Wednesday, January 25, 2012

တရိပ်ရိပ်နဲ့ ဖြတ်ပြေးသွားသော ရှုခင်းများ

ဘာမှန်းကိုမသိလိုက်ဘူး ကုန်ပြန်ပြီ တစ်နှစ်ပေါ့ မနှစ်ကတော့ ကျနော် စားချင်းတာတွေစားလို့ ဗိုက်အောင့်သေးတယ် ခုတော့ အစာရှောင်တတ်လာပြီး) ကျေးဇူးတင်ပါတယ် ဘာကိုကျေးဇူးတင်လို့ ဘယ်သူတွေကိုမှန်းလည်းမသိဘူးဗျ မှန်တာပြောရရင်တော့ ကျနော့်မှာ ဒီဘလော့လေးနဲ့အတူ ဘလော့မိတ်ဆွေတွေ ဖေ့ဘွတ်က သူငယ်ချင်းတွေရှိနေတယ်ဆိုတဲ့ အတွေးလေးနဲ့တင် အထီးကျန်တယ်လို့ ဘယ်တော့မှ မခံစားမိဘူး။ကိုယ့်ပါသာ ဆုတောင်းလိုက်အုံးမယ် :)
Happy Birthday မောင်မျိုး လိုတာတွေပြည့်ပါစေ ။


တရိပ်ရိပ်နဲ့ ဖြတ်ပြေးသွားသော ရှုခင်းများ

ဇန်နဝါရီ (၂၅)မှာ ၂၆ ကြိမ်မြောက်
အတိတ်၊ အနာဂါတ်၊ ပစ္စုပန်များနှင့်
ကိုယ်ထူကိုယ်ထ မှတ်တိုင်များမှ တဆင့်
မိသားစုများအကြား စီးဆင်းခဲ့သော
မေတ္တာတရား မြစ်ကျဉ်း
ပိန်လိုက်ဖောင်းလိုက် အိပ်ကပ်တွင်းမှ စက္ကူရွက်များ
အလိုအလျှောက် လျှောကျခြင်း
ဖျက်ရာခြစ်ရာ ဗရပွနဲ့ တစ်သီးစား ဘဝထဲ
အရေးအသား တစ်ချို့ကို စွဲစွဲငင်ငင် ခေါ်ဆောင်
ရိုးသားခြင်းကို လည်ပင်းဖက် ပေါင်းသင်း
သတ္တိအရှိဆုံး ခွင့်လွှတ်ခြင်းနဲ့ ဟန်မပျက် ပြုံး
ရေကြည်ရာ မြက်နုရာဆီ
ရေတတန် ကုန်းတတန် ခရီးနှင်ခဲ့
ကိုယ်ချင်းစာခြင်းကို အစိတ်စိတ်အမွှာမွာခွဲပြီး
တစ်ယောက်တစ်ဖဲ့စီ ည၊ မနက်စာအဖြစ် စားသုံးရင်း
တစ်နေ့နေ့ဆီ သို့
အဲဒီ တစ်နေ့နေ့ဆီသို့ ကို ရောက်အောင်သွားမည် ။


အမှတ်တရ ညီလေးမောင်မျိုး (၂၆) နှစ်မြောက် မွေးနေ့ အမှတ်တရ ။

ကိုတင့်

ဒီနှစ်လည်း အစ်ကို့ရဲ့ ကဗျာလေးနဲ့ပဲ ဆားချက်လိုက်အုံးမယ် ကျနော့်မွေးနေ့တိုင်းမှာ မပျက်မကွက်နဲ့ ကဗျာလေးတွေ လက်ဆောင်ပေးတတ်တဲ့ အစ်ကို့ကို သိပ်ကျေးဇူးတင်ပါတယ် (သူစိမ်းဆန်တာမဟုတ်ပါ )း) သီချင်းလေးတစ်ပုဒ်ပါ အဆစ်ပါလိုက်သေးတဲ့အတွက် ပိုပျော်ပါတယ် ။

20 comments:

  1. happy birthday ....

    ReplyDelete
  2. ကဗျာလေးက တကယ်ကောင်းတယ်း) ငါ့ညီ မင်းလည်း ရင့်ကျက်လာပြီးပေါ့း)

    ခင်မင်စွာဖြင့်
    ဗညားရှိန်

    ReplyDelete
  3. ကျနော်ကတော့ မွေးနေ့မှာ ပျော်ရွှင်ပါစေလို့ဆုတောင်းမပေးချင်မိဘူး။ အသက်တနှစ်ကြီးလာတာကို ဆင်ခြင်ရင်း ကောင်းတဲ့အရာနဲ့မကောင်းတဲ့အရာကို ခွဲခြားနားလည်အောင်ကြိုးစားပြီး ကိုယ့်ဘဝအတွက် တိုးတက်မယ့်အရာ (ကာမဂုဏ်လောကအညစ်အကြေးတွေကို မြင်အောင်ရှုကြည့်ရင်း တကယ့်ပျော်ရွှင်စရာအစစ်ကိုရှာဖွေဖို့ပြင်းပြတဲ့ဆန္ဒတစ်စုံ) ရောက်ရှိလာပါစေလို့ပဲ ဆုမွန်ပါတယ်။
    ခင်ဗျားမကျေနပ်လောက်ဘူးထင်တယ် ဒါပေမယ့် ကျနော်ဒါပဲပေးချင်တယ်ဗျာ

    ReplyDelete
  4. အမှတ်တရ နေ့စွဲ (ယွန်း) ... ကျေးဇူး သိုင်းကျူး

    ကိုဗညားး.....ရင့်ကျက်လာပြီလို့တော့ထင်ရတာပဲလေ (ထင်ရုံနော် ကိုယ့်ကိုယ်ကိုလည်းမသိဘူးဗျ )

    အမည်မဲ့.... နာမည်မဖော်ပဲရေးပေမယ့် ကျနော် သိနေသလိုလိုပဲဗျး) ကျနော် ကျေနပ်ပါတယ် လေးနက်တဲ့ မွေးနေ့ဆုတောင်းလေးအတွက်လည်း ကျေးဇူးတင်ပါတယ်ဗျာ အစ်ကိုလည်း ပျော်ပါစေ ။

    ReplyDelete
  5. မောင်မျိုးရေ ...
    မွေးနေ့မှစလို့ နေ့ရက်တိုင်းမှာ မင်္ဂလာရှိစွာ ကျင့်ကြံနေထိုင်နိုင်ပါစေ ... ။

    ReplyDelete
  6. မင်္ဂလာရှိသောမွေးနေ့လေးပါ..... ။ မောင်မျိုး လိုအင်ဆန္ဒများပြည့်ဝပါစေ...။

    ReplyDelete
  7. အသက် တစ်နှစ် ပိုကြီးသွားပြီ။ လိမ်လိမ်မာမာ နေ.. ဟုတ်ကဲ့ လား။ အတုခိုး မမှားစေနဲ့ :P

    ReplyDelete
  8. Happy Birthday! ကိုမျိုး... မွေးနေ့ကစလို့ စိတ်သွားတိုင်းကိုယ်ပါ လိုရာဆန္ဒတွေ တလုံးတ၀ကြီး ပြည့်ပါစေ...

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  9. Many Happy Returns Of The Day.....Mg Myo!Keep walking,keep writing.
    with metta,
    Gyidaw

    ReplyDelete
  10. ၂၆ နှစ်တောင်ရောက်လာပြီပေါ့လေ....၊အင်း.....အကိုတို့
    စသိကြတဲ့ မနှစ်ကထက်စာရင် အများကြီး ရင့်ကျက်လာ
    တယ်လို့ ခံစားရတယ်......။ကျွန်တော် အရမ်းရင့်ကျက်
    ချင်တယ်လို့ပြောခဲ့တာလေးသတိရတယ်....၊ကျနော်(
    မောင်မျိုးကအဲ့လိုပဲရေးတော့....:))ရင့်ကျက်လာပြီလို့
    ပြောလို့ရပြီ ညီ.......။မွေးနေ့မှာ ပျော်ရွင်ပါစေ.....။

    ReplyDelete
  11. မင်္ဂလာရှိသောပျော်ရွှင်စရာမွေးနေ့လေး
    ဖြစ်ပါစေလို့ ဆန္ဒပြုပါတယ် မောင်မျိုး

    ReplyDelete
  12. ၂၅ ကျော်ပြီး ၂၆ ဆိုတော့ လူငယ်ဘ၀ကနေ လူလတ်ပိုင်းဘ၀ကို ကူးပြောင်းရောက်ရှိလာပြီဆိုတဲ့ သဘောပေါ့နော်..း) Happy Birthday!!!
    အသိပညာ အတတ်ပညာ အတွေ့အကြုံတွေကို ဆက်လက်ပြီး လေ့လာဆည်းပူး စုဆောင်းရင်း ရှေ့ဆက်ရမဲ့ဘ၀မှာ လေ့လာသိရှိထားခဲ့သမျှတွေပေါ်အခြေခံလို့ ရင့်ကျက်တည်ငြိမ်တဲ့ ဘ၀တစ်ခုကို ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာ အပူအပင် အမှားအယွင်းကင်းစွာနဲ့ ဆက်လက်လျှောက်လှမ်းနိုင်ပါစေ မောင်မျိုးရေ..

    ReplyDelete
  13. happy birthday ပါညီ... ကဗျာလေးက ဖတ်လို့ ကောင်းတယ် ညီ...

    ReplyDelete
  14. မောင်လေး ငမျိုး .. မင်းငယ်ပါသေးတယ် ဗိုက်ကလေးရယ် .. :P
    ငါ့ အီးကဒ် ရလား

    ReplyDelete
  15. ဟန်ကြည်January 26, 2012 at 10:39 PM

    အသက်အစိတ်မှာ ပုခက်မချိတ်ခဲ့ရတဲ့ ကမောင်မျိုး
    အသက် နှစ်ဆယ့်ခြောက်မှာ အတက်တစ်တက်တော့ ပေါက်ပါစေဗျား...

    နေ့ကိုလစား ၃၆၅ဖြစ်
    တစ်ရစ်ချင်းတက် အသက်တည်ရာ
    အချိန်နာရီ ကုန်ဆုံးသည်မှ
    ဘ၀သမိုင်း စံချိန်တိုင်းဖို့
    တံတိုင်းတစ်ခု ခတ်နိုင်စေ . . .

    ( အတက်တစ်တက်နဲ့ တံတိုင်းတစ်ခုရရင် ကိုယ့်တိုင်းပြည်မှာတော့ ကိုယ်ဘုရင်ဖြစ်ပြီပေါ့ ကမောင်မျိုးရယ် ... )

    ReplyDelete
  16. မင်္ဂလာရှိသော မွေးနေ့လေး ဖြစ်ပါစေ ညီရေ...၊

    ကြီးရင့်လာခြင်း များနဲ့အတူ ရင့်ကျက်ခြင်း၊ ရိုးသားခြင်း၊ အမှန်တရားကို ချစ်မြတ်နိုးခြင်း၊ ရဲရင့်ခြင်းတို့လည်း ပိုင်ဆိုင်နိုင်ပါစေဗျာ...။

    ReplyDelete
  17. ဖဘ မှာ ဟိုနေ့ထဲက ဆုတောင်းပေးပြီးပေမယ့် ဘလော့ဂ်မှာတော့ ဒီနေ့မှ ရောက်ဖြစ်တယ်။
    ငြိမ်းချမ်းအေးမြတဲ့ ဘဝကို ပိုင်ဆိုင်နိင်ပါစေ။
    မိသားစုနဲ့ အတူတကွ ပျော်ရွှင်ဖွယ်နေ့ရက်များ အမြန်ဆုံး ပိုင်ဆိုင်နိင်ပါစေ။

    ReplyDelete
  18. မွေးနေ့ဆုတောင်း ပေးကြတဲ့ အစ်ကို အစ်မ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ် အားလုံးပေးတဲ့ဆုနဲ့ ပြည့်ပါရစေ ။

    ReplyDelete
  19.ံHappy Birthday Belated မောင်မျိုးရေ..ကွန်ပျူတာ ဒေါင်းသွားလို့  နောက်ကျသွားတယ်..ရင့်ကျက်ချင်တဲ့ မောင်မျိုးတယောက် ရင့်ကျက်မှုတွေနဲ့  အတူ ရင့်ကျက်တည်ငြိမ်မှုတွေနဲ့ အတူ ဘဝကို အဓိပ္ပာယ်ရှိရှိ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ..

    ReplyDelete