Monday, January 23, 2012

သူလွတ်ကျခဲ့တဲ့မြို့တော်ထဲမှာ


ဒါဟာ အများလက်ခုပ်တီးလို့ လိုက်တီးသလိုများ ဖြစ်သွားလေမလား လျှာအရိုးမရှိတိုင်း စကားတွေ ပြောသလိုများ ဖြစ်သွားလေမလား အတွေးတွေကတော့ တော်တော် ချောင်လိုက်သေးတာပေါ့ ဒါပေမယ့် ဘလော့ဂါ ဆိုတော့လည်း စိတ်ထဲရှိတာ ခံစားရတာလေးကို စာအဖြစ်နဲ့ ရေးချလိုက်ရမှ မဟုတ်ရင် ရင်ထဲ အကြိတ်ခဲသလို ဖြစ်ဖြစ်နေလို့ပါ ။

ကျနော်လူတစ်ယောက်အကြောင်းကို စာလေးတော်တော်ကိုရေးချင်နေတာ ဒါပေမယ့် သူ့အကြောင်း ဘာသိသလဲ ဆိုပြန်တော့ ဘာမှသိပ်မသိပါဘူး စကားပြောဖူးသလားဆိုတော့ မပြောဖူးပြန်ဘူး အင်တာနက်ကွန်ယက်ခေတ်ဆိုတော့လည်း အပြန်အလှန် စာလေးတော့ ၃ကြောင်းလောက်ရိုက်လို့ နှုတ်ဆက်စကားဆိုဖူးတယ် ဒါကို သူကလည်း မှတ်မိချင်မှ မှတ်မိမှာပါ ကျနော်ကတော့ မှတ်မိနေသေးတယ် ။ဘလော့ခေတ်ဦးလို့ဆိုရမယ့် 2007/2008 လောက်မှာ ကိုယ်က ဘလော့ဂါတွေဆို ရုပ်ရှင် မင်းသမီး မင်းသားတွေကို မှတ်လို့ ကိုယ့်ကို ပြောချင်လား မပြောချင်လားမသိ တွေ့သမျှ အကောင့်တွေ အက်စ်လို့ သွားသွား နှုတ်ဆက်တာ အဲ့တုန်းက ကိုယ်လို ဘာမှမသိတဲ့ အသစ်ကလေးတစ်ယောက်ကို စကားတွေ သေချာပြန်ပြောဖြစ်ပေးတဲ့သူတစ်ယောက်ပါ။

သူဖန်တီးတဲ့ အနုပညာတွေကို အများကြီးလည်းမခံစားလိုက်ရပါဘူး ဒါပေမယ့် စာဖတ်သူတစ်ယောက်ကနေ စာရေးသူတစ်ယောက်ဖြစ်လာအောင် စကားလုံးပြင်းပြင်း ထိချက်ပြင်းပြင်း တွေနဲ့ စာလေးတစ်ပုဒ် ဖတ်လိုက်ရတယ် အဲ့တုန်းက အဲ့ပို့စ်လေးသာ မဖတ်ခဲ့ရရင် ကျနော် ခုလို စာတွေကို ရေးတဲ့သူမဟုတ်ပဲ ဖတ်တဲ့သူပဲဖြစ်ချင်ဖြစ်နေနိုင်မှာ အဲ့ပို့စ်လေးကိုလည်း ကျနော် မှတ်မိနေသေးတယ် ( Chatter and Blogger) ဆိုတဲ့ပို့စ်လေးပါ နှိုင်းယှဉ်ချက်လေးနဲ့ အချက်လက်တွေ တော်တော်များများ ယှဉ်ပြထားတဲ့ ပို့စ်ကောင်းလေးပါ အဲ့တုန်းက နည်းနည်းလေး ခံပြင်းစိတ်ဖြစ်မိခဲ့ပေမယ့် လက်တော့ခံတယ်း) စာပေနယ်ထဲအထိ တိုးဝင်နိုင်တဲ့သူတစ်ယောက် မဟုတ်ပေမယ့်လည်း ကျနော်ကတော့ ဒီဘလော့ဂါ ဖြစ်ရတာလေးနဲ့တင်ကျေနပ်ပါတယ် ကိုယ့်ဘ၀ရဲ့ မှတ်တမ်းမှတ်ရာတစ်ချို့ကို စာအဖြစ်နဲ့ ရေးမှတ်ထားနိုင်တာမို့ပါ အဲ့ဒီအတွက် သူ့ကို ကျေးဇူးတင်ပါတယ်လို့ စကားဆိုရင် အတော်ကိုနောက်ကျနေပြီ ခုမှ အပိုတွေလို့ ထင်တဲ့သူတွေလည်းရှိကောင်းရှိမှာပါ ဒါပေမယ့် ရိုးသားစွာနဲ့ သူ့ကို ကျနော်ကတော့ကျေးဇူးတင်စကာ ဆိုချင်မိသေးရဲ့ ။

သူ့သတင်းတွေကြားတုန်းက မဖြစ်သင့်လိုက်တာဆိုတဲ့အတွေးတွေလည်း ခဏခဏ ဒါပေမယ့် ဖြစ်သွားခဲ့တာတော့ အမှန်ပဲ သူ့အတွက် ဘာတွေလုပ်ပေးခဲ့နိုင်သလဲဆိုတော့ ဘာမှကိုမလုပ်ပေးခဲ့နိုင်ပါဘူး စိတ်မကောင်းဖြစ်မိတာက လွဲလို့ပေါ့ ဘလော့ဂါတွေစုလို့ သူ့မွေးနေ့မှာ ပို့စ်တစ်ပုဒ်တည်းစုတင်ကြတာမျိုးမှာ ကိုယ်ပါခဲ့တာက လွဲလို့ သူ့အကြောင်းရေးထားတဲ့ ပို့စ်တွေ သတင်းတွေကို အလောတကြီး သွားသွားဖတ်မိတာလောက်ပဲရှိတယ် ။ဒီဘက်နှစ်ပိုင်း သတင်းတွေဖတ်ရတိုင်း လွတ်မြောက်တဲ့သူတွေထဲ သူပါမလားလို့လည်းရှာမိသေးတယ် ။ ဖေ့ဘွတ်မှာ အရင်က ဘလော့ဂါတွေ FREE NAY PHONE LATT ဆိုတဲ့ပရိုဖိုင်လေးတွေ လုပ်တုန်းက ကျနော်လည်းပါဖြစ်ပြန်ကော အဲ့တာက သူတို့ကလည်း ကိုယ့်ကို လုပ်ပါလို့ ပြောတာမျိုးမဟုတ်သလို ကိုယ်ကလည်း သူများလုပ်လို့လိုက်ပြီး လုပ်တာမျိုးမဟုတ်ပါဘူး အိုင်ဒီယာလေးကောင်းတယ် ငါလည်းတက်နိုင်တဲ့ အလုပ်ပဲလေ နံရံကို ဘဲဥနဲ့ပေါက်သလိုပဲဖြစ်ဖြစ် ပေါက်ကြည့်သေးတာပေါ့ ဆိုတဲ့ အတွေးနဲ့ လုပ်တာမျိုးလေးပါပဲ ဒါပေမယ့် အဲ့ပုံလေးကြောင့်ပဲ နည်းနည်းတော့ ရိတာတိတာ ခံရသေးသလို / you are brave blogger လို့လည်း စတာခံရသေး ။အပြင်က သူငယ်ချင်းတွေကလည်း ဘာလို့လိုက်လုပ်နေတာလဲ တဲ့ ။



အဲ့ ပရိုဖိုင်ပုံလေး နဲ့ပဲ ပျော်စရာ တိုက်ဆိုင်မှုလေး တစ်ခု ပြောပြချင်ပါသေးတယ်း) မဲဆောက်မှာ အသိ နာမည်ကြီး ဓာတ်ပုံဆရာ Frederick Gaghauna ဆိုတာရှိတယ် သူ့ကို Free Nay Phone Latt ဆိုတဲ့ ဓာတ်ပုံလေး တစ်ပုံလောက် ရိုက်ပေးဖို့ အကူညီတောင်းတုန်းက သူက လိုလိုလားလားပဲ ကူညီမယ်လို့ပြောတယ် ဆန်းဒေး အားရက် တစ်ရက်မှာ ချိန်းလိုက်ကြပြီး မတွေ့ဖြစ်လိုက်ကြဘူး 13/12/012 ရက်နေ့ သူက မေးလ်ပို့တယ် ဘယ်နေ့ အဆင်ပြေမလဲတဲ့ ထပ်မေးတာ သတင်းတွေဖတ်ပြီး ကိုနေဘုန်းလတ် ပါလွတ်သွားတော့ ကျနော်မှ ဓာတ်ပုံရိုက်စရာမလိုတော့တား) အပျော်တွေ ကူးပြီး သူ့ဆီ ချက်ချင်းဖုန်းဆက်လိုက်တယ် (ကျနော် ဓာတ်ပုံရိုက်ဖို့မလိုတော့ဘူးဗျ သူလွတ်သွားပြီး ကျေးဇူး အများကြီးတင်တယ် ) သူက လည်း ၀မ်းသာကြောင်း ပြောသွားသေးတယ် ။ ဟုတ်တယ် အဲ့နေ့တုန်းက ကိုယ်နဲ့ လက်ဖက်ရည်ဆိုင် တူတူထိုင်လို့ စကားတူတူပြောဖူးတဲ့သူလည်းမဟုတ်ပါဘူး တကယ့်မိတ်ဆွေရင်းတွေလည်းမဟုတ်ခဲ့ပါဘူး ဒါပေမယ့် သူလွတ်မြောက်လာတာကို ကိုယ့် ညီအစ်ကိုရင်းတစ်ယောက် လွတ်မြောက်လာသလို ခံစားမိတယ်ဆိုရင် နည်းနည်းတော့ ပိုရာကျလေမလား ။

သူကတော့ မြန်မာလူမျိုးတွေမှာလည်း ထက်မြက်တဲ့ ဘလော့ရေးသူတွေရှိတယ်ဆိုတာ နိုင်ငံတကာကို သိအောင် အလုပ်တွေနဲ့ သက်သေပြလိုက်တဲ့သူပါပဲ ရဲရင့်တဲ့အတွေး အနုပညာမြောက်တဲ့ ဖန်တီချက်တွေနဲ့ လွတ်လပ်ခြင်းကို မြတ်နိုးစွာ ပုံဖော်တဲ့သူတစ်ယောက်ပါပဲ ။ သူ့အင်တာဗျူးတွေဖတ် လွတ်မြောက်တုန်းက ပုံတွေကြည့်ပြီး စိတ်ဓာတ်တွေကတော့ လေးစားစရာပဲ နည်းနည်းတော့ ပိန်သွားသလားလို့ စိတ်ထဲဖြစ်မိသေး ဒါပေမယ့် အရင်ကထက် တည်ငြိမ်ရင့်ကျက်သွားတယ်လို့ ထင်မိတဲ့သူ့ရဲ့ ပုံစံကတော့ ပိုပြီးတော့တောင် လေးစားစရာကောင်းနေသေး ။အစ်မ မြသွေးနီရဲ့ လွတ်လပ်မှု၊ ငြိမ်းချမ်းရေးနှင့် အနုပညာ စာပေဆွေးနွေးပွဲ ပို့စ်ဖတ်ပြီး ကိုနေဘုန်းလတ် ရဲ့ ဆွေးနွေးချက်လေးတွေကို သဘောကျပြီး သူ့အကြောင်းလေးတွေ ကိုယ်ခံစားမိသလောက် ရေးချင်စိတ်ဖြစ်မိလို့ ဒီပို့စ်လေးကို ရေးဖြစ်ပါတယ်။

သူလွတ်ကျခဲ့တဲ့မြို့တော်ထဲမှာ ဘယ်လို အကြောင်းရာမျိုးတွေ ရှိအုံးမလဲဆိုတာ ကျနော်တို့ ခုတစ်ခါ ပြန်ခံစားရအုံးမှာပါ မယိုင်မလဲ တဲ့မြို့တော်တစ်ခု ကျနော်တို့ရပ်ဝန်းမှာ မားမားမတ်မတ်ရှိနေအုံးမယ်ဆိုတာ ယုံကြည်လျှက် သူမသိပေမယ့် ဘလော့ဂါတွေရဲ့ ရင်ထဲမှာ သူ့ရဲ့ မြို့တော် တည်ရှိနေသေးတယ်ဆိုတာ သူသိစေချင်ပါသေးတယ် ။

16 comments:

  1. ကျမလည်းကိုနေဘုန်းလတ်ကို
    မသိပါဘူး
    ဒါပေမဲ့ chatter and blogger
    ဆိုတဲ့ပိုစ့်လေးကိုတော့
    င်္Forward mail တခုကနေဖတ်ဖူးတယ်..
    အဲဒီပိုစ့်ကို ..ကိုနေဘုန်းလတ်ေ၇းမှန်းလည်း
    အဲတုန်းကမသိခဲ့ပါဘူး..
    အခုမောင်မျိုးပြောမှဘဲ ကိုနေဘုန်းလတ်ရဲ့
    ပိုစ့်ဆိုတာသိလိုက်ရပါတယ်
    ကျမလည်းအဲဒီပိုစ့်လေးကိုတော်တော်
    သဘောကျပါတယ်..
    လူငယ်တွေကို..ဖြစ်သင့်တာ လုပ်သင့်တာ
    တခုကိုမီးမောင်းထိုးပြထားတယ်လို့
    ခံစားမိစေတဲ့ စာတပုဒ်ပါ
    မောင်မျိုးရေးထားသလိုပါဘဲ

    ယုံကြည်ချက်နဲ့ခရီးဆက်နေတဲ့
    သူရဲ့ မြို့လေးထဲမှာဘာတွေရှိမလဲ
    ကျမတို့စောင့်မျှော်လိုက်ရအောင်လား

    ReplyDelete
  2. လွတ်ကျခဲ့တဲ့ မြို့တော်..သူ့  မြို့ရိုးက ခိုင်ခံ့တယ်..သူ့ ယုံကြည်မှု တံတိုင်းကို ဘယ်သူမှ ချိုးဖျက်လို့  မရဘူး...

    ReplyDelete
  3. သိပ်လှတဲ့ တည်တံ့တဲ့ နာမည်လေးက နိမိတ်တစ်ခုပဲလေ သူ့အတွက်....“ကျနော်လွတ်ကျခဲ့တဲ့ မြို့တော်”

    ReplyDelete
  4. ကျနော်လွတ်ကျခဲ့တဲ့ မြို့တော် . . Blogger and Chatter . . . ကျနော့်ကို အတွေးအမြင် ပြောင်းလဲ စေခဲ့တဲ့ ပို့စ်ပါပဲ . . . အခုခေတ် လူငယ်တွေ သူများစာပေတွေ ကော်ပီကူးပြီး ကိုယ့်နာမည်တပ်ပြီး ပြန်တင်နေတာတွေ . . ဂျီတော့မှာ အမျိုးမျိုး လိမ်ညာနေတာတွေကို တွေ့ပြီး . . ကိုနေဘုန်းလတ် ပို့စ်လေးကို ဖတ်လိုက်တိုင်း ၀မ်းနည်းလို့ မဆုံးဘူး . . လူငယ်တွေကိုလည်း အဲဒီပို့စ်လေးကို ဖတ်စေချင်ခဲ့တယ် . . ချက်တာ တစ်ယောက်ကနေ ကိုယ့်အပြောအဆို ကိုယ့်စကား ကို တာဝန်ယူရဲတဲ့ သူတွေ ဖြစ်စေချင်ခဲ့တယ် . . ကျနော် ပို့စ်တင်တိုင်းလည်း သူ့နာမည်နဲ့ အဲဒီပို့စ်လေးကို မျှဝေပေးခဲ့တယ် . . သူ့ကို အစတည်းက နာမည်ကြားဖူးတယ် ကိုယ့်အုပ်စုထဲက လူတွေနဲ့တင် တွဲနေခဲ့ပေမဲ့ ကျနော် တခါမှ မသိကျွမ်း မရင်းနှီးခဲ့ရဘူး . . ဒါကလည်း ကျနော်ရဲ့ သူငယ်ချင်း များများစားစား မပေါင်းတတ်တာရယ် . . သီးသန့် နေတတ်တာရယ်ကြောင့်ပါ ။ အသက် ၂၈ အရွယ် ဘလော်ဂါ လူငယ်တစ်ယောက် ထောင် နှစ် ၂၀ နဲ့ ၆ လ ကျခံရတယ်ကြားတဲ့ အချိန်တုန်းက ကိုယ့်နားကိုယ်မယုံနိုင်ခဲ့ဘူး ။ ကိုယ်တိုင်လည်း ဘလော့စာရေးသူ တစ်ဦး ဖြစ်နေတာကြောင့်လည်း ပိုခံစားရပါတယ် ။ အခု ပြန်လွှတ်တယ်ဆိုတဲ့ သတင်းရရချင်း သူ့ကို ပြေးမြင်မိတယ် လွတ်စေချင်မိတယ် ။ သူ လွတ်လာခဲ့တဲ့အတွက် ကျနော် အတိုင်းအဆ မရှိ ၀မ်းသာမိခဲ့တယ် ။

    ခင်မင်စွာဖြင့်
    ဗညားရှိန်

    ReplyDelete
  5. စာဆိုတာ ဖတ်ဖို့တင်မဟုတ် ရေးလို့လည်းရတယ်ဆိုတာ...သိသွားပါပြီ...မောင်မျိုးနောက်က ၀င်တန်းစီပါတယ်...း)

    ReplyDelete
  6. တစ်ကယ်ကို လေးစားအားကျဖွယ် ပါပဲ ကိုမျိုး သူလွတ်ကျခဲ့တဲ့ မြို့တော်လေးက အခုတော့ အသက်ဝင် လှုပ်ရှားနေတာ ကြည်နူးဝမ်းသာစရာပဲ မဟုတ်လားလေ..

    ReplyDelete
  7. လွတ်ကျတဲ့ မြို့တော်လေး အသက်ဝင်လာတာ ၀မ်းသာအားတက်မိပါတယ် ကိုမျိုးရေ..။ ဟိုးးးး... အရှေ့မှာ ရောင်နီကလေး သမ်းလို့နေပါပြီ..။

    ReplyDelete
  8. ဟန်ကြည်January 23, 2012 at 7:22 PM

    နေဘုန်းလတ်တစ်ယောက် လွတ်ကျခဲ့တဲ့ သူရဲ့မြို့တော်လေးတွေကို ပြန်တည်ဆောက်ဖို့ စိုင်းပြင်းနေပါပြီ...တစ်စချင်းစီကောက်နေမယ့်သူ့ကို ၀ိုင်းကူညီကြပါစို့လား...

    ReplyDelete
  9. ဘလော့ဂါတစ်ယောက် ရင်ထဲကစကားတွေကို
    ထိန်ချန်မထားပဲအရှိကိုအရှိအတိုင်း ပွင့်အန်ချတာ
    ပိုရာကျတယ်လို့မထင်မိပါဘူး မောင်မျိုးရေ။
    'သူလွတ်ကျခဲ့တဲ့မြို့တော်' ကိုအလည်ရောက်အောင်
    ပို့ပေးခဲ့တဲ့အတွက်ကျေးဇူးပါနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  10. As soon as i know he's free,i went and greet him at his cbox though he doesn't know me.Thanks MDW.I don't know yet when i'll line up behind Mg Myo and Ma Thida.I'm still a reader.So many bloggers{late Ko gyi Kyauk,famous kom,kind Thetwai...etc} encouraged me.But i stand still.What a poor!
    Gyidaw

    ReplyDelete
  11. An Asian Tour OperatorJanuary 23, 2012 at 9:24 PM

    သူရေးတဲ့စာ ကို ဖော်ဝပ်မေးက နေအကြိမ်ကြိမ် ဖတ်ဖူးပြီး မှ သူ့ ဘလောဂ် ကိုရောက်ခဲ့တာ..။ လေးစားပါတယ်။

    ReplyDelete
  12. သူသိမှာပါ မောင်မျိုးရယ် ... ။
    ဘလော့ဂါတွေတွင် မဟုတ်ဘူး ... သူ့စာဖတ်သူတွေ အားလုံးရင်ထဲမှာပါ သူ့မြို့တော်လေး တည်ရှိနေတယ်ဆိုတာ မပြောလဲဘဲ သူသိနေမှာပါ။

    ReplyDelete
  13. ပြင်းထန်တဲ့ ယုံကြည်ချက်ကြောင့် သူ့မြို့တော်လေး အရင်ထက်ပိုပြီး တောက်ပသက်ဝင်တော့မှာပါ။ ကိုနေဘုန်းလတ် ဆိုတာ ဘလော့ဂ်ဂါ ဘာလဲလို့ လူတွေ သိစေခဲ့သူပါ။

    ReplyDelete
  14. အဲ့တုန်းက အဲ့ပို့စ်လေးက တော်တော်ကောင်းတာဆိုတော့ မေးလ်တွေမှာ ပျံ့သွားတာနေမယ် နောက်ပိုင်းတော့ အဲ့လို အမုန်းခံပြီး စာတွေကိုရေးမယ့်သူ ရှားသွားတယ် မရှိသလောက်ပဲ ။

    မစန်းထွန်း... ဟုတ်တယ် သူ့ရဲ့မြို့တော် ကျနော်နားမှာရှိနေသေးတယ် ။

    မိုးငွေ့... ဟုတ်တယ်ဗျ နာမည်က သိပ်ခိုင်ခန့်နေတယ်နော့် .

    ကိုဗညားး... ရင်ဘတ်ချင်းတူ လူမရွေးပေါ့ အစ်ကို ကျနော်လည်းပျော်တယ် ။

    မသီတာ.. ဟုတ်တယ် စာက ဖတ်လို့လည်းရသလို ရေးလို့လည်းရတယ်နော့် ။

    အိန်ဂျယ်... ကျနော် တို့ သူ့အနုပညာတွေ ခံစားရအုံးမှာပါ ။

    မမြသွေး.. အစ်မ ဓာတ်ပုံလေး သုံးခွင့်ပေးတာကျေးဇူးတင်တယ်ဗျ ။ ဟိုးး ရှေးမှာာာာ...............

    ဆြာဟန်... ဟုတ်တယ် ပျော်ရွှင် ဂုဏ်ယူစွာနဲ့ကြိုဆိုမိတယ် .

    တီတင့်..သွားလည်ကြည့်ပါ့ အဲ့မြို့တော်ထဲမှာ အနုပညာတွေခင်းကျင်းထားတယ် ။

    ဂျီးတော်..ဟုတ်ကဲ့ဗျး)

    ကိုသောမတ်စ်... ကျနော်တော့ ဘလော့ကနေပဲ ဖတ်လိုက်ရတာ မေးလ်တွေတော့မရောက်ဖြစ် သူ့စာတွေ ကောင်းတာတော့ သိတယ် ။

    မမေ..... ဟုတ်တယ် သူလည်း စကားတွေ အများကြီးမလိုပဲ သိနေမယ်ထင်ပါတယ် .

    ကိုမြစ်... အသေချာပေါ့ ဘလော့ဂါတွေမှာ အစွမ်းရှိတာသူသက်သေပြလိုက်တာပဲဗျ ။

    ReplyDelete
  15. ရောက်ခဲ့ပြီး ဖတ်သွားပါတယ်ဗျာ ... Post ရေးတဲ့သူရော comment ရေးကြတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်

    ReplyDelete
  16. Going Here Hermes Dolabuy check this link right here now replica gucci bags read what he said dolabuy.ru

    ReplyDelete