Friday, April 29, 2011

စားဖွယ် ၊ သောက်ဖွယ်

ခုရက်ပိုင်းစားဖြစ်တာတွေပါ ။ ဘလော့ပေါ်မှာ ဟင်းချက်ကောင်းတဲ့သူတွေရဲ့ ဆိုဒ်ကိုရောက်ရင် သွားရည်တမြှားမြှားနဲ့ပြန်ခဲ့ရတဲ့အဖြစ် ။ ခုတော့ ကိုယ့်အလှည့် ။


မနက်ပိုင်းကျ တစ်ခါခါ ကော်ဖီမသောက်ပဲ လက်ဖက်ရည်ချိုစိမ့်လေးသောက်ဖြစ်တယ် ။ ဆိုင်ဖျော်တဲ့ လက်ဖက်ရည်အရသာအတိုင်းပါပဲ ။ ဟိုဘက်ကမ်းသွားတုန်းက ၂ တွဲဝယ်ခဲ့တာ ။ ညပိုင်းအိပ်မပျော်ရင်လည်း တီဗွီကြည့်ရင်းတစ်ခွက်လောက် သောက်လိုက်တာပဲ သူ့အနံ့လေးကိုက အကျရည်နံ့လေးသင်းပြီးနှစ်သက်စရာပါ ။
မနေ့က၀ယ်စားတဲ့ တစ်စိတ် ၅ ဘတ်တန် ပိန်နှဲသီး တော်တော်ချိုတယ် အမာသီးဆိုတော့ လည်ချောင်းလည်းမတစ်ဘူး စားလို့လည်းကောင်းတယ် ။
ချက်စားဖြစ်တဲ့ “ဖာ့ကဖေါင် မူ ” ပါ ၀က်သားကိုစင်းပြီး မဆလာရွက် ၊ပဲသီး ၊အချဉ်လေးကြိုက်တဲ့ မုန်ညှင်းချဉ်လေးပါထည့်ပြီးကြော်ထားတာလေးပါ ။
တို့စရာ ... ဇရစ်ရိုးပြုတ်နဲ့ မုန်ညှင်းရွက်ပြုတ် ဒီတိုင်းလည်းစားကောင်းတာပဲ ပြုတ်ထားတော့ နုအိနေတယ် ။
ငါးပိရည်ပါ ကြက်သွန်နီလေး လှီးထည့်ထားသေးတယ် ဖေ့ဘွတ်မှာတင်တုန်းက ငါးပိရည်က တူလည်းတူဘူးလို့ပြောကြသေးတယ် ဒါကတော့ ဓာတ်ပုံရိုက်တဲ့သူက တော်တော် စွမ်းအားကြီးလို့နေမယ် ငါးပိရည်ပုံရိုက်တာတောင် ငံပြာရည်ထင်တတ်ကြလို့ပေါ့း)
မျှစ်ချဉ်နဲ့ဝက်ကလီဇာ အချိုချက် ။ကြက်ဥလည်းဖေါက်ထည့်ချက်ထားတယ် ။
မာလကာ ပွသီး မြန်မာပြည်က မာလကာသီးလိုမချိုပေမယ့် အချိုမှုန့် ၊အကြက်မှုန့်လေးလုပ်ပြီး တို့စားတော့လည်းစားကောင်းသား ဒါ ရာသီစာပေါ့ ။
တစ်နေ့ကအိမ်မှာနတ်တင်တဲ့မုန့်ပါ ။ နတ်က အငွေ့ပဲစားတော့ ကိုယ်တွေကအတွေ့ပေါ့ မုန့်တွေတော်တော်စုံပါတယ် ။ မုန့်လုံးရေပေါ်လို အထဲက ထန်းလျှက်ခဲထည့်ထားတဲ့မုန့်လေးလည်းစားကောင်းတာပဲ ။ ဟာလ၀ါလိုမုန့် အုန်းနို့များများနဲ့ လုပ်ထားတဲ့ ထိုင်းမုန့်လေးတွေလည်း အဆင်ပြေသားစားရတာ ။

သရက်သီး တအားချိုတယ် သုံးလုံးတစ်တောင်လို့တော့မပြောတော့ပါဘူး တိုင်းပြဆို ပြသနာတက်နေမှာစိုးလို့း) ။

အစားကောင်းစားရလို့ ညီကိုမောင်နှမတွေကို သတိရတယ်ပြောရလောက်အောင်လည်း ကိုယ်စားတဲ့ဟာတွေက တစ်ရာကျော်တန်တောင်မပါ ပါဘူး ။ ရာသီစာမှာ ခံတွင်းတွေ့လောက်မယ်ထင်တာလေးတွေ မွေးရပ်မြေနဲ့ အဝေးရောက်သူတွေအတွက် အွန်လိုင်းပေါ်မှာ နှိပ်စက်ခြင်းပေါ့ ။ ဘယ်သူ့ကိုမှ အားကျလို့တင်တာမဟုတ်ပါဘူး ဓာတ်ပုံရိုက်ချက်တွေ သိပ်ကောင်းသွားရင်လည်း ဆောရီးပါလို့း)) ကိုယ့်ဘလော့ မှာတော့ ကိုယ်က အရှင်သခင်ပဲနော့် လုပ်ချင်တာတွေလုပ်လို့ရလို့လေ ။

12 comments:

  1. ဘယ်တုန်းကတည်းက တေးထားလဲတော့ မသိဘူး၊ ဒီတခါတော့ ကိုယ့်အလှည့် ဆိုပဲ..ဟားဟား၊ စားတာတွေ တစ်ရာကျော်မတန်ပေမယ့် မြိန်ရာဟင်းကောင်းပဲ မဟုတ်လား ညီရာ..၊ ငါးပိရည် ဓါတ်ပုံကို ကြိုက်တယ်၊ လက်ဖက်ရည်ခွက်လေးက Tea party လုပ်တဲ့ အင်္ဂလိပ် ယဉ်ကျေးမှုလေးကို သတိရ စေတယ်၊ သရက်သီးက လေထဲမှာ မြောက်နေသလိုပဲ၊ သွားရည်ကျပြီး ပြန်သွားတယ်ဗျာ..။း)

    ReplyDelete
  2. ကိုညီလင်းသစ်ပြောတာ မှန်တယ်
    သရက်သီးကိုလေထဲမြောက်ပစ်ပြီးမှာ ဓါတ်ပုံဆရာက လက်စွမ်းပြ ရိုက်ထားတာ ဖြစ်မယ်း)
    လေထဲမှာ မြောက်နေသလိုဘဲ
    ငပိရည်တော့ ထမင်းနဲ့ နယ်စားချင်တယ်။ မျှစ်ချဉ်လဲစားချင်တာပါဘဲ

    ReplyDelete
  3. ငပိရည်ကလွဲပြီး ကျန်တာတွေအကုန် သွားရည်ကျသွားတယ်...ကွမ်းဝါးနေဖြစ်တာကြောင့် အစပ်ဆိုရင် ဝေးဝေးရှောင်ပါကြောင်း...

    ReplyDelete
  4. ဝါးးးးး စားချင်လိုက်တာနော်...ဂလုဂလု...:):)

    ReplyDelete
  5. (GALU)10........:P
    You really give me trouble.(SHALUT)2 for ngapiye.Love to eat all that u posted...:)
    Gyidaw

    ReplyDelete
  6. တီးမစ်က ဘာတံဆိပ်လဲညီ...သောက်ကြည့်မယ်လေ...။
    ပိန္နဲသီးက တန်ထှာ....၊တနေ့ကပဲစားချင်လွန်းလို့ ဝယ်စား
    တာ ၁၀မွာလောက်ပါတာကို ၅ကျပ်တောင်ပေးလိုက်ရပါ
    ရောလား...၊မနေ့ကဒီပို့စ်ကိုအဲ့ပိန္နဲသိးလက်ကျန်လေးစား
    နေရင်းဖတ်နေတာ၊တိုက်ဆိုင်ထှာ....:))
    ဟို..ဖာ...ဘာဖြစ်တယ်...ခေါ်ရခက်ထှာဟယ်...၊အဲ့ဟင်း
    က ထိုင်းစာလား...၊နဲနဲမြည်းသွားဘီ....:)))
    ငပိရည်ကတော့ ပြောလည်းပြောချင်စရာ...ငံပြာရည်ရုပ်နဲ့
    ဒါ့ပုံဆြာတော်ချက်....:P
    ဇရစ်၊မျှစ်ချဉ်နဲ့ဝက် ကတော့ အကြိုက်ပဲ...၊ဟင့်..ရက်စက်
    ပါ့ ငါ့ညီ...စားချင်တယ်....။
    (မနေ့ကမန့်မရဝူး...ဘာဖြစ်တယ်မသိ....ခုမှမန့်ရတယ်)

    ReplyDelete
  7. စရစ်ရိုးလား...... စိန်နဘော်ညွှန့် လား ဟေ..... ငါအဲ့၂ ခု မကွဲဘူး.. ရှာပြီး တင်ပေးစမ်းပါဟာ ...... ရှမ်းလို ဘယ်လိုခေါ်လဲပါ ရေးပေး ဒါမှ ၀ယ်လို့ ရမှာ..... ချဉ်ဟင်းချက်သောက်ချင်နေလို့  ..... နော်

    ReplyDelete
  8. ကိုညီ... သရက်သီးကို ခုံအဖြူပေါ်တင်ပြီး ဒီတိုင်းပဲရိုက်လိုက်တာ အစ်ကိုရ ကျနော့်အစ်ကိုက အကောင်းမြင်စိတ်ရှိတာသိသာပုံများ အကောင်းတွေပဲ မြင်နေတော့တာပဲဗျ ။

    မချော....ဟဟား ဓာတ်ပုံဆရာမကတော့ ပြောပြီး ကျနော် မရိုက်တတ်ပါဘူးး)

    ဦးဟန်ကြည်... ဟုတ်ကဲ့ဆြား) ကျနော်လာလည်ခဲ့အုံးမယ် ဆြာ့ဆီကို ။

    အိန်ဂျယ်..စားသွားပါ အဝ

    ကြီးတော်... ဟုတ်လို့လား ကျနော်တို့ကတော့ နိုင်ငံဂျားမှာ ဘာများပေါမလဲလို့ မစားဖူးတာတွေ စားချင်သေးတာဗျ ။

    ကိုညိမ်း ... တီးမစ်က Tea Master တဲ့ဗျ တော်တော် သောက်ကောင်းတယ် ။ငပိကတော့ မကောင်းလို့ဖြစ်မယ် ဒါမှမဟုတ် ဓာတ်ပံရိုက်တဲ့သူ တော်တော် ညံ့လို့ဖြစ်မယ်ဗျ ။

    ReplyDelete
  9. အလင်းစက်များ (ကိုလတ် ) ..ကျန်ခဲ့လို့း) ကျနော်လည်းမခေါ်တတ်ဘူး အသီးရွက်မြင်၇င် ( ဖာ့)အရွက်လို့ပဲ ခေါ်လိုက်တာပဲ )

    ReplyDelete
  10. anchor k2d04y6y27 replica bags online replica goyard bags replica bags paypal accepted gucci fake u3j14n6i54 replica bags koh samui visit here y3o74a1y64 Louis Vuitton replica Bags replica bags nancy

    ReplyDelete