Friday, July 30, 2010

ကြောင်မျိုး ဘာကြောင့်ခေါ်

ကြောင်မျိုး ဘာကြောင့်ခေါ် ဒီပို့စ်လေးက အရင်တုန်းကလည်း ဘလော့ကိုလာဖူးတဲ့သူတစ်ယောက်က မေးလို့ ရေးဖူးပါသေးတယ် ။ ခုတခါတော့ သူငယ်ချင်း နေ၀သန် က ဘာလို့ကြောင်မျိုး လို့ခေါ်တာလည်း မေးလာပြန်တာကြောင့် ဘာရေးရမှန်းမသိဖြစ်နေတဲ့ ကျနော့်အတွက် ဆားချက်ဖို့ ပို့စ်တစ်ပုဒ်ရသွားပြန်ပြီပေါ့။

ကြောင်မျိုးလို့ နာမည်တွင်သွားတာကတော့ ကျနော် ဘလော့မရေးခင် စာဖတ်သူတစ်ယောက်အနေနဲ့ပဲ စာတွေလိုက်ဖတ်ဖြစ်နေတုန်းကပါ အဲ့တုန်းက လောဘကြီးတာ ကိုယ့်ကို ဆီပုံးမှာ စကားပြန်ပြောတဲ့သူရဲ့ ဘလော့ကိုမှ နောက်နေ့တွေသွားပြန်လည်ဖြစ်တယ် ။ အဲ့တုန်းက မျှားပြာ ရဲ့ ဘလော့မှာ သူစာပြန်ထားတာ ကျနော့်တစ်ယောက်ပဲကျန်ခဲ့တယ် စိတ်တိုတိုနဲ့ နောက်နေ့မလာတော့ဘူုးလို့ ရေးပြီးပြန်လာခဲ့ပါတယ် ။ သူကလည်း ဘလော့သွေးကကြွနေတဲ့အချိန် စိတ်စွဲလို့ပဲလားတော့မသိ ညပိုင်းကျတော့ အဲ့အကြောင်း အိပ်မက် မက်တယ်တဲ့ ။ “ ကျွန်တော်နှင့်ကြောင်နှစ်ကောင်အိပ်မက်” ဆိုတဲ့
ပို့စ်လေးပဲ အရင်တုန်းက ဘလော့ကိုဖတ်ဖို့လောက်ပဲ အာရုံရနေတဲ့ကျနော် အပျော်တွေလွန်ပြီင်္း ဘလော့ရေးချင်စိတ်ပေါက်သွားတော့တာပဲ ။ နောက်တော့ မလေးမ က လင့်ချိတ်တော့ ကြောင်မျိုး လို့ ချိတ်ထားလိုက်တယ် ။ အဲ့တုန်းက စခင်တဲ့ ဘလော့ဂါသူငယ်ချင်းတွေကလည်း လာတိုင်း ကြောင်မျိုး ၊ ကြောင်မျိုး နဲ့ပဲခေါ်နေတော့တာနဲ့ ကြောင်မျိုးလို့ နာမည်တွင်သွားရပါကြောင်း :) ။

ခုနောက်ပိုင်းတော့ အဲ့တုန်းက သူငယ်ချင်းတွေကလည်း ဘလော့နားကုန်ကြတဲ့သူတွေကော မအားကြတဲ့သူတွေကောနဲ့ ကြောင်မျိုးလို့ခေါ်တဲ့သူ မရှိတော့သလောက်ပါပဲ ။ ကြောင်မျိုးလို့ ခေါ်ကြတဲ့သူတွေက မှတ်မိသလောက်တော့ ဒေါ်လေးပန်(ပန်ဒိုရာ) ၊ မလေးမကတော့ ကြောင်မျိုး ခေါ်လိုက် ကြောင်စုတ်လို့ ခေါ်လိုက်နဲ့ပါပဲ ။ ကြောင်ကလေးလို့ တစ်ခါတလေ ချစ်စနိုးနဲ့ခေါ်ကြတဲ့ အစ်ကိုသူငယ်ချင်းတွေက မျှားပြာ ၊ ကိုတင့် ၊ ညိမ်းညို ပြီးတော့ မွန် ။ ဓာတ်ပုံတွေတင်တဲ့ ပို့စ်တွေမှာ ကျနော့်ရဲ့ လှတပတ မျက်နှာလေးမှာ ချစ်မွှေး နှုတ်ခမ်းမွှေးကားနေတဲ့ ပုံတွေများတာကြောင့် ကြောင်နဲ့ တူတယ်လို့ တစ်ချို့ ( ကိုရွာသားတစ်ယောက်တည်းပါ ) ကတော့ မှတ်ချက်ချဖူးတယ် ကိုလင်းဒီပ တို့လည်း ကြောင်မျိုး လက်သည်းနဲ့ ကုတ်မှာကြောက်လို့ ဘာညာနဲ့ရေးဖူးသေးတယ်ထင်တယ် ။ ပြီးတော့ ညှောင်မျိုး ညောင်မျိုးလို့ နာမည်ဖျက်တာတော်တဲ့ မစန်ဒါကြီးတော့ နာမည်တွေ ဘယ်နှစ်မျိုးလောက်များ ထပ်ပေးအုံးမလဲဆိုတော့ တွေးမိသေး ။ နေသ၀န်ရဲ့ ကြောင်မျိုး ဘာလို့ခေါ်တာလဲ ဆိုတဲ့ ကော့မန့်လေးတွေ့မှပဲ အဲ့ပို့စ်လေး သွားဖတ်မိတော့တယ် ပျော်စရာ အတိတ်က နေ့ရက်များပေါ့ လွမ်းမိပါရဲ့ အရင်တုန်းက အချိန်များရယ် ။ ဒီပို့စ်လေးရေးဖြစ်သွားအောင် မေးဖြစ်ခဲ့တဲ့ နေ၀သန့်ကို ကျေးဇူးအထူး ။

8 comments:

  1. ညီပိုစ့်တော်တော်များများက အရင်က မဖတ်ဖူးတာ မရှိသလောက်ပဲ။

    အရင်ပိုစ့်အဟောင်းတွေကို ဖတ်ရင်း ကိုယ့်မန့်ခဲ့တာတွေ အခုချိန်ပြန်မန့် ရင် မတူတော့မှာ အမှန်ပဲ။

    ပိုရင့်ကျက်လာတာ မဟုတ်ဘူး.

    ပိုဂေါက်လာတာ.။

    ReplyDelete
  2. ဒါဆိုလည်း ကြောင်မျိုးလို့ လိုက်ခေါ်ရမလား..:D.. မခေါ်ပါဗျာ.. ကိုမျိုးပေါ့.. ဟဲဟဲ.. ကျွန်တော်တို့ မြို့က ကိုမျိုးဆီချက်ကို သတိရလို့...း))


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  3. အရင်ကသူငယ်ချင်းတွေ..အရင်ကအချိန်တွေဆိုတာ
    ကတော့ဘယ်တော့မှပြန်မရနိုင်တော့တဲ့အရာတွေပါဘဲ
    ကျမလည်းတခါတခါတွေးမိတယ်..
    ဘယ်လောက်အချိန်ထိဘလော့ရေးဖြစ်နေမိမှာလဲလို့
    တသက်လုံးဘဲစာတွေရေးသွားချင်ပါတယ်..
    ကျမ..အကြောင်းအမျိုးမျိုးကြောင့်
    ဘလော့မရေးဖြစ်တော့တဲ့အခါကျရင်လည်း
    ဘောလုံးပွဲအရမ်းဝါသနာပါတဲ့
    အီတလီနဲ့ချယ်ဆီးရဲ့ထာဝရပရိတ်သတ်
    Blackroze...ဆိုပြီး..ကျမကိုသတိရပေးပါနော်

    ခင်တဲ့.....blackroze

    ReplyDelete
  4. အင်း........

    အမလည်း လွမ်းမိပါတယ်.. အတိတ်ကို။

    ReplyDelete
  5. ငါ့အမှတ်မိဆုံးကတော့ နှုတ်ခမ်းမွှေးနဲ့ ကြောင် ဆိုတာပဲ .. :P

    ReplyDelete
  6. အကိုတော်ရေ . .
    blog စာမျက်နှာပေါ်မှာ ပြန်ဆုံကြပြန်ပြီနော်
    အရင် blog လောကလေးကို ပြန်လွမ်းမိပါရဲ့ 
    နွေးထွေးပြီး ရိုင်းပင်းစိတ်ရှိတဲ့ အဲ့ လိုဘ၀မျိုးလေး
    နောက်တစ်ကြိမ် ထပ်မရနိုင်တော့ ဘူးနော်
    တစ်ချို့ တွေကလည်း မအားမလပ်လို့ 
    မရေးဖြစ်ကြတော့ ဘူးလေ . . အင်းး
    လွမ်းစရာလေးတွေတော့ ဖြစ်ကုန်ပြီ . . ။

    ခင်မင်စွာနဲ့ 

    ညီမလေး

    ပန်းခင်း

    ReplyDelete
  7. ကြောင်ပုံလေးနဲ့ Banner လေးကို သတိရသွားတယ်...

    ReplyDelete
  8. ဟုတ်တယ်နော်.. အရင်တုန်းက ဘလော့ခ်ရေးခဲ့တဲ့ သူငယ်ချင်းတွေကို သတိရမိသွားတယ်.. လေးမရယ် မျှားပြာရယ်.. သူတို့ဘာတွေလုပ်နေကြလဲ မသိဘူးနော်.. သတိရတယ်.. မောင်မျိုးကို ကြောင်မချောချောလေးနဲ့ ရပါစေလို့ အမ ဆုတောင်းပေးမိသလိုပဲ... :D

    ReplyDelete