Sunday, August 15, 2010

ဖျော်ရည်

ချိုတယ် သကြား
ငန်တယ် ဆား
ချဉ်ပြုံးပြုံးနဲ့ စပျစ်
ခါးသက်သက်နဲ့ ကြက်ဟင်းခါး
ဘ၀ကို အရွဲ့တိုက်
ဒက်လဗိုင်ရောပြီး ဖျော်ပစ်လိုက်တယ်
အစပ်ဟပ်မတည့်လေတော့
ပထ၀ီ ၊တေဇော ၊ အာဘော ၊၀ါရော
ဓာတ်ကြီးလေးပါးစလုံး အဆိပ်မိသွားလိုက်ပုံများ
အခုတော့ ကိုယ့်မှာ မရှူနိုင် မကယ်နိုင်
အမေ ရေ သားတော့ ဆေးစားမှားပြီးထင်ပါ့ ...။




6 comments:

  1. ဒက်လဗိုင် ခက်ဆစ်ဖွင့်ပေးပါ ဘကြီးဆရာ

    ReplyDelete
  2. ဒက်လဗိုင် = မြန်မာလိုဆို အဲ့ အောက်သားတွေပြောတာဆိုရင် အကုန်လုံးထည့်ပြီးရောနှောတာကိုပြောတာ

    အီးလိုဆို မစ်ရှိတ်ပေါ့

    ထိုင်းလိုဆို စိုင်ဒွဲကန်းးး

    ပြင်သစ်လိုဆို မသိဘူးး

    ဟဲဟဲ.. ဒါရေးဖူးသား အဟောင်းကြီး ပြန်မမှတ်မိတော့လို့ မစ်ရှိတ်လုပ်လိုက်တား)

    ReplyDelete
  3. ဟဟဟ..
    ကိုမျိုးတို့ကတော့ အတွေးဆန်းပါပေ့
    ခက်တာက စာလုံးပေါင်းတွေ မှားနေ
    သေးတယ်..(စာလုံးပေါင်းမှားတတ်
    တယ်လို့ ၀န်ခံထားပါရက် လျှာရှည်
    ရန်ကောလို့ မလုပ်နဲ့နော်..ခင်လို့ စတာ) အမှန်က ဒက်လဗိုင်မဟုတ်ပါ
    အကို အဓိပ္ပါယ်ဖွင့်ထားတာလေးတော့
    မှန်တယ် ကောင်းလဲ ကောင်းတယ်

    ReplyDelete
  4. ဇီးဖျော်ရည် သောက်ချင်လိုက်တာ ဦးလေးမျိုးရာ ... :P

    မစဒက

    ReplyDelete
  5.ဲကြားဖူးတာတော့ (ဘတ်လဘိုင်) ဒတ်လဘိုင်တော့ မသိဘူး.... ဘတ်လား ဒတ်လားတော့မသိဘူး...... ကုလားလို ..ရောသမမွေ တာကို ရည်ညွန်းတယ်လေ....

    ReplyDelete
  6. ရွှန်းမီAugust 16, 2010 at 4:01 AM

    မှတ်မိတယ် =)

    ReplyDelete