Thursday, July 12, 2012

ကျနော်နှင့် အထာမကျသေးသော....

ဒီနေ့မပျော်ဘူး ခလေးတွေကို စိတ်ကောက် အမေနဲ့ မကြည်ဖြစ်ပြီး မနက်က အိမ်ကနေရုံးကိုလာတော့ ဘယ်သူ့ကိုမှမနှုတ်ဆက်ဖြစ်ဘူး သိပ်မောတာပဲဗျား( လောကကြီးက တစ်ခါတလေ သိပ်မတရားဘူးရယ် ။ ဖြစ်ပုံက ဒီလို သံယောဇဉ်ကြီးတတ်ပေမယ့် အဘ နဲ့ အမေ့ လောက်ကလွဲပြီး ကိုယ့်မှာ တစ်ခြားဟာတွေသိပ်ပြီး တာဝန်မယူချင်ဘူး အခု အိမ်ပေါ်မှာ ခလေးက ၂ယောက် မုန်းလိုက်တာ ဒီအခြေနေကြီး အပူမရှာချင်လို့ ရည်းစားတောင်မထားတာ အိမ်ပြန်ရင် ခလေးက ထိန်းရပြန်ပြီ အမှန်ပြောတာ အကြာကြီးတစ်ယောက်တည်းနေလာပြီးမှ ခုမှ ခလေးတွေနဲ့ သေးနံ့ အီးနံ့တွေလည်း ကိုယ့်နှာခေါင်းက ဓာတ်သိပ်မတည့်ဘူး ။ တစ်ခါတလေ ထမင်းစားရင်း တူအငယ်လေးက (အင်အင်း) ဆိုရင် အမေတို့ ထမင်းစားပျက်မှာစိုးတော့ ကိုယ်က လုပ်ရပြန်ပြီ အချိန်ကိုက် ဒီအင်အင်းက ထွက်ရမလားဆိုပြီး ခလေးနှာဖူးကို တစ်ချက်တော့ လောက်စာလုံးပစ်လိုက်တယ် သဘောထားမကြီးဖုးပဲဆိုဆို ။

လိမ်မာတယ်ဆိုတာ ပြောတော့သာလွယ်တယ် တော်တော်တော့ ခံရဆိုးတယ်ဗျ ငါ့ညီလေးက လိမ်မာတယ်ဆိုပြီး အစ်ကိုတွေ တစ်ခါတလေ အနိုင်ကျင့်တာ ခံရတယ် အစ်ကိုက ၂ယောက် သူတို့မွေးထားတဲ့ ၅ နှစ်ပြည့်ခါနီး တစ်ယောက်နဲ့ တစ်နှစ်ကျော်လေး တစ်ယောက်ကို ကိုယ်က တာဝန်ယူရတဲ့အဖြစ် အမေ့ကြောင့်သာပေါ့ အမေက ( သားရယ် နင့်အစ်ကိုတွေ အဆင်မပြေတဲ့အခိုက်လေးမို့ပါ ) ဆိုတာနဲ့တင် ကိုယ့်ဒေါသတွေ အမှိုက်ခြင်းထဲ ပစ်ပစ်ထည့်ရတာ ကြာပြီ ။ ခုဆို မနက်မိုးလင်း နှိုးစက်မလိုတော့ဘူး ခလေးငယ်လေးရဲ့ ခပ်ပြဲပြဲ အော်သံက ကျနော့် မနက်ခင်းတွေကို နှိုးလို့ ပြီးရင် စားမယ်သောက်မယ် နို့ဖျော်ပေးရင် အောက်မှာ နို့လေးတွေ ခဲနေမှ ဒင်းတို့လေးတွေကကြိုက်တာ ခဏ မုန့်လုကြပြန်ပြီ ခဏ ကော်ဖီ ခွက်မှောက်လိုက်ပြန်ပြီနဲ့ ကျနော် လူပျိုကြီးဘ၀ ဘယ်ဝဋ်တွေကြောင့် ... သြော် ဘ၀ ဘ၀ ။

မီးသွေးနဲ့ဆို မွှေးရတာ အဆင်မပြေတော့ ဂတ်စ် အိုးလေးနဲ့ ချက်စားဖြစ်တယ် ခလေးက အမေတို့ အိပ်ပျော်နေတဲ့ အချိန် ဂတ်စ်တွေဖွင့်ပြီး အချိုမှုန့်တွေ ဆီတွေလောင်းထည့်လိုက်တာ ဂတ်စ်အိုးကြီးတစ်ခုလုံးပေပွလို့တော်သေးတာပေါ့ မီးကို သူမဖွင့်တတ်လို့ အမေက ဂတ်စ်နံ့ရတယ်ဆိုပြီး ရှာမှတွေ့လို့ မဟုတ်ရင်တော့ ။ တစ်ခါတလေ အကြက်မှုန့်တွေ ခပ်စားတယ် ပြီးရင် ငိုလိုက်တာ အသံကြီးက ပြဲလို့ ချော့ရင်တော်တော်နဲ့မရ ငါးပိရည်တွေလည်း ခပ်သောက်တာပဲ အဘက ထိန်းပေမယ့် ခလေး ပြေးသမျှ မလိုက်နိုင်တော့တဲ့ အခါတွေလည်းရှိတာ တစ်ခါတလေလည်းမောတော့ နားချင်တာပေါ့ ဒီမျောက်ကလေးတွေနဲ့ နားလို့မရပါဘူး အဲ့တော့မနေတတ်တဲ့ ကိုယ်ကထိန်းရပြန်ပြီ ။

အပြင်တွေ သိပ်ထွက်ဆော့လို့ မထိန်းအားသေးတဲ့အခါ တံခါးပိတ်ထားရင် ခုံကိုခုပြီး ပြတင်းပေါက်ကနေကျော်တတ်တယ် ပြီးတော့ အိမ်ရှေ့ရေအိုင်မှာ ရေသွားကူးကြပြန်ကော ကိုယ့်တစ်ယောက်ပဲကြောက်တော့ မမာန်ချင်ပဲ ဘီလူးဆိုင်းတီးရပြန်ပြီ အဲ့တာကြောင့်ပြောတာ မင်းတို့လေးတွေရောက်မှ ငါ့မှာ လူဆိုးကြီး လုံးလုံးကိုဖြစ်လို့ ။ စာအုပ်စင်ကလေး အပြင်မှာထားတယ် ခဏခဏ ဆွဲဖြဲလို့ အိမ်ခန်းထဲထည့်ပြီး သိမ်းထားရတယ် ကိုယ်ကလည်း ကိုယ့်စာအုပ်ထိတာလောက် စိတ်တိုတာမရှိ ။ အထာမကျတာက တော်တော်ကိုမကျတာ ဒီကြားထဲ အကြီးကောင်က သူ့အမေနဲ့ ဖုန်းပြောရရင် ရိုက်တာက နည်းနည်းတိုင်တာက များများ ဦးသားလေးက တအားရိုက်တယ်တဲ့ ပြီးတော့ ဘာမှမ၀ယ်ကျွေးဘူးတဲ့ ခလေးတွေများ အဲ့တာသူတိုင်နေရင်း စားနေတာက မားမားခေါက်ဆွဲပြုတ် ခလေးစကားအမှန်ယူတော့ လူကြီးတွေက အထင်လွဲ ကိုင်းး.. ဘီလိုလုပ်ရပါ့ ။

ခြေရင်းမှာ ဈေးဆိုင်းလေးရှိတယ် သိပ်ဟန်ကျတာပေါ့ ကိုယ်ဈေးကလေးဝယ်ဖို့ တံခါးလေးဖွင့်ရုံပဲရှိသေးတယ် သူတို့က ရောက်သွားပြီး ပြီးရင် ဟိုဆွဲ ဒီဆွဲ ၀ယ်ပေးရပြန်ပြီ အမေကတော့ ညာသား နေ့လည်က ဘာမှ မ၀ယ်ပေးထားဘူး ကျွေးလိုက်ပါဟယ်တဲ့ အမေပြောလို့သာပေါ့ ခုဆို အအေးကလေး တစ်လုံးတောင် ကိုယ့်ပါသာ အေးဆေးမသောက်ရတော့ ဗူးသေးသေးလေးသောက်နေတာ ခွက်ကလေး ၂ လုံးက လာထိုးခံနေတာဆိုတော့ ငိုသံတွေမကြားနိုင်တော့တာနဲ့ ထည့်ပေးလိုက်ရပြန်ပြီး)

ပျော်စရာလေးတွေလည်း ရှိတော့ရှိသား အကြွေစေ့ကလေးက မုန့်ဝယ်လို့ရမှန်းသိတော့ ကျနော် အလုပ်က ပြန်လာလို့ အ၀တ်စားလဲပြီးရင် သူတို့က အိတ်တွေထဲ အကြွေစေ့တွေ အပြိုင်ရှာကြတာ စက်ဘီးနဲ့ အဝေးက ပြန်လာတာ သူတို့တွေ့ရင် လက်ခုပ်တွေ အပြိုင်တီးပြီး ခုန်ကနေကြတာ ကိုယ့်မျက်နှာ ခပ်ပုတ်ပုတ်နေရင် မျက်လုံးလေး လာပြူးလိုက် ကျနော့် မျက်နှာကို ဆွဲကြည့်လိုက် အနားမှာ အသာကလေး လာထိုင်လိုက်နဲ့ မနေတတ်မထိုင်တတ်ဖြစ်လို့ ။ စာရေးစာဖတ်ချိန်လည်းမရတော့ဘူး ညည သူတို့ကို သိပ်ဖို့ လူကြမ်းလုပ်ရသေးတယ်လေ မီးတွေ အားလုံးပိတ် တိတ်တိတ်ကလေးနေလိုက်ကြရင် ခလေးသေးသေးက ကိုယ်တွေကို သူရဲပြန်ခြောက်တယ် ။ သူတို့အိပ်မှပဲ စကားအေးဆေးပြောရတယ် ။


ဘေးအိမ်တွေကတော့ ဒီလူပျိုကြီးကတော့ ဒုက္ခပဲတဲ့ ဟုတ်ပါ့ ကိုယ့်မှာ သုခတွေကလည်းရှားပါးလိုက်တာဆိုတာ ။ ခလေးဆိုတာ အိမ်ရဲ့ ဆည်းလည်း လေးတွေဆိုပေမယ့် ခုတော့ ဗူပေါင်းတွေလိုဖြစ်တော့ နားတွေလည်း ဆူလို့ ။ တစ်ချို့သော အခြေနေတွေကတော့ ငြင်းပယ်ဖို့တော့ခက်သာ အခြေနေတွေက ဒီလိုဖြစ်လာတော့ ကိုယ့်မှာ သည်းခံခြင်း အသီးကိုစားလို့ ကျနော့်အိမ်ကလေးရဲ့ စပရေးနံ့က သေးနံ့ အီးနံ့ကလေးတွေ သင်းပျံလို့ .....အထာမကျသေးတာကတော့ အမှန်ပဲ ။





12 comments:

ညီလင်းသစ် said...

်ဖြစ်မှ ဖြစ်ရလေ ညီရာ...၊ ဖတ်ရတာ မောလည်းမော၊ ရီလည်းရီချင်...၊း) အပူမရှာတဲ့ လူပျိုကြီး.. ထိန်းမယ့် ထိန်းရတော့လည်း တပြိုင်တည်း ၂ ယောက်တောင်မှ ဆိုတော့...အင်း..၊

ဒီလို အဖြစ်တွေက ဘာမှ မဟုတ်ဘူးသာ ထင်ရပေမယ့် အဲဒီလို သေးသေးလေးတွေ အများကြီး ဆက်တိုက် ဖြစ်နေတဲ့ အခါ ကိုယ့်မှာ ညစ်စရာတွေ ဖြစ်လာတတ်တာ နားလည်ပါတယ်ဗျာ၊ ဘာပဲဖြစ်ဖြစ် သူတို့ချစ်တဲ့ သားငယ်ရယ်၊ မြေးတွေရယ်နဲ့ အတူနေရတာ အမေနဲ့အဘကတော့ စိတ်ချမ်းသာနေမှာ သေချာပါတယ်၊ ဒါဆို ကုသိုလ်ရတာပေါ့ဗျာ..နော။း)

မေဓာဝီ said...

~~~ လူပျိုကြီး ဂျူတီတွေပို အနှီးလဲလို့ မောရင်းစိတ်တို ဆဲတော့မှာလိုလို ~~~ :P
မောင်မျိုးရေ ... ကလေးတွေကို ကြိတ်ပြီး နှိပ်စက်မနေနဲ့အုံး။ ကိုယ့်သားသမီးရရင် ၀ဋ်လည်အုံးမယ်နော်။
အဲဒီလောက် စိတ်ရှည်တတ်တာ ကလေးထိန်းကျောင်း ဖွင့်ရင် မောင်မျိုးကို ဆရာခန့်မှပဲ :))

Anonymous said...

ကျွန်တော် အလုပ်က လူလျှော့ခံလိုက်ရတော့ အလုပ်သစ်ထပ်လျှောက်၊ မရနဲ့ ဒုက္ခရောက်နေတုန်း အိမ်ကို အဲဒီလို ကလေးလာပို့တာ ကြုံရတယ်ဗျ။ အလုပ်မရှိလို့ အိမ်မှာ နေနေရမှန်းသိတော့ သူတို့ကလေးတွေ လာပို့တာပေါ့ဗျာ။ အဖေလုပ်တဲ့သူက အလုပ်က ရက်ရှည်ခွင့် ရပေမယ့် ကလေးမထိန်းချင်လို့တဲ့။ သူ့သားသမီးအရင်း သူမထိန်းချင်တာကို သူ နားနားနေနေ နေနိုင်အောင် ကျွန်တော်က ထိန်းပေးရမယ်ဆိုတော့ မတရားဘူးထင်တာရော၊ အလုပ်ပြုတ်လို့ ဒုက္ခရောက်နေတာကို အခွင့်အရေးလာယူတာကိုရော မကြိုက်တာနဲ့ ငြင်းလိုက်တယ်။

မောင်သီဟ said...

ဆြာမျိုးရယ် ဒါကိုအကောင်းဖက်ကတွေးပြီး ကိုယ်မိန်းမ ယူရင် ကလေးတွေရလာရင် အခုလိုအတွေ့ကြုံတွေက
တန်ဖိုးမဖြတ်နိုင်ဖြစ်လာမှား) (ဟိဟိ)
အားကျမခံမိန်းမယူလေဗျာ နော့ (မပြီ)

း)

AH said...

အပေါ်က လူပျိုကြီးကို အပေါ်က လူပျိုကြီးက မန့်သွားတော့ မရယ်ပဲ မနေနိုင်တော့ဘူး.. ဟား ဟား ဟား

ညိမ်းနိုင် said...

ကဲ လူပျိုကြီးရေ....အပေါ်ကလူပျိုကြီး အချွန်နဲ့မ သလိုပဲ
အားကျမခံမိန်းမယူပလိုက်ဗျာ....:)))
အေးဟ.....ကလေးတွေကတစ်ခါတစ်ခါကျတော့လည်း
စိတ်လေစရာကောင်းသား....၊ဂလိုပဲ ချော့တန်ချော့၊
ဘီလူးဆိုင်းတီးတန်တီး ပေးရသဟ......

Anonymous said...

အင်း။ တစ်ထုတော့ ချိတယ်။ ခုမှ သတိရလို့.။ အစကတော့ ဟုတ်သားပဲ၊ ဘာလို့ ကလေးလာထိန်းခိုင်းရလဲဆိုပြီး ကိုမျိုးဖက်ကနေ တင်းနေတာဗျ။
ခုမှ သတိရတာက ဒီအစ်ကိုနှစ်ယောက်က ကြောင်မျိုးကို ငယ်ငယ်က ထိန်းခဲ့၊ ကုန်းပိုးခဲ့ရတဲ့ အစ်ကိုတွေ မဟုတ်လား။ မိသားစုအတွက် အစ်ကိုက ငါးသွားဖမ်းရင်တောင် ကြောင်မျိုးလေးက လိုက်နှောင့်ယှက်ခဲ့တာလေ။
အိမ်း.. ဒါဆိုရင်တော့ ကလေးပို့ခွင့်ရှိတယ်၊ ထိန်းခိုင်းခွင့်ရှိတယ်။ ထိန်းစေဗျား။

စည်းကမ်းတော့ ကိုင်ပေါ့။ ကျနော့်တုန်းက ကိစ္စလေးရှိလို့ ကလေးထားခဲ့ပါရစေဆိုလို့ ညအိပ်ညနေ လက်ခံလိုက်တာ ကြမ်းတွေ နံရံတွေကို ဆေးရည်တွေလျှောက်သုတ် ပေပွကုန်တာနဲ့ အိမ်ရှင် ကိုယ့်ကို နှင်မချခင် ပြန်ပို့လိုက်ရတယ်။

Angelhlaing(May everybody be happy and healthy! said...

ကိုမျိုးကို အချွန်နဲ့ မ နေကြတယ်...:):)

mstint said...

လောလောဆယ်သာ စိတ်ရှုပ်တယ်လို့ ထင်ရပေမယ့် ဝေးနေတဲ့အခါကျရင် ဒီအကြောင်းလေးတွေက ကြည်နူးစရာဖြစ်လာလိမ့်မယ် မောင်မျိုးရေ။
မောင်ဘကြိုင်ပြောသလို အတွေ့အကြုံလေးယူထားတယ်ပဲ မှတ်လိုက်ပါး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ကြယ်ပြာ said...

မောင်မျိုးရေ .... အထာမကျတာတွေ ဖတ်ရတာ ကိုယ်တိုင်ကြုံရတဲ့သူရဲ့ ခံစားချက်တွေကိုတော့ နားလည်ပါရဲ့။ ဒါပေမယ့် ဖတ်လို့ကောင်းတယ်ဟ။ မောင်မျိုးကိုလဲ သူတို့ချစ်ကြပါတယ်။

စံပယ်ဖြူ said...

လာဖတ်သွားတယ်နော်။ ပိုပြီးစိတ်ရှည်လာအောင် နောက်တခါ လာလည်ရင် သကြားလုံးလက်ဆောင် ယူလာခဲ့မယ်။
သကြားဓာတ်နည်းရင် ပိုပြီးစိတ်တိုတယ်။ :)

ခင်မင်စွာဖြင့်

San San Htun said...

မောင်မျိုးရေ..ကိုယ့်ကလေးအတွက် လက်တွေ့ Practicalဆင်းတယ်လို့  သဘောထားလိုက်..:P

LinkWithin

Related Posts Plugin for WordPress, Blogger...