Thursday, June 2, 2011

ချိုသောမာယာ

မာယာ ...သူအနက်က ဘာလဲ ဘာသဘောဆောင်တာလည်းတော့ ကိုယ်မသိ ဒါပေမယ့် ဒီလိုမာယာချိုချိုလေးတွေ ကိုယ့်အနားမြင်မြင်နေရတာလေး ခံစားမိတယ် ။ မာယာ တနည်း ဟန်ဆောင်ခြင်းရဲ့ ပြယုဂ်တစ်ခု ။ ဒီမာယာတွေကတော့ချိုပါတယ် ။

ရပ်ကွက်ထဲမှာ စမူဆာ၊ အီကြာကွေးရောင်းတဲ့ ကုလာမလင်မယားတစ်တွဲရှိတယ် သူ့ယောက်ျားက ညှပ်စိတဲ့ တရုတ်စပ်တယ် နာမည်နဲ့မလိုက်အောင် အကောင်ကထွားထွား အသားကဖြူဖြူ သူတို့လင်မယား အခေါ်ဝေါ်တွေ နားထောင်ကြည့်ရုံနဲ့ ဒီနေ့ ရာသီဥတုသာယာသလား မိုးသက်လေပြင်းကျချိန်တစ်နာရီ မိုင်ဘယ်လောက် သွားနိုင်သလဲဆိုတာ မှန်းလို့ရတယ် ။ ညှပ်စိ ရေ ...ဆိုရင် ဒါက နောမယ်ပဲ ယောက်ျားရေ ဆိုရင်တော့ ဒါ မကုလားမ ခိုင်းစရာတစ်ခုခုရှိလို့ သူ့ယောက်ျားကို ချွဲတာတာခေါ်လိုက်တဲ့ အသံ ။ ရပ်ကွက်ထဲမှာ မသာအိမ် ဖဲဝိုင်းရှိရင် သူ့ယောက်ကျားက ညည ခိုးခိုးသွားကစားပါတယ် တစ်ခါခါ ည ၁၂ နာရီကျော်ကျော်မှ ပြန်ရောက်လာရင် သူ့မိန်းမ ရဲ့ မုန်တိုင်းက ဆူနာမီထပ်ပြင်းတယ် “ သေခြင်းဆိုး ...တစ်ခါတည်း နင်ပါ သေလိုက်ပါတော့လားဟဲ့ မနက် စောစော စမူဆာထကြော်ရမှာ သိရဲ့သားနဲ့ မနက်ကျရင်တော့ မျက်လုံးကမပွင့်တော့ဘူး ဂျုံနယ်တော့လည်း ပျော့စိစိ မီးက မတောက် အဲ့တော့ မုန့်တွေပျက်ပြီ အကုသိုလ်ကောင်ကတော့လေ ငါ့ကို တစ်သက်လုံးပဲ နှိပ်စက်နေတော့တာပဲ ” ။ သူ့ယောက်ျားက ငအ ကြီးလို ဘာမှမပြောပဲ အိပ်ယာထဲ ၀င်အိပ်လိုက်တာပဲး) သူ့မိန်းမလည်း ဆဲလို့မောရင် အိပ်သွားကော ။

သူတို့အလုပ်က မနက် ၄ နာရီလောက် ထလုပ်ရပါတယ် ။ အဲ့တော့ မိန်းမဆိုတော့လည်း လောဘလေးတက်တာပေါ့လေ တစ်နေ့ အလုပ်ပျက်ရင် တစ်နေ့ ၀င်ငွေထိခိုက်တာဆိုတော့ သူ့တစ်ယောက်တည်းလည်း မလုပ်တတ်ဘူးဆိုတော့ ညက စိတ်ဆိုးထားပေမယ့် မနက်ကျ အပျော့ဆွဲလေးနဲ့ စနှိုးပါတယ် “ ယောက်ျား ယောက်ျား ထတော့ ထတော့ မုန့်လုပ်ရတော့မယ် ” ပြောလည်းပြော မီးတွေမွှေး ကြက်သွန်တွေ အာလူးတွေ သူ့ပါသာလှီးရင်နဲ့ ပါးစပ်ကလည်းနှိုးပေါ့ နာရီဝက်လောက်မှ မထရင်တော့ “ကာလနာ ဘယ်အချိန်ရှိပြီလဲ ” စိတ်မရှည်တော့တဲ့ မကုလားမ သူ့ယောက်ျားဖင်ကို မီးစကြီးနဲ့ ဆောင့်ထိုးထည့်လိုက်ပါလေကော ။ ခြေရင်းခေါင်းရင်း အိမ်တွေ လန့်နိုးတဲ့အထိ သူ့ယောက်ျားလည်း အလန့်တကြားနဲ့ ထအော် ။ နောက်နေ့ကျ မီးထိတဲ့ အနာသေးသေးလေးက အညှော်မိပြီး အနာဖြစ် ။ အဲ့အခါကျ သူကိုယ်တိုင်ပဲ သူ့ယောက်ျားကို ဆေးခန်းပို့ ဆေးလိမ်းပေးနဲ့ ဘေးကမြင်နေရတဲ့ ကိုယ်တွေကပဲ ရယ်ရတော့မလိုလို ငိုရတော့မလိုလိုနဲ့ ။

တစ်ခါက သူတို့လင်မယား ရန်ဖြစ်ကြပါတယ် ကိုယ်ကတော့ ကိုယ့်ပါသာ စာအုပ်တစ်အုပ်နဲ့ မသိဟန်ဆောင်နေလိုက်တယ် ကြား၃ကြားလည်း မ၀င်ရဲဘူးလေ သူတို့ရန်ဖြစ်တာလည်း ရိုးနေပြီဆိုတော့ အဆန်းလုပ်ပြီးတွေးမနေတော့ဘူး ရန်ပွဲက စစချင်းတော့ စလူုံးကို မိုးရှင်းလာတာပဲ နောက်ပိုင်းကျ ပြင်းအားကတော်တော် တက်လာတယ် မကုလားမက အဲ့အချိန်တုန်းက ကိုယ်ဝန်ကြီးနဲ့ပါ အစ်မကလည်း စကားပြောတာတွေ ပြင်းလာတယ် အဲ့တော့ ကိုညှပ်စိ လည်း နားငြီးတော့ လက်ဖက်ရည်ဆိုင်ဘက် ဘောလုံးပွဲ သွားကြည့်ဖို့ထွက်သွားပါတယ် အချိန်က ည ၁၁ နာရီလောက် လူခြေတိတ်ချိန် သာမာန်အချိန်မှာတောင် အသံတော်တော်ကျယ်တဲ့ မကုလားမ ကသူ့ယောက်ျား လက်ဖက်ရည်ဆိုင်မရောက်သေးဘူး “ ပြန်မလာနဲ့ **** ၊****၊ ” ပရိတွေရွတ်တာများ သရဲတွေပါ ထွက်ပြေးရမယ်း) စိတ်ရှည်တဲ့သူ့ယောက်ျားလည်း ဒေါသထွက်ပြီး လာပြေးရိုက်တော့မလို့ ပြေးအလား ကျနော်လည်း ဘာလုပ်ရမှန်းမသိ အမှန်လည်း မဆွဲတတ်ပါဘူး လင်မယားကြား ဆွဲရတာ ရှက်စရာကြီး တော်ကြာ တကယ်လုပ်လိုက်မှဖြစ် ဗိုက်ကြီးနဲ့ဆိုတော့ ဒုက်ခရောက်သွားမယ် ။ အိပ်နေတဲ့ ကျနော့် အစ်မကြီးကို သွားပြေးနှိုးတာ “ မကြီးရေ့ ဟိုမှာ သတ်ကုန်ပြီ သတ်နေပြီ ” ကျနော့်အစ်မလည်း အလန့်တကြားနဲ့ အိပ်ယာထဲကထ အပြေးသွားဆွဲတော့ သီသီကလေး လွတ်သွားတယ် တကယ်တော့ ကိုညှပ်စိက တကယ်ကိုချတော့မှာ လက်ထဲမှာ အုတ်ခဲကြီးနဲ့ ကြောက်စရာ ။ အဲ့တာကြောင့် အဲ့ အချစ်ဆိုတာကိုမယုံတာ ဒါက ကြော်ငြား) ။


နောက်နေ့တွေကျ သူတို့က ယောက်ျားရေ မိန်းမရေ နဲံ့ ကောင်းနေပြန်ကော ကျနော်တို့အိမ်မှာ ဟင်းမကောင်းတဲံ့နေ့ သူတို့အိမ်သွားစားတော့ ချည်ပြီးတုတ်ပြီးမေးရတာပေါ့ “ အစ်ကို့ အတွက် ဘာချက်လဲ အစ်မ ” လို့ဆိုရင် သူက ကြွားတာလည်းပါမှာပေါ့ “ နင်တို့ကိုကြိုက်တဲ့ ၀က်ကလီဇာလေးချက်ထားတယ် သူက ၀က်သားသိပ်ကြိုက်တော့ ကိုယ်မစားလည်း ချက်ပေးရတာပေါ့ ကိုယ့်ယောက်ျားမှတ်လား ချဉ်ပေါင်လေးနဲ့ ပုဇွန်ထုတ်ကြီးကြီးနဲ့ကြော်ထားလိုက်တယ် အအီပြေတာပေါ့ ပြီးတော့ မြင်းခွာရွက်သုတ်တယ် ” ။ ကိုယ့်အကြိုက်တွေကြီးပဲ “ ဒါဆို ကျနော်လည်း အစ်ကို့ကို စောင့်အုံးမှ အိမ်မှဟင်းမကောင်းဘူး ” အဲ့လိုဆိုရင်တော့ ကုလားမ မျက်နှာ အီလည်လည်ဖြစ်သွားကော ဘာမှမချက်ဖူးလို့လည်း သူညာလို့မရတော့ဘူးလေ ။


သူ့ယောက်ျားက မူးရင် တော်တော် အအိပ်ဆိုးပါတယ် အဲ့တော့ သူက ဧည့်သည်လာရင် သူ့ယောက်ျားကို သတိထားရတယ် ။ အိမ်နားက ခလေးတွေက “ ဒေါ်ကုလားမရေ့ ...ဦးညှပ်စိ တီဗွီတိုင်ထောင်နေပြီ ” ဆိုရင် ကုလာမတစ်ယောက်တော့ အိမ်ပြန်ပြီး သူ့ယောက်ျားကို ဖုံးဖိရပြီ ဒါဟာလည်း သူ့ရဲ့ ချစ်စရာကောင်းတဲ့ အကျင့်လေး ပြောပြော ဆဲဆဲ အစားကောင်းလေးတွေ့ရင်လည်း “ နင်တို့ကိုညှပ်စိ က သိပ်ကြိုက်တာ” ဆိုပြီး ၀ယ်သွားတာမျိုး ။ “တို့အိမ်က ဟာကတော့လေ ပုဆိုးဆို ဦးဂျမ်းမှ ၀တ်တာ ဒီ့ပြင်ဟာတွေဝတ်ရင် ယားလို့တဲ့ ” ဒါကတော့ ရပ်ကွက်ထဲက မိန်းမတွေ နေ့ခင်းပိုင်းစကားဝိုင်းမှာ မသိမသာကြွားနည်းတစ်မျိုးပဲ ။ သူ့ခလေးလေးမွေးတော့ ခလေးက ဖြူဖြူဖွေးဖွေးနဲ့ချစ်စရာလေး သူက စကားပြောတိုင်း “ မေ့သမီးလေးက သူ့အဖေနဲ့ တူလို့ ချောတာ ” တဲ့ ။

အိမ်ထောင်တစ်ခုအတွက် သူ မုသားချိုချိုတွေ သုံးတတ်တယ် ။ သူ့ယောက်ျားအကြိုက်တွေအတွက် နာကြင်မှုကင်းတဲ့ လှည့်ကွက်တွေနဲ့ သူက မျက်လှည့်လည်းပြတတ်တယ် ။ လင်းမယားနှစ်ယောက်ကြားက မုသားချိုချိုတွေနဲ့ လှပနေတဲ့ နေ့ရက်တွေအကြောင်း ကြုံခဲ့ဖူးတဲ့ ကိုယ်တစ်ယောက် ပြန်တွေးမိတိုင်း မုသားချိုချိုတွေကြောင့် ပြုံးမိပါတယ် ။






19 comments:

  1. မာယာလေးတွေ အကြောင်းဖတ်သွားပါတယ်။ ပြီးတော့ ပြုံးပြီး ပြန်သွားပါတယ်ကွယ်။

    ReplyDelete
  2. ကလေးရဲ့ အနာဂတ်အရေး ရင်လေးတယ်.

    Profile ကိုဖတ်ကြည့်တယ်။

    ReplyDelete
  3. သြော် .. ဒါလေးတွေ လိုတယ်လား .. :P

    ReplyDelete
  4. သေချာသွားလေ့လာထားပုံရတယ် :)

    ReplyDelete
  5. ညိမ်းနိုင်June 2, 2011 at 6:19 PM

    တခါတလေ ကိုယ့်အမြင်မှာ မုသားထင်ရပေမယ့်
    အမှန်တရားတွေလည်း ဖြစ်နေနိုင်ပါတယ်လေ
    အပြင်ပန်းကြည့်ရုံနဲ့ အတွင်းစိတ်ကို မြင်နိုင်ဖို့ရာ
    ကတော့....

    ReplyDelete
  6. ကိုယ်တိုင်ရော မုသားချိုချိုတွေ အများကြီးကြုံနေပြီလားး)

    ReplyDelete
  7. ချစ်စရာ မာယာ ချိုချိုလေး ဖတ်ပြိး ပြုံးသွားတယ် ကိုမျိုး...:)

    ReplyDelete
  8. ဟန်ကြည်June 3, 2011 at 1:37 AM

    ဒါပေါ့ အလိမ်မာ အိမ်ပါဆိုတာ လိမ်လည်းလိမ်တယ် အကြောလည်းမာတယ် ဆိုတဲ့ အိမ်ရှင်မမျိုးလေ...ဒါမျိုးသာ ရှာယူပေတော့ မောင်မျိုးရေ

    ReplyDelete
  9. ဒါဟာ မုသားတွေ ဆိုရင်တော့ အိမ်ထောင်ရေး လင်္ကာ ချောဖို့အတွက်ပဲ ဖြစ်မယ် ထင်တယ်ညီရေ...၊း) ဒီလင်မယား ကိုတော့ မျက်စိထဲ ကောင်းကောင်း မြင်သွားတယ်....။

    ReplyDelete
  10. အဖြူရောင်မုသားတွေပါကွယ်..

    မာယာလို့ မစွပ်စွဲလိုက်ပါနဲ့

း)
    ခင်မင်စွာဖြင့်
    ရတနာ

    ReplyDelete
  11. You better try to find it out.Then label "what is it?":):)
    Gyidaw

    ReplyDelete
  12. အော်..ရေးလည်းရေးတတ်ပါပေ့မောင်မျိုးရယ်..
    မုသားချိုချိုတဲ့လေ...
    လူတွေအကုန်လုံးကလည်းအဲဒီမုသားချိုချိုတွေထဲ
    မှာဘဲကျဆုံးနေကြတာမှတ်လား..

    ReplyDelete
  13. ဒါ အရင်မောင်မျိုး မဟုတ်ဘူး။

    စိတ်တွေ ပူပန်နေတဲ့ မောင်မျိုးဖြစ်နေတယ်။

    ဒါမယ့် ဖတ်လို့ ကောင်းပါတယ်။

    ReplyDelete
  14. မုသားပေမယ့် ချိုမြိန်စေရင် တော်သေးတာပေါ့။
    ရေးထားတာ စရိုက်တွေ ပီပြင်တယ်။ ဖတ်လို့ကောင်းပါ့။

    ReplyDelete
  15. မကုလားမ သူ့ ယောက်ျားကို ချစ်သားပဲ။ မုသားသုံးတာက ကောင်းတဲ့စေတနာနဲ့သုံးတော့လည်း အပြစ်လို့ ဆိုချင်ပေမယ့် ....


    ခင်မင်လေးစားလျက်

    ReplyDelete
  16. လပြည့်ရိပ်June 5, 2011 at 9:25 PM

    ရပ်ကွက်ထဲမှာလည်း အဲလို လင်မယားရှိတယ်။ အမျိုးသမီးလုပ်သူက ငါးရောင်းတယ်။ သူတို့ကောင်းနေချိန်ဆို မောင်ရေ.. ယောင်္ကျားရေ..ဆိုပြီး ချွဲနေလိုက်ကြတာ..သူ့ယောင်္ကျားမူးလို့ရစ်နေချိန်ဆို.. အဆဲပေါင်းစုံကိုကြားရတော့တာ..တကယ်တော့မူးတာက ယောင်္ကျား.. ဒါပေမယ့်မူးသူကအသံမထွက်ဘူး.. အသံထွက်သူက သူ့မိန်းမလေ..သူ့ဆဲဆိုရစ်ဖြစ်သံကြောင့်ပတ်ဝန်းကျင်က သူ့ယောင်္ကျားမူးတာကိုသိရတာ.. မနက်ကျတော့လည်း...ယောင်္ကျားရေ..မိန်းမရေ..ဖြစ်သွားပြန်ရော... :)

    ReplyDelete
  17. မာယာမပါရင် ဘဝဟာမချောမွေ့ဘူးတဲ့။ ဟုတ်လို့လားနော်

    ReplyDelete
  18. လာဖတ်သွားပါတယ်...
    သတ်ပုံမှားတဲ့ညတွေ နည်းလာသလိုပဲ...

    ReplyDelete