Monday, March 14, 2011

ဘဝ

ခေါက်သိမ်းမယ်ဆိုတော့လဲ

ခေါက်ရိုးကျိုးမှာစိုးတယ် …


ဒီလိုနဲ့ ဖြန့်ခင်းထားလိုက်တာ

နွေ ... မိုး ... ဆောင်း …


သွားစရာရှိလို့ဝတ်မယ်လုပ်မှ

အရောင်တွေ … အရောင်တွေလေ …

… … လွင့် … … လို့ … …



တည်ညိမ်းကို



7 comments:

  1. ညီလင်းသစ်March 14, 2011 at 2:38 PM

    ဒီလိုနဲ့ပဲ ကြေမွနေတဲ့ ဘဝတွေလည်း တဖြည်းဖြည်းကို များလာနေခဲ့တယ် ထင်ပါရဲ့ဗျာ..၊

    ကဗျာလေး ကြိုက်တယ်ညီရေ၊ မျှဝေတာ ကျေးဇူး...။

    ReplyDelete
  2. အကိုရေ..ကဗျာလေးခံစား ပေးသွားတယ်နော်။
    စာလုံးရေ နဲပေမယ့် ထိရှတဲ့ အတွေးတွေနဲ့..
    ကောင်းသောနေ့လေးဖြစ်ပါစေအကို။

    ReplyDelete
  3. ပန်ဒိုရာMarch 14, 2011 at 6:54 PM

    ခေါက်မသိမ်းလိုက်ပါနဲ့
    ဒီလိုပဲ သွားရင်းလာရင်း လွင့်ရင်း.. အရောင်တွေ ပြောင်းပြောင်း သွား...

    ReplyDelete
  4. ကောင်းလိုက်တဲ့ ကဗျာ တိုတိုလေးနဲ့ ရင်ထဲကိုရောက်တယ် ကျေးဇူးပဲ ညီလေး

    ReplyDelete
  5. ဒါမျိုးတွေလည်း ရေးတတ်အောင် လုပ်လေကွာ :))

    ReplyDelete
  6. ချော(အစိမ်းရောင်လွင်ပြင်)March 15, 2011 at 12:38 AM

    အသိမ်းလွန်သွားရင်လဲ ခုလိုဖြစ်တတ်ပြန်တာဘဲလေ
    ဒီတော့ မသိမ်းထားတာ ပိုကောင်းမယ်ထင်တယ်နော် ..
    အတွေးလေးတစ်ချို့ရလိုက်တယ်
    မျှဝေတာ ကျေးဇူးမောင်မျိုးရေ

    ReplyDelete
  7. Hello Ko Myo ...
    Nice to meet u again .
    T Nyein Ko
    htuntnyeinkohtun@gmail.com

    ReplyDelete