Tuesday, July 12, 2011

ညီမျှခြင်း (=)

မာန = ချနင်းခံစရာပစ္စည်း

အမုန်း = တောက်လောင်လွန်းတဲ့ မငြိမ်းသောမီး

အချစ် = စိစိညက်ညက်ကြေအောင် ၀ါးခံရပြီးထွေးထုတ်ခံလိုက်ရတဲ့ ကွမ်းတံတွေး

ဂုဏ်သိက္ခာ = ပညာတတ် လူချမ်းသာများနှင့်သာ သက်ဆိုင်ပြီး cover ပေးနေသော အရာ

ဂရုစိုက်မှု = ဥပက္ခာတရားတွေတန်ပြန်သက်ရောက်စေခြင်း

ရိုးသားခြင်း = အမှားခဏခဏ လုပ်မိတဲ့သူအတွက် ဟစ်ကြွေးနေကျစကား

အရှုံး = ရိုအီနေပြီး ထိတွေ့ပါများလို့

မေတ္တာ = ကွဲအက်နေတဲ့ ကြည့်မှန်တစ်ချပ် တစ်ခါခါတော့ ဘာမှမမြင်ရလောက်အောင် မှောင်မိုက်နေတတ်တယ် (ပေးတိုင်းပြန်မရတဲ့ နုညံ့တဲ့စိတ်ခံစားမှုတစ်ခု)

ညီမျှခြင်း = မညီမျှခြင်းတွေကို နှိုင်းယှဉ်ပြထားတဲ့ ( = ) သချာင်္အက္ခရာ


မောင်မျိုး = မညီမျှခြင်းတွေကို နားလည်ဖို့ ကြိုးစားရင် မောပန်းနေတဲ့ လူသားတစ်ဦး

11 comments:

  1. မှတ်ထားမယ်...

    ReplyDelete
  2. ညီမျှခြင်းတွေကို ညီမျှခြင်းချ
    ညီမျှခြင်းတွေက မညီ-မျှတ
    ညီမျှခြင်းတွေဟာ တဖက်စောင်းနင်း
    ဟိုဘက် ပင်းရနိုး
    ဒီဘက် နင်းရနိုး
    နည်းတဲ့ဘက်ကို တိုးမလား
    များတဲ့ဘက်က ခိုးမလား
    အပေါင်း အနုတ် အမြှောက် အစားတွေကြားထဲ
    ဘ၀ဟာ ကစားပွဲမဟုတ်
    ဟိုဟိုဒီဒီ မရှုပ်နဲ့
    မနုတ်နိုင်ရင် တဆယ်ချေး
    လိုချင်တာ အကြွေးဝယ်နိုင်တဲ့ ခေတ်မှာ
    မေတ္တာဆိုတာ ... ရှားပါးကုန် ဖြစ်နေပေါ့ ... ။

    ReplyDelete
  3. မောင်မျိုး = သူငယ်ချင်း

    ReplyDelete
  4. အခုတစ်လော အဲလိုပဲ ဖြစ်နေတယ်... ကိုမျိုး :(

    ReplyDelete
  5. ဗညားရှိန်July 13, 2011 at 11:06 AM

    မောင်မျိုး - - ဘ၀ကို စနက်တံဖြုတ်ပြီး မောင်းတင်နေတဲ့ကောင်း))))

    ReplyDelete
  6. ချော(အစိမ်းရောင်လွင်ပြင်)July 13, 2011 at 11:17 AM

    မောင်မျိုး = လောကဓံကိုအပြုံးမပျက် ကြံ့ကြံ့ခံနိုင်တဲ့သူ
    အဲလိုလေး ညီမျှခြင်းချကြည့်လိုက်ရင်လည်း စိတ်က သက်သာရာရသွားမှာပါ။ ဟုတ်ဘူးလား

    ReplyDelete
  7. မောင်မျိုး = ရိုးသားပွင့်လင်းတဲ့ရေးဟန်များကြောင့် လူချစ်လူခင်ပေါတဲ့ ညီလေး

    ReplyDelete
  8. အစ်ကိုမောင်မျိုး = အစ်ကိုမောင်မျိုး
    :D

    ခင်မင်စွာနဲ့
    ရတနာ

    ReplyDelete
  9. အချစ်နဲ့ မေတ္တာရဲ့ ညီမျှခြင်းတွေကို တွေ့တော့ ကွမ်းတံတွေးတွေ ပေကျံနေတဲ့ ကြည့်မှန်တစ်ချပ်ကို မြင်လိုက်တယ် ညီရေ..၊ ဘဝဟာ မှန်ကြည်တစ်ချပ် မဟုတ်တော့လည်း ကျနော်တို့တွေ ဟိုးတဖက်ကို ဖောက်ထွင်းမြင်နိုင်ဖို့ အခက်သားကလား၊ မောင်မျိုးကို ညီမျှခြင်းချရင်တော့ ချစ်စရာကောင်းတဲ့ အချက်တွေက ချိန်ခွင်လျှာ စောင်းသွားစေမှာ သေချာတယ်...။း)

    ReplyDelete
  10. ဆွေလေးမွန်July 13, 2011 at 3:13 PM

    ဒီလိုတွေးကြည့်ပါလား ကိုမျိုးရေ..

    ရိုးသားချင်းရှိမှ မရိုးသားချင်းဆိုတာ ရှိတာ..
    ချစ်တယ်ဆိုတာရှိမှ အမုန်းဆိုတာ၇ှိတာ..
    အနိုင်ဆိတာရှိမှ အရှုး ဆိုတာရှတာ..

    တစ်ကယ်လို့ ရိုးသားတယ် လို့ သတ်မှတ်ချက်မရှိဘူး ဆိုရင် .. မရိုးသားဘူးဆိုတဲ့ သတ်မှတ်ချက်လဲ ထွက်မလာနိုင်ဘူး..

    ဒီတော့ တစ်ခုပဲ တွေးလိုက်ပါ.
    ရှုံးနေပြီဆိုရင် တစ်ချိန်ချိန်မှာတော့ နိုင်မှာသေချာပါတယ် ကိုမျိုးရေ..

    ReplyDelete
  11. မာန = မာတယ်လို့ထင်ရပေမယ့် တကယ်တမ်းကျတော့ ခပ်ချာချာ ခပ်နနပစ္စည်း

    ဂုဏ်သိက္ခာ = ဂုဏ်ရှိတယ်လို့ထင်ရပေမယ့် သိပ်ပြီး ခါလို့မရအောင် လုပ်ထားတဲ့ အရာ

    မောင်မျိုး = လောလောဆယ် ရေယုန်ပေါက်နေသူ

    ဆရာတော့ ဒါပဲ မြင်တယ်...

    ReplyDelete