Tuesday, August 17, 2010

မင်းပေါ့



ကြီးကျယ်ခမ်းနားတဲ့ ငါ့နှလုံးသားပြတိုက်က
အချစ်လည်ဆွဲလေးတစ်ခုဟာ
မင်းပေါ့
လင်းလက်တောက်ပနေတဲ့ ကြယ်ကလေးတွေရဲ့အလယ်က
ဝိုင်းစက်နေတဲ့ လမင်းငယ်ဟာ
မင်းပေါ့
သဇင်တစ်ခက် လှသထက် လှနေတာ
မင်းအတွက်ပေါ့
မိုးယံအမြင့်မှာ လူးကာလွန့် ကာနဲ့ 
ဆော့ကစားနေတဲ့ စွန်ကလေးတစ်စင်းဟာ
မင်းရဲ့ ကိုယ်ပွားလေးပေါ့
ကြည်ဖြူနွေးထွေး ကိုယ်ရင်အေးစေဖို့ 
အချစ်ပန်းလေး တစ်ပွင့်လောက် ပေးပါလား
အစဉ်သာမနှေးအကြင်နာတွေ ပေးချင်ပေမယ့်
ရင်မှာလေးနေတာကတော့
ဟော့ဒီက ရူးကြောင်ကြောင် ကိုယ်ပေါ့ ချစ်သူရယ်

10 comments:

  1. :).. နေရာမှားနေတယ်ထင်တယ်.... ဒါရည်းစားစာလိုလုပ်ပေးရမယ်လေ..


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  2. ကဗျာလေးက ကောင်းလိုက်တာ..
    အောင်ဆုံး တစ်ကြောင်းက အမိုက်ဆုံးပဲ...ခွိခွီ

    ReplyDelete
  3. အင်း ကိုယ့်အခြေအနေကိုယ်သိရင် သိပ်မဆိုးသေးဘူး .. :P

    ReplyDelete
  4. ရင်ဘတ်မှာ
    ချုပ်ရိုးတွေ အထပ်ထပ်
    အပ်ချည်လုံးကုန်အောင် ချုပ်သွားတာ
    မင်းပေါ့...။
    ရင်ဘတ်မှာ
    ရူးကြောင်ကြောင် တံဆိပ်တွေကပ်
    အရှက်တွေကွဲအောင် ငါ့အတဲကိုခွဲ
    အဲဒါ...မင်းပေါ့...။
    ရင်ဘတ်မှာ
    အရိုင်းပန်းတွေနဲ့ ဘိန်းပန်းတွေပျိုး
    မူးယစ်ရီဝေစေအောင် ပြုစားတာ
    မင်းပေါ့...။
    ဟီး...ကဗျာကောင်းလေးမို့
    ဖြည့်စွက်ပေးခဲ့ပါတယ်အကိုတော်

    ReplyDelete
  5. ရင်မှာလေးနေတာကတော့
    ဟော့ဒီက ရူးကြောင်ကြောင် ကိုယ်ပေါ့ ချစ်သူရယ်

    အဟမ်း !!!!!
    ယုံပါ၏ ယုံပါ၏ :P

    ReplyDelete
  6. ကျွန်တော်က အမြင့်မှာ လူးကာလွန့်ာမနေပါဘူးခင်ညာ ။ အမြင့်ကြောက်တယ်။ မလေးရှားမှာ အလုပ်လုပ်နေပြီး မျှော်စင်ညီနောင်တောင်သွားမလဲဘူး။

    ငြိမ်းချမ်းပါစေ

    မိုးယံ

    ReplyDelete
  7. ချစ်တတ်လှချည်လား..

    ReplyDelete
  8. နင်ရေးတဲ့စတိုင် emo poem လေးတွေ ဖတ်ရတာ ကြိုက်တယ် :)

    ReplyDelete
  9. ကဗျာလေးက လှပနူးညံ့တယ်..

    ReplyDelete
  10. အစဉ်သာမနှေးအကြင်နာတွေ ပေးချင်ပေမယ့်
    ရင်မှာလေးနေတာကတော့
    ဟော့ဒီက ရူးကြောင်ကြောင် ကိုယ်ပေါ့ ချစ်သူရယ်


    သိသွားပြီ ... အမှန်တော့ အဲလိုကိုး ...

    ReplyDelete