Tuesday, August 24, 2010

မဲဆောက်


ဟိုကောင်မလေး လန်းတယ် မဲဆောက်
ပေါင်တံဖြူဖြူ စကပ်တိုတိုလေးတွေ ၀တ်တဲ့ မဲဆောက်
ပုလိပ်ကြီးက ဖမ်းတယ် မဲဆောက်
ဟုတ်တာကော မဟုတ်တာကော အော်တတ်တဲ့ ကာလာစုံ ဗလာ ဗလာတွေများတယ် မဲဆောက်
ဒေါ်လာ စားပြီးအော်တဲ့ သူတွေများတယ် မဲဆောက်
ပေါ်တာ စားပြီးအော်တဲ့သူတွေများတယ် မဲဆောက်
၁၅ ဘတ် တန်ကြက်ပေါင်ကျွတ်ကျွတ်ကနေ
၁၅၀၀ တန် ကြက်ပေါင်ကြီးကြီးတွေထိ စားလို့ရတယ် မဲဆောက်
လွယ်လွယ်ချစ် လွယ်လွယ်ပစ်လို့ရတယ် မဲဆောက်
ချစ်တမ်း ကြိုက်တမ်း ကစားလို့ရတယ် မဲဆောက်
“ဟဲလို ဖုန်းမှားသွားလို့ နာမည် ဘယ်လိုခေါ်လဲ ” ဒါမျိုးအထာတွေများတယ် မဲဆောက်
လျှင်သူစားတယ် မဲဆောက်
ဒီနေရာမဲဆောက် မှာ ကြမ်းပိုးကို လိပ်ဖြစ်အောင်ရေးတဲ့
ဘလော့ဂါ တစ်ကောင်လည်း ရှိတယ် မဲဆောက်
“ဆော်ဝါဒီခပ် ” မဲဆောက်
“မင်္ဂလာပါ ” မဲဆောက်
“ ဆဘိုင်ဒီမိုင် ” မဲဆောက်
“ နေကောင်းလား ” မဲဆောက်
ခု အဖျားတက်နေတဲ့မြို့ အဲ့တာ မဲဆောက်

11 comments:

  1. ဟဟဟဟဟဟ...
    သရော်စာလိုလို
    တကယ့်ကဗျာလိုလိုကြီး.။။
    အဲလို ရေးတတ်ချင်လိုက်တာ
    ငါသာ ရေးတတ်လို့ကတော့ကွာ
    ဒီ့ထက် နာမယ်မှတ်..ဟိဟိ
    ပေါင်တံလေးတွေတော့ ကျိတ်ဝင်ဂျား။

    ReplyDelete
  2. ၁၅ ဘတ် တန်ကြက်ပေါင်ကျွတ်ကျွတ်ကနေ
    ၁၅၀၀ တန် ကြက်ပေါင်ကြီးကြီးတွေထိ စားလို့ရတယ် မဲဆောက်

    ဘတ် ၁၅၀၀တန် ကြက်ပေါင်....မှန်းမရဘူး ပုံလေးပါ တွဲတင်ပေး....:P

    ReplyDelete
  3. ဖြုတ် ကို ဂေါ်င်္ဇီလာဖြစ်အောင်ရေးပြပါ.. မဲ့ဆောက်က ဘလော့ဂါကြီး....

    ReplyDelete
  4. အခု ကြမ်းပိုးကို လိပ်ဖြစ်အောင် ရေးထားတာလား ဟင့် င့်င် အင့်
    ခင်မင်လေးစားလျှက်
    မိုးယံ

    ReplyDelete
  5. ၁၅၀၀ တန် ကြက်ပေါင်ကြီး ဆိုတာဘာလဲ ကိုမျိုး?

    ReplyDelete
  6. အဲဒီ မဲဆောက်ကို တစ်ခေါက်လောက်တော့ လာခဲ့ချင်သေးတယ် ။ ဘလောဂ်ဂါကြီးနဲ့တွေ့ချင်တယ် အကြောင်းပြပြီး
    ဆာဝါဒီခလေးတွေနဲ့ တွေ့ချင်လို့ :)

    ReplyDelete
  7. ခွန်ချလာ(က) များတဲ့ မဲဆောက်
    ခွန်ကြောက်ချူးများတဲ့ မဲဆောက်
    ဟီ ဟီ တိတော့ဖူးရယ်

    ReplyDelete
  8. :)))... မဲဆောက်ဆိုတာ ဘာလဲလို့ သိသွားပြီ....

    ReplyDelete
  9.ီမို က်တယ်

    ReplyDelete
  10. ရောက်ဖူးချင်တဲ့....မဲစောက်..
    ခုထိသွားမလည်ဖြစ်သေးတဲ့...မဲစောက်..

    ReplyDelete
  11. မေပယ်...သရော်စာမဟုတ်ပါဘူး ညီရ အချဉ်ဖောက်ထားတဲ့စာပါး)

    မချစ်ကြည်အေး... အစ်မကလည်း တစ်ချို့သောမေးခွန်းတွေက ဖြေရခက်တယ်လေဗျ မပြောပဲနဲ့ သိလိုက်တော့နော့် အဝေးကပင်မြင်နိုင်ပါသည်ပေါ့ ဟဲဟဲ။

    မစန်ဒါကြီး...မြှောက်ပေးပြန်ပြီး

    မိုးယံ.... ဟုတ်ပါ့ မှန်ပါ့ ခင်မင်လေးစားလျှက်ဆိုတော့ ရိုသေနေလိုက်တာ သာဓုပါဗျာ ။

    AMK ... အဲ့တာ ကြက်ပေါင်အကြီးကြီင်္းပေါ့ဗျ ရှင်းနေတာကိုနော်း)

    ကိုဒီပ...ဟဟား ကြက်ပေါင်စားချင်တာလား ဆာဝါဒီခ ချင်တာလား

    အမည်မဲ့..... အလဲ့ သိနေတယ်ပေါ့လေ ကျနော်က အဲ့ နှစ်မျိုးလုံးမဟုတ်ဘူး ခွန်ဗာ့ ပါး)

    နေ၀သန်.... အေးပေါ့ မင်းကော စားချင်သေးလား။

    အမည်မဲ့ ၂ ...မိုက်ရင်ထွက်ခဲ့ (တကယ်မဟုတ်ဘူးနော့် ) ကျနော်ကကြောက်တတ်တယ် ။

    ReplyDelete