Wednesday, January 22, 2014

၂၀၁၄ ကို စဥ့်တုံးဖြင့် ဖွင့်လှစ်လိုက်ခြင်း

နှစ်သစ်ကို  ကူးလာပေမယ့်  ဘလော့ကတော့ နှစ်ဟောင်းမှာကျန်ခဲ့တုန်းပဲ  မဖြစ်သေးဘူး  စာသစ်လေးတင်အုံးမှလို့စိတ်ကူးပေမယ့် ရေးစရာအကြောင်းရာကလည်း မရှိ  ။  ရှိတာတော့ရှိပါရဲ့ မရေးဖြစ်တာ မရေးချင်တား)       ဒီမနက်မှရေးချင်စိတ်က ဘယ်လိုမှ တားမရ  မနက်စောစော စိတ်ကလည်း လန်းလန်းဆန်းဆန်းနဲ့ပဲ ထချင်ပါရဲ့ ခုတော့..................

ဖြစ်ပုံကဒီလို    ကျနော် ခုနေနေတဲ့ အဆောင်က  ၅ ထပ် တစ်ထပ်ကို ၁၂ ခန်းရှိတယ်   ဈေးလည်းမကြီးပဲတိတ်တိတ်ဆိတ်ဆိတ်နဲ့နေလို့ကောင်းတယ်   လမ်းထဲမှာ ဘာဆိုင်မှမရှိတော့  ဆူညံ့သံမရှိ  ခွေးချစ်ကြတဲ့အိမ်တွေများတော့ ခွေးဟောင်သံတော့ ရှိတယ် ။    အဆောင်မှာ တိုက်ခန်း ၄ ထပ်လောက်က ထိုင်းတွေကြီးပဲ မြန်မာတွေနေတဲ့ တစ်ခန်းစ နှစ်ခန်းစတော့ရှိတယ် ကျနော်နေတာက ၄ ထပ်  အပေါ်ထပ်တစ်ထပ်လုံးက   ကရင်တွေနေတယ်  နှိမ်တာလည်းမဟုတ်ပါဘူး ကိုယ်လည်း ကရင်ပဲ မခံနိုင်ဘူးဆိုတဲ့သူလည်းသေ မတတ်နိုင်   အပေါ်ထပ်အစွ
န်းဆုံးအခန်းမှာ အလုပ်ကအသိတစ်ယောက်ရှိတာနဲ့ တစ်ခါတလေ သွားသွားတက်လည်တယ်  အခန်းတံးခါးကြီးတွေဖွင့်ပြီး ရန်သူငါးပါးထဲမှာ အင်မတန်းဆိုးဝါးလှတာ သီချင်းတွေဖွင့်တယ် ဘာပဲဖြစ်ဖြစ်ပျော်စရာပါ  ငပိကြော်တယ်း) တွံတေးသိန်းတန်းသီချင်းဖွင့်တယ်  တခါတလေ   ရွှေပြည်ကြီးကိုတောင်လွမ်းတယ်။ အားလုံးက တံခါးတွေပိတ်ပြီးနေကြတာပဲများပါတယ် ငါးထပ်ကလွဲလို့  သူတို့က မနက်ဈေးမှာလုပ်ကြတာများတယ်  အစောကြီးဟင်းထချက်ကြတယ်.

ခံရတာတော့ကြာပါပြီး အပေါ်ထပ်အခန်းတည့်တည့်က ဘယ်သူမှန်းတော့သေချာမသိ ငရုပ်သီးထောင်းသံ ထုသံ ထောင်းသံ ည ၁၁ လောက်ဆိုထောင်းပြီ  အ၀တ်လည်းခုပုံမရပါဘူး ကြမ်းပြင်သံက ဆူးဆူးဝါးဝါး  အခန်းဖော်က ရွှေပြည်အေးဆိုတော့ သည်းခံခြင်းပြည့်ဝတယ်   ကိုယ်ကတော့မရ  ခံရပါများလာတော့စိတ်ကတိုလာတယ်  မနက်က ၇ နာရီလောက် ရာသီဥတုအေးလာလို့ကွေးကောင်းကောင်းနဲ့ကွေးနေတာ ငရုတ်သီးထောင်းတာမဟုတ်ပဲ တစ်ချက်တစ်ချက် ထောင်းသံဆူးဆူး ( ငါးခြောက်ကိုဖုတ်ပြီး စဥ့်တုံးပေါ်အပေါ်က ဓားနဲ့ထုသလိုအသံ)  ကြားတယ်  ပြန်အိပ်တယ် ထုတယ် ဆက်ထုတယ်  အကြာကြီး   အပြင်သံဇကာနားထွက်ပြီးနားထောင်တယ်  စကားတွေများလိုက် ရယ်လိုက်နဲ့ဆက်ထုတယ်   နောက်ဆုံးမခံနိုင်တော့ဘူး အိပ်ယာကထ ပရိဘောဂရုံမှာ လုပ်တဲ့ ယောက်ဖပေးလိုက်တဲ့ စဉ်းတုံးကိုယူတယ် ခုံခုတယ် ပြီးတော့ အသံထွက်တဲ့နေရာကို အဲ့စဥ့်တုံးနဲ့ ၁၅ ချက်လောက် ဆောင့်ထုပစ်လိုက်တယ်  အသံတွေတိတ်သွားတယ်  ထုသံ နောက်ဆုံးတစ်ချက်ကြားပြီးပျောက်သွားတယ် အခန်းဖော်ကရယ်ပြီး  ဒီလိုအကွက်မှပဲ ငြိမ်တော့တယ်တဲ့ ပြုံးစိစိနဲ့ပြောတယ်  မျက်ထောင့်နီနဲ့တစ်ချက်ကြည့်ပစ်လိုက်တယ်။


နောက်ထပ် ကြား ထပ်ပြီးထုအုံးမှာ   လွန်လွန်းတယ်     အမှန်တော့ ကိုယ်ဟာ လက်သည်းရှည်တွေဖွက်ထားတဲ့ ကြောင်ဆိုးတစ်ကောင်ပါ   အချိန်တန်ရင် အဲ့လက်သည်းတွေလည်းထုတ်သုံးတတ်တယ်း)

By the way    .. Happy New year  :) မိတ်ဆွေတို့