Sunday, August 1, 2010

ငမွဲ


ရေးလက်စ ကဗျာတစ်ပိုင်းတစ
ကာရံတွေပျောက်သွားသလို
မက်လက်စ အိပ်မက်တချို့
မက်နေတုန်း လှုပ်နှိုးခံလိုက်ရသလို
အလန့်တကြား
တကယ်တော့ ချစ်သူ မင်းကို ချစ်ရတာလေ
ရေပေါ်ကို လမ်းလျှောက်
ပလုံခနဲနေမှ နစ်းမှန်းသိလိုက်ရ
အချစ်ဆိုတာဟာလည်း အိပ်မက်ထဲမှာပေါက်တဲ့
ထီလက်မှတ်လိုပါပဲ မိုးလည်းလင်းရော ခြေခြေမြစ်မြစ်ပြစရာဘာမှမရှိ
မင်းအတွက် အပြုံးချိုချို တွေကလွဲလို့ ဒီငမွဲက မွဲတယ် ။

8 comments:

  1. အင်း.........ကိုမျိုး။

    ReplyDelete
  2. ဟေ့.. အပြုံးသဌေးကြီး..........


    မစဒက

    ReplyDelete
  3. ၀ါး.. လန်းတယ်ဟေ့..း))....

    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  4. မွဲတယ်ဆို အနားတောင် မကပ်နဲ့ ဒါပဲ...။

    ReplyDelete
  5. မောင်မျိုး..ငမွဲဆိုတဲ့နာမည်လည်းရှိသေးတယ်
    ဟုတ်လား...

    ReplyDelete
  6. ကဗျာလေးမိုက်တယ်..ဆက်ရေးပါ..
    အားပေးလျှက်ပါ..

    ခင်မင်စွာဖြင့်
    ယွန်း

    ReplyDelete
  7. ကုန်မှာမဟုတ်တဲ့ အပြုံးတွေ အိတ်စပို့လုပ်ကြည့်ပါလား.. :P

    တခါတလေလည်း တွေးမိတယ်.. သူဌေးကြီး ဖြစ်သွားရင် ပြုံးပါတော့မလားလို့ .. ဆိုင်ဘူးထင်တယ်နော်..

    ReplyDelete
  8. အိပ်မက်ထဲမှာ ပေါက်တဲ့ ထီလက်မှတ်လိုတဲ့


    တကယ်တော့ အိပ်မက်ဆိုတာ ရဲ့ အခိုက်အတန့်မှာ

    သူဌေး အဖြစ်ကို ခဏ ရောက်ခဲ့သေးတာပဲ
    ခဏတာတော့ အမွဲ ဘ၀မှ လွတ်ခဲ့တယ်။

    ရေထဲပြုတ် ကျရင်လည်း ပြန်ကူးတက်ခဲ့ဗျာ အားမငယ်ပါနဲ့

    ကဗျာလေး ကို ထဲထဲဝင်ဝင် ခံစားပေးသွားပါတယ်


    လေးစားလျက်- ဘရာဗို

    ReplyDelete