသလို သီချင်းထဲမှာလဲ သူ့ဘယ်လောက် ဈာန်ဝင်ပြီးဆိုလဲဆိုတာ သိသာတယ်... နားထောင်တဲ့သူ နှလုံးသားကို ထိတယ်... အဲဒိသီချင်း တစ်ခါမှမကြားဖူးဘူး... ဝေငှတဲ့အတွက်လဲ မောင်မျိုးကို ကျေးဇူးတင်ပါတယ်... youtube ပေါ်သွားပြီးတော့လဲ အဲဒိလူသိအောင် ကွန်မန့်လိုက်ပါအုံးမယ်...

    ReplyDelete