Sunday, February 20, 2011

အချစ်



တစိမ့်စိမ့်ကြည့်ရင်း
ေ၀၀ါးမှုန်ပြာသွားတဲ့အရာ
ထိခိုက်ရှနာသွားမှာစိုးလို့
ဖွဖွလေးကိုင်ထားကာမှ
ခွမ်းခနဲဆို ကျကွဲသွားလုပ်ပုံများ
တိပ်နဲ့လည်းကပ်လို့မရ ရွှံ့နဲ့လည်းစပ်လို့မရ
ဒါပါပဲ ....နောက်ဆုံးတော့
အချစ်ဆိုတာ အကိုင်တွယ်မတတ်ရင်
ကျကွဲတတ်တဲ့ ဖန်ခွက်လေးတစ်လုံးပါ ။

10 comments:

  1. ညီလင်းသစ်February 20, 2011 at 7:04 AM

    မောင်မျိုးရေ.. ကဗျာလေးက ချစ်စရာကောင်းတယ်၊ နားထဲမှာ 'ခွမ်း' ကနဲတောင် ကြားလိုက်မိသလားလို့..။

    ReplyDelete
  2. မောင်လေးFebruary 20, 2011 at 2:03 PM

    အင်း...ကွဲပလား...ညီ....:)
    စတာ....လှတယ်...ကဗျာလေးက.....။

    ReplyDelete
  3. အချစ်=ဖန်ခွက်
    သတိ...
    အကိုင်အတွယ်မတတ်လျင်ကျကွဲတတ်သည်။

    ReplyDelete
  4. ဒါကြောင့်ပြောတာ ဆြာသမားကို ..သေသေချာချာလုပ်ပါဆိုတာ ... :D

    ခင်မင်လေးစားလျှက်
    အုပ်ကြီး

    ReplyDelete
  5. ဖန်ခွက်နဲ့ မသောက်နဲ့လေ ...
    မကွဲအောင် စတီးခွက်နဲ့သာ မော့ပါလား မောင်မျိုးရဲ့။

    ReplyDelete
  6. ဖန်ခွက်လဲ ကွဲရှတတ်သည်။
    ကြံလျက်လဲ လွဲရတတ်သည်။

    ဖန်ခွက် ကွဲလျှင် ဆက်ရခက်သည်။
    ကြံလျက် လွဲလျှင် ငတ်ရတတ်သည်။

    ဖန်ခွက် ဆက်၍ မရပါ။
    ကြံလျက် ငတ်၍ မ၀ပါ။

    (ထို့ကြောင့် မောင်မျိုး ပိန်နေခြင်း ဖြစ်ပါသည်။)
    :)))

    ReplyDelete
  7. ကိုညီ.... အစ်ကို့နား အူသွားသေးလားဗျး) အားနာလိုက်တာ ။

    ကိုမောင်လေး... အဲ့တာလုပ်ကွဲတာ တကယ်ကွဲစရာလည်းမရှိဘူး ။

    ကိုမြစ် .... ဟုတ်ပါ့ အကိုင်အတွယ်က အေ၇းကြီးတယ်နော့်

    ကိုအုပ်....သူများကိုပြောမနေနဲ့ လူပြိုကြီးပဲ မကွဲအောင်လုပ် ဟဟား


    မမေ....ပြောရယ်တယ်ဂျာ အစ်မပြောမှ ကျနော့်မှာ ပြုံးစိစိ နဲ့ ကိုယ်ရေးတဲ့စာကိုယ်ပြန်ဖတ်ပြီး အေး ဟုတ်တာပဲ ဖန်ခွက်နဲ့မသောက်ရင် ကွဲစရာအကြောင်းမှမရှိတာလို့ဖြစ်သွားတယ် ။ ကျနော်က ပိန်တယ်ပြောရင် စိတ်ဆိုးတယ် ။ ၀ အောင် ဘာစားရမလဲမသိတော့ပါဘူး လေထိုးထည့်ရမှပဲရတော့မယ်ထင်ပါတယ် အစ်မရာ ။

    ReplyDelete
  8. ဟဟဟ
    ကြီးမေကော်မန့်ဖတ်လိုက်မှပဲ ဖိုးသူတော်ဦးနုစကားပုံတွေကို သတိရမိတော့တယ်..။
    အကိုရေ...လွတ်မကျခင်ကတည်းက လွှတ်ချထားလိုက်ဟ
    (Nyi)

    ReplyDelete
  9. အချစ်အကြောင်းတော့ သိပ်မသိဘူး.. ဖတ်လို့တော့ ထိသဗျ

    ReplyDelete