Wednesday, August 17, 2016

ဘဝဆိုတာ တိုတိုလေးပါ

ဆွမ်းကပ်တယ် ပန်းလှူတယ်
တစ်ခါတလေ တရားထိုင်တယ်
ကျမ်းစာဖတ်တယ် ဆုတောင်းတယ်
ဆယ်ဖို့တစ်ဖို့၊အငယ်ဆုံးသောသူနဲ့သက်ကြီးရွယ်အိုတွေကိုထောက်ပံ့တယ်
သူငယ်ချင်းတွေကို ရွေးပေါင်းတယ် တစ်ခါတလေဆဲတယ်
ဘီယာသောက်တယ် ကတယ်
ကိုယ်ကျိုးမဖက်တဲ့ ပရဟိတ တစ်ကိုယ်တည်းလုပ်တယ်
ပကာသနနဲ့ ရာထူးနေရာကို ရွံတယ်
အချစ်ဆိုတာ  ညအိပ်ယာဝင်ချိန်လောက်သာအရသာရှိပြီး နောက်ပိုင်းကျ ငြင်းခုံရတာပဲလို့ယူဆတယ်။
ကိုယ့်ကိုယ်ကိုပျက်စီးတယ်ရယ်လို့လည်းဘယ်တော့မှအတွေးမ၀င်မိ
အမှားကိုစမ်းကြည့်သလို အမှန်ဆီလည်းပြန်လျှောက်လာဖို့ဝန်မလေးဘူး
အခုကော နောင်ကော မပြောင်းမလဲ  ကိုယ်တိုင်ကျေနပ်နေတဲ့အရာကတော့
အစွန်းအထင်းနည်းနည်းရှိတဲ့ ကိုယ်ကျင့်တရားရယ်
သူတစ်ပါးပျက်စီးရာပျက်စီးကြောင်း ဘယ်တော့မှမလုပ်တဲ့  စိတ်နှလုံးတစ်စုံရယ်

စိတ်အပင်ပန်းခံပြီး ဟန်မဆောင်နေကြနဲ့ ဘဝဆိုတာ တကယ်တော့ တိုတိုလေရယ်
အနိစ   ဒုက  အနတ္တ  ဒီမမြဲခြင်း တရားတွေထဲမှာ မသေခင်တော့ လုပ်ချင်တာလုပ်မယ်။




2 comments:

  1. ဟုတ်တယ် ဘ၀ဆိုတာတိုတိုလေးပါ....အမှားဆီကို စမ်းလျှောက်ခဲ့ဖူးပြီ... အမှန်ဆီကိုလည်း လှမ်းလျှောက်ခဲ့ပြီးပြီ....ဘယ်သူ့ကိုမှမထိခိုက် မနစ်နာစေတဲ့ ကိုယ့်အတွက် လွတ်လပ်မျှတတဲ့ အမှုမှန်သမျှ အသေခင်လေးတော့ လုပ်ချင်တာ လုပ်ရမှာပဲ...။ ဒါမှ ဘ၀ကို အနှစ်သာရရှိရှိ အသုံးချတယ်ခေါ်တာ...။

    သူငယ်ချင်းတစ်ယောက်က တွေ့တိုင်းပြောဖူးတယ် ဘ၀ဆိုတာ တိုတိုလေးပါ လုပ်ချင်တာလုပ် သွားချင်တဲ့နေရာသွား စားချင်တဲ့အစာစားတဲ့...စိတ်ချမ်းသာအောင်နေတဲ့..း)

    ReplyDelete