Wednesday, November 9, 2011

Heavenly Home

ဒီပို့စ်လေးနဲ့ အတူ ကိုညိမ်းနိုင် နဲ့ မိုးယံ (ဗိုက်ပူမ ) တို့ကိုကျေးဇူးစကား အရင်ဆိုပါရစေ ဒီအလှူလေးက သူတို့ရဲ့ အလှူလေးပါ ကျနော်ကတော့ လုပ်အားအလှူပေါ့ ။ ကျနော်တို့ မဲဆောက်မှာ မိဘမဲ့မြန်မာ ခလေးတွေရှိပါတယ် ။ ဒီမိဘမဲ့ဂေဟာလေးကတော့ မြို့ထဲကနေ မိနစ် ၂၀ လောက်မောင်းရပါတယ် မသွားခင်တစ်ရက်လောက်ကြိုပြီး ကျနော်တို့ အလှူလာလုပ်ဖြစ်မယ့်အကြောင်း ဖုန်းဆက်ထားတယ် ။ သွားတဲ့နေ့က နည်းနည်းတောင် မှောင်သွားတယ် တစ်ချို့ ခလေးသေးသေးလေးတွေက ဆာလို့ စာပြီးကုန်ကြပြီ ။ ကျနော်တို့ကားဆိုက်တော့ ခလေးတွေက ခြံဝမှာထွက်ကြိုနေကြတယ် ခလေးတွေ အားလုံး ၄၃ ယောက်တောင်ရှိပါတယ် ၄ နှစ်အောက် ခလေးကြီးပဲ ၂၀ ကျော်တယ် ။

အလှူသွားရင်း ၀မ်းသာဝမ်းနည်းလည်းဖြစ်ခဲ့ရတယ် သူတို့လေးတွေကို လှူဖြစ်တဲ့ အလှူမှာ ကိုယ်လည်း လုပ်အားအလှူလေးပါခွင့်ရလို့ ၀မ်းနည်းတာကတော့ ဒီအရွယ်ခလေးတွေက တကယ်ကို သနားစရာကောင်းတယ်ဆိုတာ လက်တွေ့သိလိုက်ရလို့ပါပဲ ခလေးသေးသေးလေးတွေအများကြီးပဲ ကျနော်တို့ကိုတွေ့တာနဲ့ ပေါင်ပေါ်တက်ထိုင်တဲ့သူကထိုင်တာပဲ သူတို့တွေ ရင်ငွေ့တွေ ဝေးနေကြတယ်ထင်ပါရဲ့ ။ ဓာတ်ပုံတွေရိုက်ဖြစ်ခဲ့တယ် အလှူရှင်တွေ ပီတိဖြာနိုင်အောင်ပါ ။




အုပ်စုလိုက်လည်း သီချင်းတွေဆိုပြကြတယ် ။
ဒီခလေးက လသားလေးပဲရှိသေးတယ် နို့ဗူးလေး နဲ့ မိဘက မရှိရတဲ့အထဲ ခလေးက မျက်မမြင်လေးတဲ့ ရင်ထဲ နင့်သွားတာပဲး( ။
ဒီခလေးက ရိုးရိုးသာမာန်ခလေးတွေထပ် ညာဏ်ရည်နိမ့်နေတဲ့ ကောင်လေး ။
သူတို့ ရေခဲမုန့်ကို ခုမှ စားဖူးတာတဲ့ အဲ့ဂေဟာက ကျောင်းအုပ်ဇနီးက ပြောပြတယ် ။


အဲ့လိုသေးသေးလေးတွေ မုန့်တောင် ခပ်မစားတတ်သေးဘူး ဒီထဲက ညီမလေးက အလှူလုပ်တဲ့နေ့က ကျနော်တို့နဲ့တူတူလိုက်လာတဲ့ အိမ်က ထိုင်းညီမလေးတစ်ယောက်ပါ အိမ်မှာ ဘာမှမသိတဲ့ ကောင်မလေးက ဟိုရောက်တဲ့သူ့ထပ် အငယ်လေးတွေတွေ့ပြီး လူကြီင်္းလေးလို ကြင်နာနေတာပါ ။
စားကောင်းကြလားဆိုတော့ ကောင်းမှကောင်းတဲ့း)
သီချင်းလည်းဆိုပြတယ် ။
ကလည်းကပြတယ်း)
ကျနော်တို့နဲ့ခလေးတွေ ။




သူတို့အုပ်စုလိုက် သီချင်းဆိုပြနေတာ နားထောင်နေတာပါ ။
ကဗျာလေးတွေလည်းရွတ်ပြတယ် ။


ဒီဘက်က ကောင်လေး ၂ယောက်အရွယ်က အကြီးဆုံးပဲ သူတို့ ဂစ်တာတီးလည်းကောင်းတယ် ။
၃ နှစ်တဲ့ သီချင်းတွေ အများကြီးရတယ် ဓာတ်ပုံလည်း ခဏခဏရိုက်ခိုင်းတယ် ။
တကယ်စားကောင်းကြတဲ့ပုံပဲ ။
ဆုတောင်းသီချင်းဆိုပေးကြတာပါ ။
အလှူရှင်တွေကို ဘုရားသခင်ကောင်းချီးပေးပါစေတဲ့ ။
သူတို့လေးတွေ ။
ဒီခလေးမလေးက ချောချောလေးဗျ သီချင်းဆိုရင် ဖြူဖြူကျော်သိန်းလို အကျယ်ကြီးဆိုတယ် ။



ကြက်သား အယောက် ၅၀ စာ အတုံး ၅၀ ရတယ် ။
ဒန်ပေါက် ညနေစာ သွားလှူတာ အများကြီးပိုလို့ မနက်စာပါ စားရတယ်တဲ့ ဖုန်းဆက်ပြီးပြောတယ်။


ရေခဲမုန့်ပါ လှူဖြစ်တယ် သူတို့ခုမှစားဖူးတာတဲ့ ။









သူငယ်ချင်းတွေနဲ့ ခလေးတွေ ။


ရုံးကထိုင်းစာရေးမလေးလည်း လိုက်တယ် သူများပြောတာတွေ နားမလည်ပေမယ့် ခလေးတွေ သီချင်းဆိုပြတော့ သဘောတွေကျလို့ နောက်တစ်ခါ သူလည်း လှူဖို့ ပိုက်ဆံစုအုံးမယ်တဲ့ ။
ခလေးကျောင်းလွယ်အိတ်တွေ ။

အိမ်လေးက ကျဉ်းတယ်လို့ပြောရမယ်ထင်တယ် နည်းနည်းကြီးတဲ့ ခလေးတွေ ဒီလိုအိပ်ကြတယ် ။



ကျနော်တို့ပြန်တော့ ကျနော်တို့ကို တစ်အုပ်ကြီးခြံဝထိ လိုက်ပို့ ကျေးဇူး စကားတွေ အထပ်ထပ်နဲ့ တကယ်ကို သနားစရာကောင်းတဲ့ ခလေးလေးတွေပါ ခလေးတွေက လက်ဆွဲနှုတ်ဆက်လို့ Thank You လို့လည်းသေချာနှုတ်ဆက်ကြတယ် ။နောက်လာခဲ့အုံးမယ်နော် ဆိုတော့ ဟုတ်ကဲ့ပါ တဲ့ စကားပြောတတ်တဲ့ ခလေးတွေက တစ်ချို့ ချီထားမိတဲ့ ခလေးတွေက မဆင်းချင်ကြဘူးရယ် ။ အဲ့ဂေဟာက ဆရာတို့ ဇနီးမောင်နှံကလည်းလေးစားစရာကောင်းလိုက်တာ အားလုံးကို သူတို့ သားသမီးတွေလို စောင့်ရှောက်တာ တစ်ချို့သေးသေးလေးတွေ အဲ့အစ်မကို အမေထင်ပြီး ပျော်တာနဲ့ငိုတယ် ချစ်စရာကောင်းတာက ခလေးတွေက လူကြီးပြောစကားဆို သိပ်နားထောင်တာတွေ့ရတယ် ။

ကိုညိမ်းနိုင်နဲ့ မိုးယံ (ဗိုက်ပူမ ) တို့ကိုလည်း ခလေးတွေ ဆုတောင်းစကားနဲ့ပြောရရင်တော့ “ ဘုရားသခင်ကောင်းချီးပေးပါစေ” ပေါ့ အလှူရှင်တွေရဲ့ အလှူအတွက် သာဓုခေါ်ပါတယ် ကျေးဇူးလည်းတင်ပါတယ်ခင်ဗျား ။





23 comments:

  1. သာဓုပါ ..... အာမင်

    ReplyDelete
  2. မောင်မျိုးရယ်...အကိုတို့က ညီ့ကိုကျေးဇူးတင်ရမှာပါ...၊
    ညီသာ မစီစဉ်ဘူးဆိုရင် ဘယ်ဖြစ်လာပါ့မလဲ...ပြီး ဒီအလှူ
    လေးကလည်း ညီကပဲအစပျိုးခဲ့တာပဲလေ၊ငါ့ညီရဲ့ အစစ
    အရာရာ လူပင်ပန်း စိတ်ပင်ပန်းခံ လုပ်ပေးတဲ့စေတနာက
    အကိုတို့ထက်အများကြီးမွန်မြတ်ပါတယ်..၊တကယ်ပြော
    တာပါ...၊ကလေးတွေဒါ့ပုံမြင်ရတာ ကြည်လည်းကြည်နူး
    စိတ်လည်းမကောင်းဘူး...၊

    ReplyDelete
  3. မြင်ရတာ ကြည်နူးချမ်းမြေ့စရာ...

    ReplyDelete
  4. ကိုညိန်းနိုင်ပြောသလိုပါပဲ... စိတ်လည်း မကောင်းဘူး... သာဓုလည်း ခေါ်ပါတယ်ခင်ဗျာ...

    ReplyDelete
  5. မောင်မျိုး.. ကလေးတောထဲမှာ ထင်းနေတာပဲ..း)).. သာဓုပါဗျာ..

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  6. ပဌာန်းဆက်ပေါ့ မောင်မျိုး မောင်ညိန်းနဲ့ မောင်မိုးယံတို့ ရေ။ သာဓု သာဓု သာဓု ပါကွယ်။ သာမညဖလနေ့ထူး နေ့မြတ်လေးမှာ အလှူအတန်းလေးဖတ်ရတာ ကြည်နူးစရာပါ။
    အလှူရှင်များအားလုံး စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  7. အပြစ်ကင်းတဲ့ ကလေးလေးတွေ

    ReplyDelete
  8. နောက်တစ်ခါစုလှုမယ်ဆိုရင် ကြိုတင်ပြီး လက်တို့ပေးကြပါနော်

    မဒိုးကန်

    ReplyDelete
  9. သာဓုသုံးကြိမ်ခေါ်ပါတယ် ကြောင်နှစ်ကောင်...။ ဒီလိုကုသိုလ်အကျိုးကြောင့် လူပျိုသိုးကြောင်နှစ်ကောင် မိန်းမချောချောရပါစေ...။

    ReplyDelete
  10. မိုးယံ (ဗိုက်ပူမ)November 10, 2011 at 3:10 PM

    မောင်မျိုးကို ကျေးဇူးတင် သာဓုလဲခေါ်

    သာဓု သာဓု သာဓု.....

    မိုးငွေ့ဆုတောင်း အမြန်ပြည့်ချင်ကြောင်းပါ။

    ReplyDelete
  11.ွှဲအဲလိုလှုရတာအရမ်းစိတ်ချမ်းသာဖို့ကောင်းတယ်...
    ကလေးလေးတွေကချစ်စရာရယ်..
    မောင်မျိုးရေ..လုပ်အားဒါန ဆိုတာလည်း
    ပါရမီဖြည့်ခြင်းတမျိုးဘဲလေ..

    ReplyDelete
  12. တကယ့်ကို မွန်မြတ်တဲ့ အလှူပဲမို့ ငွေအားအလှူ အတွက်ရော၊ လုပ်အားအလှူ အတွက်ပါ သာဓုခေါ်ပါတယ် ညီရေ..၊ ဓါတ်ပုံလေးတွေ ကြည့်ရတာ ဝမ်းနည်း၊ ဝမ်းသာ ဖြစ်ရတယ်၊ အပြစ်ကင်းတဲ့ ဒီကလေးတွေ အားလုံးလည်း အခြားမိဘရှိတဲ့ ကလေးတွေနည်းတူ ပျော်ရွှင်ခွင့် ရှိသင့်ပါတယ်၊ Baseball စာတန်းပါတဲ့ တီရှပ်အနီနဲ့ ကလေးက အတော်လေး သွက်မယ့်ပုံပဲ၊ အားလုံးရဲ့ မျက်နှာလေး တွေက ကြည်လင်ပြီး ချစ်စရာ ကောင်းလိုက်ကြတာ..။

    ReplyDelete
  13. အလှုရှင် ကိုညိမ်းနိုင်၊ မိုးယံ၊ ကိုယ်ရောစိတ်ရော ပါဝင်ဒါနအားဖြည့်ပေးတဲ့ မောင်မျိုးနဲ့  သူငယ်ချင်းတွေကို သာဓုခေါ်မိပါတယ်..နောင်ကို ဒီထက် အများကြီး လှူနိုင်ကြပါစေ..

    ReplyDelete
  14. မွန်မြတ်တဲ့အလှူအတွက် လှိုက်လှိုက်လှဲလှဲ သာဓုခေါ်သွားပါတယ် မောင်မျိုးရေ..။

    ReplyDelete
  15. ကလေးတွေကြည့်ပြီး စိတ်မကောင်းဖြစ်မိတယ်.. သနားစရာ မျက်နှာလေးတွေ..
    ကမ္ဘာမှာ မိဘမဲ့ ကလေးတွေ ဘယ်လောက်တောင် များမလဲမသိဘူးနော်.. ကံဆိုးရှာကြတယ်..
    မောင်မျိုးရဲ့ အလှူအတွက်တော့ တကယ်ကို ဝမ်းမြောက်ပီတိဖြစ်ရပါတယ်.. နောက်ကိုလဲ ခုလိုအလှူမျိုးတွေ အများကြီး လှူနိုင်ပါစေ.. မွန်မြတ်တဲ့အလှူအတွက် သာဓုခေါ်မိပါတယ်..

    ReplyDelete
  16. သာဓုခေါ်ပါတယ်ကွယ်

    ReplyDelete
  17. အလှူလေးကိုကြည့်ပြီး သာဓု ၃ကြိမ်ခေါ်သွားပါတယ်။
    ကိုယ်ကိုယ်တိုင်လဲ ဒီလိုမျိုး လှူဖြစ်ချင်တယ်။ တနေ့နေ့တော့ မဖြစ်ဖြစ်အောင်လှူဦးမယ်။

    ReplyDelete
  18. THADU X100....... Mg Myo and your buddies
    I read the post 3 days ago.It hit my heart when i saw kids' innocent lovely faces and i can't leave any comment.My late dad always donated to aged home on his B'day.I often donate Metta Wadi monastery in YGN for orphans.I feel the same whenever i see these kids.Let's try our best.
    wishing you good dream come true,
    Gyidaw

    ReplyDelete
  19. တကယ်ကို ဝမ်းသာပီတိဖြစ်မိပါတယ်။ သာဓု သာဓု သာဓု ပါ ကိုမျိုးရယ်။


    ခင်တဲ့
    မေသိမ့်

    ReplyDelete