Saturday, April 24, 2010

ရင်ခွင်လျှော့ဈေး


ဝင်လာခဲ့ပါချစ်သူ
ဘာဆိုဘာမှ မသယ်လာခဲ့ပါနဲ့
ငါ့နှလုံးသားထဲ မင်းအတွက်
အချစ်စစ်တွေနဲ့ ဖျော်စပ်ထားတဲ့
ဖျော်ရည်တစ်ခွက် တိုက်ပါရစေ
ပြန်ထွက်သွားတဲ့တစ်နေ့
မျှော်လင့်ခြင်း ဖန်ခွက်ပါးပါးလေးတော့ထားခဲ့ပေးပါ
ငါ သတိရတိုင်း
မင်းနှုတ်ခမ်းရာလေးကို
အလွမ်းပြေ နမ်းရှိုက်ချင်လို့

6 comments:

  1. နုလိုက်တာဗျာ...

    ReplyDelete
  2. ကိုမျိုးနော်.... ဘလော့အသစ်ပြန်လုပ်ထားတာ အဏော့်ကိုတောင်မပြောဘူး.....။

    ReplyDelete
  3. နွေးနေခြည်April 25, 2010 at 9:36 PM

    အရင်က မောင်မျိုးလားး) ပြန်တွေ့ရတာ ၀မ်းသာပါတယ်။
    မှတ်မိလား?

    ReplyDelete
  4. အမည်မသိ - နုဆို ကျနော်က ခုမှ ၂၀ ကျော်ကိုးဗျး)

    ညီဖြိုးရေ အားနာလို့ပါ ကြော်ငြာတယ်ထင်မှာလည်းစိုးလို့ ညီလည်းလူကောစိတ်ကော ပင်ပန်းနေမှာထင်တယ် နေကောင်းပါစေ ။

    မစန်ဒါကြီး သိနေတယ်နော်း) အစ်မကြီးရေ အရင်အချိန်တွေကို လွမ်းတယ် ပြီးတော့ နောင်တရတယ် ။

    နေခြည်ရေ မှတ်မိတာပေါ့ ငါကမမေ့တတ်ပါဘူးဟ နင်အဆင်ပြေတယ်ဟုတ် ။

    ReplyDelete
  5. သူငယ်ချင်းရေ..စာပြန်ရေးနေပြီနော်..၀မ်းသာပေ
    မဲ့နင်ရေးတဲ့အမေငိုလေသော်ဖတ်ရတာမေလဲ
    မျက်ရည်ကျမိတယ်..ထပ်တူပဲခံစားရတယ်..
    သူငယ်ချင်းရေ..အရင်ကမေတော့ဟုတ်တယ်..
    ဒါပေမဲ့မေလဲနှင်းလာရင်ပျောက်ပျောက်သွားတဲ့
    မေဖြစ်နေတယ်..အားပေးနေတယ်နော်..

    ReplyDelete