Monday, February 21, 2011

သစ်ပင်

သစ်ပင် ကိုယ်မှတ်မိစအရွယ်တည်းက အများဆုံးမြင်တွေ့ရတာ သစ်ပင်တွေပါ တောမှာကြီးခဲ့တာဆိုတော့ ကျနော်တို့ရဲ့ ကစားစရာအဖော်တွေဟာလည်း သစ်ပင်တွေပဲဖြစ်ခဲ့ပါတယ် ။ ကိုယ်စိုက်ဖူးတဲ့ အပင်ကတော့ သစ်ပင်တော့မဟူုတ်ဘူး မှို့ပင်ပါ ။ကျနော်တို့တောက ခြံက အကျယ်ကြီးပါ ခြေရင်းမှာ စိုက်ထားတဲ့ မှို့ပင်ကြီးက သူ့ရာသီကျရင် သီးလိုက်ပွင့်လိုက်တာများ ခဲလို့ အစ်မတွေက မှို့ပွင့်ပျော့အိအိလေးတွေကို အသုတ်ရောင်းတမ်းဆော့တယ် ။

အမေကတော့ မှို့သီးခြောက်ချိန်ကျ ကျနော့်ကိုတက်လှုပ်ခိုင်းပါတယ် ပြီးရင် အမေမှို့တွေကို အိပ်ကြီးထဲထည့် လို့ စုစုထားတတ်တယ် အမေ မှို့ခွာနေတဲ့ အချိန်ကျ လေကတိုက် မှို့မျှင်လေးတွေက နွေလေမှာ ၀ဲပျံနေတာ နတ်သမီးလေးတွေပျံနေတာနဲ့တူပါတယ်။ မှို့စေ့တွေကိုတော့ ကျနော်ကတောင်းလေးတစ်တောင်းနဲ့ စုထားပါတယ် နွေအကူးမိုးအပြောင်းရောက်ပြီဆိုရင်တော့ ကျနော်စုထားတဲ့ မှို့စေ့လေးတွေကိုနေရာအနှံကိုလိုက်ကျဲပစ်လိုက်တယ် အပင်သေးသေးလေးတွေက မိုးရေထိတာနဲ့ အစုလိုက်လေးတွေပေါက်နေလိုက်တာ တောအုပ်သေးသေးလေးနဲ့တူပါတယ် ။


ခုနောက်ပိုင်း နှင်းဆီတစ်အိုး ပျိုးနေပါတယ် ခံစားချက်က ကြမ်းတယ်ပဲပြောရမလား ဘာလားတော့မသိ ပန်းတွေကို သိပ်မချစ်တတ်တာက ဆိုးတယ် အရင်ကပါ ခုတော့ တစ်ယောက်တည်းအထီးကျန်ရက်တွေများလာတော့ ပန်းတစ်ပင်လောက်စိုက်ပြီး အဖော်ပြုရလဲနည်းသလား ။ မိုးငွေ့ဖျန်းမှပဲ စံပယ်နည်းနည်းစိုက်မလို့ အသိတစ်ယောက်ဆီကတောင်းထားတယ် ပန်းတွေထဲမှာ စံပယ်နံ့ကိုအကြိုက်ဆုံးပဲ။ သစ်ပင်ကြီးကြီးတွေထပ် အပင်သေးသေးလေးတွေကို ပိုကြိုက်ပါတယ် ။

ရေလည်း မလောင်ချင်ဘူး ပေါင်းလည်းမသင်ချင်ဘူး ဥယျာဉ်မှူးလည်းမဖြစ်ချင်ဘူး ဒါမယ့် ဖန်တီးယူတာမဟုတ်တဲ့ အချစ်သစ်တစ်ပင်တော့ နှလုံးသားရဲ့ မြေကွက်လပ်တစ်ခုမှာ စိုက်ပျိုးချင်မိတယ် ။

သူငယ်ချင်း မီ ရဲ့ ငါးမိနစ်စာသစ်ပင်အကြောင်းပါး) ကျေးဇူး သယ်ရင်း ကုန်ကြမ်းလေးပေးတဲ့အတွက် ။

8 comments:

  1. အမတို့ အိမ်နောက်ဖေးမှာ မှို့ပင်ရှိတယ်။ မှို့သီးတွေ ကွဲရင် လေနဲ့လွင့်လာတဲ့ မှို့ပွင့်ဖြူဖြူ လေးတွေကို အဖိုးကြီး အဖွားကြီး ဆိုပြီး ငယ်ငယ်က လိုက်ဖမ်းကြတာ မှတ်မိသေးတယ်။ မှို့တွေတောင်းထဲ ထည့် ဒလက်နဲ့ မွှေပြီး အမေက ခေါင်းအုံးလေးတွေ လုပ်ပေးတယ်။
    မောင်မျိုးရေးမှ ... မှို့ပင်ကြီးကို ပြန်သတိရသွားပြီ။
    ရေမလောင်း ပေါင်းမသင်လဲ ရေခံမြေခံကောင်းရင် အပင်က ရှင်တာပဲ မောင်မျိုးရဲ့။

    ဒါနဲ့ စောစောတုန်းက ပိန်တယ်လို့ ပြောတာ ဆောရီးနော် ... တကယ်က မောင်မျိုး မပိန်ပါဘူး စလင်းလေး ... အဟဲ။

    ReplyDelete
  2. ညီလင်းသစ်February 21, 2011 at 12:36 AM

    အချစ်သစ်ပင် အတွက် မပူပါနဲ့ မောင်မျိုးရာ..၊ မြေကောင်းမှန်ရင် အပင်သန်ကြ စမြဲပါပဲ၊ နှလုံးသားရပ်ဝန်းရဲ့ ရာသီနဲ့ကိုက်တဲ့ သစ်ပင်လေး တစ်ပင် တနေ့နေ့တော့ ပေါက်လာလိမ့် မပေါ့..၊

    ကျနော်ကတော့ banzai ပင်တွေနဲ့ cactus လေးတွေကို ကြိုက်တယ်၊ ပုပုသေးသေးလေးတွေနဲ့ တကယ့်အပင်ကြီးတွေ အတိုင်းပဲ ဖြစ်လို့ရယ်၊ ရေလောင်းစရာ မလိုလို့ရယ်.....။းD

    ReplyDelete
  3. ငါးမိနစ်စာ သစ်ပင်တွေထဲက ကိုမျိုးက မှို့ပင်စိုက်တာကိုး။

    ReplyDelete
  4. ဟေ
    သစ်ပင်ကြောင်းကနေ ဘယ်လို အခြစ်က ပါလာတာတုန်း ..
    တယ်အပူရှာချင်သကိုး :P

    ကိုယ်စိုက်လိုက်တဲ့ အစေ့လေး အပင်ပေါက်လာတာ ပျော်စရာနော် .. ငါလည်း စံပယ်အနံ့အကြိုက်ဆုံးး)
    သစ်ပင်တော့ စိုက်ချင်တယ် .. အကောင်ပလောင်ကြောက်တယ် .. :P

    မိုးခါး

    ReplyDelete
  5. ဖန်တီးယူတာမဟုတ်တဲ့ အချစ်သစ်တစ်ပင်တော့ နှလုံးသားရဲ့ မြေကွက်လပ်တစ်ခုမှာ စိုက်ပျိုးချင်မိတယ် ။
    ဆိုတဲ့ ကဗျာဆန်ဆန် စာသားလေးတော့ သဘောကျသွားပြီ.
    သစ်ပင်တွေကိုမချစ်ပေမဲ့ ကောင်မလေးတွေကိုတော့ ချစ်တယ် မဟုတ်လားး)

    ReplyDelete
  6. မောင်လေးFebruary 21, 2011 at 10:06 PM

    သစ်ပင်တွေက ချစ်စရာပါ ညီရ....ချစ်ကြည့်.....:)။
    အခြစ်ပင် ပေါက်လာစေချင်သလား....မပေါက်ချင်နဲ့...၊
    မပေါက်ချင်နဲ့....ကြိုပြောပြီးပြီနော်....:)

    ReplyDelete
  7. မီကျောက်February 22, 2011 at 11:50 PM

    ငါးမိနစ်နဲ့ သစ်ပင်စိုက်မရပေမဲ့ ခုတ်လို့တော့ရတယ်..
    ပုံ
    မီကျောက်

    ReplyDelete
  8. မောင်မျိုးရေ..
    ခုမှပဲ လာကြည့်ဖြစ်တော့တယ်..
    ငါးမိနစ်သစ်ပင်လေး ရေးပေးတာ အရမ်းကျေးဇူးတင်ပါတယ်။ ကူးသိမ်းထားမယ်နော..

    သူငယ်ချင်းစိတ်ချင်တဲ့အပင်လေးလည်း စိုက်ဖြစ်ပါစေလို့ ဆုတောင်းပေးခဲ့တယ်။ (အဲ့အပင်က ပန်းပွင့်ရင် မုန့်ကျွေးနော်)

    ReplyDelete