Friday, June 8, 2012

အတိတ် ရဲ့ အရိပ်

အတိတ် ဟာ အရိပ်လို ပျောက်ပျက်မလွယ်တော့
မေ့ပျောက်ဖို့တော့ ခက်သား ။

ဒီလိုပါပဲ ဒီလိုပါပဲ နဲ့
အားတင်းပြီး အားပျက်ခဲ့တာတွေလည်းများပေါ့
ဒါပေမယ့် ဒီလိုပါပဲနဲ့ ဒီလိုပဲ ပြီးဆုံးမေ့ပျောက်ရတုန်း ။

သူတို့ဟာ ကိုယ်မဟုတ်မှန်းသိလိုက်ချိန်ဟာ
သိပ်နောက်ကျသွားတဲ့အခါ အတ္တ မာနတွေ က ခရီးတော်တော်ရောက်နှင့်ပြီ ။

ကျေးဇူးတရားတွေ အထပ်ထပ် အတင်ခံလာရတဲ့အခါ
လောကဟင်းလင်းပြင်မှာ သားကောင်ဖြစ်မှန်းမသိ ဖြစ်လို့
တကယ်တော့လည်း ကိုယ်ဟာ အဆိပ်မရှိတဲ့ သတ္တ၀ါလေးတစ်ကောင်ပဲဖြစ်ချင်တာပါ
ဒါကို ဖြစ်ချင်တာနဲ့ ဖြစ်နေတာ တစ်ထပ်တည်းလို့ ဆိုနိုင်ပါ့မလား
မပျော်ရွှင်တာကတော့ အဟုတ် ။


အချိန်တွေ ကုန်ခဲလိုက်တာ
အချိန်တွေ ကုန်မြန်လိုက်တာ
ငြီးတွားရင်းနဲ့ တရွေ့ရွေ့ ကုန်ဆုံးသွားတဲ့ အချိန်တွေထဲ
ကျနော်လည်း ဥသြမဆွဲတဲ့ ရထားတစ်စင်းလို
တစ်ဘူတာ ပြီးတော့ နောက်ထပ် တစ်ဘူတာ ဆိုက်ရောက်ဖို့
ခုတ်မောင်နေရင်း ....
အတိတ် ဟာ အရိပ်လို ပျောက်ပျက်မလွယ်တော့
မေ့ပျောက်ဖို့တော့ ခက်သား ။






12 comments:

  1. စိတ်ကြေးမုံကိုကြည့် စိုက်ကြည့်နေလို့နေမှာပါ
    ဘယ်အရာမှအမြဲမရှိပါဘူးလေ

    ReplyDelete
  2.း) တရားသဘောနဲ့ဆိုရင်တော့ ဟုတ်တာပေါ့ဗျာ
    မွေးဖွားခြင်းနဲ့သေဆုံးခြင်း ကြားကာလလေးတခုပါပဲဗျာ

    ReplyDelete
  3. အမှန်ပေါ့ အစ်ကို........

    အတိတ်ဟာ အရိပ်လို ပျောက်ပျက်မလွယ်တော့ မေ့ပျောက်ဖို့တော့ ခက်သား ပဲ...။

    ReplyDelete
  4. ခြစ်တာပဲဖြစ်ဖြစ်၊ ချစ်တာပဲဖြစ်ဖြစ်
    သတိလေးတော့ ကပ်ပါ မောင်မျိုးရေ...
    အချိန်တန်ပြီးသွားမှာမဟုတ်လား..
    (ဘာရယ်မသိ အားပေးခြင်းသက်သက်ပါ :)

    ReplyDelete
  5. အချိန်တွေ ကုန်ခဲလိုက်တာ
    အချိန်တွေ ကုန်မြန်လိုက်တာ
    ငြီးတွားရင်းနဲ့ တရွေ့ရွေ့ ကုန်ဆုံးသွားတဲ့ အချိန်တွေထဲ။

    တကယ့် အမှန်တရားတစ်ခုကို ချပြသွားတယ်။ စိတ်စောရင် ကုန်ခဲလိုက်၊ စိတ်ပါရင် ကုန်လွယ်လိုက်ဖြစ်နေတဲ့ အချိန်တွေထဲ လုံးချာလည်လိုက်ရင်း ကိုယ်ကချည်း အချိန်ကို စောင့်နေရတယ်။

    လေးစားစွာဖြင့်
    မြတ်ပန်းနွယ်

    ReplyDelete
  6. ဟုတ်တယ်..မောင်မျိုး
    အတိတ်ဆိုတာ ဘယ်တော့မှ
    ဖျောက်လို့မရဘူး..
    အမြဲတမ်းကို ရှိနေမှာ..

    ReplyDelete
  7. Time is a great healer..စကားမစပ် ဇာတ်ခုံဓာတ်ပုံလေးက ကျွန်တော့်ဘဝဇာတ်ခုံလေးနဲ့  လိုက်ဖက်တယ်

    ReplyDelete
  8. " ဒီလိုပါပဲ.." ညီရာ...၊း)

    နောက်တော့လည်း ပြီးသွားမှာပဲပေါ့၊ ဥသြမဆွဲလည်း ဘူတာစဉ်တွေ ဆုံးအောင်တော့ ခုတ်မောင်းကြဖို့ လိုတာပေါ့..။ ဘူတာတိုင်းမှာ အတက်အဆင်းလေး အဆင်ပြေပြေနဲ့ သွားနိုင်ပါစေဗျာ..။

    ReplyDelete
  9. သူတို့ဟာ ကိုယ်မဟုတ်မှန်းသိလိုက်ချိန်ဟာ
    သိပ်နောက်ကျသွားတဲ့အခါ အတ္တ မာနတွေ က ခရီးတော်တော်ရောက်နှင့်ပြီ ။

    အားတင်းထားပါ ကိုမျိုးရေ....

    ReplyDelete
  10. တကယ်တော့လည်း ကိုယ်ဟာ အဆိပ်မရှိတဲ့ သတ္တ၀ါလေးတစ်ကောင်ပဲဖြစ်ချင်တာပါ
    ကိုမျိုးရဲ့ ငြိမ်းချမ်းစွာနေထိုင်လိုတဲ့ စိတ်ရင်းကို
    တွေ့ နေရတယ်

    ReplyDelete
  11. အတိတ်ဟာ အရိပ်လို ပျောက်ပျက်မလွယ်ဘူးကိုမျိုးရေ ၊ မေ့ပျောက်ဖို့လဲ ခတ်တယ်ဗျ .........

    ငြီးတွားရင်းနဲ့ တရွေ့ရွေ့ ကုန်ဆုံးသွားတဲ့ အချိန်တွေထဲ
    ကျနော်လည်း ဥသြမဆွဲတဲ့ ရထားတစ်စင်းလို
    တစ်ဘူတာ ပြီးတော့ နောက်ထပ် တစ်ဘူတာ ဆိုက်ရောက်ဖို့
    ခုတ်မောင်နေရင်း ....

    ReplyDelete