Sunday, October 28, 2012

Knowledge Zone



Knowledge Zone  တဲ့  ဒီနာမည်လေးက  ဒီကျောင်းလေးအတွက် တကယ်ကိုပဲ လိုက်ဖက်ပါတယ် ။  အသိပညာနယ်မြေ လို့ခေါ်မလား ဘာပဲဖြစ်ဖြစ် ဒီကျောင်းကလေးက  ကျနော်တို့အတွက်တော့  အသိပညာတွေ တိုးပွားရုံတင်မက  မိတ်ဆွေသစ်  အတွေ့အကြုံ သစ်တွေလည်းအများကြီးရစေပါတယ် ။  ဘလော့မိတ်ဆွေတွေ သိကြမှာပါ  ကျနော် ထိုင်းစာသင်တဲ့အကြောင်းလေးတွေ ဘလော့မှာ ရေးဖူးသေးတယ်  ဒါပေမယ့်   ကျောင်းကအကြောင်းကိုတော့ မရေးဖူးသေးဘူး  ။ ဒီ ကျောင်းကလေးကို မဲဆောက်က မြန်မာတော်တော်များများသိကြပါတယ် အဖွဲ့စည်းတစ်ခုဖြစ်ဖို့ ဆိုတာ မလွယ်ကူတဲ့ ဒီနေရာလေးမှာ  ဒီကျောင်းလေးကတော့  ၄ နှစ်ကျော်ဆိုတဲ့ အချိန်ကိုတောင်  ဖြတ်သန်းနိုင်ခဲ့တယ်  ။ ကျနော်ကတော့  ဒီလောက်ထိ ဖြတ်သန်းနိုင်ခဲ့တာဟာ စစ်မှန်တဲ့ စေတနာကြောင့်လို့ပဲ ယူဆမိတယ် ။




 ဒီကျောင်းလေးမှာ ထိုင်းစာ အရေး ၊အပြော ၊ အဖတ်  အပြင်  အင်္ဂလိပ်စာ ကိုလည်း အခြေခံမှ  ကျွမ်းကျင်စွာ ပြောနိုင်တဲ့အဆင့်ထိလည်းသင်ပေးပါတယ် ။  ကွန်ပျူတာ အခြေခံမှ စလို့  ဖိုတိုရှော့ပါမကျန်သင်ပေးတယ်  ။ ပြီးတော့ တစ်ခုစိတ်ချမ်းသာစရာကောင်းတာလေးက  ဒီကျောင်းက ဆရာ/မ တွေဟာ  နှိမ့်ချခြင်းနဲ့ ကျောင်းသားတွေအပေါ် တကယ်ပဲ ဖော်၂ရွေ၂ နဲ့  စတနာဖြင့် ဆက်ဆံတယ်ဆိုတာ  ခံစားရတယ်  ကျနော်ကျောင်းတက်တုန်းကလို  ဆရာတွေအပေါ်ကြောက်စိတ်လည်းမ၀င်မိဘူးး)   ။  အရင်ကကျောင်းနဲ့ သိပ်မရင်းဘူး အတန်းချိန်သွား  အတန်းပြီးတော့ အိမ်ပြန် ဒီလောက်ပဲ  ။ ခု  အရင်ကျောင်းအုပ်ကြီးက   ပဲခူးမှာကျောင်းပြန်ဖွင့်တော့ ကျနော်နဲ့  ညီအစ်ကိုလိုရင်းနှီးတဲ့  ထိုင်းစာသင်ပေးတဲ့ ဆရာက ကျောင်းအုပ်ဖြစ်တော့ ကျောင်းနဲ့ ပိုရင်းနှီးလာတယ်   ပြီးခဲ့တဲ့ အပါတ်ကတင် ကျောင်းမှာ မုန့်ဟင်းခါးလုပ်စားဖြစ်ကြသေးတယ်  ပြီးတော့  ကျောင်းအကြောင်းလေးရေးဖို့ စိတ်ကူးရတာနဲ့ ဓာတ်ပုံလေးတွေရိုက်ထားလိုက်တယ် ။  အော်....မေ့လို့  ဆရာက   ထိုင်းစာလာပြန်တပ်ဖို့ ခေါ်တာနဲ့ ကျနော် ကျောင်းပြန်တက်ဖြစ်နေတယ်   ။ အရင်လို  က၊ခ  မဟုတ်တော့  သင်ရတာ နည်းနည်း  အာရုံရလာတယ် ။




ကျောင်းက  ၅ ထပ်ဆောင်ဖြစ်ပြီး  ဒီပုံလေးကတော့ အောက်ဆုံးထပ်ပါ  ။ ကျောင်းအပ်ရင် လက်ခံပေးတဲ့ ကောင်တာလေးနဲ့ကွန်ပျူတာသင်တန်းပါ ဖွင့်ထားတယ် ။




စာသင်ခန်း



ဒါက ဆရာများနားနေခန်း



သင်တန်းကြော်ငြာများ  ။








တကယ်ဆို မဲဆောက်က  အလုပ်သမားတွေဟာ  လစာ ကောင်းကောင်းရကြတဲ့သူတွေ နည်းပါတယ် ။ အဲ့တော့ သင်တန်းကြေးမြင့်မြင့်သာဆိုရင် တက်နိုင်ကြမှာမဟုတ်ပါဘူး  ။ အဲ့တော့  ဒီကျောင်းလေးကပဲ  ကျန်ာတို့အတွက်  ပညာတွေပေးနေတဲ့ နေရာလးပါ  သင်တန်းကြေးကလည်း  ၃ လမှ ဘတ်  ၂၀၀  တည်း ။  အဲ့ ၂၀၀ ကလည်း  ဆ၇ာတွေ သင်တန်းမှာ  ပြန်ပေးတဲ့  စာရွက်စာတမ်းဖိုးနဲ့တင်ကြေလောက်ပြီး) ။ ကျနော်စုံစမ်းကြည့်သေးတယ်  ထိုင်းစာကို ဆရာငှားသင်မယ်ဆို တစ်လကို  အနည်းဆုံး  ထောင်ကျော်လောက်တော့ပေးရတယ်  ပြီးတော့  ဘန်ကောက်မှာ  ထိုင်းစာသင်းပေးတာ  တစ်နာရီ  ၂၀၀  တဲ့    အဲ့တာ  ကိုလတ် 


တက်ဖူးတယ်  ။ သူ မဲဆောက် အလည်ရောက်တုန်းက ကျောင်းကို အလည်ခေါ်သွားဖြစ်သေး ။တိုက်တိုက်ဆိုင်ဆိုင်  သူကြိုက်တယ်ဆိုတဲ့  သီချင်းကို  ဆရာက ကျနော်တို့ကိုသင်ပေးတဲ့နေ့နဲ့  တိုးနေတာ ။




ဘာပဲဖြစ်ဖြစ်  ပညာဆိုတာ  အဆုံးမရှိဘူး ဆိုလေမလား  ဒီကျောင်းလေးမှာတော့ အသက်ကြီးရွယ်မရွေး  လူမျိုးမရွေး  သင်ကြားနိုင်ပြီး  ပညာတွေ တိုးပွားစေတာ အမှန်ပါပဲ ။ စစ်မှန်တဲ့စေတနာနဲ့ မွန်မြတ်တဲ့ ပညာအလှူတွေကြောင့်  ဒီကျောင်းကလေး ကိုတကယ်ပဲ ကျေးဇူးတင်မိပါတယ်  ပြီးတော့  အခကြေးငွေ အဓိက မထားပဲ စိတ်ရင်းနဲ့ သင်ကြားပေးတဲ့ ဆရာ/မ တွေကိုကောပေါ့ ။ 



http://www.krobkruakao.com/video.php?type=videoDetail&video=60&path=13955&year=2012&month=10  ဒါကတော့ ထိုင်း Chnnel 3 မှာပါတဲ့  ကျနော်တို့ကျောင်းလေး အကြောင်းပါး)



ပန်းကလေးများ ပွင့်တော့မည်

ဖူးကာ ၀င့်လိုချီ

နေခြည်မှာ ရွှေရည်လောင်း

ကျနော်တို့စာသင်ကျောင်း

:)



 



မှတ်ချက်  ။  ။ ကျောင်းမှာ  သန့်ရှင်းရေးလုပ်အားပေးလာရင် ဒီပို့စ်လေးအားရေးပါသည်။





9 comments:

  1. Good .. D D

    Ma san dar gyi

    ReplyDelete
  2. ထိုင်းစာတောင် လာသင်ချင်စိတ်ပေါက်သွားပြီ.....။

    ReplyDelete
  3. ဒီလို ကျောင်းလေးတစ်ခုမှာ ပညာသင်ခွင့်ရတာ ညီ ကံကောင်းတာပေါ့၊ ကျောင်းတစ်ခု နာမည်ရဖို့ဆိုတာ တစ်ဦး၊ တစ်ယောက်ကောင်းရုံနဲ့ ရတာ မဟုတ်ဘူးဆိုတော့ သင်ကြားသူတွေ စိတ်ချမ်းသာတယ် ဆိုကတည်းက အဲဒီက ဆရာ၊ ဆရာမတွေရဲ့ စေတနာ ရောင်ပြန်လို့ပဲ ဆိုရမှာပါပဲ...။

    (မေးလ်ထဲက တောင်းထားတာ ပို့ဖို့ အခုလုပ်နေတယ်နော်...ညီ)း)

    ReplyDelete
  4. သာဓု သာဓု သာဓု ပါ ငါ့ကောင်.......။ ကျန်တာတွေတော့ မသိပါဘူး ဆရာကိုစိုင်း သင်တဲ့ ၂ ရက်နဲ့ တင် ရင်ဘတ်ထဲ အတော်ဝင်သွားတဲ့ ပညာရေးနယ်မြေလေး တစ်ခုပါ။ တစ်ခေါက်တစ်ခါ အမြန်ဆုံးလာပါဦးမယ်။ ဆရာစိုင်း ဒီ့ထက်မက စွမ်းဆောင်နိုင်ပါစေ။ မောင်မျိုး ဒီ့ထက်မက သင်ယူတတ်မြောက်ပြီး သူများကိုပါ များများ မျှဝေနိုင်ပါစေကြောင်းဗျာ။

    ReplyDelete
  5. ရောက်ဖူးချင်လိုက်တာ

    ReplyDelete
  6. ဟုတ်ပါတယ် ပပ လည်း ဒီကျောင်းလေး ကပဲ အသိပညာ အတတ်ပညာ တွေရလိုက်တာပါ ပပ တို့ မဲဆောက်မှာ မရှိမဖြစ် ကျောင်းလေးပေါ့

    ReplyDelete
  7. ဟုတ်ပါတယ် ပပ လည်း ဒီကျောင်းလေး ကပဲ အသိပညာ အတတ်ပညာ တွေရလိုက်တာပါ ပပ တို့ မဲဆောက်မှာ မရှိမဖြစ် ကျောင်းလေးပေါ့

    ReplyDelete
  8. ကျောင်းနေပျော်ကာ စာတော်ရမည်..းP

    ReplyDelete
  9. see post Dolabuy Louis Vuitton hop over to these guys Hermes Dolabuy my response Prada Dolabuy

    ReplyDelete