Tuesday, March 22, 2011

တစ်နေ့တာ

စာလည်း ဘာရေးရမှန်းမသိတော့ ကိုယ့်ရဲ့ တစ်နေ့တာမှာ မြင်တွေ့နေရတာလေးတွေနဲ့ ဆားချက်လိုက်တယ် ။ အပြင်သွားရတာလည်းပျင်းတယ် ကိုယ့်အတွက် outdoor မရှိပါဘူး :) မနက်မိုးလင်း အိပ်ယာထလို့ ရုံးကိုဆင်းတာနဲ့ ရုံးခန်းထဲက နတ်စင်ကို သန့်ရှင်းရေးလေး ဘာလေးလုပ်တဲ့အခါလုပ် ဘော့စ် ရှစ်ခိုးခါနီးကျ သောက်တော်ရေလေးပြင်ဆင်းပေး ။ ထိုင်းမှာက သတိထားမိသလောက် နတ်ကို ယုံကြည်ကိုးကွယ်မှုပိုသာနေတယ်ထင်ပါတယ် ။

ကုလားဘုရားနဲ့ တူသလိုပဲ ဒါပေမယ့် ဘော့စ်ပြောတာတော့ သူကကြာသာပတေးသမီးဆိုတော့ ဒီနတ်ကိုကိုးကွယ်တာပါတဲ့ တစ်ခါပြောပြဖူးတယ် ။
သူ ကိုယ့်ရင်ထဲ မရောက်ရင် ကိုယ်တစ်နေ့လုံး မရွှင်လန်းဘူး ။
အစာအိမ်သိပ်မကောင်းလို့ ဒီအစာကြေဆေးလေးတော့ ခဏခဏလျှက်စားဖြစ်ပါတယ် ။
ကိုယ့်ရဲ့ အလှပြင်တဲ့အရာတွေပေါ့ ဆေးကဒ်က ပါလိုက်သေး ဒါက အပေါ်ကအစာကြေဆေးနဲ့မရတဲ့အခါကျ သောက်ဖြစ်တဲ့ အင်္ဂလိပ်ဆေးလေးပါ ဆေးသောက်ရတာ မုန်းလို့ မသောက်ချင်ပါဘူး ။အောက်က သင်ဖြူးဖျားလေးကိုတော့ တော်တော်ကြိုက်တယ် တစ်ခြားဖျာတွေအများကြီးရှိပေမယ့် ကျနော်က ဒါလေးကိုပဲ သုံးဖြစ်တယ် ကြိုက်လို့ပါ အေးချမ်းတယ်လို့ ခံစားရတယ် ။
ဒါ ကိုယ့်ဘ၀ ကြင်သူမရှိတဲ့ ကိုယ့်ဘ၀ရဲ့ အဖော်ပေါ့ ခဏခဏ မီးပူထိတယ်
အနားမှာ တကျီးကျီး လာလုပ်နေလို့ကတော့ ဖျန်းထည့်ပေးလိုက်တယ် မှတ်ပလား သူတို့က တစ်ခါခါ စုံတွဲလာတာဗျး)
မြန်မာရက်ကြီးခါကြီးတွေ မေ့တတ်လို့ ပြဒ်ကဒိန်လေးတစ်ချပ် ဈေးက ၀ယ်ထားတယ် ။သင်္ကြန်တောင်နီးပြီး လွမ်းတယ် ဧပရယ် ။
အမှန်တော့ ခြံထဲမှာသွားရိုက်တာ ငရုပ်ပင်ပါ ငရုပ်ပင်ကိုရိုက်ရတာ အဆင်မပြေတာနဲ့ ဘေးနားက ရှားစောင်းလပက်ပင်ကိုရိုက်ထည့်လိုက်တာ အပြင်မှာတော့ စိုစိုပြေပြေနဲ့ကြည့်ရတာ တော်တော်အဆင်ပြေတယ် ။
ဇတ်လိုက်ကျော်ကြီး :) ဒီနေ့အလွဲမှာတုန်းက ၃ ချက်တီးထည့်လိုက်တဲ့ကောင် ။သူ့နာမည်က ဆီသိုး မြန်မာလိုဆို ခြင်္သေ့ ပေါ့ ။ ခပ်တည်တည်နဲ့ ရုံးခန်းဘေး လာအိပ်နေတာ မောင်းထုတ်လို့မရပါဘူး သူက ချော့မှရတယ် တစ်ခါခါဆို ကျနော့် အခန်းပေါ်တက်လို့ မောင်းချတာ လုံးဝကိုမဆင်းပါဘူး “ လာ...ခလေးလာ လိမ်မာတယ် လာလာ ” အဲ့လို လေပြေလေးနဲ့ ခေါ်မှ သူကဆင်းပါတယ် ထိုင်းနိုင်ငံက အချော့ကြိုက်ချက် လူတွေမပြောနဲ့ ခွေးတွေတောင် ချော့မှ ရပါတယ် ။ ကိုညီ စိတ်ဝင်စားတယ်ဆိုလို့ တင်လိုက်ပါတယ်း)




12 comments:

  1. ချစ်ကြည်အေးMarch 22, 2011 at 2:22 PM

    အံမာလေး အလှပြင်ပစ္စည်းတွေကလည်း တို့ထက်တောင် များသေး...
    ပြီးတော့ ခွေးအမဲကိုများ ခြင်္သေ့လို့ နာမည်ပေးထားသေး....

    ReplyDelete
  2. ဟားဟား .. လူတင်မကဘူး ခွေးပါ အချော့ကြိုက်တယ် .. ဒါနဲ့ ဒင်းရော စိတ်ကောက်တတ်သေးလား

    ဒီမှာလဲ ဘုရားထက် နတ်တို့ ဘိုးဘိုးတို့ကို ပိုကိုးကွယ်တာ .. ကွမ်ရင်မယ်တော်ကတော့ သူတို့အတွက် ဘုရားပဲ ..း)

    ReplyDelete
  3. မိုးယံ (လူသားအားလုံးအတွက်)March 22, 2011 at 2:52 PM

    ဟုတ်ပါ့တော်..မယ်မျိုးခေါ်တော့ နာတယ်.. မာမီမျိုးလို့ ပြောရင်စိတ်ဆိုးတယ်... ဝေဒနာက များပါ့..ဆေးတွေဘာတွေနဲ့.. နားလဲလေးပုံရတယ်... ငါနဲ့ ဧပရယ်တို့ဇတ်လမ်းလဲ ပြီးသွားပြီ..နင့်ကောင်လေးနံမည်က ဧပရယ်..ဟုတ်လား။ ကနွဲ့ကလျနဲ့ပါအေ.. ညည်းအားမကိုးလောက်ပါဘူး။ရှားစောင်းလက်ပတ်ကတော့ အသားလှ၊အနာကျက်၊မျက်စိအေး ဂျယ်လီလို အပင်မျိုးတဲ့လေ။ ခြင်္သေ့ဆိုတဲ့အကောင်က မြေခွေးနဲ့ခပ်ဆင်ဆင်ရယ်... ပုံစံကတော့ အင်္ဂတေ ခွေးပါပဲ..(မြေကြီးပေါ်မှ မအိပ်ပဲကိုး) ဖျာပေါ်မှာအိပ်ရင်တော့.. အဲဒါ...မယ်မျိုး.. အဟတ်ဟတ်.. စိတ်ချိုးရ၀ူးနော်.. ရိုးရိုးပဲနောက်တာ..

    ReplyDelete
  4. ညီလင်းသစ်March 22, 2011 at 3:31 PM

    ဟား..ခွေးကြီးပုံ တင်ပေးလို့ ကျေးဇူးတင်ပါတယ် ညီရေ၊ ခွေးပုကြီးဆိုလို့ ကျနော်က ကိုလံဘို စီးရီးစ်ထဲက ပုပုရှည်ရှည် လိုမျိုး မြင်ယောင်ကြည့်နေတာ..၊ ကြည့်ရ တာ သိပ်မပုသလို သိပ်လည်း မအိုပါဘူး၊ နောက်ဆို သူ့အကြောင်း ပြောရင် တွဲမြင်လို့ရပြီ၊ မြန်မာ ပြက္ခဒိန်လေးကိုတော့ လွမ်းသွားတယ်၊ မမြင်ရတာ ကြာပြီ၊ ဓါတ်ပုံလေးတွေ ဝေဝေဆာဆာနဲ့မို့ ဘလော့ဂါ ကို စာဖတ်သူက ပိုရင်းနှီးစေတဲ့ ပို့စ်လေးပါပဲဗျာ...။

    ReplyDelete
  5. ဟန်ကြည်March 22, 2011 at 4:10 PM

    တစ်ကိုယ်တည်း လူပျိုကြီးဖြစ်ကြောင်း ကြော်ငြာထားတဲ့ပိုစ့်ကို ဖတ်သွားပါတယ်

    ReplyDelete
  6. လပြည့်ရိပ်March 22, 2011 at 5:36 PM

    ကော်ဖီက သောက်ပြီးမှ ရိုက်တာလား။ သောက်နေရင်းရိုက်တာလား။ မသောက်သေးခင် ရိုက်တာတော့ မဖြစ်နိုင်ဘူး။ သဲလွန်စတွေ့တယ်။ :P စာလာဖတ်သူတွေ လုသောက်မှာစိုးလို့ အရင်သောက်လိုက်တာလား ... :D
    အဲဒီတံဆိပ် sun cream ကို သုံးဖူးတယ် :)
    မီးပူတော့ မတိုက်ဖြစ်တာ နှစ်နဲ့ ချည်ပြီး ကြာနေပြီ။ အဝတ်တောင် ပတ်ဝန်းကျင်က လူတွေကို အားနာလို့ လျှော်တာ.. ဟဲဟဲ..
    မောင်မျိုးက တော်တော် ကော့ကော့ကျော့ကျော့လေး နေပုံရတယ်။ မီးပူခေါက်ရိုးရာလေးနဲ့။ sun cream နဲ့၊ ခေါင်းလိမ်းဆီနဲ့ .. :P

    ReplyDelete
  7. မတ်လှဖစ်တာတော့ အတော် ကြာပြီ။
    မီးပူ ခဏခဏ ထိရင် လွှင့်ပစ်ပလိုက် :P
    အချော့ကတော့ ဘယ်သူမဆို ကြိုက်တာပါပဲလေ။ မဟုတ်ဘူးလား မောင်မျိုးရယ် . . .

    ReplyDelete
  8. မောင်မျိုး .. သူငယ်ချင်း ပွင့်ပွင့်လင်းလင်း ပေါ့ပေါ့ပါးပါး ရေးထားတွေ ဖတ်ရတာ ပြုံးပြုံးပျော်ပျော် ဖြစ်စေတယ် တကယ် .....
    ...
    အားကျလျက် ..
    အယ်ကို။

    ReplyDelete
  9. အကိုရေ...စုံလိုပါပဲလား....
    အဟီး မမ(ချစ်ကြည်ရေး) ပြောသလိုပဲ...:P:P:P
    အားပေးသွားလျှက်...
    ကောင်းသောနေ့လေးဖြစ်ပါစေကိုမျိုး။

    ReplyDelete
  10. မီးပူတိုက်တတ်တာကြော်ငြာတယ်ပေါ့... မီးပူတိုက်ပျင်းတဲ့ ကောင်မလေးတွေ ဒီကြော်ငြာလေးတွေ့ပါစေ...

    ReplyDelete