Friday, June 11, 2010

သို့ / အမေ

အမေ
ဘယ်လိုမှကို
ပြောမပြတတ်အောင်ပါပဲ

ဒီတော့လည်း
ပြောပြမနေတော့ဘူး
အချိန်တန်ရင် ရှင်းပြဖို့တော့
အထပ်ထပ်ထုပ်သိမ်းထားလိုက်တယ်
ရှင်းရောပေါ့

အဲသလိုပါပဲ
အမေ့ကိုလွမ်းတဲ့အမေ့သားက
တစ်ခါတစ်လေတော့လည်း
မျက်မှန်နက်ကြီး မချွတ်ပဲ တပ်ထားမိတယ် ။

7 comments:

  1. အညိုရောင်လေး ပြောင်းတပ်ပါလား
    အပြောင်းအလဲပေါ့ .. :P

    ReplyDelete
  2. ဏီလင်းညိုJune 12, 2010 at 9:08 PM

    မောင်မျိုးရေ......

    ဒီလိုစာလေးတွေ...... ကဗျာလေးတွေဖတ်ရတိုင်း...မေမေ့ကိုသိပ်သတိရမိတတ်တာအမှန်............

    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  3. အဲဒါကြောင့်တွေ့တွေ့နေပါတယ်ထင်တာ..
    လူမှားမှာစိုးလို့..လက်စသတ်တော့
    မိတ်ဆွေဟောင်းကြီးကိုး..
    စကားမစပ်..အမေကဗျာလေးက
    လွမ်းစရာ...မျက်မှန်အနက်ပဲဖျက်နေတာ..

    ReplyDelete
  4. အဲသလိုပါပဲ
    အမေ့ကိုလွမ်းတဲ့အမေ့သားက
    တစ်ခါတစ်လေတော့လည်း
    မျက်မှန်နက်ကြီး မချွတ်ပဲ တပ်ထားမိတယ် .

    စဉ်းစားစရာတွေပေးလိုက်ပြန်ပြီလား ညီမောင်မျိုးရေး)

    ReplyDelete
  5. အဲဒီမျက်မှန်နက်ကြီးက ထုံဆေးတစ်မျိုးပါပဲ...။

    ReplyDelete
  6. သယ်ရင်း.. မျက်မှန်နက်က နေရောင်ပြင်းပြင်းအောက်မှာ ဆိုရင်တော့ တန်ဖိုးရှိတယ်နော်.. အပြင်သွားရင် လာငှားမယ်း)

    ReplyDelete
  7. မျက်မှန်နက်ကို အလယ်မှာ အပေါက်ဖောက်ထားသေးသလား...

းဝ)

    ReplyDelete