Saturday, June 18, 2011

ခရီးတို

စာလည်းမရေးဖြစ် ဘယ်လို ညှစ်ထုတ်ထုတ် ဘာစာမှမထွက်လာတော့ ဓာတ်ပုံတွေနဲ့ နှိပ်စက်လိုက်ပါတယ်း) နေ့လည်က ဘော့စ်တို့မိသားစုနဲ့အတူ မဲဆောက်အစွန်က ရေတံခွန်ဘက်အလည်သွားဖြစ်ပါတယ် မိုးတွေကတော်တော်ရွာနေတာ ။ ကိုယ့်အတွက်တော့ အပြင် သဘာဝရှု့ခင်းတွေ မမြင်ရတာတော်တော်ကြာပါပြီး တောတွေတောင်တွေ သစ်ပင်စိမ်းစိမ်းတွေ လယ်ကွင်းပြင်တွေ ကျေးလက်ရှု့ခင်းလေးတွေ မြင်လိုက်ရတာ တကယ်ပဲ စိတ်ထဲ လန်းဆန်းသွားတာပါပဲ ။

ဟိုရောက်တော့ ကရင်တိုင်းရင်းသားလေးတွေ ဘာအကလည်းတော့မသိ ကနေကြတာ ခဏကြည့်ဖြစ်ကြသေးတယ် ထိုင်းကျောင်းနေကြတဲ့ မြန်မာပြည်က တိုင်းရင်းသားလေးတွေပေါ့ ချစ်စရာလေးတွေပါ သူတို့ကနေတာကိုကြည့်နေတာ အစကတော့ မထူးဆန်းဖူးပေါ့ နောက်မှ ကြိုးလေးတွေချည်ပြသွားတာ စိတ်ဝင်စားစရာ ။ ဓာတ်ပုံလေးရိုက်ဖြစ်ခဲ့တယ်။

သူတို့စစထွက်ခြင်း ကတဲ့ပုံစံလေးပါ ။
ထိပ်ပိုင်းမှာကြိုးက တစ်စထဲပါ အဲ့တာကို ကရင်းကြိုးတွေ ခွဲထုတ်သွားတာမျိုးလေးတွေ လုပ်သွားတယ် ပထမ ၂ စ နောက်တော့ ၄ စ နောက်တော့ ၈စ အဲ့လိုလေးတွေ စိတ်ဝင်စားစရာတော့ကောင်းသား ။


နောက်ဆုံးကျ ကြိုးကိုပြန်ဖြည်သွားတာလေးပါ ဓာတ်ပုံကို ကြိုးစားပန်းစာရိုက်နေတဲ့သူကတော့ ကျနော်တို့ကို စာလာသင်ပေးနေတဲ့ နိုင်ငံခြားသားတစ်ယောက်ပါ သူလည်း တော်တော် ပျော်သွားတယ် ပြောတယ် ။

ဒီကောင်က ဘယ်သူလည်းမသိပါဘူး တွေ့လို့ရိုက်ခဲ့တာ ခေါင်းကို ၃ ချက်း)

ခရီတိုလေးပါ ပို့စ်အသစ်တင်ချင်လို့သာတင်လိုက်တာ ဘာမှန်းကိုမသိဘူး တစ်ခါတလေတော့ ဒါမျိုးလေးတွေရေးခွင့်ပြုပါ ။





17 comments:

  1. ခွင့်ပြုပါတယ်...ရေးပါ..ရေးပါ....:)))
    ဒါနဲ့ ခေါင်းကိုသုံးချက်ပဲရိုက်ခဲ့တယ်လား....နဲထှာ....
    အမှန်ဆို ဆယ့်လေးငါးချက်လောက်ရိုက်ခဲ့ရမှာ....:D

    ReplyDelete
  2. ကိုမျိုးမတွေ့တာကြာပြီ...သတိရတယ်...။ အကလေးလည်းကြည့်ချင်တယ်..။

    ReplyDelete
  3. မျက်မှန်က မျက်လုံးမှာတပ်လေ

    ReplyDelete
  4. ဓာတ်ပုံတင်ထားတယ်ပေါ့

    ReplyDelete
  5. ချူးထိုင်ပေါက်နေတာလားလို့ :P

    ReplyDelete
  6. လပြည့်ရိပ်June 19, 2011 at 2:38 AM

    မော်ဒယ်ဘွိုင်းရဲ့ ဘယ်ဘက် ခြေဖနောင့်က ဘာဖြစ်လို့ မြေပေါ်မချတာလဲ။ ဟားးးး

    ReplyDelete
  7. ဘယ်သူမှန်း မသိဘူးဆိုတဲ့ ပုဂ္ဂိုလ်လေးက လူချောပဲဗျ၊ တချိန်တုန်းက နွား အကောင် ၂၀ နဲ့ ဝိုင်းကြီးပတ်ပတ် ကစားခဲ့ဖူးတယ် ဆိုတာ ဒီလိုဆိုတော့လည်း ယုံဖို့တောင် ခပ်ခက်ခက်ရယ်....။းD

    ReplyDelete
  8. ဟန်ကြည်June 19, 2011 at 3:59 AM

    ဒီအကက တစ်မျိုးပါလား...ရိုးရာအကလည်း မဟုတ်...မော်ဒဖိုင်း အကပဲဖြစ်ရမယ်...ထူးဆန်းပါပေ့ ကမောင်မျိုးရယ်...

    ReplyDelete
  9. အင်း ၃ ချက် နည်းထှား))) အချက် ၃၀ လောက် တီးခဲ့ရမှား))

    ReplyDelete
  10. အီးအီးပါချင်၇င်လဲ အိမ်သာကိုသွားတာမဟုတ်ဘူး
    ရှက်ရှက်...

    ReplyDelete
  11. ဟဟဟ
    ရုပ်ကိုက မချိုမချဉ်နဲ့ .. နင် ၃ချက်ဆို ငါက နောက် ၃ချက် .. :P တိန်တိန်တိန်

    ReplyDelete
  12. တစ်ခါမှ မမြင်ဖူးသေးဘူး။ ဒီအကမျိုးလေးကို .... အစ အဆုံးကြည့်ချင်တယ်... ဒီလိုပိုစ့်မျိုးလေးတွေ တင်ပါ တင်ပါ။ အပြင်လည်း သွားရင်းပေါ့ ... စကားမစပ် ဒီကောင်လေးက ဒီလိုရယ်နေတော့လည်း ခင်ဖို့ အကောင်းသားနော် ... :)

    ReplyDelete
  13. ချော(အစိမ်းရောင်လွင်ပြင်)June 19, 2011 at 10:05 PM

    လှလှချည်လား
    ကရင်အက ပြောတာပါ
    တစ်ခြား မပြောပါဘူးး)

    ReplyDelete
  14. ၃ ချက် .. ???
    မိုးခါး ရိုက်တာ ၃ ချက် ... နဲ့ဆိုရင်တောင်
    နည်း တောင် နည်း နေ သေး သလိုပဲ .. :D

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  15. အမလေးနော် အကလေးကို ဗီဒယိုလေးများ ရိုက်ခဲ့တာမဟုတ်ဘူး။ တို့တွေလဲ ကြည့်ချင်တာပေါ့ဟယ်။
    အဲဒီ ဘယ်သူမှန်းမသိတဲ့ကောင်လေးက နှုတ်ခမ်းမွှေးစစနဲ့ ကြောင်ပေါက်စလေးနဲ့တူပါ့ ဘယ့်နှယ်ကြောင့် ၃ချက်ကြီးများတောင် ရိုက်ခဲ့ရတာလည်းကွယ် များများလေး ရိုက်ခဲ့ရောပေါ့ ... :P

    ReplyDelete
  16. စိတ်ဝင် စားစရာ ကောင်းတဲ့ အက ပဲနော်..

    ReplyDelete
  17. မိုးယံနဲ့ ကိုလတ်ကိုပါ ခေါင်းဝိုင်းရိုက်ခိုင်းလိုက်ပါလားး))

    ReplyDelete