Thursday, March 3, 2011

အခေါ်အဝေါ်လေးများ

သူငယ်ချင်းမိုးခါး က အခေါ်ဝေါ်လေးများအကြောင်း တဂ်ထားတယ်ဆိုပြီး ဆီပုံးမှာ လာအော်သွားပါတယ် အတော်ပဲ ကုန်ကြမ်းရှာမရတဲ့ အခါမျိုးတွေမှာတော့ တဂ်ပို့စ်လေးတွေက ပျော်စရာကောင်းပါတယ် ။

အဘ နဲ့ အမေ ကတော့ ခုထိ ငါ့သား ၊ သားငယ်လို့ ခေါ်ခေါ်ကြတုန်း ကိုယ်ကအငယ်ဆုံးသားလေးဆိုတော့ အချစ်ပိုကြတာကိုးး)

အစ်ကိုအကြီးဆုံးခေါ်တာက ညှောင် တဲ့ ဘာလို့လည်းမသိပါဘူး တစ်ခါခါ စိတ်လိုလက်ရ သူကျနော့်ကိုစိတ်မတိုတဲ့အချိန်ကျ အဲ့လိုခေါ်ပါတယ် ရိုးရိုးအချိန်ဆိုရင်တော့ ညီ လို့ပဲခေါ်တယ် ။

မကြီးခေါ်တဲ့ နာမည်က အဲ့....အဲ့တာကြီးတကယ်ပြောရမှာလား ရှက်စရာကြီးပါလားး( သရဲမ မိုးခါးကြောင့် အတွင်းသတင်းတွေဖော်ချရတော့မယ် မကြီးခေါ်တာက “မျိုးမျိုး” ပါ သူခေါ်တော့ ကျနော့်ရဲ့ အိမ်နာမည်ကလည်း အဲ့နာမည်ပဲတွင်သွားတာပါပဲ ရပ်ကွက်ကလည်း ကျနော့်ကို အဲ့နာမည်ပဲခေါ်ကြတာများတယ် ။ ကျောင်းနာမည် မှတ်ပုံတင်ထဲက နာမည်ကိုတော့ ကျောင်းကသူငယ်ချင်းတွေပဲသိကြတယ် အဲ့နာမည်ကတော်တော်ရင့်လို့ ကျနော်မကြိုက်ပါဘူး အဲ့နာမည်ခေါ်သံကြားရရင် ကိုယ့်ကိုယ်ကို အသက် ၄၀ လောက်လို့ ထင်ထင်သွားကော အမေတို့ကတောသူတောင်သားဆိုတော့ နာမည်လှလှဘယ်ပေးတတ်မလဲလေ ။ အဲ့နာမည်ရင်းကိုပဲ ရွာက ခလေးတွေက ရှေ့က ကိုမောင် တပ်ခေါ်ပါတယ် ဥပမာ ကိုမောင်ဖုန်းမြင့် ပေါ့ ဖီးအောက်တဲ့ နာမည်ကြီး မုန်းလိုက်တာ ။

အစ်ကိုငယ်ခေါ်တာက “ ထော်လန် ” တဲ့ ဟဟား ကျနော့် နှုတ်ခမ်းက ဘရက်ပစ် တို့လို ခပ်တွဲတွဲပါး) ထော်တာမဟုတ်ပါဘူး ဒါမဲ့ ကျနော်က အစ်ကိုတွေ အစ်မတွေကိုဆို ခဏခဏဆိုးပြီး စိတ်ကောက်ပါတယ် ။အဲ့တော့ ကျနော်က နှုတ်ခမ်းကို ဆူဆူထားတတ်တယ် အစ်ကိုကတော့ သူ့ညီလေးတစ်ယောက်တည်းဆိုတော့ တမင်စိတ်ကောက်အောင်စပြီး ကျနော်နှုတ်ခမ်းဆူရင် အဲ့နှုတ်ခမ်းကြီးကို လက်နဲ့ညှစ်ညှစ်တတ်ပါတယ် ။ ကြီးမှတော့ သိပ်မခေါ်တော့ဘူး စကားပြောတိုင်း ဖုန်းပြောတိုင်း သူ သုံးတဲ့ နာမ်စားက “ငါ့ညီ ” ဆိုတာတွေပဲများတော့တယ်။ဒီနာမည်နဲ့ ခပ်ဆင်ဆင် ကျောင်းကသူငယ်ချင်းခေါ်တဲ့ နာမည်က နှင်းဆီဖူးတဲ့ ချစ်သူငယ်ချင်း မျက်မှန် ခေါ်တာက အာပြဲ ။

အစ်မငယ် ၂ ယောက်ကတော့ ခုထိ ကျနော့်ကို ခလေး ပဲခေါ်ကြတယ် သူတို့တွေလည်း နှုတ်စွဲနေတော့ ပြောင်းဖို့မလွဲတော့ဘူးထင်တယ် ။ လူကြားထဲရောက် “အစ်မကလည်း ခလေး ခလေး နဲ့လိုက်လိုက်ခေါ်မနေနဲ့တော့ သူများတွေကြားရင် ရှက်စရာကြီး ” အဲ့လိုပြောလည်း သူတို့တွေက တစ်အိမ်နဲ့ တစ်အိမ် အော်ခေါ်ရင်တောင် “ ခလေး” လို့ပဲခေါ်တယ် ။

ကိုယ့်အရွယ် ဦးလေးရောက်လာတာကိုမေ့နေတာ တစ်ချို့တွေက တော့ ဦးမျိုး လို့လည်းခေါ်ကြတယ် ။ ဘော့စ် နဲ့ အလုပ်က အကြီးတွေကတော့ “အမျိုး” လို့ ခေါ်ပြီး အငယ်တွေကတော့ “ဖိမျိုး” (ကိုမျိုး) လို့ခေါ်ကြတယ် ။ ကိုယ့်ထက် ငယ်တဲ့သူငယ်ချင်းလေးတွေကတော့ ကိုမျိုး လို့ပဲခေါ်ကြတာများတယ် ။တစ်ချို့ကလည်း နားကြားလွဲပြီး မင်းမင်း တို့ မိုးမိုး တို့ ခေါ်ကြတာလည်းရှိတယ် ဘာတွေမှန်းမသိတော့ပါဘူး ။

ကိုယ့်ကိုယ်ကိုတော့ ဆယ်တန်းအောင်ပြီးတဲ့အထိ သား လို့ နာမ်စားသုံးဖြစ်တယ် နောက်ပိုင်းတော့ ဒါကြီးက သိပ်မမိုက်လို့ ကျနော်လို့ ပြောင်းပြောမိတယ် ဒါက တစ်ခြားသူတွေနဲ့ကျမှပါ အိမ်မှာတော့ ခုထိ ကျနော်က သားလို့ပြောတုန်းး) ။ ရွယ်တူတွေကိုတော့ မင်းနဲ့ငါ ပဲပြောပါတယ် ကိုယ့်ထပ်ငယ်တဲ့သူတွေကိုတော့ အစ်ကို တန် အစ်ကိုပေါ့ အခေါ်ဝေါ်တွေကတော့ လိုက်လျောညီထွေဖြစ်အောင် ပြောဖြစ်နေတာပါပဲ ။ မိုးခါး ကျေးဇူးနဲ့ ကိုယ့်နာမည်တွေများမှန်း ချရေးကြည့်မှပဲသိတော့တယ် :) ။တဂ်တဲ့ အတွက် ကျေးဇူးပါ သူငယ်ချင်းရေ ။




13 comments:

  1. ကိုကိုထော်လန်ပေါ့..... ခိခိ။ ဖတ်သွားပါတယ်ရှင်။

    ReplyDelete
  2. ဦးမျိုး သားလာဖတ်သွားတယ်ဂျ။

    ကိုထွဋ်

    ReplyDelete
  3. သြော်
    မာမီမျိုး မာမီမျိုးနဲ့ ကြားနေတာတော့ ကြာပြီပဲ .. :P
    ကြောင်မျိုး မောင်မျိုး နှုတ်ခမ်းမွှေးနဲ့ကြောင် ကြောင်ထော်လန် :P

    ReplyDelete
  4. မောင်မျိုးရဲ့ အခေါ်အဝေါ်လေး တွေဖတ်သွားတယ်

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  5. မေဓာဝီMarch 3, 2011 at 2:13 PM

    တိုတိုတုတ်တုတ် မျိုးမမပကာသနီ လို့ပဲ ခေါ်ပါတော့မယ်။
    မောင်သာရ၀တ္ထုနာမည် :)

    ReplyDelete
  6. ညီလင်းသစ်March 3, 2011 at 4:27 PM

    မကြီးခေါ်တဲ့ နာမည်ကြားတော့ 'ပွဲတိုးတဲ့ ပုဆိုး၊ မျိုးမျိုးလုံချည်' ကြော်ငြာလေးတောင် သွားသတိရတယ်၊ ညီက နာမည်ချမ်းသာလိုက်တာ...၊

    ရှိတ်စပီးယား စကားကိုပဲ ခဏငှားတော့မယ်၊ နှင်းဆီကို တခြားဘယ်နာမည်ပဲပြောင်း ခေါ်ခေါ် မွှေးမြဲမွှေး၊ လှမြဲလှ နေမှာပါပဲ...။ :)

    ReplyDelete
  7. Yeah,It is right that ko nyi quoted.I also call my youngest son in various names......:)

    Gyidaw

    ReplyDelete
  8. အကိုမျိုးမျိုးရေ....ညီမလေးလာဖတ်သွားပါတယ်။ကောင်းသောနေ့လေးဖြစ်ပါစေအကို။

    ReplyDelete
  9. မမေ့သိမ့်... ဟုတ်ကဲ့ နာမည်တွေကတော့များပါ့ဗျာ တကယ်ပဲ ။

    ကိုထွဋ် ... ကျေးဇှူးပါး)

    မိုးခါး..မျောက်မ နင့်ကြောင့်ပေါ့ ငါ့နာမည်ဆိုးတွေပေါကုန်ပြီး ။

    မရွှေဇင်... ဟုတ်ကဲ့ပါဗျာ ကျေးဇူးပါ

    မမေ...ဟဟား အစ်မကတော့ အချွှန်နဲ့တောင် ထပ်မသွားသေးတယ်ပေါ့း)

    ကိုညီ... အဲ့တာကြောင့် အစ်ကို့ကို ကျနော့်အစ်ကိုလို့ပြောတာ သူများ စိတ်ချမ်းသာအောင် တော်တော်ပြောတတ်တယ် အဟဲ ကိုယ့်ဘက်ကို ယက်တွေးသွားတာ ကျနော်လည်း နာမည်တွေ ဘယ်လိုပဲပြောင်းပြောင်း ခင်ဖို့ကောင်းနေတယ်ဟုတ် ဒါဆို နာမည်တစ်မျိုးထပ်ရတော့မယ် လိပ်မျိုးး)

    ဂျီးတော်.... စာတွေလာလာဖတ်ပေးတာ ကျေးဇူး ဂျီးတော်ကိုလည်း ကျနော်ရင်းနှီးနေပါတယ် ကိုညီ့ ဘလော့မှာပေါ့ ။

    အိန်ဂျယ်လှိုင် ... ကျေးဇုးပါ ညီမရေ။

    မလပြည့်ရိပ် .... သူပြုံးနေသည် အကြွေးတောင်းတော့မည် အဲ့လို မှတ်ယူလိုက်ရမှာလားး)

    ReplyDelete
  10. ဘယ်သူ ဘ ယ်လိုခေါ်ခေါ်ပါလေ
    တို့ကတော့ မာမီမျိုးလို့ ခါးထောက်ပြီး နှုတ်ခမ်းကြီး ရှေ့ထွက်ပြီး ခေါ်လိုက်ရမှ
    အရသာရှိတယ်:P

    ReplyDelete
  11. မောင်မျိုးMarch 4, 2011 at 11:39 PM

    ညီသူအိမ်.....နာချင်လို့ ကိုယ့်အစ်ကို ကိုပေါက်ကရ တဂ်ပို့စ်တွေရေးရတာ အတွင်းသတင်းတွေပေါက်တယ်ကွယ် မလွယ်ဘူးး)

    ReplyDelete
  12. အခေါ်အဝေါ်လေးတွေ ဖတ်ရတာ ပျော်စရာတောင် ကောင်းသွားတယ်၊
    နာမည်တွေ ချမ်းသာလိုက်တာ

    ReplyDelete